Thursday, January 22, 2009

#၁လသားလေး juneone

ဒီနေ့ဆိုရင် juneone လေး ကိုမွေးဖွားခဲ့တာ ၁လတိတိ ရှိပါပြီ။မွေဖွားပေးလာသူကတော့ သားလေးအမေ တို့ပေါ့။

တို့ကို အိမ်မှာ ကြမ်းလွန်လွန်းလို့ ဂျမ်းပုံ လို့ခေါ်တယ်။ ရွယ်တူ သူငယ်ချင်းတွေက ကျော့ တဲ့။ ငယ်တဲ့ သူတွေ

က မကျော့ တဲ့။တို့ဟိုတစ်ယောက်က အာဖျံ တဲ့။blog ပေါ်မှာတော့ juneone ပါ။တို့ရဲ့ ကိုကို မှာဟိုးအရင်တုန်း

ahphyulay ဆိုတဲ့ နာမည်နဲ့ ဘလော့ပေါက်စလေးတခု စမ်းလုပ်ထားတာရှိတယ်။အဲဒိ မှာတူလေးတစ်ယောက်

ပုံတင်ထားတယ်။အခုတို့မှာသားလေးဓာတ်ပုံတွေ ရှိတော့ ဘလော့ပေါ်မှာ တင်ချင်လာတယ်။ဒါနဲ့ သူ့ဘလော့

ထဲ long in ၀င်ပြီး သားလေးပုံတင်မယ်လုပ်တော့မတင်တတ်ဘူးရယ်(ညံ့တာပြောပါတယ်)။ကွန်ပြူတာ လေး

ကိုမပြီး ဧည့်ခန်းထဲမှာ ဂိမ်းဆော့နေ တဲ့ ဆရာကြီး သူ့ဆီ သွားပြီး "အာဖျံ့ကို သာလေးပုံ ဘယ်လို တင်ရမလဲ

ပြောပြပါ"လို့ပြောတော့ ဂိမ်းဆော့ နေတာ ပျက်မှာစိုးလို့ လှည့်တောင် မကြည့်။ဒုတိယတစ်ကြိမ်ထပ်မေးတော့

မှ ဘလော့ထဲဝင် ဟိုလုပ် ဒီလုပ် လုပ်ပြီး ၊သူမေ့သွားပြီ ကိုယ့်ဘာသာအသစ် လုပ်လိုက်တဲ့။ဟင့်.မယူခင်ကနဲ့

များ ကွာလိုက်တာ။အခုတော့ ကိုယ့်ကို ဂိမ်းလောက်မှ မချစ်ခင်တော့ဘူး။


တို့မှာ ကွန်ပြူတာ လေး ကိုအခန်းထဲ ပြန်သယ်လာပြီး ဂူဂဲ ကနေ အကောင့်အသစ်ဖွင့်ပြီး juneone ဆိုတဲ့

ဘလောလေး ကိုမွေးဖွားလိုက်တယ်။ပထမ ဦးဆုံး သားလေးပုံတင်ပြီးဖွင့်ပွဲ လုပ်တယ်။အမှတ်တရHappy

New Year
ကို စရေးတော့ အရေးအသားမပြေပြစ်ဘူးလို့ တစ်ယောက်ကပြောတယ်။ဟုတ်တယ် တို့လည်း

သူများဘလော့ကစာတွေဖတ်တာ လျောခနဲ လျောခနဲပဲ။


blogလောကမှာပထမဆုံးဖတ်ဖြစ်တာကတော့နစ်နေမန်းပါ၊အဲဒီ.နောက်weshemeမမိုးချိုသင်းလေနုအေး

မြင်းမိုရ်ဦးမ၀ါမခင်ဦးမေနားခိုရာနဗနဒီဂိုလာမမွန်ဝ-way၊ (အခု May&June ပေါ့)၊မနုစံကနေအခုဆိုရင်

ရှိသမျှတော်တော်များများ ဖတ်ဖြစ်ပါတယ်။သူတို့ကိုအားကျလို့ ကိုယ်လဲရေးလိုက်တာ။ကိုယ့်စာကိုယ်ပြန်ဖတ်

တော့ ထောင့်နေတယ်။အရသာမရှိတဲ့ ဟင်းလိုပေါ့ပျက်ပျက်နဲ့။ကိုယ့်ဘလော့လေးကို အရိပ်တကြည့်ကြည့်။

ဟိုဟာထည့်ချင်၊ဒီဟာထည့်ချင်။html ကုတ်တွေ ကို လိုက်ဖတ် ဟိုဟာကလိ၊ဒီဟာ ကလိ တော်တော်အချိန်

ကုန်သည်။ကောင်းတာကောင်း ပျက်တာပျက်။မ၀ါ ဆီမှာ slideshow တင်ထားတော့ ကိုယ်လည်း သာလေး

ရဲ့ပုံလေးတွေ ကို slide show လုပ်ချင်လို့ အင်တာနက်မှာ ကုတ်တွေရှာပြီးဖတ်လိုက်ရတာ မောမှမောပဲ။

သူငယ်ချင်းတွေကပြောတယ် ကျော့ နင့်ကို ကလေးတဖက်နဲ့ တော်တော်အလုပ်ရှုပ်မယ်ထင်တာ ဘလော့

တောင် လုပ်နိုင်သေးတယ်။တော်တော်အားနေလားတဲ.။ သားလေးအိပ် တာနဲ့ပြေးပြီး ဟင်းချက်၊အိမ်ရှင်း၊

သားနိုးလာရင် နို့တိုက်၊ထမင်းကျွေး၊သူဆော့နေရင် ကိုယ်လည်း ဘလော့လေ။ညနေ ယောက်ျားပြန်လာ

ရင် ဟင်းနွေး၊ထမင်းကျွေး ပြီးသားလေးကို သိပ်။ပြီးတော့ မီးပူတိုက်၊ဘလော.လည်ပြီးအိပ်။မနက် ကို ၆

နာရီထ ယောက်ျား အလုပ်သွားပြီးလို.သားလေးအတွက် ဆန်ပြုတ်ပြုတ်ပြီးရင် ဘလော့စလည်တယ်။


2 Jan 09 မှာ မမkom နဲ့ မစင်းဒန်လာတို့လာလည်တာစီးဘုံးမှာနှုတ်ဆက်ထားတာတွေ့ တော့ပျော်လိုက်တာ။

အဲဒိနောက် မမွန်၊မ၀ါ၊မနုစံ၊မမေမိုး၊july dream၊မမီယာ၊ကိုဇနိ၊မဇနိလာလည်တာတွေ့တော့မျောက်မီးခဲကိုင်မိ

ိသလိုပင်။


အသစ်ကလေးကိုလာအားပေးတာကျေးဇူးတင်ပါသည်။လာလည်ပြီးခြေရာမချန်ခဲ့သူများကိုလည်းကျေးဇူးတင်

ပါသည်။ဟီး.ကိုယ်လည်း အရင်ဘလော့လည်တုန်းက ဖတ်ပြီးပြန်ပဲလုပ်ခဲ့တာလေ။ဘလော့စလုပ်ကတည်း က

အမြဲလာလည်သော သူငယ်ချင်းများကိုလည်းကျေးဇူးပါ။အရသာသိပ်မရှိသော တို့ရဲ့ဘလော့လေးကို လာလည်

ကြတာကိုကျေးဇူးတင် သောအားဖြင့် weshemeထဲကအတိုင်းနည်းယူချက်ထားတဲ့ ငါးသရက်သီးငပိချက်၊

ရှောက်သီးသုပ် နဲ့ ဘူးသီးဟင်းခါး ကိုသုံးဆောင်သွားကြပါနော်။




















9 comments:

  1. ရှောက်သီးသုပ်..မမလှထုံ၊ ဆင်စင်၊နိနိ မမီယာတို့ မတွေ့ခင် အကုန်စားသွားမှပါ။

    ReplyDelete
  2. တို့တော့ငါးဟင်းပန်းကန်မ သွားတယ်။ သူက အချက်ကောင်းတယ်တော့။ ဗမာချက်ဘဲ။ ချက်တာမှာ ဗမာချက်. တရုတ်ချက် ကုလားချက်ရျိသေးတယ်။ ဒီဟင်းကိုဘဲ အခုကတော့ ဗမာချက်..။ ဗမာ စစ်ပုံ ရတယ်။ လှထုံတို့ အုပ်စု မလာခင် မသွားပြီ.နောက်ကျတဲ့သူ နောက်ခေျးနဲ့သလဲ

    ReplyDelete
  3. အရှေ့ ၂ ယောက်က မချန်တတ်မှန်းသိလို့ ရေခဲသေတ္တာထဲသိမ်းထားတဲ့ ပန်းကန်ပဲ မ သွားတယ်..။
    ရှက်ရှက်နဲ့ ပြောရရင် ဗူးသီးဟင်းခါးချက်ရင် ဗူးသီးပြုတ်ဖြစ်ဖြစ်သွားလို့....။
    ပုဇွန်ခြောက်ထည့်ရင်လည်း ပုဇွန်ခြောက်နံ့ထွက်နေတာကို မကြိုက်...။
    ဒီဟင်းခါးလေးက ကောင်းမယ့်ပုံပဲ....။

    ReplyDelete
  4. အမလေး မမွန် ရှောက်သီးသုပ် မ တာလောက်တော့ ဟင်း ဟင်း ဟင်း။ ငါးလည်းမကြိုက်တော့ ဘူးသီးဟင်းပဲ အကုန်စားလိုက်တော့မယ်။ ဆက်လက်အားပေးနေပါမည်။

    ReplyDelete
  5. ဘာမှမကျန်တော့ပါလား။

    ReplyDelete
  6. အယ်.. သူတို့ အကုန်မသွားပြီဆိုတော့ အမက ဟင်းတွေ ကြည့်ပြီးပဲ သွားရည်ကျရတော့မှာပဲ.. ကျော့လည်း ဟင်းချက်ကောင်းမယ့်ပုံနော်.. ကြည့်ရတာ စားချင်စရာ.. စာရေးထားတာ ဖတ်လို့ကောင်းပါတယ် ကျော့ရဲ့.. အမဆို လာလည်ရင်း အကုန်လုံးနီးပါး ဖတ်ပြီးသွားပြီ.. အဓိက သားသားလေးကို လာလာချောင်းတာ အရမ်းချစ်ဖို့ကောင်းလို့.. :)

    ReplyDelete
  7. ဘာမှ မကျန်တော့ဘူးတော့..
    အိမ်မှာ ဟင်းမချက်လို့၊ မမkom လက်တို့လို့ လိုက်လာတာ။ မကျန်လဲ ဘလော့ဂ်ပိုင်ရှင်က ထပ်ချက်ကျွေးတယ် မမ တို့၊ မွန်တို့ရေ။ ဒီပုံထဲမှာ မပါတာတောင် စားလိုက်ရသေး။
    ဘယ်ရမလဲ..:)

    ReplyDelete
  8. မမွန်က ရှောက်သီးသုပ် ကြိုက်လား နောက်ကျရင် ထပ်သုပ်ကျွှေဦးမယ်။

    မမkomပန်းကန်လိုက်တဲ့ အီး နောက်လူတွေဖို့ လိုက်ပွဲ ထပ်ပြင်ပေးရမှာပေါ့။

    မစင်ဒန်လာ ရေခဲသေတ္တာထဲသိမ်းထားတဲ့ ဟင်းကိုနွှေးပေးလိုက်တယ်နော်။

    မဇနိ ဘူးသီးဟင်းခါးပဲ သောက်ရတော့လား။နောက်တခါ ရှောက်သီးသုပ် များများသုပ်ထားမည်။

    Anonymous၊ မ nu-san နောက်တခါ များများချက်ထားမယ်နော်။သားသားလေးက အခုအရမ်းကဲ။

    မမမိုးချိုသင်း လာလည်တာကျေးဇူးနော်။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။