Showing posts with label စားကြမယ်ဟေ့. Show all posts
Showing posts with label စားကြမယ်ဟေ့. Show all posts

Monday, April 29, 2013

ငါးဖယ် အစာသွပ်၊သုပ်၊ချက်


ကိုယ်အကြိုက်ဆုံးဟင်းလျာ ဆိုလို့  ၂မျိုးပဲရှိတယ်။ဝက်သား ကြံမဆိုင်ရယ်၊ငါးဖယ် ငါးဆုပ်ရယ်။မြန်မာပြည်

မှာ အပြင်က ထမင်းဆိုင်တွေမှာ ထမင်းစားရင် ငါးဖယ်ကြော်သုပ် ပဲ အများဆုံးမှာစားလေ့ရှိတယ်။သူ့မရ

ရင်တော့ ၀က်ကြံမဆိုင်။ဒီရောက်လာတော့ ငါးဖယ်ဟာ အလွယ်တကူ ၀ယ်လို့မရတာရယ်။မြန်မာဆိုင်

တွေမှာ ၀ယ်လို့ရပေမယ့် ခရီးကဝေး လူကြုံရှိမှ ၀ယ်လို့ရတာဆိုတော့ ရံဖန်ရံခါလောက်ပဲစားဖြစ်တယ်။

အခုလဲ စီးတီးဟောကို လူကြုံရှိလို့ မှာပြီးဝယ်ထားတဲ့ ငါးဖယ်လေးက ရေခဲသေတ္တာ ထဲမှာကြာနေပီ။

ပြီးတော့ ဒီရက်က လကုန်ရက်မဟုတ်လား။လက်ထဲမှာ ဒီလသုံးရမဲ့ အသုံးစရိတ် ပိုက်ပိုက်က ၂၂ ကျပ်

ပြား၇၀ ပဲ ကျန်တော့တယ်။အင်းဒါလေးကလဲ ဒီနေ့ ကလေးတွေအတွက် နွားနို့တို့၊မုန့်တို့ဝယ်လိုက်ရင်

ကုန်မှာ အဲ့တော့ ငါးဖယ်လေးပဲ ထုတ်လိုက်တာ ကောင်းပါတယ်လေ ဆိုပြီး ငါးဖယ်ခြစ်လေးထုတ်

အခန်းအပူချိန်မှာ ပျော်အောင်ထားလိုက်တယ်။မေလင်းလင်းနဲ့ဈေးသွားတယ်။ကြက်ဥ၊နို့ ၊အက်ဝင်မှာ

လိုက်တဲ့ ချောကလက် ရယ် ဂေါ်ဖီရယ်၊မနက်ဖန်ချက်ဖို့ ပုဇွန်လေး ၁ ဘူးရယ်ကို စိတ်မှန်းနဲ့ ၂၀ ၀န်းကျင်

လောက်တွက်ဝယ်လိုက်တယ်။ကောင်တာမှာ ပိုက်ဆံပေးတော့ ၁၉ ကျပ်ပြား၂၀ ကျတယ်။ပိုက်ဆံပေးဖို့

ပိုက်ဆံထုတ်လိုက်တော့ လားလား ၂၂ ကျပ်မဟုတ်ပဲ ၃၂ ကျပ် ကျန်နေတာတွေ့ရတယ်။ပျော်လိုက်တာ။

ဝမ်းသာအားရနဲ့ အိမ်ကိုပြန်လာ နောက်ဖေးဝင် ငါးဖယ်ခြစ်လေးကြည့်တော့ ပျော့နေပြီ။


ဒါနဲ့ငါးဖယ်ခြစ် ၅.၅၀ တန်ကို ဘယ်လိုလုပ်စားမလဲ စဉ်းစားတယ်။အင်း ယုဇန ပလာဇာနားမှာရောင်းတဲ့

ငါးဖယ် အစာသွပ်ဆို မစားရတာ ၁၀ နှစ်လောက်ရှိရော့မယ်။အဲဒါလေးလဲ လုပ်စားအုံးမှ။ငါးဖယ်ခြစ်လေး

ကိုထုတ် ဆား၊နနွင်းထည့်။ဂျင်းလေး ကြက်သွန်ဖြူလေး နဲနဲ ထောင်းထည့်ပြီး စတီးဇလုံထဲ မှာလက်နဲ့

ဘတ်ခနဲ ဘတ်ခနဲ အချက် ၅၀ လောက်ရိုက်ပါတယ်။စေးလာပြီဆိုမှ စလုံးတယ်။


ဒီလိုလေးတွေလုံးပြီး ရေအေးထဲ ခဏ ထည့်စိမ်ထားတယ်။ပိုကောင်းတယ်ဆိုလား။





နဲနဲ ခွဲထားတာကို ကလေးတွေအတွက် ငါးဖယ်  လက်ကြားယို လုပ်တယ်။ငါးဖယ်ကို လက်ထဲ ထည့်ပြီး

လက်သီးဆုပ်လိုက်ရင် လက်ကြားကထွက်လာတာကိုခေါ်တာ။


ပြီးတော့ အဲ့ဒါကို ကလေးတွေအတွက် အချိုလေးချက်လိုက်တယ်။




ပြီးတော့ စိမ်ထားတဲ့ ငါးဖယ်လေးတွေကို ဆယ်ပြီးကြော်လိုက်တယ်။


ဒါက အဆာသွပ်ဖို့ လုပ်ထားတာ။ဂေါ်ဖီ၊ဖရှာက်ရွက်၊ငရုတ်စိမ်း၊သံပရိုသီးနွှာထားတာ။ဂေါ်ဖီက

ဒီလောက်ပါးပါးလှီးတာ လက်ကုန်ပဲ အဲ့ထက်ပါးအောင်မလှီးတတ်ဘူး။


အစာသွပ်လိုက်ပြီ။အပေါ်ကနေ ငံပြာရည်လေးဖျန်းလိုက်တယ်။ချဉ်ငံစပ်လေး။အသားလွတ်

ထိုင်စားလိုက်တယ်။



နေ့လယ်စာ အတွက် သုပ်လိုက်တယ်။




ညစာအတွက် ဆီပြန်ချက်လိုက်တယ်။




အခုတလော့ ဘလော့ပေါ်မှာ အစားအသောက် တင်ချင်တဲ့ ရောဂါ ထနေတယ်။

Sunday, April 28, 2013

ဘ for ဘူးသီးကြော်သုပ်....


  အိမ်ကလူ ပြန်ရောက်တော့မယ်ဆိုလို့ ၀ယ်ထားတဲ့ ဘူးသီးတစ်လုံး ဟာ သူပြန်မလာဖြစ်တော့ ဘာလုပ်

ရမှန်းမသိဖြစ်နေတယ်။သုံးပုံ တစ်ပုံကို ဟိုနေ့က ချက်စားလိုက်တယ်။ဝယ်ထားတာ တစ်ပတ်ရှိပြီလေ။

အပြတ်ရှင်းချင်နေတာနဲ့ ဒီနေ့ ဘူးသီးကြော် ကြော်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်မှာ အမာခံ အားပေးမယ့်

အတူနေ အမ တစ်ယောက်ရှိတယ်လေ။မကြော်ခင် သူ့ကို confirm လုပ်ရသေးတယ်။စားမှာနော် လို့။

ဘူးသီးကြော်ကို ဒီအတိုင်းကြော်ပြီးစားတာ မကြိုက်လို့ သုပ်စားမယ် အကြံဖြစ်တယ်။ဒီမှာက ဘူးသီးက

အလုံးလိုက် ကလေးဝယ်ရတာကိုး။မြန်မာပြည်ပြန်တုန်းက အိမ်ကလူက တို့ကို ဘူးသီး နည်းနည်း ၀ယ်ခဲ့

ပါလို့ ဈေးမှာတော့ တို့က  ထုံရန်ကောဆိုတဲ့ အကြည့်နဲ့ ဘူးသီးက အလုံးလိုက်ပဲ ၀ယ်လို့ရတာလေ။နဲနဲ

ဘယ်ဝယ်လို့ရမလဲ ဘုတောလိုက်တော့ ယောက္ခထီး ၀င်ပြောတယ်။ဝယ်လို့ရတယ်လေ အစိတ်လေး

တစ်စိတ်ဝယ်လေတဲ့။အဲ့တော့မှ ဟိုက်ရှားပါး ဟုတ်သားပဲ စလုံး နဲ့မှားပြီး မြန်မာပြည်မှလဲ အလုံးလိုက်ပဲ

ရောင်းတယ်မှတ်တာ။(ကိုယ်တင်မှားတာဟုတ်ဖူး သူလဲဘာထူးလဲ။သဘောင်္ပေါ်မှာ စားဖို့တဲ့ တရုတ်တန်းက

ဆန်ပြုတ်ဝယ်တာ စလုံးကလို ဗူးနဲ့ဇွန်း ထည့်ပေးတယ်မှတ်လို့ဝယ်လာတာ ကျွတ်ကျွတ်အိပ်နဲ့ ထည့်ပေး

လိုက်လို့ မော်တော်ပေါ်မှာ ထည့်စရာ ခွက်မရှိဘာမရှိ ဒုက္ခရောက်ပါရောလား။)ဟိုက ဘူးသီးတွေက

ကြီးတော့ခြွဲပီး စိတ်ရောင်းကြတာ။ဘူးသီးကြော်ရောင်းတဲ့ဆိုင်တွေဆို အလုံးကြီးတွေ ၀ယ်ကြော်တာနော်။

 ပြီးခဲ့တဲ့ အပတ်ပြန်တုန်းက ဘူးသီးကြော် တစ်ခု ၅၀ပဲ။တန်တယ် တန်တယ် ဆိုပြီး ၀ယ်လာတအများကြီး

သူဖို့ ဘူးသီး၊ကိုယ်ဖို့ ငှက်ပျောကြော်၊ပုဇွန်ငပေါင်းကြော် နဲ့ ၁၀ ခုမှ ၅၀၀။






အိမ်ကလူက ဘာလို့အများကြီးဝယ်လာတာလဲ ကုန်အောင်စားနော်တဲ့။၅၀၀ မှ စလုံး ပြား၇၀ လောက်ပဲ

ဆိုတော့ လောဘ တတ်ပြီးဝယ်တာလေ။အခုဒီမှာတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀။ကိုယ့်ဘာသာမှ

ကြော်မစားရင် ငတ်မှာဆိုတော့ ကြော်ရတာပေါ့။ရေခဲသေတ္တာထဲက ဘူးသီးလေးထုတ်

 အောက်ကလိုလှီးလိုက်တယ်။





ပြီးတော့ ရွှေလိပ်ပြာ အကြော်မှုန့်ကို ဆန်မှုန့် လေးဆ တစ်ဆ ရောလိုက်တယ်၊ထန်းလျက်ရည်လေးနဲနဲ

ထည့်၊ဆား၊ဆော်ဒါလေး ထည့်၊ဂျင်းနဲ့ကြက်သွန်ဖြူကို နဲနဲ ထောင်းပြီး အရည်ညှစ်ထဲ။ပြီးရင် ရေထဲ့ပြီး

ကိုယ်ကြိုက်တဲ့ အပြစ်အကျဲရအောင်ဖျော် နာရီဝက်လောက် နှပ်ထားလိုက်တယ်။




 သုပ်ဖို့ အရွက်တွေလှီးထားတာ။နံနံပင် မရှိလို့ သွားဝယ်သေးတယ်။ဘယ်မှာမှ မရခဲ့ဘူး။ကုန်နေတယ်။





ဗမာငရုတ်ဆီကို ဂျင်း၊ကြက်ဖြူ၊သကြား ငံပြာရည် ရောဖျော်တယ်။


စကြော်ပြီ။

 ကြော်ပြီးပြီ။အက်ဝင်ကလာပြောတယ်။မာမား ညီညီစီထားတာလားတဲ့။သတ်ပုံပေါင်းပြသေးတာ....



 ဘူးသီးကြော်ကို ညှပ်၊အပေါ်က အစာတွေထည့်၊ဆီချက်ထည့် ၊ငံပြာရည်ထည့်၊အချဉ်ရည်လောင်း၊ပဲမှုန့်

ထည့်နယ်ပေတော့။ချဉ်ငံစပ်လေးပါ။




ပြီးတော့ ပုဇွန်ခြောက်လေး လေး ငါး ကောင်နဲ့ ဟင်းခါးလေးချက်လိုက်တယ်။ရာသီဥတုနဲ့လိုက်မှလိုက်။

တကယ်တော့ ကိုယ်ဟာ ဘူးသီးကြော်မကြိုက်သူပါ။အိမ်ကလူကတော့ မုန့်ဟင်းခါးတောင်မှ ဘူးသီးကြော်

နဲ့မှစားတာ။ကိုယ်နဲ့သူနဲ့ဆို အစားအသောက် အလေ့အကျင့်  အရှေ့ အနောက် ဆန့်ကျင်ဖက် ပဲ။သူက

ဘူးသီးကြော်ကြိုက်တော့ ကိုယ်လဲ ကြော်တတ်အောင် လုပ်ရတာပေါ့။အကြော်မကြိုက်တော့ ကြော်ရင်

အသုပ်စားတာပေါ့။အသွင်မတူ အိမ်သူ မဖြစ်ဆိုတာ မဟုတ်ဘူး။မတူညီတဲ့ အရာနှစ်ခုကို မြဲအောင်

ပေါင်းစပ်နိုင်မှ အောင်မြင်တဲ့ အိမ်ထောင်ဆိုလား ဖတ်ဖူးတာ။ဟီး...(ပို့စ်နဲ့ ဘာမှမဆိုင်)



Monday, April 9, 2012

09-04-2012

2၀12 ရဲ့ ပထမဆုံးပိုစ့် ကို အစားအသောက်နဲ့ စလိုက်တယ်။မနက်က သားလေးကိုကျောင်းပို့ပြီး သမီးလေးနဲ့ ဈေးသွားဝယ်တယ်။ငါးသလောက်တွေ့လို့ ၀ယ်လာတယ်။ပေါင်းအိုးပျက်သွားလို့ ရိုးရိုးဆီပြန် ပဲ မရမ်းသီးနဲ့ချက်လိုက်တယ်။
မြန်မာပြည်ပြန်တုန်း က မရမ်းသီးတွေ ၀ယ်လာတာ မစားနိုင်သေးလို့ ဆားရည်စိမ်ထားလိုက်တယ်။အခု အဲဒါနဲ့ချက်လိုက်တယ်။

မရမ်းသီးစားရည်စိမ်။



မရမ်းသီး နဲ့ချက်ထားတဲ့ ငါးသလောက်။




တို့စရာ၊မြှပ်စရာ။




ငါးရံ့ ငါးပိရည်ကျို။ငါးရံ့ ရည်ကျိုငါးပိကို မြန်မာ ကနေ ကော်ဘူး ထဲထည့် အပေါ် ကနေ ဖယောင်းရည်လောင်းပြီးသယ်လာတာ။၁ပိသာ ငါးဆယ်။





ကြက်ရိုးနဲ့ မုန်လာဥဟင်းချို။



ချဉ်ပေါင်ကြော်။


စားသွားကြပါအုံး။

လာလည်သူတွေအားလုံးကျေးဇူးပါ။ဟိုရက်တွေက မြန်မာပြည်ပြန်တာရယ် ၊သုံးနေတဲ့ လက်တော့ ပျက်သွား လို့ ဘလော့ဖက်မလှည့် ဖြစ်ဘူး။

Friday, April 29, 2011

စားမှာပဲ...စားမှာပဲ


ုအခုတလော နေလို့မကောင်းဘူး။သွေးတိုး ရှိလားမသိဘူး အုန်းနို့ နဲနဲစားရင်၊ဒညင်းသီးစားရင် ခေါင်းမူးတယ်။

ဘာမှလည်း မလုပ်ဘူး။ခေါင်းမူးတာအကြောင်းပြပြီး ပျင်းနေတယ်။ဒီညတော့ အခြေနေလေးနည်းနည်းကောင်း

တာနဲ့ ဘလော့ဖက်ပြန်လှည့်ဖြစ်တယ်။အစားအသောက် ပိုစ့်မတင်တာကြာလို့ တင်လိုက်တယ်။တို့က

အစားအသောက် ကိုကြွားစရာစာရင်းထဲထည့်တတ်တယ်။အထူးသဖြင့် မြန်မာအစားအသောက်ချက်ရင်ပေါ့။

စကားစပ်မိလို့ အစားအသောက်ဖက်ရောက်ရင် ဒီနေ့ဘာလေးကို ဘယ်လိုချက်တာပေါ့။အိမ်လာလည်တတ်

တဲ့ သူငယ်ချင်းတွေ ဆိုရင်လည်း တို့က ဘယ်သူကတော့ ဘယ်လိုအစားသောက်မျိုးကြိုက် တယ်ဆိုတာ

မှတ်ထားပြီး ၊သူတို့လာလည်လို့ ကိုယ်လဲ အားနေရင် လက်ရာကို ကြွားတဲ့အနေနဲ့ ချက်ကြွေးတယ်။ကဲ အခု

စကြွားပါတော့မယ်......................



မြန်မာပြည်သယ်လာတဲ့ သရက်သီးစိမ်း။အချို့ ကို ဒီလိုခွဲပြီး




ပါလာတဲ့ အလှူငံပြာရည်ကြော်(အလှူတွေမှာကျွေးတဲ့အရသာ)နဲ့ တို့စားတယ်။ အလှူငံပြာရည်ကြော် က

ဓာတ်ပုံမရိုက်ခင်ကုန်သွားလို့ တင်လို့မရတော့ဘူး။အချို့ ကို ဆားရည်စိမ်ပြီး သရက်သီးဆားစိမ်လုပ်ထားတယ်။

ဒီအောက်က ငါးပိရည်ဖျော်နဲ့ တို့စားလဲ ကောင်းတယ်။










ပုစွန်ဆိတ်နဲ့ ချဉ်ပေါင်ကြော်။





မြန်မာပြည်က ငါးရံ့အူ။





မြန်မာပြည်က ငါးမြင်းဆီပြန်။






၁၇လမ်းထိပ်က ဖက်တီးမဆိုင်က ၀ယ်ခဲ့တဲ့ ၀က်သားကောင်ညှင်းထုပ်။







ငါးခူငါးပိကောင်ကြော်။



ဒီအောက်က သင်္ကြန်တုန်း ကလုပ်စားတဲ့ မုန့်လုံးရေပေါ် နဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း။




ပုံထဲမှာတွေ့ သလောက်ပဲ စတိလုပ်လို့ ဘယ်သူ့ကိုမှ မဖိတ်ဖြစ်ဘူး။

Saturday, September 19, 2009

င ငါးသလောက်ပေါင်း

ဒီနေ့ အိမ်နားကယိုးဒယားဈေးကနေ ငါးသလောက်ဝယ်လာတယ်။ငါးသလောက်ကို ရှာလကာရည်၊ကြက်သွန်ဖြူ၊

နီ၊စပါးလင်၊အချိုမှုန့်၊ငါးပြာရည် ထည့်ပြီး ဆီနည်းနည်း ထည့် နယ်တယ်။ပြီးတော့လက်ဆေးရည်လေး ကို ငါးတုံး

တွေ မြုပ်တဲ့အထိ ထည့်ပြီး ပရက်ရှာကွေကာ နဲ့ နာရီဝက်လောက်တည်လိုက်တယ်။အခုပဲ မီးဖိုပေါ် ကချတယ်။

ပူပူလောလော သုံး ဆောင် သွားပါအုံး။


ငါးသလောက်က အမ ဥပါ ပါတယ်။

Monday, May 4, 2009

The Cafe Lobby,YewTee Point &Lunch

ဒီနေ့အိမ်မှာမနက်စာ ဘာမှမချက်ဖြစ်လို့ ရထားဂိတ်သွားပြီးသားအမိနှစ်ယောက် မုန့်စားတယ်။မုန့်ဆိုလို့

ထူးထူးခြားမဟုတ်ပါဘူး။ပေါက်စီပါ။အခု yewtee မှာ YEWTEE POINT ဖွင့်လိုက်တယ်။အရင် NTUC

နေရာမှာThe Cafe Lobby ဖွင့်လိုက်တယ်။NTUC က YEWTEE POINT ရဲ့ အောက်ထပ်ကိုရာက်သွားတယ်။

သားအမိနှစ်ယောက် The Cafe Lobby မှာပဲ ပေါက်စီ နဲ့ ကြံရည်သောက်တယ်။

ဒါက The Cafe Lobbyရဲ့ အ၀င်ဝကိုရိုက်ထားတာ။















ပေါက်စီနဲ့ကြံရည်။ပေါက်စီကို အမြဲလက်နဲ့ပဲစားတယ်။ဒါပေမယ့် KO BOYZ ရဲ့ ပိုစ့်ထဲက ကောင်မလေးကို

စားခါနီးသွားသတိရလို့ တူ၂ချောင်းယူပြီး တူနဲ့ စားကြည့်တယ်။
















သားသားကပေါက်စီကြိုက်တယ်။














၁၀မီးနစ်ခန့်ကြာသော်။














ပြီးတော့ YEWTEE POINT ဘက်ကူးပြီးဘာစားရမလဲလိုက်ကြည့်တယ်။
















Directories တွေကို LCD နဲ့ ပြထားတာ။ဆိုင်ရှာချင်ရင် အဲဒီ့ LCD ရှေ့မတ်တတ်သွားရပ်နေ။ဆလိုက်ရှိုးနဲ့

ပေါ်လာတယ်။















ဟိုပတ် ဒီပတ် ပတ်ပါတယ်။ပန်းချီကားတွေေ၇ာင်းနေတာတွေ့တယ်။ဈေးကြည့်လိုက်တာ S$၂၅၀ကနေ၅၀၀
အတွင်း။















အားလုံးပတ်ပြီးတော့ ဘာစားရမှန်းမသိတာနဲ့ အိုးချမ်းကီး ပဲဝယ်လာတယ်။

Sunday, April 26, 2009

Today's Menu

Breakfast


ဒီနေ့ ရှမ်းခေါက်ဆွဲ ချက်စားဖြစ်တယ်။ကျကျနန မချက်တတ်ဖူး။ထင်သလို ဖြစ်သလို ချက်လိုက်တယ်။

၁.၀က်သားကိုနုပ်နုပ်စင်း ပြီး ဆား၊အချိုမှုန့်နဲ့နယ်ထား။ပြီးတော့ဆီပူပူထဲမှာ ကြက်သွန်နီ၊ဖြူကို ငရုပ်သီးမှုန့်နဲ့

ဆီသပ်။ပြီးတော့ခရမ်းချဉ်သီးလှီးထားတာပါ ထည့်ပြီး ခရမ်းချဉ်သီးလိပ်အောင် ဆီသပ်လိုက်တယ်။

ခရမ်းချဉ်သီးလိပ်လာတော့ ၀က်သားကို ပစ်ထည့်လိုက်တယ်။

၂. နှမ်းကိုလှော်ပြီးထောင်းထား။ဆီပါလေရုံနဲ့ နှမ်းလှော်ကို ဆီသပ။် ပြီးတော့ဒီက ပဲငပိ ကို နှစ်ဇွန်းစာလောက်

ထည့်လိုက်တယ်။
၃. မုန့်ညင်းချဉ်ကို သေးသေးလေးတွေဖြစ်အောင် လှီးလိုက်တယ်။

၎. မြေပဲကိုလှော်ပြီးတော့ထောင်းထား။

၅.အချို့ကတော့ ကော်ရည် ကျိုပြီးဆမ်းတယ်။ကိုယ်ကတော့ ပဲမှုန့်ကို မပျစ်မကျဲ ကျိုလိုက်တယ်။

၆.ငရုတ်သီးလေးစိတ်ကွဲ နည်းနည်းကို ကြော်လိုက်တယ်။















ပြီးတော့ ဟိုနည်းနည်း၊ဒီနည်းနည်း နဲ့ ပန်းကန်ထဲ က ခေါက်ဆွဲဖတ်ပေါ်ထည့်ပြီးတော့ တူနဲ့မွှေလိုက်ရင်

ရှမ်းခေါက်ဆွဲဟုခေါ်ဆိုနိုင်သော ရှမ်းခေါက်ဆွဲကို စတင်သုံးဆောင်နိုင်ပါပြီ။















အရည်သောက် အနေနဲ့ ၀က်ရိုး ကိုပြုတ်ပြီး၊ကြက်သွန်မြိတ်လေးခတ်လိုက်ပါတယ်။















lunch

နေ့လည်စာအနေနဲ့ ၀က်နံရိုးကို ဆား၊အချိုမှုန့် နဲ့ နယ်ထား။့ဆီပူပူထဲမှာ ကြက်သွန်နီ၊ဖြူကို ငရုပ်သီးမှုန့်နဲ့

ဆီသပ်။ခရမ်းချဉ်သီးလှီးထားတာပါ ထည့်ပြီး ဆီသပ်လိုက်တယ်။ပြီးတော့ ၀က်နံရိုးကို ထည့်လှိမ့်။ရေထည့်

ပြီး ၂ရေလောက် ချက်လိုက်ပြီး ဆီပြန်လာရင် ချလိုက်။ဒီမှာ ၀က်နံရိုးခရမ်းချဉ်သီးဆီပြန် ချက်လေးပါ။
















ပဲစောင်းငှားသီး ကို ရေနွေးဖျောပြီးပါးပါးလှီး။ကြက်သွန်နီကို ပါးပါးလှီး၊ပုဇွန်ခြောက်မှုန့် ၊ပဲအကျက်မှုန့်၊

ငရုသီးမှုန့်၊ကြက်သွန်နီဆီကျတ၊်အချိုမှုန့်၊ဆား လိုသလိုထည့် ပြီးမွှေပါ။အချဉ်ကြိုက်လျှင် သံပရာသီးလေးညှစ်

လိုက်သောအခါ















င်္Fruit လေးတွေကိုလည်းစားသွားပါ

Sunday, March 8, 2009

သူ့လက်ရာ

ဘလော့လာလည်တဲ့သူတွေကို ကိုယ့်လက်ရာချည်းပဲကျွေးနေရတာ အပြောင်းအလဲဖြစ်အောင်သူ့လက်ရာလေး

ကျွေးလိုက်အုန်းမယ်။သူ ကဟင်းချက်တဲ့နေရာမှာ တရုတ်ဟင်း၊မြန်မာဟင်း အကုန်ချက်တတ်တယ်။လက်ရာက

လည်းတို့ထက်အများကြီးကောင်းတယ်။မနက်က ဒီနေ့ သူဟင်းချက်မယ်ဆိုပြီးမီးဖိုချေင်ဝင်တယ်။ဘာမှထွေထွေ

ထူးထူးတော့ မဟုတ်ပါဘူး။ဒီဟင်းလေးတွေပါပဲ။ကြိုက်ရင် လည်လည်လာရင်းစားသွားပါနော်။


ကြက်ကြော်.......................................ပုဇွန်ငါးပိချက်................................တို့စရာ













ဟင်းခါး.........................................................အချိုပွဲ











လာလည်သောသူများအားလုံးကိုကျေးဇူးတင်လျှက်။

ဂျွန်ဝမ်း

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။