Wednesday, January 21, 2009

#ကျွန်မ ခေါင်းမူးခဲ့ရသော Nostradamus အဟော











တနေ့ က အမျိုးဝမ်းကွဲ တစ်ယောက်နှင့် ဖုန်းတော့သည်။ဘာညာ ကွိကွ ပြောပြီးသည့်

သကာလ သူကမေးသည် "၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မည်ဆို"တဲ့ "ဟင် မကြားမိပါလား" ကိုယ်ကဆိုတော့

သူ့အမျိုးသားရုံး တွင် ပြောနေကြသည်တဲ့။ကိုယ့် မှာလောကကြီးနှင့် အဆက်အသွယ်ပြတ်နေပါလား။

၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မည်ဆိုရင် အခုဘာလုပ်ရရင် ကောင်းမလဲ၊နိဗာန် ရောက်ကြောင်းတရားအား

ထုတ်ရမလား။ဒါမှမဟုတ် စုထားတဲ့ ပိုက်ပိုက် တွေ ကို ထုတ်ပြီး ကမ္ဘာလှည့် ခရီးသွားရမလား။လားးးးးးး

ပေါင်းများစွာတွေးပြီးနောက။် မဖြစ်သေးပါဘူး သေချာအောင်သိရမှ ဖြစ်မယ်ဆိုပြ
ီး အင်တာနက် မှာ search

လုပ်လိုက်သည်။တွေ့ပါပြီ Nostradamus ဆိုတဲ့ French astrologer (1503-1566)ရဲ့ကြိုတင်ဟောကိန်းပါ။

၂၀၀၂ စက်တင်ဘာ ၁၁ ရက် နေ့ ကWorld Trade Center တိုက်ခိုက်မှုအပြီးသူ့ ရဲ့ ကြိုတင်ဟော စာတမ်းဟာ

ပိုပြီးနာမည် ကြီးလာတယ်လို့ ဆိုပါတယ်။ World Trade Center တိုက်ခိုက်မှုမှာ သူ့ ဟောကိန်း ထဲမှာ ပါ တဲ့

အဆောက် အဦးထဲက အမြင့်၊အလျား၊တည် နေပုံ၊မြို.နံမည် တို့ဟာလည်း quite same လို့ ဆိုပါတယ်။


Nostradamus က သူ.ရဲ့ဟောကိန်းထဲမှာ Mayan Calender
ဟာ ၂၀၁၂မှာအဆုံးသတ်မယ် လို့ ဆိုပါတယ်။

ဒါနဲ့ပဲMayanCalender ဆိုတာဘာလဲဟုတစ်ခါsearchလုပ်လိုက်သည်တွင်ခေါင်းမှာချာချာလည်မှုးနောက်သွားး။

နေသွားရာလမ်းကြောင်းတွေ၊MilkyWay၊Eclipticတွေနဲ့MayanCalenderတွက်ချက်ပုံတွေ။ဒါနဲ့ကဲ...ဘယ်လိုပဲ

တွက်တွက် conclusion က ဘာလဲ ဘယ်လဲ ပေါ့။21st December 2012 မှာ နေ ဟာ Milky Way နဲ့ plane of

the ecliptic
(နေပတ်လမ်း)ရဲ့ ဖြတ်မှတ်မှာပေါင်းဆုံ မှာဖြစ်တဲ့ အတွက် Mayan Calender ကိုဆက်ပြီး

တွက်ချက်လို့မရတော့ပါဘူး။



ဒါ.ကြောင့်Nostradamus က Mayan Calender ဟာ ၂၀၁၂မှာအဆုံးသတ်မယ် လို့ ဟောခဲ့တာပါတဲ.။

ကမ္ဘာကြီး အဆုံး သတ် မယ်လို့ မဟောထားပါဘူးလို့ တစ်ချို.က ကောက်ချက်ချပါတယ်။ဒီလောက်နဲ့ ပဲ ကိုယ့်

ရှာဖွေချင်းကို ရပ်တန့် လိုက်တယ်။အဲဒီ.အကြောင်း site တွေကလည်း အများကြီး၊ထင်မြင်ချက် တွေကလည်း

တပုံတခေါင်း။
site တော်တော် များများ ဖတ်ပြီးသည့် နောက်တွင် ခေါင်းမှုးသွားသောကြောင့် ကမ္ဘာကြီး အဆုံး

သတ် မယ် ဆိုလည်းသတ် တကမ္ဘာလုံး ဖြစ်မှာဆိုပြီး အအေး သောက်ပြီး အနားယူ အိပ်စက်လိုက်သည်။




စိတ်ဝင်စားလျှင် အောက်ပါ site များတွင်သာမက search လုပ်ပြီးလည်းဖတ်နိုင်ပါသည်။

Mayan Calender
http://www.evangelicaloutreach.org/nostradamus.htm
http://www.greatdreams.com/2012.htm
Nostradamus Predicts A Comet Planet Is Going To Hit Earth In 2010-2012 What Do You Think?
http://www.crawford2000.co.uk/maya.htm
http://www.experiencefestival.com/mayan_calendar






























ပုံများ ကို ဒီနေရာနှင့်ဒီနေရာက ယူသည်။





2 comments:

  1. အမတို့လည်း မကြားမိဘူး.. ကြားမိရအောင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ မြန်မာဆိုလို့ လက်ချိုးရီလို့ရတယ်လေ.. :D တခါတလေလည်း discovery channel က လ ဟာ ကမ္ဘာနဲ့ တဖြည်းဖြည်းဝေးနေတယ်.. တချိန်ချိန်မှာ လနဲ့ ကမ္ဘာကြား ဆွဲငင်အား မရှိတော့ဘူး အဲဒီအခါကျရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြောဆိုနေတာ ကြည့်ပြီး တော်ပါပြီ. ဖြစ်ရင်လည်း အကုန်ဖြစ်မှာပဲဆိုပြီး ဆက်မကြည့်တော့ဘူး.. အဲဒါတွေ ကြည့်ပြီး တကယ်တမ်းဖြစ်လာရင် ကိုယ်က ဘာမှ လည်း မလုပ်တတ်ဘူးလေ.. :)

    ReplyDelete
  2. ဟုတ်တယ်အမနုစံ။ကြားခါစက တခါမှမကြားမိလို့ စိတ်ဝင်စားပြီး ဂူဂယ်မှာရှာလိုက်တာ။
    အငြင်းပွားတာတွေ ဖတ်ပြီးခေါင်းမူးသွားတယ်။လျှာရှည်တယ် လေ။အရမ်း အားအား နေတော့။ :D

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။