Wednesday, January 28, 2009

#သူငယ်ချင်းလေး

တို့ရဲ့ အခင်မင်ဆုံး သူငယ်ချင်းတွေထဲ ကဒီသူငယ်ချင်းလေးက တို့နဲ့ စိတ်ကောက်ဖော် စိတ်ကောက်ဖက်အကြိမ်

အများဆုံး သူငယ်ချင်းလေး။စိတ်ရင်းကောင်းတယ်။စိတ်တိုတယ်။မြန်မာပြည် မှာ နည်းပညာတက္ကသိုလ်တက်နေ

တုန်းကလည်း အဆောင်မှာ အခန်းချင်းကပ်ရက်၊ထမင်းလည်းတူတူချက်စား၊ဈေးသွားလည်းတူတူ၊ဈေးထဲ မှာ

၅ကျပ်ပဲ ပေးရတဲ့ ရွှေရင်အေး ကို ဈေးသွားတိုင်းအမြဲသောက်တာ တွေက တစ်သက်မမေ့နိုင်စရာ။စင်ကာပူ

ရောက်တော့လည်း သူက ကိုယ့်အရင်ရောက် နေတော့ ကိုယ်ကျောင်းအဆောင်နေ ချင်တယ်ဆိုလို့ ကို့ကိုယ်

ကူညီပေးတယ်။သူ စာမေးပွဲဖြေခါနီး မှာတောင် ကိုယ့်ကို အဆောင်လိုက်ပြောင်းပေးတယ်။NTU မှာ အဆောင်

နေတော့ သူနဲ့ကိုယ်က အပေါ်ထပ် အောက်ထပ်။ဘာမဆို ကိုယ်အကူညီ လိုရင်သူပေးနေကြ။မိန်းမလဲ ပီသတယ်

တို့လို ရှပ်တေးမ မဟုတ်။အ၀တ်အစား ဆိုလဲ သူကိုယ်တိုင် ချူပ်တက် ပြုတတ်။ကိုယ့်သားလေး အတွက်တောင်

ချူပ်ပေးသေးတယ်။သူလား ကျောင်းတုန်းက ကွင်းနော်။ကိုယ် နဲ့ သူ ခင်မင် မှုသက်တမ်းတစ်လျှောက် ကိုယ်နဲ့

သူ စိတ်ကောက်လိုက် ပြန်ခေါ် လိုက်ပဲ။ သူအရင် ကျောင်းပြီးတော့ အလုပ်ရပြီး အဆောင်ကနေထွက်ပြီးအပြင်

မှာ တို့ရဲ့ အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့ ပဲBedok မှာအိမ်ငှားနေ တော့ ကိုယ့်မှာ NTU ကနေ အဲဒီ. ကိုသွား

သွားလည်ရတယ်။အဲဒီ့ညဆိုရင်သူနဲ့ကိုယ် ဂျပန်သူရဲကားကြည့်တယ်။မှတ်မိသေးတယ် ဂျပန်ကားတစ်ကား

ဂျပန်အိမ်ရှင်(လူလွတ်) ကအိမ်ဖော်မလေးကိုကြိုက် တယ်။အိမ်ဖော်မလေးက လည်းကြိုက်တယ်။ဒါပေမယ့်

အိမ်ရှင်ရဲ့အဒေါ်က သဘောမတူဘူး။ အိမ်ဖော်မလေး ကလည်းအဆင့်အတန်းမတူလို့ ရှေ့ဆက်မတိုးချင်ဘူး။

ဒါပေမယ့်အိမ်ရှင်ကဇွတ်။နောက်ဆုံးအိမ်ဖော်မလေးက ဆုံးဖြတ်ချက် ချပြီး အိမ်ရှင်ရဲ့ ဘိုးဘွားစဉ်ဆက်ပိုင်တဲ့

ပန်းကန်ကြီးကို မတော်တဆ လိုလို နဲ့ ကျခွဲပစ်လိုက်တယ်။အဲဒိ ဂျပန်မိသားစု မှာသူတို့ရဲ့စည်းမျဉ်းအရ ဘိုးဘွား

စဉ်ဆက်ပိုင်တဲ့ပန်းကန်ကြီးကို ကွဲအောင်လုပ်တဲ့သူကို အိမ်ရှင်ကိုယ်တိုင် ဓားနဲ့လည်ပင်းကို တိခနဲ့နေအောင်

ပိုင်းသတ်ရတယ်။အိမ်ရှင်က အိမ်ဖော်မလေး ကို ဓားနဲ့လည်ပင်းပိုင်းတာ တို့မျာမကြည့်ရဲ လို့ မျက်လုံးကိုလက်

နဲ့ အုပ်ထားရတယ်။ဇတ်လမ်း ကအဲဒီလို နဲ့ အိမ်ဖော်မလေးသရဲ ဖြစ်သွားတာပါ။သူက ကြည့်ရဲ တယ်။သူရဲကား

တော်တော် သူကြည့်တယ်။

နောက်ပြီးကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး တို့ရဲ့ hair ဒီဇိုင်နာပေါ့။တို့ ကိုအမြဲဆံပင်ညှပ်ပေးတယ်။

ပုံစံလား .........................ကောင်းပါတယ်။ဒါပေမယ့်ခေါင်းညောင်းတယ် ၁နာရီလောက် ကြာအောင်ညှပ်လို့။:D

ပထမဦးဆုံး နဲ့ နောက်ဆုံးအကြိမ် ဆံပင်ဆေးဆိုးဖူးတယ်။သူလုပ်ပေးတာ မနက်၆ နာရီသာထိုးသွားတယ် ဆံပင်

ကနီမလာဘူး။Revlon ကိုဆိုးတာ။သူက စောင့်ကြည့်ပါဦး ၁ရက် ၂ရက် ဆိုလို့ စောင့်လိုက်တာ အခုထိပဲ ၂နှစ်ရှိ

ပြီ ဘာရောင်မှမထွက်။အဲလို ဆံပင်ဆေးဆိုးရာမှာ တော်သူ။:D


တို့ကျောင်းပြီးလို့ တို့ အမျိုးသားနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့ အရောက်အပေါက် နည်းသွားတယ်။

ဒါပေမယ့် အမျိုးသား ခရီးသွား ရင်သူ့အိမ် သွားစမြဲ။အရင် ကလောက်တော့ သူတို့ နဲ့ သွားအတူ လာအတူမလုပ်

နိုင်တော့။သားလေးကို မွေးပြီး တော့ ပိုဆိးုတယ်။တစ်လ ကို ဖုန်း၂ခါလောက် ပဲဆက်ဖြစ်တယ်။တွေ့ဖို့ ဆိုတာ

သူလာတွေ့မှ။ဒီတစ်ခေါက် ဘလော့ စလုပ်ထဲက ဖုန်းမဆက်မိတာ ဒီနေ့အထိ။စိတ်ထဲမှာတော့ဟိုနေ့ဖုန်းခေါ်မယ်၊

ဒီနေ့ဖုန်းခေါ် မယ်နဲ့လွန်လာလိုက်တာအခုထိပဲ။ဒီနေ့ Gtalk ပေါ်မှာတွေ့တော့ တို့က ၀မ်းသာအားရနဲ့Hiလုပ်တော့

Hi ပြန်လုပ်ပြီး ပြောတယ် တို့ကဖုန်းမခေါ် လို့ ၀မ်းနည်း နေတယ်တဲ့
။ပြီးတော့ တို့ကို ဆက်ပြီး ရစ်တော့တာပဲ။

သူကပြောဖူးတယ် သူနဲ့ တို့ က ဘ၀ခြားနေပြီတဲ့။ကိုယ် အိမ်ထောင်ပြုတာကို ဆိုလိုတာ။တစ်ဖက်သောင်ထွန်း

တစ်ဖက်ကမ်းပြိုဆို သလိုမျိုးပေါ့။အိမ်ထောင့်တာဝန် ထမ်းနေရတော့ သူငယ်ချင်းတာဝန် လစ်ဟင်းတာတော့

အမှန်ပဲ။ကိုယ့်ကို နားလည်ပေးပါနော်။"သူငယ်ချင်းလေး ခင်တယ် ကိုယ်ဘယ်လိုပြောရမလဲ..........................

ကိုယ်ဒီလို သိပ်သိပ် ရှုပ်နေတယ်။"

4 comments:

  1. ဟုတ်ပါ့ဗျာ သူငယ်ချင်းတွေနဲ့ ဒီလိုပဲ တဖြည်းဖြည်းဝေးဝေးသွားကြရတယ်..
    ဝန်းကျင်အသစ်မှာ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံရတာလည်း သဘာဝပဲ ထင်ပါရဲ
း)

    ReplyDelete
  2. ပိုပြီးဦးစားပေးရမည့်သူတွေ ရှိနေပြီကိုး။ သူငယ်ချင်းလေးရေ နားလည်ပေးပါ။ ဆံပင်ညှပ်ပေးတယ်ဆိုလို့ အားကျနေတာ။

    ReplyDelete
  3. အိမ်ထောင်နဲကလည်းဖြစ်၊ ကလေးနဲ့ဆိုတော့
    အလုပ်ပိုရှုပ်တာ သူနားလည်နိုင်မှာပါ.....

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။