Friday, December 24, 2010

သူ

ဟိုအရင်တုန်းက မကေ ရဲ့ ဒီပိုစ့် ကိုဖတ်မိကတည်းက ရေးချင်နေတာ။သူနဲ့တို့ ရည်းစားဖြစ်ထဲ က အခုသားသမီး

၂ယောက်ရတဲ့အထိ ဆိုတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံလာတာ၁၀နှစ်ကျော်။အကြောင်းတော်တော်သိနေ

ပြီဆိုပါတော့။သူလား အမျိုးထဲမှာ အရမ်းကပ်စီးနဲသူလို့ နာမည်ကြီးသူ။အ၀တ်အထည် ဘယ်တော့မှ

ကိုယ့်ဘာသာမ၀ယ်သူ။အ၀တ် ၃ စုံလောက်ရှိရင် လုံလောက်ပြီဟုပြောသောသူ။ မိန်းမ ကလဲ

အ၀ယ်အခြမ်းတော်တော့ဂျင်းဘောင်းဘီ ၀ယ်ရင် ကြီးလိုက်၊သေးလိုက် ဖြစ်။ကြီးရင် ခါးပတ်ပတ်ပြီး၊သေးရင်

ဗိုက်ရှပ်ဝတ်တတ်သူ။စလုံး မှာနေတာ ၅ နှစ်ကျော်သော်လည်း ပင်နီဇွဲလားပဲ ကောင်းကောင်းသွားတတ်သူ။

ဘီယာသောက်ဖို့ ဟော်ကာမှာထိုင် ၃နာရီ၊၄နာရီ မပျင်းမရိထိုင်သော်လည်း၊မိန်းမနှင့် ဈေးဝယ်လျှင်

၁နာရီလောက်ဆို မျက်နှာပျက်လာသူ။မိန်းမ ရဲ့ ဖုန်းနံပါတ် တစ်မျိုးထဲ ၃နှစ်လောက် ကိုင်သော်လည်း

ဘယ်တော့မှအလွတ်မရသူ။ကိုယ့်ဖုန်း နံပတ်ကို သူများက မေးလာလျှင် အိမ်ထဲလှည့်ပတ်ပြီး

သူ့ visiting card ကိုရှာပြီးမှ ပေးနိုင်သူ။company ကပေးတဲ့ ဖုန်းကို ၁နှစ်အတွင်း၂ခါပျောက်ပြီးနောက်

ကိုယ့်ဘာသာ ဟန်းဆက်ဝယ်သောအခါ ၄၀၊၅၀ တန် ကင်မရာမပါ၊ဘီလူးတု မပါ၊ေ၇ှးဟောင်းဖုန်းကို

ဝယ်လာသူ။ဖုန်းရဲ့ အဓိက အလုပ်က ဒီဘက်ကပြောရင် ဟိုဘက်ကကြား၊ဟိုဘက်ကပြောရင် ဒီဘက်က

ကြားရ ရင် ပြီးပြီ ဟုယူဆထားသူ။


ရန်ကုန်ပြန်ရင် အပါင်းအသင်းများကို ၁ရက်မှာ နာရီ ၂၀ လောက် ပေါင်းသင်းသူ။ကလေးတွေမရခင်က

သူ့အပေါင်းသင်းတွေကလည်းတို့နဲ့ ရင်းနှီးတော့ ဘယ်သွားသွား တို့က ပါပြီးသား။အခုကလေးတွေ နဲ့ မို့ အရင်လို

မလိုက်နိုင်တော့ ကျိတ်ပြီး happy ဖြစ်နေသူ။အခုလည်း Chinese new year မှာ တို့ကို ကလေးတွေနဲ့

ဒီမှာထားပြီး မြန်မာပြည်ပြန်ဖို့ သူငယ်ချင်းများနဲ့ ဟတ်ပီးစွာ အချိန်းအချက်လုပ်နေသူ။(တို့မိဘတွေက အဲဒီ့

ရက်ဒီမှာရှိမှာမလို့ တို့ ကမပြန်နိုင်)။ကံကဆိုးချင်တော့ သူ့အရင်းနှီးဆုံး သူငယ်ချင်း၂ယောက်က နိုင်ငံခြား

ရောက်နေလို့ ပြန်မလာနိုင်။


အလုပ်ကိစ္စနဲ့ oversea မကြာခဏ သွားရသောကြောင့် နိုင်ငံတော်တော် များများေ၇ာက်ဖူး လို့ တို့က

မနာလိုဘူး လို့ပြောတော့ မပူနဲ့ အသက်ကြီးလာရင် ကမ္ဘာပတ်မယ်ပြောသူ။အဲလိုပြော သော်လည်း

အသက်ကြီးလာ ရင်လည်း ပိုက်ဆံ ကို ဘယ်လိုချွေတာရမယ်။နာမကျန်းဖြစ်ရင် သုံးဖို့ စုရမယ်။မဖြုန်း

နဲ့ဟု ပြောလိမ့်မည့်သူ။


အရင်တုန်းက အာဖျံမှအာဖျံ ဆိုသော်လဲ အခု EDWIN မှEDWIN ဖြစ်နေသူ။သူ့ PAY SLIP များကိုပေး

ပြီးဒီနှစ် ၀င်ငွေဘယ်လောက်ရှိတယ် ၊အခုဘဏ်ထဲမှာဘယ်လောက်၊သုံးတာဘယ်လောက် တွက်ခိုင်းသော်

လဲ မိန်းမတွက်ပြီးပြချိန်တွင် စိတ်မ၀င်စားသူ။ဒီနှစ်ဘာဖြစ်ရမယ်၊ဘာတိုးတက်ရမယ် ၊နောင်နှစ်ဘာဖြစ်ရ

မယ် ပလန်ထားသော်လဲ ၂၀၁၁ အတွက် ပလန်မထုတ်သေးသူ။CREDIT CARD ကို သုံးရင်လဲ ဒီနေ့သုံးပြီး

နောက်နေ့ဆို ဘေ မထွက်သေးပဲ ADVANCE ကြိုပြီးဆောင်တတ်သူ။မိန်းမရဲ့မွေးနေ့ ကို ၂၀၀၇ တုန်းက

ရက်မှားပြီး HAPPY BIRTHDAY လုပ်ခဲ့သူ။


မိန်းမက ဟိုဟာကဟိုလို၊ဒီဟာက ဒီလိုဟု ဧည့်ခန်းထဲ သူထမင်းစာနေတုန်းပြောရင် ထမင်းထပ်ထည့်သလိုလို

နဲ့ မီးဖိုခန်းကထမင်းစားပွဲကို ပြောင်းစားတတ်သူကြီး အတွက် ၃၀ ++ မွေးနေ့လက်ဆောင်ပိုစ့်ဖြစ်ပါတယ်။

(နောင်နှစ်ပေါင်းများစွာ ဒီအတိုင်းပဲကျင့်သုံးနိုင်ပါစေ)

အာဖျံ၊သားသား၊မီးမီး

Sunday, October 24, 2010

June,May @ Universal Studio


မနေ့က universal studio ကိုသွားတယ်။သောကြာ၊စနေ ဆို ည၇နာရီနောက်ပိုင်း ၀င်ကြေး ၅ ကျပ်ပဲ။အကုန်တော့ဝင်လို့ မရဘူး၊ဟောလိဝုဒ်ရယ်၊၉း၃၀မှာ မီးပန်းပြပွဲ တစ်ခုရယ်။တန်တော့တန်တယ်။
ဓာတ်ပုံမရိုတ်တာကြာလို့ သားလေးကို ဓာတ်ပုံတွေရိုက်ပေးခဲ့တယ်။

MRT ကနေ VIVOCITY ထဲအ၀င်နေရာမှာ။




universal studio နားမှာ ကမ္ဘာလုံးကြီးနောက်ခံနဲ့။





ရေမှုန်တွေကြားက သားအမိသုံးယောက်။


Candylicious နားမှာ။





မီးမီးလဲလိုက်ခဲ့တယ်နော်။



ဟားးးးးးပျော်လိုက်တာ။




ကိုကိုနဲ့အတူတူ။





ဝင်ကလေး နဲ့ မေကလေး။



ဒါ santosaသွားရထားပေါ်ကနေရိုက်ထားတာ။




ဒီလိုအရိုးခြောက်ကို ကြိုးဆွဲပြီင်္းချထားတဲ့ အပင်လဲတွေ့ခဲ့တယ်။



ဒီနေရာက ၇၆ကျပ် သမားတွေပဲနေ့ဖက် ၀င်လို့ရတာ။



ရေပန်း။


အိပ်ချင်နေပါပြီဆိုးးးးအတင်းရိုတ်ခိုင်းတော့တာပဲ။

Thursday, October 21, 2010

၇ယ်မောစရာ Intelligent Students - School Fun.

Forward Mail ထဲကရတာပါ။အောက်မှာတော့ This Mail is sent by a Member of FunAndFun တဲ့။

အိမ်ကလူ နဲ့ လင်မယားနှစ်ယောက်ဖတ်ပြီးရီလိုက်ရတာ။
ပြီးတော့ သူကပြောတယ် နင့်သားလေး အဲလိုဖြစ်နေရင်

ဘယ်လိုလုပ်မလဲတဲ့။
အဲလောက်တောင် ဆိုးနေ၊တုံးနေရင် ငါကျောင်းထုတ်လိုက်မယ် လို့ တို့ကပြန်ပြောတော့

.
...အံမယ် သူက ဒီလိုသူများမတွေးတဲ့ ဘက်တွေးတဲ့သူမှတော်တာဆိုပဲ။ကီးလာရင်အဖေနဲ့ သားနဲ့တော့

ဟုတ်အုံးမယ်။သူ သိပ်အလိုလိုက်တယ် သူ့သားကို။တစ်စက်မှ မဆူဘူး။အဲဒါကြောင့်မနေ့ကသားအဖ ၂ယောက်

CCk သွားကြတာ တစ်လမ်းလုံး ချီခိုင်းထားတယ်တဲ့။ကောင်းတယ် ဝမ်းသာလိုက်တာလို့ပြောလိုက်တယ

တို့ကိုဆို တစ်ခါမှ မချီခိုင်းဘူး။
ဟိုလက oversea သွားတော့ လေဆိပ်ကနေ sms ပို့တယ်...

'please be patient to my son.I dont want to hurt his heart.

I can understand his feeling coz he is the eldest and i also the eldest too'.....တဲ့။

ဒီကလူဆိုးမကြီးကျနေတာပဲ ။


ဖတ်ကြည့်ကြပါအုံးနော်....



















Friday, October 15, 2010

30+

မွေးနေ့ပို့စ် မတင်တော့ဘူးစဉ်းစားထားပေမယ့်TZAပိုစ့်ကိုသွားဖတ်မိပြီးတင်ချင်စိတ်ဖြစ်သွားတယ်။တို့လဲ၃၀

ကျော်သွားတော့၃ရက်မကျင်းပပေမယ့် မွေးနေ့မနက်စာ၊နေ့လည်စာ၊ညစာသုံးခါကျင်းပလိုက်တာပေါ့။

ဘယ်ရမလဲ။

မနက်စာက ခေါက်ဆွဲသုတ်၊နေ့လည်စာ ဘူးသီးဟင်းနဲ့ ငါးကြော်းးး၊ညစာကတော့ အောက်ပါပုံတွေအတိုင်းးးးးးး

















ဘဲကင် ကို ကင်မရာထဲကကူးဖို့မေ့ကျန်ခဲ့တယ်။ပျင်းသွားပြီ မကော်ပီတော့ဘူး။


လက်ဆောင်ရတဲ့ BD ကိတ်ပါ။


အင်းးးးဘာလိုလိုနဲ့ ၃၀ ကျော် ၄၀ထဲ ရောက်ပြီပဲ။အမှန်ကိုလက်မခံချင်ဘူးးးးးးးးးးးးးးးးးဟူးးးးးးးးးးးးးးးးးး

Wednesday, September 29, 2010

ပြည်တော်ပြန် အတွေ့ကြုံတွေထဲကတစ်ခု

ဒီတစ်ခေါက် မြန်မာပြည် ပြန်တုန်းက မြန်မာနိုင်ငံ စင်ကာပူသံရုံးကို သွားဖို့ ကိစ္စပေါ်လာတယ်။စလုံး ကမပြန်ခင်

အိမ်တွေ့လို့ HDB မှာ appointment ယူတော့ first appointment date က MARCH လ ထဲမှာ။အဲဒိ့ အချိန်ဆို

ကိုယ်မြန်မာပြည် ပြန်ရောက် နေမှာမလို့ ကိုယ့်CPF နဲ့ အခြားလိုအပ်တဲ့ နေရာမှာလက်မှတ်ထိုးရအောင်

အမျိုးသားကို POWER OF ATTORNEY (SPECIAL POWER) လွှဲခဲ့တယ်။အဲ ဖြစ်ချင်တော့FIRST APP

ရက်နားမှာ အမျိုးသားက OVERSEA သွားရပါလေရော။အဲဒီနေ့ မှာပြန်ရောက်မယ် ဆိုတာမသေချာတော့

ကိုယ့်ကို စလုံးမှာပြန်လာမွေးမလားပေါ့။ဒါပေမယ့် ကိုယ့်ရဲ့ကိုယ်ဝန်ကလေယာဉ်စီးလို့မရတော့တာရယ်၊

မွေးမယ့်အချိန်မှာ ဒီမှာ သားလေးကို လာကြည့်ပေးမယ့်သူမရှိတာရယ်၊သူကလဲ ခဏ ခဏOVERSEA

သွားနေရတော့ မွေးချိန်မှာ ရှိဖို့ မသေချာတော့ မြန်မာပြည်မှာ ပဲမွေးဖို့ဆုံးဖြတ်လိုက်တယ်။APP နေ့မှာ

လက်မှတ်ထိုးဖို့ သူ့ညီ ၀မ်းကွဲ ကို PA ထပ်လွှဲ ဖို့လုပ်တော့ ရှေ့နေက ကိုယ် ပါဝါ လွှဲကြောင်းလက်မှတ်ကို

မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံအမတ် ရှေ့မှာထိုးရမယ်။PR ကဒ် TRUE COPYလည်း လုပ်ရမယ်ဆိုလို့

စင်ကာပူသံရုံး ရှိရာ ရန်ကုန်ကိုချီတတ်သွားပါတယ်။



ရန်ကုန်ရောက်တော့ ဒေါ်သန်းသန်းနု ဆီသွား စလုံးကပို့လိုက်တဲ့ စာချုပ်ယူရတယ်။နောက်ဆုံးစာမျက်နှာ မှာ

ထိုးရမှာ။ပြီးတော့ သံရုံးကိုရောက်တော့ အပြင်မှာ သိပ်တန်းမစီရပါဘူး ။အထဲရောက်တော့ INQUIRY မှာ

ကိုယ့်နံပါတ်ခေါ် တော့ အကျိုးအကြောင်းပြောပြတော့ ခဏနေတော့ ၀န်ထမ်းအမျိုးသမီးတစ်ယောက်

ရောက်လာပြီး ကိုယ့်ကိုအခန်းတစ်ခုထဲခေါ်သွားတယ်။ပြီးတော့ ကိုယ့်ဆီက စာချုပ်ရယ်၊PR ကဒ်ရယ်

ယူသွားပြီး ကိုယ့်ကိုခဏ စောင့်ခိုင်းတယ်။



စောင့်နေတုံးအခန်းထဲကို ကောင်မလေးတစ်ယောက် ပတ်စပို့ သုံးလေးအုပ် နဲ့ ဗီဇာလျှောက်တဲ့ ဖောင်တွေရယ်

နဲ့ စင်ကာပူသံအမတ် ကြီးပါဝင်လာတာတွေ့တယ်။ကိုယ့်ရဲ့ ဟိုဖက်ကစားပွဲမှာထိုင်ကြတယ်။အခန်းထဲမှာ

သုံးယောက်ထဲ ဖြစ်တာရယ်၊ကိုယ်လဲ ထိုင်နေရင်းစပ်စုချင်တော့ နားစွင့်မိတယ်။သံအမတ်ကြီးက ကောင်းမလေး

ကို Can you speak English?မေးလိုက်တော့ ကောင်မလေးက အူကြောင်ကြောင်နဲ့ ။ကောင်မလေးက ၂၇၊၂၈

လောက်ရှိမယ်ထင်တယ်။သူတို့ ကိုကြားထဲက ဘာသာပြန်ပေးမယ့်သူက ကိုယ့်ရဲ့ ဟာကိုလုပ်ပေးနေတော့

မအားဘူး။ကိုယ်လည်းမနေနိုင်တာနဲ့ ကောင်မလေးကို ညီမလေးကို English လိုပြောနိုင်လားလို့မေးနေတာ။

လို့ ပြောမိတယ်။ဇတ်လမ်းကအဲ.ဒီမှာစတာပဲ။သံအမတ်ကြီးက ကိုယ့်ကိုလှမ်းပြီး ပြောတယ်။သူ့(ကောင်မလေးကို)

ကိုရှင်းပြပေးပါ။သူလာလျှောက်တဲ့ ဗီဇာ ကို စပွန်ဆာပေးတဲ့ စပွန်ဆာ letter က PR ရဲ့ sign က အတုဖြစ်နေ

တယ်တဲ့။ကိုယ်လဲ ကောင်မလေးကို ညီမလေး ရဲ့ sponsor letter ရဲ့ PR ရဲ့ sign က အတုဖြစ်နေတယ်ပေါ့။

သူမက ကိုယ့်ကို မဟုတ်ဖူးအမ အစစ်ပါတဲ့။သံအမတ်ကြီးက သူ့လက်ထဲက ကိုင်ထားတဲ့လွန်ခဲ့တဲ့ ၂ပတ်၊

၃ပတ်လောက်က ဗီဇာလာလျှောက်ထားတဲ့ sponsor letter ကိုပြတယ်။sponsor နာမည်တူ၊IC နံပါတ်တူ။

PR ရဲ့ sign က တော်တော်ကို ကွဲနေတာ။ဒါပေမယ့် ကောင်မလေးက သူ့ sponsor letter ရဲ့ PR ရဲ့ sign က

အစစ် သံအမတ်ကြီးလက်ထဲက ကိုင်ထားတဲ့PR ရဲ့ sign က အတုဆိုပြီးခံငြင်းနေတယ်။သံအမတ်ကြီး က ကဲ

PR ရဲ့ sign က အစစ် ဆိုရင် သူ့ကိုသိသလား သိရင် ဖုံးနံပါတ် ပြောပြဆိုတော့ မပြောနိုင်ဘူး။သံအမတ်ကြီး က

ကိုယ့်ကို ပြောတယ် သူ့ကိုပြောပေး သူ့ကိုဘယ်သူခိုင်းတာလဲ ?သိတယ်မလားတစ်ချို့တွေက ငွေရဖို့လုပ်တာ။

PR ကဒ် ကော်ပီကိုတစ်နေရာကနေ ရပြီး sponsor letter မှာsponsor နာမည်၊IC နံပါတ်ဖြည့်ပြီး sign အတု

ထိုးတာ။သူ့ကိုခိုင်းတဲ့လူကို ပြောရင် သူ့ကို အရေးမယူဘူး။မပြောရင်တော့ SHE WILL BE TROUBLE

တဲ့။ပြီးတော့ ကိုယ့်ကိုမေးသေးတယ် နင်တို့နိုင်ငံကရဲက ဒီအမှုမျိုးကိုဘယ်လို အရေးယူလဲတဲ့။အဲဒါတော့ ကိုယ်လဲ

မသိဘူးလို့ဖြေလိုက်တယ်။


အဲဒီ့ အချိန်မှာပဲ ၀န်ထမ်းအမျိုးသမီး ပြန်ဝင်လာပြီး ကိုယ့်စာချုပ်မှာ ကိုယ်ရယ်၊သံအမတ်ကြီးရယ်ကို sign ထိုး

ခိုင်းပြီး ကိုယ့်ကိစ္စ ပြီးတာနဲ့ မြန်လာခဲ့တယ်။ ကောင်မလေးတော့ ဘယ်လိုဖြစ်တယ်မသိ။PR ကဒ် ကော်ပီ က

၇ဖို့တော်တော်လွယ်တယ်။ဥပမာ....ကိုယ်ဆိုရင် စလုံးကိုပြန်လာဖို့ လေယာဉ်လက်မှတ်ဝယ်ဖို့(ONE WAY)

မလို့ PR ကဒ် ကော်ပီ လိုတယ်ဆိုလို့ မြို့က အင်တာနက်ဆိုင်ကနေ စကင် ဖတ်ပြီးပို့ ရသေးတာ။ဆိုင်က ကိုယ့်

PR ကဒ် စကင်ကို DELETE လုပ်မလုပ် ကိုယ်မှမသိနိုင်တာ။


အခု ENTRY VISA ကို ONLINE လျှောက်လို့ရတာ တော်တော်အဆင်ပြေတယ်။ကိုယ့် SIGN PASS နဲ့

လျှောက်လိုက်ယုံပဲ။ONE WORKING DAY ဆိုပေမယ့် ၁နာရီ ကျော်ကျော်လောက်ဆို ကျရော။ဟိုတလောက

သူငယ်ချင်း၂ယောက်အလည်လာမယ်ဆိုလို့ ကိုယ့် စပွန်ဆာအောက်ကလျှောက်ပေးလိုက်တယ်။၁နာရီကျော်

ပဲကြာတယ်.၂ယောပ်စလုံး APPROVED။ နောက်၃ရက်လောက်ကြာတော့ အမျိုးတစ်ယောက်က သူ့ အစ်ကို

၂ယောက်လာမယ်လို့ လျှောက်ပေးပါဆိုလို့ ပထမ ၂ယောက် ကိုလွန်ခဲ့၃ရက်လောက် ကလျှောက်ပေးခဲ့တာ

မေ့ပြီး လျှောက်ပေးလိုက်မိတယ်။SUBMIT ကိုကလစ်လုပ်ပြီးမှသတိရတယ်။PENDING ဖြစ်နေတာ

၁ရက်ခွဲကြာတယ်။ကိုယ့်မှာ ဟာ ICA က ငါ့ကိုလုပ်စားတယ်များ ထင်နေမလားနဲ့ ၁ ရက်လောက်

အအိပ်ပျက်၊အစားပျက်ဖြစ်သွားတယ်။

Friday, September 10, 2010

သားလေးနဲ့မော်ကျွန်း

်သမီးလေးမွေးဖို့မြန်မာပြန်တုန်းကသားလေးက ၁နှစ်နဲ့၈လပဲရှိသေးပြီး အမေလုပ်တဲ့သူကို တစ်အားကပ်တယ်။

နို့စို့တုန်းပ။ဲ ရောက်ပြီး လေး၊ငါးရက်မှာ ၀မ်းလျှောတယ်။ဝမ်းလျှောတော့ မော်ကျွန်းမှာပြတယ် မသက်သာလို့

ရန်ကုန်မှာ ပြတော့ တိုက်နေကျ နို့မှုန့်ကနေ ပဲနို့မှုန့်ပြောင်းတိုက်တော့ လုံးဝမသောက်ပဲ နို့ပြတ်သွားပါတယ်။အဲဒီ

ကစပြီး သူ့ကိုတော်တော်လေး သန့်သန့် ပြန့်ပြန့်လုပ်ပေးရတယ်။အိမ်မှာက ရေကိုကြိုသောက်တာပဲ။ဘယ်လိုဖြစ်

လဲမသိ ၆လနေတာ ၄ခါ ၀မ်းလျှောပြီး ၆ခါဖျားတယ်။သာမန်အားဖြင့် သားလေးက ၀မ်းအရမ်းချုပ်တယ်။ကိုယ့်

မှာ မုန့်ဝယ်လဲ Exp date ကို ကြည့်ရတာအမော။Exp မပါတဲ့ ပူတင်းလိုမျိုးဆို ဆိုင်ကို ဘယ်နေ့ကရောက်တာလဲ

မေးရတယ်။တစ်ချို့ ကလည်းအမှန်ပြောတယ်။တစ်ချို့ က ရောက်တာ၂ရက်လောက် ရှိပေမယ့် ဒီနေ့မှ

ရောက်တာလို့ပြောတယ်။Exp ပါပြီး ရက်လွန်နေလဲ ရောင်းနေတာပဲ။ဂမုန်းပွင့်လို ကုန်တိုက်မှာတောင် Exp

ဖြစ်နေတဲ့မုန့်တွေရောင်းနေတာ တွေ့ရတယ်။


ကိုယ့်သားကို က နန်းမတော် ကိုယ်နု ဖြစ်နေတာနေမှာ သူများကလေးတွေ လမ်းဘေးမှာရောင်းတဲ့ မုန့်

ဘယ်လိုစားစား ဘာမှမဖြစ်ဘူး။ဆရာဝန် က အပြင်အစားသောက် မကျွေးနဲ့ ယင်နားမကျွေး နဲ့ တဲ့။

ဘယ်လိုလုပ်ရမလဲ။ဒီလိုပဲကြည့်ကျွေးရတာပေါ့။နောက်ဆုံးတစ်ခေါက် လျှောတာ တော်တော်ဆိုးတယ်။

ရန်ကုန်ပဲပြေးရမလိုလို၊ဆေးရုံပဲတင်ရမလိုလို။ကလေးကပျော့ခွေနေတာပဲ။


အဲဒါ သူစားတဲ့ အစားအသောက် ကို trace လိုက်ရတယ်။မုန့်စိမ်းပေါင်းစား တယ်။များသောအားဖြင့် အိမ်မှာခိုင်း

တဲ့ ကောင်းမလေးကိုဝယ်ခိုင်းတော့ ဘယ်လိုဆိုတာမသိ။ဒါနဲ့ စနည်းနာထွက်တော့ လားလား မုန့်စိမ်းပေါင်းသည်

က မုန့်စိမ်းပေါင်းလှီးရင် ဓါးကိုမကပ်အောင် ရေဆွတ်တယ်၊ဆွတ်တဲ့ ရေက မြစ်ရေနောက်ကျိကျိ။ပြီးရင် နှမ်းကို

မုန့်စိမ်းပေါင်းပေါ်ဖြူးပြီးရင် သူ့လက်ကိုလည်း အဲဒီ ရေခွက်ထဲနှစ်ဆေးတယ်။ပြီးရင် အဲဒီလက်နဲ့ ညစ်ပတ်နေတဲ့

ပိုက်ဆံကို အမ်းတယ်။ကိုယ့်အနေ နဲ့ပြောရင် တစ်အား သန့်လွန်းသူမဟုတ်ပါဘူး။တစ်ခါမှလည်း အဲလိုစေ့စေ့

စပ်စပ် လိုက်ကြည့်ဖူးဘူး။သားလေးနဲ့ ကျမှပဲ သူများအမြင်မှာ ကြီးကျယ်လွန်းသူများဖြစ်နေလားမသိ။



ကျမတို့ မြို့မှာက မြစ်ရေကိုပဲသုံးရတာလေ။ရေကို ကျောက်ချဉ်တိုက် ပြီး ကျိုသောက်ရတာ။ယေက္ခမကပြော

တယ် သူများ ကလေးတွေ ဒီလိုပဲစားနေတာ ဘာမှမဖြစ်ပါဘူး နင့်သားကျမှတဲ့။သူနေမကောင်းရင် အရမ်းစိတ်

ပင်ပန်းတယ်။နယ်မှာဆိုတော့ ပိုဆိုးတယ်။အရေးအကြောင်း ရန်ကုန်ပြေးရင် သဘောင်္ ၁၂ နာရီလောက်စီးရတာ။

အခုဒီကိုပြန်ရောက်တာ ၁လခွဲရှိပြီ ၀မ်းမလျှောသေးဘူး။မပြန်ခင်က ၀မ်းလျှောကာကွယ်ဆေးကလွဲ ရင်ကျန်တာ

အကုန်ထိုးသွားတယ်။နမိုးနီးယားတို့ ဘာတို့ပေါ့။ဝမ်းတော့မလျှောလောက်ဖူးထင်တာ။မထင်တာက ထဖြစ်

နေတယ်။သားလေးတော်တော်လဲပိန်သွားတယ်။အောက်ကပုံကိုသာကြည့်။သူ့ ၂နှစ်မြှောက်မွေးနေ့တုန်းက

မွေးနေ့ကိတ်ခွဲနေတာ။သားလေးအတွက် သတိသရမွေးနေ့ ဆုတောင်းပေးသူတွေ အားလုံးကို ကျေးဇူးနော်။





ဒီပုံက အကိုဝမ်းကွဲနဲ့ ဘိုးဘွားရိပ်သာမှာ သူ့အတွက် သွားလှူရင်းရိုက်ထားတာ။

Monday, August 30, 2010

Two by One

ပြန်ခါနီးအလုပ်ရှုပ်နေတာနဲ.ဘလော့ပေါ်မတတ်ဖြစ်လို.အားလုံးကိုအကြောင်းမကြားဖြစ်ဘူး။FEB၅ရက်နေ.ကပြန်

သွားပြီးစလုံးကိုJULY၃၁ရက်နေ့ကပြန်ရောက်ပါတယ်။အခုကလေး၂ယောက်ကိုယ်၁ယောက်ဇတ်လမ်းကိုရိုက်

နေ ပါတယ်။တော်တော်လဲနောင်တရနေပါတယ်။အင်းလေဘယ်သူမပြုမိမိမှုပဲလေ။

သမီးလေးကအေးပါတယ်။ဗိုက်ဆာ လို့ အော်ရင် နို့ဘူးလေးဖျော်ပြီး ခေါ်င်းအုံးခံ ပေးထားလိုက်။အိပ်ချင်ရင်ချီပြီး

လမ်းခဏလျှောက်လိုက်။နိုးနေရင်အောက်မှာချထားလိုက်ရင်ဆော့နေရော။အဲဆိုးတာကတော့edwinပဲ။

အပြင်အရမ်းထွက်ချင်တယ်။သမီးလေးအိပ်နေလို့မထွက်ပါဘူးဆိုရင်လည်းမရဘူးဂျီကျတယ်။ငယ်သေးတော့သိပ်

မသိဘူး။အမေကိုအပိုင်လိုချင်တယ်။သူ့ကိုပဲချစ်စေချင်တယ်။သမီးလေးကိုဆာကူရာမှာမွေးတော့သားလေးက
ို
အဖေဘက်ကအဘွားအိမ်မှာ၁၀ရက်လောက်ထားခဲ့တာ။သူ၁နှစ်၅လလောက်ကစပြီး အမေလုပ်သူကို

ဗိုက်ပူကြီးနဲ့ တွေ့နေတော့ သမီးလေးမွေးပြီးပြန်လာတော့ ဗိုက်ပြုတ်သွားတော့ အမေလုပ်သူကို မမှတ်မိပဲ

စိမ်းနေလို့ မနည်းပြန်လုပ်ရသေးတယ်။သမီးလေးကို မေလ၁၃ရက်နေ့မှာမွေးပါတယ်။အခုဆို ၃ လကျော်ပါပြီ

လေးလထဲမှာပေါ့။သမီးလေးမွေးတုံးကအကြောင်းတွေရေးအုံးမယ်။ဒီအောက်ကပုံလေးတွေက

သုံးလပြည့်ခါနီးတုန်းက ပုံလေးတွေ။ဘယ်သူနဲ့တူလဲ?

(ကလေး၂ယောက်ယူဖို့ အစီစဉ်ရှိသူများပထမကလေးလက်မလွတ်ခင်(၃၊၄နှစ်မရောက်ခင်)နောက်ကလေး

မယူပါနဲ့ အရမ်းပင်ပန်းတယ်။)




Thursday, March 4, 2010

Sorry for all visitor

"Sorry for all visitor"

She went back to Myanmar for our second baby( girl). So this blog will be take a rest for a few month. Please wait!!!!!!!!!!! She will be back.

Best regards,
June one's father

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။