Friday, January 30, 2009

#ကိုယ့်ငါးချဉ်ကိုယ်ချဉ်

တို့အမျိုးသား မှာညီတစ်ယောက် နဲ့ ညီမတစ်ယောက် ရှိတယ်။အကုန် အိမ်ထောင်နဲ့ ပဲ။ညီမှာ ၂နှစ်အရွယ်

သားလေးတစ်ယောက် ရှိတယ်။ညီမက ပြီးခဲ့ တဲ့ အပတ် စနေနေ့ က သားလေးပဲမွေးတယ်။တို့ဘက် မှာက

တို့တစ်ယောက် ပဲအိမ်ထောင်ကျသေးတယ်။ညီရဲ့ သားလေးမွေးတုန်း က ဆွေမျိုးတွေက ပြောကြတယ်

လူချောလေး(ရုပ်ချောတယ်ပေါ့)။အခု ယောင်းမ ကသားလေးမွေးတော့ မနေ့ က တို့ကဖုံးဆက်ပြီးသတင်း

မေးတယ။်ယောက္ခမ(အမ)နဲ့ဖုံးပြောဖြစ်ပြီး"မားမား ကလေးက ဘယ်လိုနေလဲ"မေးတော့ ကလေးကအ

ရမ်းချောတာပဲတဲ့။အဲဒါဆို သမီးရဲ့ သားလေး တစ်ယောက်ပဲ ရုပ်ဆိုးတာပေါ့ လို့ တို့က ပြန်ပြီးမေးတော့

နင့်သားက ဒေါင်းမျိုး တဲ့။ဒေါင်းမျိုးဆို တာကြီးမှချောလာတာလို့ဆို ချင်တာ။တို့သားလေး မွေးတုန်းက

ယောက္ခမ(အမ)ကလာကြည့်ပေးတယ်။တို့သားလေးကိုချောတယ်လို့ တစ်ခါမှမပြောဘူး။ဘယ်ပြောမလဲ

တို့သားလေးက မွေးတုန်းက ရုပ်ဆိုးတာကိုး။ဒီမှာ ကြည့်လေ။



တို့ယောက္ခမ တစ်လနေပြီး မြန်မာပြည်ကို ပြန်တော့

တို့ က သာလေးဓာတ်ပုံ ထည့်ပေး လိုက်တယ်။အမျိုး

တွေကြည့်ရအောင်လို့။တို့အမေ အိမ်အတွက်ပါထည့်

ပေးလိုက်တယ်။ဒါပေမယ့် တို့သားလေးကရုပ်ဆိုးလို့

နှစ်ဖက်စလုံးက အသိမိတ်ဆွေ တွေကိုတောင်မပြပဲ

ဖွက်ထားတယ်တဲ့။




တို့အမေကလည်း"ကလေးက မျက်နှာ ပြဲပြဲ နဲ့ ဘယ်လိုရုပ်လေးလဲမသိဘူးတဲ့"လေ။ပြောရက်လိုက်တာ နော်။

နောက်တဖြည်းဖြည်း ၄လ၊၅လ အရွယ် ရောက်တော့မွေးစကလောက် ရုပ်မဆိုးတော့။အဲဒီ့တော့တို့မှာမြန်မာ

ပြန်တဲ့လူကြုံ ရှိတိုင်း သားလေးကိုရိုက်ထား တဲ့ပုံတွေ ထဲကနေ အကောင်းဆုံးပုံ ၇ ပုံ၊၈ ပုံလောက် ရွေး။အဲဒါ

နဲ့ မကျေနပ်သေးပဲ အိမ်မှာအတူနေ တဲ့ အမတစ်ယောက် ကို ကိုယ့်ရဲ့ လက်ရွေးစင် ပုံတွေထဲ ကဘယ်ပုံက

အကောင်းဆုံးလဲ ရွေးခိုင်း။ပြီးတော့ အဲဒီ့ အကောင်းဆုံးပုံ ကိုအပေါ်ဆုံး မှာထားပြီး ပို့တယ်။(ရူးတာလေ)။

သားလေးပုံ ကိုအားတိုင်း ရိုက် ထားတာ ပုံ ၁၂၃၂ ပုံတောင်ရှိတယ်။


ဖုံးဆက် တိုင်းလည်း "မားမားရေ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြော သမီးသားလေးက ချောလာတယ်

လို့ "ကိုယ့်မှာမမောနိုင် မပမ်းနိုင် ပြောရတယ်။အဲဒီ့တော့ တို့ကို "သူ့သား ချောတယ် ချောတယ်နဲ့ ရူးနေတာ

တဲ့"။ဘယ်သူတွေ ကကိုယ့်သား ဘယ်လိုရုပ်ဆိုး တယ်ပြောပြော တို့မျက်လုံးထဲ မှာသားလေးဟာ ချောမှချော။

ချစ်ဖို့ကောင်း မှ ကောင်း။










၁လသား။

















၅လသား။












၆လသား။















၈လပြည့်ခါနီး(ဒီနေ့ ရိုက်ထားတာ)။









စားမယ်၊၀ါးမယ်နော်။


Thursday, January 29, 2009

# သောက်ကြမယ်ဟေ့


ဒီနေ့ သူငယ်ချင်း တစ်ယောက် လာလည်လို့ ရွှေရင်အေးလုပ်သောက်ဖြစ်တယ်။သိပ်တော့ မစုံပါဘူး။ရေခဲခြစ်

ရှိတော့ ရေခဲအတုံး နဲ့ စားတယ်။တို့နယ်မှာတော့ ထန်းလျှက်ရည်၊မုန့်လုပ်ဆောင်း ဖတ်ရယ်၊အုန်းနို့ စိမ်းရေထည့်

ပြီး "မုန့်လုပ်ဆောင်း" လို့ခေါ်တယ်။မုန့်လုပ်ဆောင်းဖတ်၊သကြားရည်၊အုန်နို့၊ကျောက်ကျော၊သာကူပြင်၊ကောက်

ညှင်း၊ပေါင်မုန့် ထည့်ရင် ရွှေရင်အေး တဲ့။လာလည်ရင်းနဲ့ ရွှေရင်အေးလေး သောက်သွားကြပါနော်။


ဒါက ထညက်ရည် ကြိုက်တဲ့ သူတွေအတွက် ထန်းလျှက်ရည်နဲ့။





















ဒါက သကြားရည် ကြိုက်တဲ့ သူတွေအတွက် သကြားရည်နဲ့။



















ဒါလေးက လိုက်ပွဲ။


Wednesday, January 28, 2009

#သူငယ်ချင်းလေး

တို့ရဲ့ အခင်မင်ဆုံး သူငယ်ချင်းတွေထဲ ကဒီသူငယ်ချင်းလေးက တို့နဲ့ စိတ်ကောက်ဖော် စိတ်ကောက်ဖက်အကြိမ်

အများဆုံး သူငယ်ချင်းလေး။စိတ်ရင်းကောင်းတယ်။စိတ်တိုတယ်။မြန်မာပြည် မှာ နည်းပညာတက္ကသိုလ်တက်နေ

တုန်းကလည်း အဆောင်မှာ အခန်းချင်းကပ်ရက်၊ထမင်းလည်းတူတူချက်စား၊ဈေးသွားလည်းတူတူ၊ဈေးထဲ မှာ

၅ကျပ်ပဲ ပေးရတဲ့ ရွှေရင်အေး ကို ဈေးသွားတိုင်းအမြဲသောက်တာ တွေက တစ်သက်မမေ့နိုင်စရာ။စင်ကာပူ

ရောက်တော့လည်း သူက ကိုယ့်အရင်ရောက် နေတော့ ကိုယ်ကျောင်းအဆောင်နေ ချင်တယ်ဆိုလို့ ကို့ကိုယ်

ကူညီပေးတယ်။သူ စာမေးပွဲဖြေခါနီး မှာတောင် ကိုယ့်ကို အဆောင်လိုက်ပြောင်းပေးတယ်။NTU မှာ အဆောင်

နေတော့ သူနဲ့ကိုယ်က အပေါ်ထပ် အောက်ထပ်။ဘာမဆို ကိုယ်အကူညီ လိုရင်သူပေးနေကြ။မိန်းမလဲ ပီသတယ်

တို့လို ရှပ်တေးမ မဟုတ်။အ၀တ်အစား ဆိုလဲ သူကိုယ်တိုင် ချူပ်တက် ပြုတတ်။ကိုယ့်သားလေး အတွက်တောင်

ချူပ်ပေးသေးတယ်။သူလား ကျောင်းတုန်းက ကွင်းနော်။ကိုယ် နဲ့ သူ ခင်မင် မှုသက်တမ်းတစ်လျှောက် ကိုယ်နဲ့

သူ စိတ်ကောက်လိုက် ပြန်ခေါ် လိုက်ပဲ။ သူအရင် ကျောင်းပြီးတော့ အလုပ်ရပြီး အဆောင်ကနေထွက်ပြီးအပြင်

မှာ တို့ရဲ့ အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့ ပဲBedok မှာအိမ်ငှားနေ တော့ ကိုယ့်မှာ NTU ကနေ အဲဒီ. ကိုသွား

သွားလည်ရတယ်။အဲဒီ့ညဆိုရင်သူနဲ့ကိုယ် ဂျပန်သူရဲကားကြည့်တယ်။မှတ်မိသေးတယ် ဂျပန်ကားတစ်ကား

ဂျပန်အိမ်ရှင်(လူလွတ်) ကအိမ်ဖော်မလေးကိုကြိုက် တယ်။အိမ်ဖော်မလေးက လည်းကြိုက်တယ်။ဒါပေမယ့်

အိမ်ရှင်ရဲ့အဒေါ်က သဘောမတူဘူး။ အိမ်ဖော်မလေး ကလည်းအဆင့်အတန်းမတူလို့ ရှေ့ဆက်မတိုးချင်ဘူး။

ဒါပေမယ့်အိမ်ရှင်ကဇွတ်။နောက်ဆုံးအိမ်ဖော်မလေးက ဆုံးဖြတ်ချက် ချပြီး အိမ်ရှင်ရဲ့ ဘိုးဘွားစဉ်ဆက်ပိုင်တဲ့

ပန်းကန်ကြီးကို မတော်တဆ လိုလို နဲ့ ကျခွဲပစ်လိုက်တယ်။အဲဒိ ဂျပန်မိသားစု မှာသူတို့ရဲ့စည်းမျဉ်းအရ ဘိုးဘွား

စဉ်ဆက်ပိုင်တဲ့ပန်းကန်ကြီးကို ကွဲအောင်လုပ်တဲ့သူကို အိမ်ရှင်ကိုယ်တိုင် ဓားနဲ့လည်ပင်းကို တိခနဲ့နေအောင်

ပိုင်းသတ်ရတယ်။အိမ်ရှင်က အိမ်ဖော်မလေး ကို ဓားနဲ့လည်ပင်းပိုင်းတာ တို့မျာမကြည့်ရဲ လို့ မျက်လုံးကိုလက်

နဲ့ အုပ်ထားရတယ်။ဇတ်လမ်း ကအဲဒီလို နဲ့ အိမ်ဖော်မလေးသရဲ ဖြစ်သွားတာပါ။သူက ကြည့်ရဲ တယ်။သူရဲကား

တော်တော် သူကြည့်တယ်။

နောက်ပြီးကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး တို့ရဲ့ hair ဒီဇိုင်နာပေါ့။တို့ ကိုအမြဲဆံပင်ညှပ်ပေးတယ်။

ပုံစံလား .........................ကောင်းပါတယ်။ဒါပေမယ့်ခေါင်းညောင်းတယ် ၁နာရီလောက် ကြာအောင်ညှပ်လို့။:D

ပထမဦးဆုံး နဲ့ နောက်ဆုံးအကြိမ် ဆံပင်ဆေးဆိုးဖူးတယ်။သူလုပ်ပေးတာ မနက်၆ နာရီသာထိုးသွားတယ် ဆံပင်

ကနီမလာဘူး။Revlon ကိုဆိုးတာ။သူက စောင့်ကြည့်ပါဦး ၁ရက် ၂ရက် ဆိုလို့ စောင့်လိုက်တာ အခုထိပဲ ၂နှစ်ရှိ

ပြီ ဘာရောင်မှမထွက်။အဲလို ဆံပင်ဆေးဆိုးရာမှာ တော်သူ။:D


တို့ကျောင်းပြီးလို့ တို့ အမျိုးသားနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့ အရောက်အပေါက် နည်းသွားတယ်။

ဒါပေမယ့် အမျိုးသား ခရီးသွား ရင်သူ့အိမ် သွားစမြဲ။အရင် ကလောက်တော့ သူတို့ နဲ့ သွားအတူ လာအတူမလုပ်

နိုင်တော့။သားလေးကို မွေးပြီး တော့ ပိုဆိးုတယ်။တစ်လ ကို ဖုန်း၂ခါလောက် ပဲဆက်ဖြစ်တယ်။တွေ့ဖို့ ဆိုတာ

သူလာတွေ့မှ။ဒီတစ်ခေါက် ဘလော့ စလုပ်ထဲက ဖုန်းမဆက်မိတာ ဒီနေ့အထိ။စိတ်ထဲမှာတော့ဟိုနေ့ဖုန်းခေါ်မယ်၊

ဒီနေ့ဖုန်းခေါ် မယ်နဲ့လွန်လာလိုက်တာအခုထိပဲ။ဒီနေ့ Gtalk ပေါ်မှာတွေ့တော့ တို့က ၀မ်းသာအားရနဲ့Hiလုပ်တော့

Hi ပြန်လုပ်ပြီး ပြောတယ် တို့ကဖုန်းမခေါ် လို့ ၀မ်းနည်း နေတယ်တဲ့
။ပြီးတော့ တို့ကို ဆက်ပြီး ရစ်တော့တာပဲ။

သူကပြောဖူးတယ် သူနဲ့ တို့ က ဘ၀ခြားနေပြီတဲ့။ကိုယ် အိမ်ထောင်ပြုတာကို ဆိုလိုတာ။တစ်ဖက်သောင်ထွန်း

တစ်ဖက်ကမ်းပြိုဆို သလိုမျိုးပေါ့။အိမ်ထောင့်တာဝန် ထမ်းနေရတော့ သူငယ်ချင်းတာဝန် လစ်ဟင်းတာတော့

အမှန်ပဲ။ကိုယ့်ကို နားလည်ပေးပါနော်။"သူငယ်ချင်းလေး ခင်တယ် ကိုယ်ဘယ်လိုပြောရမလဲ..........................

ကိုယ်ဒီလို သိပ်သိပ် ရှုပ်နေတယ်။"

Sunday, January 25, 2009

#နှစ်သစ်ကူးစားပွဲ

စနေရော၊တနင်္ဂနွေပါ တော်တော်အလုပ်ရှုပ်သွားတယ်။စနေနေ့ ကပစ္စည်းတွေ လိုက်ဝယ်တာ သားအမိ

နှစ်ယောက် NTUC ကို လေး ၊ငါး ခေါက်ပဲ။ဒီနေ့ မနက်အစောကြီး ကန်တော့တယ် ပြီး စားကြတယ်။

ဘလော့မိတ်ဆွေတွေကိုလည်းကျွေး လိုက်တယ်။စားသွားပါနော်။


ဒါလေးက ၀က်သားတုပ်ထိုး နဲ့ အချဉ်၇ည်။
















ဒီပန်ကန်လေးက ၀က်သားလုံးချိုချဉ်ကြော်။


















ဝက်သားရယ်၊ငါးဖယ်ရယ်၊မုန်လာဥနီ၊ဂေါ်ဖီ၊ကော်မှုန့်၊ငရုတ်ကောင်းမှုန့်၊ရောနယ် ရိုက်ပြီး

ပေါင်းထားတဲ့ ၀က်သားပေါင်း၊


















ဒါက ကော်ပြန့်ကြော်ဖို့ လိပ်ထားတာ။စားခါနီးမှ ကြော်ပေးမယ်နော်။ပျော့သွားမှာစိုးလို့။မကြော်ပဲစားရင်

ကော်ပြန့်စိမ်းပေါ့၊






















ဟော့ပေါ့အတွက်ပြင်ထားတဲ့ အသီးအရွက် ဗန်း နဲ့ ငုံးဥ၊ဖက်ထုပ်၊အသားလုံပန်းကန်။

















ပြီးရင် အပေါ် က အရွက်တွေ ကို ကြိုက်ရာ ဒီ ဟော့ပေါ့အိုးထဲ

ထည့်စား။ကြက်ပြုတ်ရည်ရယ်၊ပုဇွန်ရယ်၊ကင်းမွန်ရယ်ပြုတ်ထားတာ။


















ငါးချိုချဉ်ကြော်။


















ထမင်းနဲ့စားမလား။ခေါက်ဆွဲကြော် နဲ့စားမလား။


















တူ နဲ့ ဇွန်း ကဒီမှာ













ပြီးရင် ဂျယ်လီလေးစားပြီးလိမ္မော်ရည် သောက်နော်။
















လိမ္မော်သီးနဲ့ပန်းသီးလဲစားပါဦးနော်။
















မောင်လေးတွေ၊ညီမလေးတွေ အတွက် အန်ပေါင်းကဒီမှာနော်။




















အားလုံး Gong Xi Fa Cai ပါနော်။

Thursday, January 22, 2009

#၁လသားလေး juneone

ဒီနေ့ဆိုရင် juneone လေး ကိုမွေးဖွားခဲ့တာ ၁လတိတိ ရှိပါပြီ။မွေဖွားပေးလာသူကတော့ သားလေးအမေ တို့ပေါ့။

တို့ကို အိမ်မှာ ကြမ်းလွန်လွန်းလို့ ဂျမ်းပုံ လို့ခေါ်တယ်။ ရွယ်တူ သူငယ်ချင်းတွေက ကျော့ တဲ့။ ငယ်တဲ့ သူတွေ

က မကျော့ တဲ့။တို့ဟိုတစ်ယောက်က အာဖျံ တဲ့။blog ပေါ်မှာတော့ juneone ပါ။တို့ရဲ့ ကိုကို မှာဟိုးအရင်တုန်း

ahphyulay ဆိုတဲ့ နာမည်နဲ့ ဘလော့ပေါက်စလေးတခု စမ်းလုပ်ထားတာရှိတယ်။အဲဒိ မှာတူလေးတစ်ယောက်

ပုံတင်ထားတယ်။အခုတို့မှာသားလေးဓာတ်ပုံတွေ ရှိတော့ ဘလော့ပေါ်မှာ တင်ချင်လာတယ်။ဒါနဲ့ သူ့ဘလော့

ထဲ long in ၀င်ပြီး သားလေးပုံတင်မယ်လုပ်တော့မတင်တတ်ဘူးရယ်(ညံ့တာပြောပါတယ်)။ကွန်ပြူတာ လေး

ကိုမပြီး ဧည့်ခန်းထဲမှာ ဂိမ်းဆော့နေ တဲ့ ဆရာကြီး သူ့ဆီ သွားပြီး "အာဖျံ့ကို သာလေးပုံ ဘယ်လို တင်ရမလဲ

ပြောပြပါ"လို့ပြောတော့ ဂိမ်းဆော့ နေတာ ပျက်မှာစိုးလို့ လှည့်တောင် မကြည့်။ဒုတိယတစ်ကြိမ်ထပ်မေးတော့

မှ ဘလော့ထဲဝင် ဟိုလုပ် ဒီလုပ် လုပ်ပြီး ၊သူမေ့သွားပြီ ကိုယ့်ဘာသာအသစ် လုပ်လိုက်တဲ့။ဟင့်.မယူခင်ကနဲ့

များ ကွာလိုက်တာ။အခုတော့ ကိုယ့်ကို ဂိမ်းလောက်မှ မချစ်ခင်တော့ဘူး။


တို့မှာ ကွန်ပြူတာ လေး ကိုအခန်းထဲ ပြန်သယ်လာပြီး ဂူဂဲ ကနေ အကောင့်အသစ်ဖွင့်ပြီး juneone ဆိုတဲ့

ဘလောလေး ကိုမွေးဖွားလိုက်တယ်။ပထမ ဦးဆုံး သားလေးပုံတင်ပြီးဖွင့်ပွဲ လုပ်တယ်။အမှတ်တရHappy

New Year
ကို စရေးတော့ အရေးအသားမပြေပြစ်ဘူးလို့ တစ်ယောက်ကပြောတယ်။ဟုတ်တယ် တို့လည်း

သူများဘလော့ကစာတွေဖတ်တာ လျောခနဲ လျောခနဲပဲ။


blogလောကမှာပထမဆုံးဖတ်ဖြစ်တာကတော့နစ်နေမန်းပါ၊အဲဒီ.နောက်weshemeမမိုးချိုသင်းလေနုအေး

မြင်းမိုရ်ဦးမ၀ါမခင်ဦးမေနားခိုရာနဗနဒီဂိုလာမမွန်ဝ-way၊ (အခု May&June ပေါ့)၊မနုစံကနေအခုဆိုရင်

ရှိသမျှတော်တော်များများ ဖတ်ဖြစ်ပါတယ်။သူတို့ကိုအားကျလို့ ကိုယ်လဲရေးလိုက်တာ။ကိုယ့်စာကိုယ်ပြန်ဖတ်

တော့ ထောင့်နေတယ်။အရသာမရှိတဲ့ ဟင်းလိုပေါ့ပျက်ပျက်နဲ့။ကိုယ့်ဘလော့လေးကို အရိပ်တကြည့်ကြည့်။

ဟိုဟာထည့်ချင်၊ဒီဟာထည့်ချင်။html ကုတ်တွေ ကို လိုက်ဖတ် ဟိုဟာကလိ၊ဒီဟာ ကလိ တော်တော်အချိန်

ကုန်သည်။ကောင်းတာကောင်း ပျက်တာပျက်။မ၀ါ ဆီမှာ slideshow တင်ထားတော့ ကိုယ်လည်း သာလေး

ရဲ့ပုံလေးတွေ ကို slide show လုပ်ချင်လို့ အင်တာနက်မှာ ကုတ်တွေရှာပြီးဖတ်လိုက်ရတာ မောမှမောပဲ။

သူငယ်ချင်းတွေကပြောတယ် ကျော့ နင့်ကို ကလေးတဖက်နဲ့ တော်တော်အလုပ်ရှုပ်မယ်ထင်တာ ဘလော့

တောင် လုပ်နိုင်သေးတယ်။တော်တော်အားနေလားတဲ.။ သားလေးအိပ် တာနဲ့ပြေးပြီး ဟင်းချက်၊အိမ်ရှင်း၊

သားနိုးလာရင် နို့တိုက်၊ထမင်းကျွေး၊သူဆော့နေရင် ကိုယ်လည်း ဘလော့လေ။ညနေ ယောက်ျားပြန်လာ

ရင် ဟင်းနွေး၊ထမင်းကျွေး ပြီးသားလေးကို သိပ်။ပြီးတော့ မီးပူတိုက်၊ဘလော.လည်ပြီးအိပ်။မနက် ကို ၆

နာရီထ ယောက်ျား အလုပ်သွားပြီးလို.သားလေးအတွက် ဆန်ပြုတ်ပြုတ်ပြီးရင် ဘလော့စလည်တယ်။


2 Jan 09 မှာ မမkom နဲ့ မစင်းဒန်လာတို့လာလည်တာစီးဘုံးမှာနှုတ်ဆက်ထားတာတွေ့ တော့ပျော်လိုက်တာ။

အဲဒိနောက် မမွန်၊မ၀ါ၊မနုစံ၊မမေမိုး၊july dream၊မမီယာ၊ကိုဇနိ၊မဇနိလာလည်တာတွေ့တော့မျောက်မီးခဲကိုင်မိ

ိသလိုပင်။


အသစ်ကလေးကိုလာအားပေးတာကျေးဇူးတင်ပါသည်။လာလည်ပြီးခြေရာမချန်ခဲ့သူများကိုလည်းကျေးဇူးတင်

ပါသည်။ဟီး.ကိုယ်လည်း အရင်ဘလော့လည်တုန်းက ဖတ်ပြီးပြန်ပဲလုပ်ခဲ့တာလေ။ဘလော့စလုပ်ကတည်း က

အမြဲလာလည်သော သူငယ်ချင်းများကိုလည်းကျေးဇူးပါ။အရသာသိပ်မရှိသော တို့ရဲ့ဘလော့လေးကို လာလည်

ကြတာကိုကျေးဇူးတင် သောအားဖြင့် weshemeထဲကအတိုင်းနည်းယူချက်ထားတဲ့ ငါးသရက်သီးငပိချက်၊

ရှောက်သီးသုပ် နဲ့ ဘူးသီးဟင်းခါး ကိုသုံးဆောင်သွားကြပါနော်။




















Wednesday, January 21, 2009

#ဘ၀အမောတွေပြေပါစေ။

အီးမေးထဲ က ဟာသလေးတွေကို မဖတ်ရသေးသူတွေ အတွက် မျှဝေလိုက်ပါတယ်။

အခြား ဘလော့ များမှာတင်ပြီးသားဖြစ်ခဲ့ ရင် ခွင့်လွှတ်ပါ။မူရင်းရေးသူ နဲ့ အီးမေးပို့ သူကို အထူးကျေးဇူးပါ။

၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ

ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"

"ဂျင်မီနီပါ သခင်"

"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"

"ဟုတ်ပါတယ် သခင်"

"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"

"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။

"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့

ဖြေရှင်းချက်ရေးပါ။"

"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"

"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"

ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊

နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။

ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။

ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။

"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။

"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"

ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။

"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"

"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း"

က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။

"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"

ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။

"ဒါတွေ အားလုံး သူမြင်လိုက်လို့"


၎) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။

ဆရာကတပည့်များကို ပြောသည်။

"တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ"

"မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို

ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ"

ကျောင်းသားအားလုံး ငြိမ်နေကြသည်။

နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။

"ဆရာ့အသက် ၂၄ နှစ်"

"မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ"

"ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက

ပြောကြတယ်လေ"

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။

"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"

"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"

"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"

"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"


၆) နိုင်ငံတကာ ပြိုင်ပွဲ

ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။

တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ

ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။

ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး

ကြိမ်းမောင်းသည်။

"ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့

ကုန်နိုင်ပါတယ်ကွ"

တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။

"ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ

မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့

၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ"

#ကျွန်မ ခေါင်းမူးခဲ့ရသော Nostradamus အဟော











တနေ့ က အမျိုးဝမ်းကွဲ တစ်ယောက်နှင့် ဖုန်းတော့သည်။ဘာညာ ကွိကွ ပြောပြီးသည့်

သကာလ သူကမေးသည် "၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မည်ဆို"တဲ့ "ဟင် မကြားမိပါလား" ကိုယ်ကဆိုတော့

သူ့အမျိုးသားရုံး တွင် ပြောနေကြသည်တဲ့။ကိုယ့် မှာလောကကြီးနှင့် အဆက်အသွယ်ပြတ်နေပါလား။

၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မည်ဆိုရင် အခုဘာလုပ်ရရင် ကောင်းမလဲ၊နိဗာန် ရောက်ကြောင်းတရားအား

ထုတ်ရမလား။ဒါမှမဟုတ် စုထားတဲ့ ပိုက်ပိုက် တွေ ကို ထုတ်ပြီး ကမ္ဘာလှည့် ခရီးသွားရမလား။လားးးးးးး

ပေါင်းများစွာတွေးပြီးနောက။် မဖြစ်သေးပါဘူး သေချာအောင်သိရမှ ဖြစ်မယ်ဆိုပြ
ီး အင်တာနက် မှာ search

လုပ်လိုက်သည်။တွေ့ပါပြီ Nostradamus ဆိုတဲ့ French astrologer (1503-1566)ရဲ့ကြိုတင်ဟောကိန်းပါ။

၂၀၀၂ စက်တင်ဘာ ၁၁ ရက် နေ့ ကWorld Trade Center တိုက်ခိုက်မှုအပြီးသူ့ ရဲ့ ကြိုတင်ဟော စာတမ်းဟာ

ပိုပြီးနာမည် ကြီးလာတယ်လို့ ဆိုပါတယ်။ World Trade Center တိုက်ခိုက်မှုမှာ သူ့ ဟောကိန်း ထဲမှာ ပါ တဲ့

အဆောက် အဦးထဲက အမြင့်၊အလျား၊တည် နေပုံ၊မြို.နံမည် တို့ဟာလည်း quite same လို့ ဆိုပါတယ်။


Nostradamus က သူ.ရဲ့ဟောကိန်းထဲမှာ Mayan Calender
ဟာ ၂၀၁၂မှာအဆုံးသတ်မယ် လို့ ဆိုပါတယ်။

ဒါနဲ့ပဲMayanCalender ဆိုတာဘာလဲဟုတစ်ခါsearchလုပ်လိုက်သည်တွင်ခေါင်းမှာချာချာလည်မှုးနောက်သွားး။

နေသွားရာလမ်းကြောင်းတွေ၊MilkyWay၊Eclipticတွေနဲ့MayanCalenderတွက်ချက်ပုံတွေ။ဒါနဲ့ကဲ...ဘယ်လိုပဲ

တွက်တွက် conclusion က ဘာလဲ ဘယ်လဲ ပေါ့။21st December 2012 မှာ နေ ဟာ Milky Way နဲ့ plane of

the ecliptic
(နေပတ်လမ်း)ရဲ့ ဖြတ်မှတ်မှာပေါင်းဆုံ မှာဖြစ်တဲ့ အတွက် Mayan Calender ကိုဆက်ပြီး

တွက်ချက်လို့မရတော့ပါဘူး။



ဒါ.ကြောင့်Nostradamus က Mayan Calender ဟာ ၂၀၁၂မှာအဆုံးသတ်မယ် လို့ ဟောခဲ့တာပါတဲ.။

ကမ္ဘာကြီး အဆုံး သတ် မယ်လို့ မဟောထားပါဘူးလို့ တစ်ချို.က ကောက်ချက်ချပါတယ်။ဒီလောက်နဲ့ ပဲ ကိုယ့်

ရှာဖွေချင်းကို ရပ်တန့် လိုက်တယ်။အဲဒီ.အကြောင်း site တွေကလည်း အများကြီး၊ထင်မြင်ချက် တွေကလည်း

တပုံတခေါင်း။
site တော်တော် များများ ဖတ်ပြီးသည့် နောက်တွင် ခေါင်းမှုးသွားသောကြောင့် ကမ္ဘာကြီး အဆုံး

သတ် မယ် ဆိုလည်းသတ် တကမ္ဘာလုံး ဖြစ်မှာဆိုပြီး အအေး သောက်ပြီး အနားယူ အိပ်စက်လိုက်သည်။




စိတ်ဝင်စားလျှင် အောက်ပါ site များတွင်သာမက search လုပ်ပြီးလည်းဖတ်နိုင်ပါသည်။

Mayan Calender
http://www.evangelicaloutreach.org/nostradamus.htm
http://www.greatdreams.com/2012.htm
Nostradamus Predicts A Comet Planet Is Going To Hit Earth In 2010-2012 What Do You Think?
http://www.crawford2000.co.uk/maya.htm
http://www.experiencefestival.com/mayan_calendar






























ပုံများ ကို ဒီနေရာနှင့်ဒီနေရာက ယူသည်။





Sunday, January 18, 2009

# ပျော်ရွှင် ခဲ့သော တရုတ် နှစ်ကူးကန်တော့ပွဲ

တို.အဖေရဲ့ အပါးအမား က တရုတ်ပြည်ကြီးပေါက်တွေ။စစ်ကြီး အတွင်း တရုတ်ပြည်မှာ စီးပွားရေး ကျပ်တည်းလို့

လင်မယားနှစ်ယောက် တရုတ်ပြည်နယ် က မြန်မာပြည်ကိုလမ်းလျှောက်ပြီးဝင်လာခဲ့တာ။တို့မြို.မှာအခြေချခဲ့ပြီး

တို့အဖေကို တို့မြို.မှာပဲမွေးခဲ.တာ။တို့ အမ်းမ(အဘွား)က ဗမာလိုနည်းနည်းပဲ တတ်တယ်။သူကBuddhism ၊

ဘာသာတရားကိုအရမ်း ယုံကြည်တယ်။ဘုရားစာအားလုံးကို နှုတ်တိုက်ပါဠိလို အကုန်ရတယ်။ဒါပေမယ်.ဘာသာ

အစွဲကြီးတယ်။သားသမီးတွေအကုန်လုံးကို တရုတ်လူမျိုးနဲ့ပဲအိမ်ထောင်ပြုစေချင်တယ်။တို့အဖေက တို့အမေ


(မြန်မာမ)ကိုယူတော့လုံးဝမခေါ်ဘူး။အဲဒါကြောင့်
တို့က မြန်မာအမေ အသိုင်းဝိုင်းမှာ ကြီးပြင်းလာပြီးတော့ကာ

တရုတ်စကား၊တရုတ် ထုံးတမ်းစဉ်လာနဲ့မရင်းနှီးဘူး။တို.အဖေက တရုတ်လို ရေးတတ် ပြောတတ်တယ်။တို့အဖေ

ရဲ့အမအကြီးဆုံးက တို.အဖေကိုချစ်တော့ တို့တွေကို လာလာကြည့်တယ်၊တို့အဖေကိုပြန်ခေါ်ဖို့ လဲ အဘွားကိုနား

ချတယ်။နောက်ဆုံးတော့ တို့မောင်နှစ်မတွေ တရုတ် နှစ်ကူးမိသားစုကန်တော့ပွဲ လုပ်ရင် အဒေါ်လာလာခေါ်လို့

အဘွားအိမ်ကိုရောက်ဖြစ်တယ်။နှစ်ကူးကန်တော့ပွဲ မှာ မိသားစုအကုန် စုံပြီး အဘွားအိမ်မှာလုပ်တာ။မနက်ပိုင်း

ကန်တော့ဖို့ဝက်သားကို ၂၅ကျပ်သားခန့်ကိုပြုတ်၊ကြက်ကိုအထဲက ကလီစာ အပြင်ထုတ်သန့်စင်ပြီးဗိုက်ထဲ ပြန်

ထည့် အကောင်လိုက်ပြုတ်တယ်။ဘဲကိုလည်းကြက်အတိုင်းပြုတ်၊ငါးတစ်ကောင်ကြော်တယ်၊ထမင်းဖြူတစ်ပွဲ၊

ခေါက်ဆွဲပြုတ်တစ်ပွဲ၊တီကွေ.၊မုန့်မျိုးစုံ၊အရက်၊ရေနွေးကြမ်း၊ငရုတ်ဆီ၊တူ၊ဓား၊အမွှေးတိုင် နှင့်ဖယောင်းတိုင်ထွန်း

ဖို့ပြင်ဆင်ထားရတယ်။လူမျိုးကွဲ ကိုလိုက်ပြီး ကန့်တော့ပုံကွဲပြားတယ်။


မွန်းလွဲလို့ အားလုံး ကန်တော့ဖို့လူစုံပြီဆိုရင် တို့ကောကော က အိမ်အဝထွက်ပြီး ကွယ်လွန်သွား တဲ့ဘိုး၊ဘေး၊


ဘီ၊ဘင်တွေ ကို ဖိတ်ခေါ်တယ်။ခဏကြာတော့ သူတို.ရောက်မရောက် သိရအောင် အကြွေစေ့ တစ်စေ့ကို

ပေတံပေါ် တင်ပြီး ခေါင်း၊ပန်းလှန်တယ်။(ဥပမာ-ခေါင်း ၃ကြိမ်ကျပါစေလို့ပြောပြီး ကျခဲ့ရင် ရောက်ပြီပေါ့။)

ခေါင်း၊ပန်းလှန် ပြီးလို့ ရောက်ပြီ ဆိုရင် ကလေး၊လူကြီးအကုန် အမွှေး တိုင် နဲ့ ကန်တော့တယ်။ပြီးတော့

ရွှေစက္ကူ၊ငွေစက္ကူ တွေကို မီးရှို.ပြီး ကန်တော့ခြင်းကိုအဆုံးသတ်တယ်။ကန်တော့နေစဉ် ဟင်းပန်းကန်တွေ

ကိုလာနားတဲ့ ယင်ကောင်၊ပိုးကောင်တွေ ကို မမောင်းထုတ်ရဘူး။ဘိုး၊ဘေးတွေက ဖန်ဆင်းပြီးလာစားတယ်

လို့ တို့ အဒေါ်တွေကအယူရှိတယ်။


ကန်တော့ပြီးတာနဲ့ မိသားစု စားဖို.သောက်ဖို့ ဟင်းတွေချက်တယ်။ ၀က်သားနဲ့ကြံမဆိုင်၊ကြက်သားလုံးကြော်၊

ချိုချဉ်ကြော်၊ပုဇွန်ကြော်၊ဟင်းချို နဲ့၊လမ်းထဲဝေ ဖို့ ခေါက်ဆွဲကြော် ကြော်တယ်။တို့အကြိုက်ဆုံး က ဟင်းချိုပဲ။

ဒံအိုးကြီးထဲ ကို ကြက်ပြုတ်ရည် ကို ပွက်ပွက်ဆူအောင်တည်၊ပြီးတော့ မှိုခြောက်တွေ ထည့်၊အရွက်တွေထည့်

တို့ကလေးတွေက ဂျူံ နယ်ထားတာ ကို ကိုယ်ကြိုက် တဲ့ အရုပ်ကလေး တွေလုပ် ပြီး ဟင်းချိုအိုးထဲထည့်တယ်။

ထမင်းစားတော့ ဟင်းချို ထဲ က ကိုယ်အရုပ် ကလေး တွေ ကို ရွေးရွေးပြီး ခပ်စားရတာပျော်စရာအရမ်းကောင်း


တယ်။ပြီးရင် အံပေါင်း အနီရောင် အိတ်ကလေးတွေနဲ့ ရတယ်။အိမ်ကိုအပြန်လမ်းမှာ အံပေါင်း အိတ်ကလေးတွေ


ကို အပြေးအလွှားဖောက် ကြည့်ပြီး မောင်နှမတွေ သူဘယ်လောက်ရတယ်၊ငါဘယ်လောက
်ရတယ် နဲ့ ပြိုင်

ကြတယ်။အိမ်အပြန်ခြေလှမ်းတွေက ခပ်သွက်သွက်။



တို့လေးတန်း ရောက်တော့ တို့ အဘွားလည်းဆုံး ပြီး၊တို့အဒေါ် တွေလည်း ရန်ကုန် ပြောင်းသွားတော့ တို့ပျော်

ခဲ့တဲ့ အရုပ် ဟင်းချို လဲ မစားရတော.ဘူး။နောက်ပိုင်း တို့အိမ်မှာ ဆက်ပြီး တို့မိသားစု အနေနဲ့ ကန်တော့တယ်။

ဒါပေမယ်. လူနဲ တော. ခြောက်ကပ်ကပ်။အရုပ် ဟင်းချို လဲ မပါတော.ဘူး။အံပေါင်း လဲ အများကြီးမရတော.ဘူး။

အခုဆို ရင် တို့၇ယ်၊ညီမလေးရယ် ဒီရောက် နေ တော့ ပိုပြီးတော.တောင် ခြောက်သွေ့နေဦးမယ်။


ယောက်ျားရတော့ သူတို့ဘက် ကကန်တော့ တယ်။စားတဲ့ အချိန် သွားတီးတယ်။သူတို့ အိမ်က ဟင်းကို ၇ မျိုး၊

၈ မျိုးလောက် ချက်တယ်။ဟော့ပေါ့ အိုးလည်းတည်တယ်။ဒီ စင်္ကာပူရောက်လာတော့ ကိုယ့်ဘာ့သာအကျဉ်းချုံး

ကန်တော့တယ်။၂၀၀၇ ဒီမှာလုပ်တယ်။၂၀၀၈ မြန်မာပြည် ပြန်တယ်။၂၀၀၉ ကိုဒီမှာ ကန်တော့ဖြစ်လိမ့်မယ်။

ဒါပေမယ့် ငယ်ငယ်တုန်းကလိုပျော်ဖို့ မကောင်းတော့တာအမှန်ပဲ။အရင်တုန်း က ကိုယ်က အံပေါင်းယူသူ၊

အခု ကိုယ်က အံပေါင်းပေးသူ။သြော်..........ငါဟာ အနှစ် ၃၀ ဆိုတဲ့ အချိန် ယန္တယား တစ်ခုကိုဖြတ်ကျော်လာ

ပြီးပါပကား။

(စာကြွင်းးးးးး မနေ့ကအထိ ကိုယ့်ကိုကိုယ် ကလေး(ငယ်သေးသည်) ဟု ထင်နေသေးသည်။ဒီစာရေးမိတော့

မှးးးးးးးးးးးးးးးးးဟူး ၃၀ နားကပ်နေပြီ ဟု သတိရသည်။)


၂၀၀၇ ဒီမှကန်တော့တုန်းက စားနေလက်စကို

အမှတ်တရရိုက်ထားတာ။

Saturday, January 17, 2009

#ငယ်စဉ်က ကလေးဘ၀ ကိုပြန်လိုချင်သလား?

ဒီနေ့ စိုင်းထီးဆိုင်ရဲ့"ဒီသီချင်း"ကို နားထောင်တယ်၊ မစန္ဒာရဲ့ "သစ်ပင်ကလေးများ" ကိုဖတ်ပြီးမေးခွန်း

၁ခုကိုယ့်ကိုကိုယ် မေးမိတယ်" ငယ်စဉ်က ကလေးဘ၀ ကိုပြန်လိုချင်သလား?"


(မစန္ဒာရဲ့ "သစ်ပင်ကလေးများ" SECRED"လုပ်ထားသဖြင့်ကော်ပီကူးမရသောကြောင့် paint ဖြင်.

တင်သည်။သည်းခံပြီးဖတ်ပါရန်။ဒေါင်းလုပ်လုပ်ချင်ရင် ဒီမှာ လုပ်ပါ။)
































































































































































































































































































































































































































































































































အဖြေ>>>>>

မလိုချင်တော့ပါ စာတွေပြန်ကျက်ရမှာ မုန်းလှသည်။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။