Friday, June 24, 2011

24062011

ှဒီနေ့ဆို သမီးလေး ဆယ့်သုံးလ နဲ့ ဆယ့်တစ်ရက်။မနက်က ကိုယ်က သမီးလေးမုန့် စားပြီးပြီလား

မေးတော့။ပြီးပြီတဲ့ပြန်ဖြေတယ်။

ရေသောက်ချင်ရင် ရေဘူးယူလာပြီး ဖွင့်ပေးလို့ ပြောတယ်။စကားတော်တော်လိုက်ပြောလာပြီ။

နို့သောက်တော့ မလားမေးလို့သောက်ချင်ရင် တုံးလုံးလှဲချပြီး ဘေးနားက နို့သောက်ရင်ခံတဲ့ သဘက်ကလေးကို

ယူပြီး လည်ပင်းမှာပတ်တယ်။လမ်းမှာခွေးကလေးကို တွေ့ရင် ဒေါ့....ဒေါ့ တဲ့။ငှက်ကိုတွေ့ ရင် ဘတ်. .ဘတ် တဲ့။

ဒီနေ့ခင်း မုန့်စားပြီး လက်ပေတော့ အဘွားလုပ်တဲ့ သူလုံချည်ကို သုတ်တော့ အဘွားက နင် ငါ့ထမိန်ကို သုတ်

လား ပြောတော့ စားပွဲ ခုံဆီ သွားပြီး လက်သုပ်ပဝါ ကို ယူပြီးသုတ်တယ်။ဂျယ်လီလို့ ပြောတာ နဲ့ ရေခဲသေတ္တာဆီ

သွားတော့တာပဲ။သိပ်လည်တယ်။ဒီနေ့ မျက်မှန်တပ်ပေးပြီး ဓာတ်ပုံရိုက်တော့ အောက်က ပုံလေးတွေ ထွက်လာ

တယ်။သိပ်ပဲပေးတယ်။အကလဲ သိပ်ဝါသနာပါတယ်။




















ဒီပုံက မျက်မှန်ပြုတ်ကျနေလို့ တင်နေတာ။








မောင်နှစ်မ နှစ်ယောက်။

Tuesday, June 7, 2011

WORRY



""""အင်းးဘာရယ်မဟုတ် ဒီည ကိုယ့်ဘလော့ကပိုစ့် အဟောင်းတွေ ပြန်ဖတ်ပြီး ကိုယ့်သားနဲ့သမီးသာ

ဒီမှာ
အနေကြာ လာလို့ မြန်မာစာကောင်းကောင်းမတတ်ရင် သူတို့ အကြောင်းလေးတွေ ပါတဲ့


ကိုယ့်ဘလော့ကို
ဖတ်နိုင်ပါ့မလားစိုးရိမ်တယ်။'''''''''''''''''''''

Wednesday, June 1, 2011

BD

အင်းးးးဘာလိုလိုနဲ့ သုံးနှစ်ပြည့် သွားပြန်ပြီ။နှစ် နှစ်ပြည့်ခါနီးမှာ စီနီယာဖြစ်သွားတဲ့ သားသား။အခု ဒီနေ့

သုံးနှစ်ပြည့်ပြီ။တိုးတတ်လာတာပြောမယ်ဆို စာဖတ်ဝါသနာ ပါတယ်။စာတော်တော်များများဖတ်နိုင်တယ်။

သိပ်မကဲဘူး။

ဆိုးလာတာပြောမယ်ဆို.................စိတ်ကောက်တတ်လာတယ်။အတွင်းကောက်၊အပြင်ကောက်။

စကားပြောရင် edwin လို့ သူ့ကိုယ် နာမ်စားသုံးတယ်။ဒီနှစ်တော့ သားလေးမွေးနေ့ကို သူ့ကျောင်းမှာ
လုပ်ပေးတယ်။

သုံးနှစ်ဆိုတော့ကာ..... ဝမ်းးးးတူးးးးးသရီး။သုံးချောင်း။

(တို့လိဲု၃၀ကျော်ကျတော့ မရေ နိုင်တော့လို့ အခု တစ်ချောင်းပဲထွန်းတော့တယ်။)...




♫ ♪ ♫ ♪.........HAPPY BIRTHDAY TO YOU...........HAPPY BIRTHDAY TO YOU...........♫ ♪ ♫ ♪

HAPPY BIRTHDAY
♫ ♪ ♫ ♪HAPPY BIRTHDAY♫ ♪ ♫ ♪HAPPY BIRTHDAY TO EDWIN

ဖြောင်းးးဖြောင်းးးး




ဒီအောက်ကပုံကဟိုတလောကရိုက်ထားတာ။ဘာကြောင့်ဒီလိုဝတ်ထားလဲဆို။အဲနေ့က CCK ကိုသွားတယ်။

CCK အပေါ်ထပ်ကကစားကွင်းရောက်တော့ ရေသွားဆော့တယ်။အဝတ်အပိုမပါဘူး မဆော့နဲ့ ဆိုတာ။

ဆော့တော့ ရေစိုကုန်တယ်။Kiddy palace မှာသွားဝယ်ရင်ရပေမယ့်၊သူ့မှာ အင်္ကျီတွေများနေလို့

ဝယ်မပေးချင်ဘူး။အဲတော့ ကိုယ့်အတွက်ဝယ်လာတဲ့ အင်္ကျီကို ဝတ်ပေးလိုက်ပြီး ကိုယ့် ဆံညှပ်နဲ့ စီးပေးလိုက်

တယ်။အပြန်တစ်လမ်းလုံး ကိုယ်တို့တို ပြုံးစိစိနဲ့ ကြည့်ကြတယ်။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။