Monday, February 4, 2013

မယ်သဂျိုး



သမီးမေလေး ဟာ အခုဆို ၂နှစ်နဲ့ ၉လ ပြည့်ခါနီးပေါ့။အရင်တစ်ခေါက် ဒီပိုစ့်မှာရေးထားခဲ့သလိုပဲ ငယ်ငယ်

က နို့ကို ငုံထားပြီးသောက်တော့ ရှေ့သွားတွေက ပိုးစားပီး တိုကုန်၊အံသွားတွေကလဲ ပေါက်ပြဲကုန် လို့

ဆရာဝန်သွားပြရမယ် ပြရမယ် အော်နေတုန်း ရှေ့သွား အပေါ်သွားဖုံးရောင်လာပါလေရော အက်ဝင်တုန်း

ကတော့ ရိုးရိုးဆေးခန်းမှာ အရင်ပြပေမယ့် အခုတော့ အတွေ့ကြုံက၇ှိနေတော့ NUH ကိုပဲ တုက်ရိုက်ဖုံး

ခေါ်ပြီး အပွိုင့်မန့်ယူလိုက်တယ်။


နိုဝင်ဘာ ၆ရက်နေ့မှာ ကလေးဆရာဝန်မ ဒေါက်တာတန် နဲ့ပြရတယ်။သွားတဲ့နေ့က ဆရာမက

မေ့ရဲ့သွားတွေကို အကုန်စစ်လိုက်တော့ ၁၀ ချောင်းလောက် နှုတ်ပစ်ရဖို့ရှိတယ်။ကလေးက ငယ်သေးတော့

ဒီအတိုင်းဆိုရင် ခံမှာမဟုတ်ဘူး။နည်းလမ်း ၂ခုရှိတယ်၊ပထမတစ်ခုက  အပွိုင့်မန့် ခဏခဏယူပီးလာနိုင်

မလား အဲဒါဆို  တစ်ခါလာ ၁၀၀  ကျော် နဲ့ ၁၀၀၀ ကျော်လောက်ကုန်မယ်။ဒါပေမယ့် ကလေးက သူတို့နဲ့

cooperate လုပ်မှ အဆင်ပြေမယ်။ကလေးက အလုပ်မခံဘူးဆို အဆင်မပြေနိုင်ဘူး။



ဒုတိယ တစ်ခုကတော့ ကလေးကို မေ့ဆေးပေးပြီး အကုန် တစ်ခါထဲလုပ်မယ် ၃၀၀၀ ကျော်လောက်ကျမယ်

တစ်ခါထဲပြီးမယ်။တို့က medisave သုံးလို့ရသလားမေးတော့ medisave တော့ မရဘူး baby bonus ရှိရင်

တော့ သုံးလို့ရတယ်ပြောတယ်။မေ ကစီတီဇင် မဟုတ်တော့ baby bonus ဘယ်၇ှိမတုန်း။တို့လဲ အိမ်ကလူ

ကိုတိုင်ပင် ကြည့်လိုက်အုံးမယ်။နောက် အပွိုင့်မန့် ကျရင်အဖြေပေးမယ်ဆိုပီး ပြန်လာခဲ့တယ်။အိမ်ရောက်

တော့ ဟိုလူ့မေး ဒီလူ့မေး ဖေ့ဘုတ်ပေါ်မေးနဲ့ ဆုံးဖြတ်လိုက်တော့ ပထမ တစ်ခုကိုပဲ ရွေးဖြစ်တယ်။မေ့ဆေး

မပေးချင်တာရယ်။တစ်ခါထဲဆို ကလေးနိုးလားရင် ခံနိုင်ပါ့မလားရယ်ဆိုပြီးတော့........ဆရာမကတော့

ဒုတိယတစ်ခုကိုပဲ ဇောင်းပေးတယ်။ကလေးကငယ်တော့ ဒီအတိုင်းဆို လက်ဝင်တယ်လေ။


ဒီလိုနဲ့ ၂၀ ရက်နေ့ အပွိုင့်မန့်နေ့ရောက်တော့ အိမ်ကလူပါ လိုက်လာပြီး ဆရာမနဲ့တွေ့ ပြီး ပထမ လမ်းကိုပဲ

ရွေးမယ်ပြောတော့ ဆရာမက ကြိုးစားကြည့်မယ် ကလေးက လက်မခံရင် မေ့ဆေးပေးတဲ့လမ်းကို ရွေးရ

မယ်ဆိုတော့ အိုကေ ဆိုပီး မေနဲ့အတူ တို့ပါ  ခုံပေါ်လိုက်တတ်လိုက်တယ်။ဆရာမက မေ့ဆေးမပေးတဲ့

အတွက် ဖာလို့အဆင်ပြေမယ့် သွားတွေကို အရင်ဖာထားမယ် အဲ့သွားတွေကို နဲနဲကြီးမှ (၄နှစ်လောက်)

မှ နှုတ်မယ်။အခုလောလောဆယ် မဖြစ်မနေ နှုတ်ရမယ့်သွားတွေကို နောက်ဆုံးအခေါက်မှ နှုတ်မယ်

ဆိုပီးပြောတယ်။အံ့သြစရာကောင်းလောက်အောင်ပဲ မေကလေး လုံးဝ မငိုပဲ ဆရာဝန်မပြောသလို

  နေတယ်။သူနားမလည်ရင် တို့က မြန်မာလိုပြောပေးတာပေါ့။ဆရာမကလဲ ဟယ် တော်လိုက်တာ

 တော်လိုက်တာနဲ့ အံသွားတွေကို သန့်ရှင်းရေးလုပ်ပီး  ဖာလိုက်တာ ၂ ချောင်းပြီးသွားတယ်။နောက်ထပ်

အပွိုင့်မန့်  ၄ ကြိမ်ထပ်ပေးလိုက်တယ်။၂၆ရယ်၊၃ရက်ဒီဇင်ဘာ၊၁၃ရက်ဒီဇင်ဘာ၊၉ရက်ဇန်န၀ါရီရယ်။



တတိယအကြိမ်သွားတော့ နိုဝင်ဘာ ၂၆ ရက် အဲ့နေ့လဲ မေကလေးဟာ လုံးဝ မငိုဘူး၊လူကြီးလေးလိုပဲ

ငြိမ်ခံနေတာနဲ့  ဆရာမကလဲ အားတတ်သရော လုပ်လိုက်တာ ၃ ချောင်းဖာတယ်။စတုတ္ထအကြိမ်၃ရက်

ဒီဇင်ဘာသွားတော့ ၂ချောင်းဖာတယ်။ဆရာမက ဖာတာတွေတော့ ကုန်ပီ နုတ်စရာပဲ ကျန်တော့တယ်

ရှေ့သွား ၃ချောင်း ကို နှစ်သစ်မှာ နှုတ်ပေးမယ် ဆိုတော့ တို့က ဆရာမ ၁၃ ရက် ဒီဇင်ဘာ အပွိုင့်မန့်ရှိ

သေးတယ်လေ လာရအုံးမှာလားဆိုတော့ ဟယ် ဟုတ်သားပဲ သူ မနေရင် လုပ်မရမှာဆိုးလို့  အပွိုင့်မန့်

လေးကြိမ်ပေးလိုက်တာ အခု တစ်ခုပိုနေပီ အဲ့နေ့မှာ နှုတ်မလား  ၉ရက်ဇန်န၀ါရီ ကျမှ နှုတ်မလာမေးတော့

တို့လဲ ၁၅ ရက်နေ့ပြန်မှာမလို့  ၉ရက်ဇန်န၀ါရီ မှ နှုတ်မယ်ဆိုပီး ၁၃ ရက် ဒီဇင်ဘာကို cancel လုပ်ခဲ့တယ်။



ဇန်န၀ါရီ၉ရက်နေ့ ကျတော့ အက်ဝင့်ကို ကျောင်းပို့ပြီး သားအမိ ၂ယောက်ချီတတ် ခဲ့တယ်။ဆရာမက

ဒီတစ်ခါ နှုတ်ပြီးရင် ကလေးနောက်တစ်ခါ ထပ်မလာခြင်မှာစိုးလို့ တစ်ခါတည်း ၃ ချောင်းနှုတ်ဖို့ စီမံတယ်။

မေကလေးဟာ အစကတော့ အေးဆေးပဲ ထုံဆေးထိုးတော့ ပထမ ၂ ချက်မှာ လုံးဝ မငိုဘူး။တို့က

သူ့မျက်နှာကိုမမြင်ရတော့ အခြေနေမသိဘူး။အကူဆရာမက SHE SAD ,SHE SAD ဆိုမှ ငုံ့ပီးကြည့်လိုက်မှ

မျက်ရည်တွေကျနေတာ တွေ့လိုက်တယ်။ကြိတ်ခံနေတာ  ....၃ ချက်မြောက်မှာတော့ ငိုတယ်။ဒါနဲ့ချော့မော့

ပြီး ဆရာမက သနားပါတယ် တစ်ချောင်းပဲ အရင်နှုတ်လိုက်တာ ကောင်းမယ်ထင်တယ် ဆိုပီး သူ့ကိုချော့ပြီး

နောက်ထပ် ၂ ချက်ထိုးအပြီးမှာ အလယ်က အတိုဆုံးအချောင်းကို နှုတ်လိုက်တယ်။ကျန် ၂ချောင်းကို

၎ လ ခွာပြီး မေလ ၅ ရက်နေ့ ထပ်ချိန်းလိုက်တယ်။အဲ့နေ့ကျရင် အဆင်ပြေရင် နှုတ်မယ် မပြေရင်လဲ

နဲနဲကြီးမှပဲ နှုတ်မယ်ပေါ့။ဒါနဲ့ပဲ မေလင်းလင်းတစ်ယောက် မယ်သဂျိုး ဖြစ်ပါလေရော...





06-11-2012=160.50 SGD
 20-11-2012=128.20
 26-11-2012=128.20
 03-12-2012=128.20
09-01-2013=48.50

Total  593.60

Update 

အဖေ လုပ်သူ လက်တော့ ဖြင့် အလုပ်လုပ်နေစဉ် အက်ဝင်က ပါးပါး ဂိမ်းဆော့မယ် ဟုပူဆာသောအခါ

အဖေလုပ်သူက သားရယ် ပါးပါး  အလုပ်လုပ်နေတယ် ပြီးမှဆော့ လို့ပြောလိုက်တယ်။အဲ့အချိန် ဖုံးလာလို့

အဖလုပ်သူ က  ဖုံးသွားပြောနေတုန်း မေလင်းလင်းက လက်တော့အရှေ့ အကျအန ထိုင်၊ကီးဘုတ်ပေါ်

လက်တင်ပြီး "ကိုးကိုးရေ လာလာ ဒီမှာ ဂိမ်းဖွင့်မယ်"တဲ့


တစ်နေ့က တိုတ်အောက်ဆင်းတော့ ငှက်တွေကိုတွေ့တော့ ဟေ့ ရှုး ရှုး fly away bird! bird! ...fly away

တဲ့လေ။

အပြင်ထွက်ရင် အမြဲချီခိုင်းတယ်။ဘာလို့ချီခိုင်းလဲ မေးကြည့် အဖြေက အဆင်သင့်..

အဖေလုပ်သူကိုချီခိုင်းတော့ အဖေလုပ်သူက ဘာလို့ချီရမှာလဲဟာ ဆိုတော့ ပါပါး ကို ချစ်လို့လေ ချစ်လို့တဲ့

အမေလုပ်သူကိုလဲ တော်ကြာ နေပူ လို့ ချီပါ...တော်ကြာ  မိုး၇ွာလို့....တော်ကြာ ချော်လဲမှစိုးလို့ ..ချစ်လို့

အကြောင်း ပေါင်းများစွာပြပီး ချီခိုင်းတယ်။တစ်ရက် တိုက်အောက်ပဲရောက်သေး ချီ ခိုင်း တာ နဲ့

တို့က မိုးလဲမရွာဘူး၊နေလဲမပူဘူး၊ ချိုင့်ခွက်လဲမရှိဘူး၊ညီးချစ်တာလဲ မခံချင်ဘူးအေ ...မချီနိုင်ဘူး

ပြောတော့ ဘာပြန်ပြောတယ်မှတ်တုန်း.....သူ့ကိုယ် ကို ပုတ်ပြပြီး မေလင်းလင်း ဘေဘီလေ ဘေဘီ  တဲ့။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။