Saturday, July 18, 2009

မီးခိုးတိတ်တဲ့နေ့

ဒီလိုနေ့မျိုးကိုစောင့်နေတာကြာပြီ။ဟင်းမချက်ချင်လို့လေ။တူဝမ်းကွဲလေး မွေးနေ့ မှာ ကော်ရည်ကျွေးမယ်၊

လာခဲ့လို့ ဖိတ်တော့ ကိုယ့်မှာမီးဖိုချောင်မ၀င်ရတော့ဘူးလေ။ဒါပေမယ့် ဒီနေ့မှာ အိမ်ကလူ ကအလုပ်ရှိ

တော့ မလိုက်နိုင်ဘူး။အဲဒီတော့ မနေ့ညနေကတည်းက အမျိုးအိမ်ကို ဖုန်းဆက်ပြီး ပြန်ရင် ပါဆယ် ဆွဲမယ်၊

ရမလား မေးရတယ်။ဟိုက ရတယ်ဆိုတော့ ကိုယ့်မှာထည့်ဖို့ ဗူးအသည်းအသန်ရှာရတယ်။ နမို့ဆိုရင် အိမ်မှာ

ဟင်းထပ်ချက်နေရအုံးမယ်။ကော်ရည် တစ်ခါမှမချက်ဖူးဘူး။စားပဲစားတယ်။မချက်တတ်လို့။ဒါနဲ့ သားအမိ

၂ယောက် ချီတတ်သွားပြီး၊ အပြန်မှာ အထုပ်အပိုးတွေ နဲ့ ပြန်ခဲ့တယ်။







အရည်ကို ဒီပလစတစ်ဘူးကြီးနဲ့ ထည့်လာတယ်။















ခေါက်ဆွဲ၊ကန်ဇွန်းရွက်၊ပဲပင်ပေါက်၊ငပိထောင်း၊သံပရာသီး၊ကျောက်ကျော တွေကို ကြွပ်ကြွပ်အိပ်နဲ့ ထည့်လာတယ်။
























ဒါက အိမ်ရောက်တော့ ဗိုက်ဆာလို့ ထပ်တီးတာ။


















သူလေးက မွေးနေ့ရှင်




HAPPY BIRTHDAY "HUDSON LIM"











မွေးနေ့ရှင်နဲ့တူတူ ဓတ်ပုံရိုက်ဖို့ ငြင်းဆန်တဲ့ အိမ်က ပုကျု။















အလှု့ လဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။လာလည်သူများ ကြိုက်ရင် သုံးဆောင်သွားပါနော်။

MA & ME








အခြားလူတွေ အတွက်ဘယ်လိုနေမယ်မသိပေမယ့် ကိုယ့်အတွက်တော့ passport မှာ MA ထည့်မိတာ

တစ်ချို့ ကိစ္စတွေမှာ ကသိကအောက်ဖြစ်ရတာအမှန်။ဖြေရှင်းချက်လည်း ခဏ ခဏ ထုတ်ရပ့ါ။


Passport ရုံးတွင် passport လျှောက်ရာတွင် မ၊ဒေါ်၊မောင်၊ကို၊ဦး မထည့်ရန်ကြော်ငြာ ထားသော်လည်း၊

ကျွန်မ မရှပ်တေး ကမမြင်သောကြောင့် MA KYAWT့ ............ ဖြင်.လျှောက်လိုက်သောကြောင့် ပတ်စပို့ တွင်

MA KYAWT .......နှင့် ထွက်လာလေသည်။ပတ်စပို့ မလျှောက်ခင် ကျောင်းအရင်လျှောက် သောအခါ တွင်

MA မပါဘဲ ကျော့........နှင့် ဖောင်တင်သည်။ကျောင်းဝင် ခွင့်ရသော အခါတွင် ကျော့.....နှင့် ICA Letter

ထွက်တယ်။

စင်ကာပူ ICA က မြန်မာများ တွင် မ၊ဒေါ်၊မောင်၊ကို၊ဦး ထည့်တတ်သည် ကိုသိသောကြောင့် student pass

အတွက် ပြသနာ မရှိပေ။student passကို ICA Letter ထဲကအတိုင်း မ မပါဘဲ ထုတ်ပေးလိုက် သောအခါ

passport ထဲ ကနာမည်နှင့် MA တစ်လုံးကွာနေတယ်။ဘဏ်မှာ အကောင့်ဖွင့်တော့ passport နဲ့ student pass

နာမည်ရှေ့တစ်လုံးကွာနေ တာ ဘာဖြစ်လို့လဲ လို့ အမေးခံရပါတယ်။ ကိုယ်ကတော့MA ဆိုတာ Miss

လိုမျိုးပါ။(ကိုယ် အဲ.ဒီ လိုပဲဖြေတတ်တယ်)


ကျောင်းပြီး ပြီး အလုပ်ရတော့ PR တင်တယ်။PR ဖောင်မှာ ကိုယ်က student pass ထဲကအတိုင်း MA မတပ်

ပဲ ဖြည့် တော့ officer က followed by travel document ဆိုလို့ ကိုယ့်မှာအကုန်ပြန်ပြင်ရသေးတယ်။

PR ကျတော့ MA ပါတယ်။passport နဲ့ တူသွားလို့ စိတ်အေးသွားရတယ်။ဒါပေမယ့် ဘွဲ့လက်မှတ်မှာ MA

မပါပြန်ဘူး။နာမည်မှာ MA ပါတော့ လေယာဉ် လက်မှတ်ဝယ်တာ ကအစ တော်တော် သတိထားရတယ်။

MA မေ့ကျန်ခဲ့မှာစိုးလို့။ဆေးရုံ၊ဆေးခန်းတွေ သွားရင်တော့ သူတို့က Miss Ma လို့ခေါ်တယ်။


MA နဲ့ ပတ်သတ်လို့ NTU မှာကျောင်းတတ်တုန်းက သူငယ်ချင်းတစ်ယောက်ကို အဖြစ်ကို သတိရသေးတယ်။

ကိုယ်တို့ မေဂျာက programmed director က ထိုင်ဝမ် တရုတ် နာမည်က MA KAI KANG. အဲဒီ့ သူငယ်

ချင်းက ISM (စာတမ်းအသေး) တင်ဖို့ supervisor ရွေးတော့ သဘောကောင်းတဲ့ ဆရာတွေ က ကျောင်းသား

တွေပြည့်နေပြီ။ဒါနဲ့ ပဲ ဒီဆရာနဲ့ပဲ စာတမ်းလုပ်တော့မယ်ဆိုတော့ ကိုယ်တို့ မှာစိုးရိမ်မိတယ်။ဆရာက အပေါက်

ဆိုးတယ်၊ပရောဂျက်တွေ ဆိုတော်တော် နဲ့ pass မပေး တတ်ဖူး။ရစ် တယ်ဆိုပြီး နာမည်ထွက်တယ်။

ကျောင်းသားတိုင်းကိုလည်း လက်မခံဘူး။သူငယ်ချင်းက ဆရာဆီ နင်နဲ့ စာတမ်းလုပ်ချင်လို့ပါ လို့ အီးမေးပို့

တော့ ဆရာက လာတွေ့ လို့ပြန်လိုက်တယ်။ကိုယ်တို့မှာ အံ့သြလိုက်တာ။နောက်မှ အကြောင်းစုံသိရတာက

သူငယ်ချင်းနာမည်ကလည်း အရှေ့မှာ MA ပါတယ်။အဲဒီတော့ သူနဲ့ မျိုးရိုး(ရှင့်) ချင်းတူတယ်ဆိုပြီး လက်ခံ

လိုက်တာ။ကံကောင်းချင်တော့ အဲဒီ သူငယ်ချင်းကလည်း တရုတ်လို တတ်တယ်။အဆင်ပြေပြေနဲ့ပြီးသွားတယ်။

ဒီလိုဆိုတော့လည်း MA ပါတာ ခပ်ကောင်းကောင်း။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။