Friday, May 18, 2012

Constipation &Tooth Decay


သားလေးရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အဓိက ပြသနာကတော့ ၀မ်းချုပ်တာပါပဲ။ငယ်ငယ်ကတည်းက

ဝမ်းအရမ်းချုပ်တယ်။နို့မှုန့် တိုက်တဲ့ ကလေးတွေ ကပိုပြီးတော့ ၀မ်းချုပ်တတ်တယ်ဆိုပေမယ့်

သူကတော့လွန်တယ်။နို့မသောက်တော့တဲ့ အချိန်လဲချုပ်တယ်။ငယ်ငယ်လေး လသားတုန်းကဆို ၀မ်းချူဖို့

ကွမ်း၇ိုးလိုက်ရှာရတာ cityhall သွားရှာလဲ မရ။ဒီမှာကွမ်းတွေကအကုန်အရိုးညှပ်ပြီးသားချည်းပဲ။

တော်တော် ခေါင်းခဲရတယ်။သမီးလေးလဲ နို့မှုန့်ပဲ ဒါပေမယ့် ၀မ်းမှန်တယ်။ဝမ်းချုပ်တယ်ဆိုလို့ ၂ရက်

၃ရက်မထင်လေနဲ့ ၅ရက်ကနေ ၈ရက်အထိ ချုပ်တာ။အဲလို ချုပ်တဲ့သူက သမီးလေးကို မြန်မာပြည်

ပြန်မွေးတုန်းက ၅လမှာလေးခါ ၀မ်းလျောပါရော။ဝမ်းလျောတော့ ပဲနို့မှုန့်တိုက်တာကနေမကြိုက်လို့

လုံးဝ သူ့ဘာသာ မသောက်တော့တာကနေ နို့ပြတ်သွားတာ၁နှစ်၈လမှာ။ ဒီကို ၂နှစ်ကျော်လောက်

ပြန်လာကတည်းက ချုပ်လိုက်တာ တခါတလေ ၇ ရက် မှတခါ။၅ရက်ဆိုတာအစောဆုံး ပဲလေ။ဒီလောက်

အောင်းထားတော့ အီးလဲပါရော ညှစ်လို့ မထွက်တော့ဘူး။အိမ်သာက ခွေပေါ်ထိုင်ပြီး ဆို ငိုလိုက်ရတာ။

ဖင်ကွဲ၊သွေးထွက်။ပါရင်လဲ အီးတုံးတွေက ဆိတ်ချေးတုံး လို မဲနေပြီးကျောက်တုန်းတွေလိုမာနေရော။



ကြာတော့ ကလေးက အီးပါရမှာတောင်ကြောက်လာရော။ဝမ်းနူးစာ မစားဘူးလားမမေးနဲ့။အကုန်စားတယ်။

ဖအေနဲ့အမေ မှာလဲ သူအီးပါအောင် အကုန်ကျွေးတာပဲ။လိမ္မော်သီး တနေ့တည်း ၆လုံးစားလဲ စားစား အီးပါ

မလားကြည့် မပါဘူး။ဖရဲသီး၊လိမ္မော်သီး၊ ငှက်ပျောသီး၊ဒိန်ချဉ်၊သဘောင်္သီး(သိပ်မကြိုက်လို့ချော့ကျွေး)၊

မကျဉ်းဖျော်ရည် တိုက်ဖို့ မြန်မာပြည်ကနေ မကျဉ်းသီးမှည့်၊ထန်းလျက်မှာရတယ်။အဲဒါကိုရေစိမ်တိုက်လဲ

လုံးဝပဲ ဘာဝမ်းခိုင်သလဲမမေးနဲ့။ဖအေ လုပ်သူဆို cityhall က အင်းလေး မှာထမင်းစားတာတောင် အအေး

ကို မကျည်းဖျော် ရည်ပဲမှာတယ် သားတော်မောင် ကိုသောက်ရအောင်။သားလေးက သောက်တယ်။

ဖန်ခွက်အကြီးနဲ့ ဆို တခါထဲ အကုန် တခွက်သောက်တာပဲ။တို့ဆို တခါတလေ ဒီလောက်ဖြစ်လှတာဆိုပြီး

အသုပ်ကို ငရုတ်းသီးထည့် သုပ်လဲ ဒုံရင်းပါပဲ။



ဒါနဲ့ ဆရာဝန်နဲ့ သွားပြတယ်။ဆရာဝန်က ၀မ်းနှုတ်ဆေးလို မျိုး အရည် တနေ့ ၂ကြိမ်နဲ့ တစ်ပါတ်စာပေးလိုက်

တယ်။အဲဒီဆေးတိုက်တော့ တိုက်နေတုန်းမှာ တည ကို နဲနဲ နဲနဲစီသွားတယ်။နဲနဲမှ တကယ့် နဲနဲပဲ။ဆေးလဲ

ကုန်ရော နဂိုအတိုင်းပြန်ဖြစ်ရော။ဒီမှာက ၀မ်းချူတောင့်ကလဲ ၇ှာလို့မရ။သူ ၀မ်းမသွားတာ ၇ ရက်လောက်

ဆို သူတော့ မသိ လူကြီးတွေမှာ စိတ် မချမ်းသာဘူး။မြန်မာပြည်က ကလေးဝမ်းချူတောင့် ကို မှာပြီး တော့

ရ-ရက်၊၈ ရက်မှ မပါရင် ချူရတယ်။သူ့အဖေဆို ခရီးသွားနေလို့ ဖုန်းလှမ်းဆက်ရင်း သားအီးပါလားပဲ အရင်

မေးတာ။ဒီကလဲ သားလေးသူ့ဘာ့သာ မချူရပဲ အီးပါရင် တကူးတက ဖုန်းဆက်ပြောရသေးတာ။ကလင်ဒါ

မှာလဲ သူအီးပါတဲ့ ရက်ကို မှတ်ထားရတယ်။



ပြီးခဲ့တဲ့ မတ်လက မြန်မာပြည်ပြန်တုန်းက ၁၆ ရက်မှာ ၂ခါပဲ သွားတယ်။ဒါတောင် တစ်ခါက ချူရတာ။

အဲဒါ ယောက္ခမ က ၀မ်း အရမ်းချုပ်တာ မကောင်းကြောင်း အူထဲမှာ အစာဟောင်းတွေ ကြာနေရင် အူကို

ဒုက္ခပေးတတ်ကြောင်း စလုံး ပြန်ရောက်ရင် အထူးကုနဲ့ ပြဖို့ မှာလိုက်တယ်။ဖုံးဆက်တိုင်းလဲ ပြောတယ်။

မြန်မာပြည်ပနေ ကလေးဝမ်းပျော့ဆေး လို့ဟာတွေ ၀ယ်လာ တိုက်လဲ မထူးခြား။ခေါင်းခဲရတယ်။ဒါနဲ့ ပဲ

ဟိုတလောက နိုင်းနိုင်းစနေ ဘလော့ ဒီမှာ( ကန်စွန်းဥမှာ Cellulose နှစ်မျိုးပါဝင်တာကြောင့် 

ကိုလက်စတောတိုးမြင့်ခြင်း၊ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အူနံရံမှာ အညစ်အကြေးတွေ 

ဂျိုးကပ်ပြီး ဝမ်းချုပ်နေသူတွေအတွက် ကန်စွန်းဥဟာ အကောင်းဆုံးအစားအစာဖြစ်တယ်။)ဖတ်မိပြီး။

အင်း ကန်းစွန်းဥ စမ်းကျွေးကြည့်ရင် ကောင်းမယ်ဆိုပြီး ရွှေကန်းစွန်းဥ ၀ယ် ၂လုံးပြုတ်၊ပြုတ်ပြီးတော့

အစိတ်လေးတွေစိတ် ပဲဆီလေးစမ်း၊ဆားကလေးဖြူးပြီး ကျွေးတာ စားလိုက်တာ။နောက်နေ့လဲ ကြရော

မျက်လှည့် ပြသလိုပဲ ၀မ်းမှန်သွားတာ။အဲဒီနောက်ပိုင်း ၁ရက်ခြားတခါ အခုထိ ၁လ ရှိပြီ မှန်နေရော။

ဝမ်းလဲ ကောင်းလာတယ်။နေ့တိုင်းတော့ မကျွေးဘူး ၂ရက်တခါ ၊၃ရက်တခါပေါ့။အခုလေ အမေလုပ်သူ

သားရေ ဒီနေ့ အီးအီးမပါရသေးဘူး သွားပါလိုက်အုံးဆို သွားပါတာ ရတာပဲ။အခုမှ ပဲ လင်မယား ၂ယောက်

ပြုံးနိုင်တယ်။















ဒီကယူတယ်။


ကန်းစွန်းဥ နဲ့သူ့ကိုယ်က ဓာတ် အဆင်ပြေလို့ဖြစ်မယ်။ဘလော့ဂင်းကျေးဇူးပေါ့။မနိုင်းနိုင်းကို လဲကျေးဇူး

အထူးတင်ပါတယ်။

(ကြုံတုန်းပြောရအုံးမယ် သားလေး၂နှစ်ကျော်လောက် က ချောင်းဆိုးပြီး ဗိုက်ကနာသလိုဖြစ်လို့ ဆရာဝန်

သွားပြတော့( မပြခင် တချို့ က ကလေး သန် ရှိလို့ များလား မသိဘူးပြောလို့  )သန်များ ၇ှိနေသလား မသိ

ဘူးလို့ ဆရာဝန်ကို လျာရှည်မိတာ ဆရာဝန်က Singapore no worm တဲ့။နောက် ဆရာဝန် တစ်ယောက်

ကိုလဲမေးဖူးတာ အဲလိုပဲပြောတယ်။ သားလေး ကို အခုထိ တခါမှ သန် မချဖူးသေးဘူး)



Tooth Decay


သားလေး က ၁နှစ်မှာ သွား ၁၁ ချောင်းပေါက်နေပြီ။ဒီမှာ ရေးဖူးတယ်။သွားပေါက်စောတဲ့ ကလေးတွေဟာ

သွားသိပ်မခိုင်ဘူး ပြောကြတယ်။သားလေးဟာ ၂နှစ်ခွဲ မှာ(၂၀၁၀ ဒီဇင်ဘာမှာ) ရှေသွားတစ်ချောင်းဟာ

မဲနေတာတွေ့တယ်။ပိုးစားတာပေါ့။သူက အဲသွားကိုနာတယ်ဆိုပြီး လက်ညိုးပြပြီးပြောတော့ yewtee mrt 

မှာ ၇ှိတဲ့ vista လား အဲဒီဆေးခန်းကိုသွားပြတယ်။အဲဒီဆေးခန်း က ကလေးလက်မခံဘူးဆိုတာနဲ့။ဘူးဂစ်

ဘာ့တုတ် မှာ၇ှိတဲ့ Q&M မှာ သွားပြတယ်။အဲဒီအချိန်မှာ သူ့သွားက သိပ်မနာတော့ ဆရာမတွေ ကဘာမှ

မဖြစ်ပါဘူး။ကလေးက ငယ်သေးတယ် ခြစ်လို့လဲ မရသေးဘူးဆိုပြီး ပြောလိုက်တယ်။



အဲဒီကပြန်လာပြီး၂ရက်လောက်ပဲ ရှိသေးတယ် အဲဒီသွားအပေါ်သွားဖုံးမှာ အဖုကြီး ထွက်လာပါလေရော။

ဒါနဲ့ ယူတီးပွိုင့် က ရိုးရိုးဆေးခန်း ကိုသွားပြတော့ ဆရာဝန် က သူ့တို့ဆေးခန်းက သွားဆေးခန်းကို လွတ်

တယ်။ဒါနဲ့ အဲဒီရောက်တော့ ဆရာမလေးတွေ က ကလေးက အရမ်းငယ်ကြောင်း ဒီမှာလုပ်လို့ မရကြောင်း

National Health Promotion Board (Outram park) ကိုလွှတ်တယ်။ဒါနဲ့ HPB ကိုသွား work in ၀င်

တယ်။ဆရာဝန် က သားလေးက သူတို့နဲ့ cooperate လုပ်မှ အဆင်ပြေမှာဖြစ်ကြောင်း၊ပိုးစားတာကို ခြစ်

ပစ်ရမယ်တဲ့။သားလေးက ငယ်တော့ တို့ပါ ခုံပေါ်လိုက်တတ်ရတယ်။အလင်းကာမျက်မှန်တွေ ဘာတွေ

တပ် ၊ပါးစပ်ဟပြီး ဟိုလုပ်ဒီလုပ် လုပ်တော့ မခံတော့ဘူး ၇ုန်းတာပဲ။ဆရာဝန်က မရဘူး နင်သားကိုမေ့ဆေး

ပေးပြီး မှလုပ်လို့ရမယ်။အဲဒါ ဒီမှာလုပ်လို့မရဘူး NUH ကိုသွား ဆိုပြီး လွှတ်ပြန်ရော။စာပါပေးလိုက်တယ်

NUH ကို။



ဒါနဲ့ NUH ကိုဖုံးဆက် appယူပြီးသွားတော့ ကလေးတွေ ပဲကြည့် တဲ့ဆရာမ ကတ်သရင်းဟို နဲ့တွေ့တော့

HPB က စာပြတော့ ကြည့်တောင်မကြည့် ဘူး။သားလေးသွားကို ကြည့်ပြီး နင့်သားသွားက မေးဆေးပေး

ပြီးခြစ် လဲ ပြန်ဖြစ်နိုင်တယ်။အပေါက် ဘယ်လောက်ကြီးလဲ သိရအောင် X -ray သွား၇ိုက် ခိုင်းလို့ သွား

ရိုက်တယ်။၁လက်မလောက် ၇ှိတဲ အပြားလေးကို ကိုက်ခိုင်းထားပြီး အမေလုပ်သူကို အပြင်ထွက်ခိုင်းပြီး

၇ိုက်တာ၊တော်သေးတယ် သားလေးကကိုက်ထားပြီး ငြိမ်ငြိမ်နေလို့။၇ိုက်တဲ့ သူက နင့်သားကတော်တော်

တော်တယ်။တချိုဆို မရဘူးတဲ့။X-ray result အပြားလေးယူပြီးပြန်သွားတော့ ဆရာဝန်မက နူတ်ကို

နှုတ်ရတော့မယ်။ဒါငယ်သွားပဲ ရ နှစ်နေရင် ပြန်ထွက်မှာ ဆိုပြီး တခါထဲ ထုံဆေးထိုးပြီး ဆွဲနှုတ်လိုက်တာ 

မြန်ချက်များ။နောက်ပြီး အံသွားလေးတွေမှာလဲ အမဲ စက်လေးတွေ တွေ့ကြောင်း clean လုပ်ရမယ် ဆိုပြီး

app ထပ်ပေးလိုက်တယ်။အဲဒီကတည်းက edwin တို့ ဖိုးသဂြိုး ဖြစ်နေရကြောင်းပါ။















အဲဒီကတည်းက ၁လ ၁ခါ appအတိုင်းသွားလိုက် အမဲစက်တွေကို ဟိုဆေးထည့်၊ဒီဆေးထည့်လေး

လုပ်လိုက်နဲ့ ၁နှစ်နီးပါးဖွတ်ကလိ ၇၀၀၊၈၀၀ လောက်ကုန်ပြီးချိန်မှာ app ကို ကိုယ့်ဘာသာ

terminate လုပ်လိုက်တယ်။ မလုပ်လို့လဲမရဘူး ခဏ လာနေပေးတဲ့ အမေကလဲပြန်၊NUH dental clinic

က weekday ပဲဖွင့်တော့ ကလေး၂ယောက်နဲ့ ဘယ်လိုသွားမလဲ။သားလေးနဲ့ ခုံပေါ်တတ်နေရင် အငယ်မ

ကို ဘယ်လိုထားမလဲ။weekend ဆိုတော်သေး။အခု သူ့သွားတချောင်း မဲနေပြန်ပြီ။


သမီးလေးက လဲ နို့ပိုးစားတာ ရှေးသွား၂ချောင်း။နို့ကို ညဘက်ကျရင် ဇိမ်ဆွဲပြီးစို့တာလေ။ဖြုတ်လို့မရဘူး။

အဲဒါပြရအုံးမယ်။


Sunday, May 13, 2012

MAY ON MAY




အချိန်တွေ က အကုန်မြန်လိုက်တာ။တစ်ခါတစ်လေ သူတို့ ကို မြန်မြန်ကြီးစေချင်ပေမယ့်လဲ ဒီအရွယ်တွေက

 ချစ်စရာအကောင်းဆုံး။ဖြူစင်တယ်၊ဘာလုပ်လုပ်ချစ်စရာကောင်းတယ်။ဘ၀ ဆိုတာ ကိုယ့်ချည်းပဲ နေရင်

အဓိပ္ပါယ် သိပ်မရှိပေမယ့် သူတို့  နဲ့ ကျတော့ ပြည့်စုံသွားတယ်။အဲဒီသမီးလေးကတော့      ကြီးလာရင်

 အဖေချစ်ဖြစ်ဖို့ ကျိန်းသေနေပြီ။ဟိုနေ့ က သူ့အဖေနဲ့ သူနဲ့ အိပ်နေလို့  သားလေး နဲ့ တို့နဲ့ ဧည့်ခန်းထဲမှာ

 မုန့်စားနေတာ ကနေ သူနိုးနေပြီလားသွားကြည့်တော့ သူကနိုးနေပြီအဖေလုပ်သူကအိပ်နေတုန်း။

ဒါနဲ့ ဟယ် သမီးလေးက နိုးနေပြီလားလို့ တို့ က အသံ နဲနဲကျယ်တာနဲ့ မေးလိုက်တော့ အိပ်နေတဲ့ သူ့ အဖေ

ကို လက်ညိုးထိုးပြပြီး "   ရှုးးး quiet " တဲ့။တိုးတိုး လုပ်သူ့အဖေ အိပ်နေတယ်ပေါ့လေ။အမြင်ကပ်ထှာ။

အဖေလုပ်သူများ အိမ်မှာရှိရင် ပါးပါးကြီ၊ပါးပါးကြီ ဆိုတာပါးစပ်က မချဘူး။



ဟိုတလောက အဖေကောအမေကော ဧည့်ခန်းထဲ မှာထိုင်နေတုန်း သူဆော့နေရင်း မတော်တဆ ချော်လဲ

လို့ ဒူးခေါင်းနာသွား တာ (အမှန်တော့ သိပ်မနာဘူး)ကို နာနာ  နာနာ ဆိုပြီးလာပြတော့ တို့က တို့ကိုပြတယ်

မှတ်လို့ ဥုံဖွ သမီးလေး ဥုံဖွ ဆိုတော့' နိုးနိုး ,,,,,နိုးမားမား ဥုံဖွ ၊ပါးပါး ဥုံဖွ"  တဲ့လေ။သူ့အဖေ ကို ဥုံဖွ လုပ်ပေး

ခိုင်းတာ။ပစ္စည်းတခုခု ကို မတော်တဆ သူလက်နဲ့ ဖြစ်ဖြစ် တိုတ်မိသွားရင် "   အိုးအို ဆောရီး "'  တဲ့။


အကိုလုပ်သူကိုလဲ သိပ်ချစ်တယ်။အကိုလုပ်သူကို ကျောင်းသွားကြိုလို့ အကိုလုပ်သူက ကျောင်းထဲကထွက်

လာရင် သူ့မှာ ပါးစပ်ကနေ ပြွတ်ပြွတ် နဲ့ ကစ် ပေးရတာ။အကိုလုပ်သူကို အားလုံးပုံတူကူးတယ်။အကို

လုပ်သူလုပ်သလို အကုန်လုပ်တာ။အဲဒါကြောင့် အခု A-Z ,Color,Nursery Rhyme အကုန်သူရတယ်။

က ကြီး၊ခကွေးလဲသူရတာပဲ။


ရှုး၇ှုးပေါက်တာ တောင် အကိုလုပ်သူ ကသူ့ညှောင့်ညှောင့် ကို ကိုင်ပြီး မတ်တပ်ရပ် ပေါက်တယ်။

သူလဲ အဲအတိုင်းပေါက်တယ်။ထိုင်ခိုင်းလို့ မရဘူး။သူက အကျင့်တခုကောင်းတာက ၁နှစ်လောက် ကတည်း

စကားစပြောနေတော့ အီးပါမယ်ဆို အီအီး။ရှုးပေါက်မယ်ဆို ရှုးရှုးပေါက်မယ်ပြောတတ်တယ်။သူ့ ကို diaper

ကိုအိပ်တဲ့ အချိန်ပဲ ၀တ်ပေးတာ။ကျန်တဲ့ အချိန်တွေ မ၀တ်ပေးဘူး။သနားလို့။



၁နှစ်နောက်ပိုင်း တစ်ခါမှ diaper ထဲ တို့ ၊ဘောင်းဘီ ထဲတို့ အီးပါမချဘူး အခုထိ။အဲ ရှုးပေါက်တာကတော့
                        

 ၁နှစ်------------------- ရှုးပေါက်မယ်ဆို ရှုးရှုးပေါက်မယ်ပြောတယ်။ပြေးပြီး တည်လိုက်ရုံပဲ။
                       
 ၁နှစ် ၅လ-၈လ ------ရှုးပေါက်ပြီးမှပြောတယ်'မားမား လင်းလင်း ရှုးရှုးပေါက်တဲ့'
                      
 ၁.၈-လက်ရှိ ----------ပေါက်ပြီးသော်လဲ မပြော ဘယ်နေရာပေါက်လဲ လိုက်ရှာရတယ်။


အဲလို အဲလို။၁နာရီ ၁ခါ သေးတည်ပေးတယ်။တခါတလေ အလုပ်များတဲ့ အခါ တည်ဖို့မေ့သွားရင်

ပေါက်ချလိုက်တာ။


အစားအသောက် နဲ့ ပတ်သတ်ပြီး ၁နှစ်လောက် အကုန်စားပေမယ့် အခု၈ျီးများလာတယ်။သမီးလေးက

ထမင်းဆို ဘာနဲ့မှ မရောပဲ အဖြူထည်ပိုကြိုက်တယ်။အစားအသောက် ကျွေးရင် အမြင် နဲ့ပဲ သူကြိုက်

မကြိုက် ဆုံးဖြတ်တယ်။ဘယ်တော့မှ စမ်းမစားဘူး။နို့ ကတော့ စို့တုန်းပဲ အိပ်ရင်။သူနို့ သောက်ချင်ရင်

အိပ်စို့၊အိပ်စို့ လို့ပြောတယ်။အိပ်ရင်နို့စို့ရတာကိုး။ညအိပ်ခါနီးဖြစ်ဖြစ်၊နေလည်အိပ်ရင်ဖြစ်ဖြစ်မအိပ်ခင်

မားမား blanket ပေး၊ပိုင်ထု (ယုန်ပုံ ဖက်လုံး) ပေးဆိုပြီး ပြည့်စုံအောင် တောင်းသေးတာ။နို့ကသပ်သပ်

သောက်တာ။ဒီတိုင်း နို့မပါပဲ အိပ်တယ်။







အ၀တ်အစားကတော့ အသစ်ဝတ်ပေးလိုက်တာနဲ့ Let's goဆိုပြီး အပြင်ထွက်ဖို့လုပ်တာပဲ။အိမ်မှာ အကိုလုပ်

သူက ကျောင်းတတ်နေတာ့ အီး လိုရော မြန်မာလိုရော ၂ မျိုးပြောတော့ သူကလဲ ၂ မျိုးပြောတယ်။ဟိုနေ့က

အကိုလုပ်သူ mini sport day သွားတော့ သူ့ကိုလဲ ခေါ်သွားတယ်။တို့ က sport ဆိုတော့ ဒီအောက် က

သူ့ အန်တီ ၀ယ်ပေးထားတဲ့ ဘဲလေး အင်္ကျီ ၀တ်ပေးလိုက်တာ ခါးက ဇာ တွေက ယားလို့ ထင်တယ် မကြိုက်

ဘူး။အဲဒါကို အမေလုပ်သူကိုမပြောဘူး။အတူ တစ်အိမ်ထဲ နေတဲ့ အမ ကို 

'အန်တီ this one no good,မကောင်းဘူး၊လင်းလင်း ဘောင်းဘီ ၀တ်တဲ့။" 

 သူပြောချင်တာက ဘောင်းဘီ နဲ့ အင်္ကျီ ပဲဝတ်မယ်၊ဒါ မကောင်းဘူး ဆိုတဲ့ သဘော။






 (၁၃.၀၁.၂၀၁၂)















ဒီအောက်က ပုံက အမေလုပ်သူ မိတ်ကပ်ဘူးကို ယူနှံနေတာ။


အင်း တို့ဖတ် ကိုဒီလိုယူ






(၁၁.၀၅.၁၂)










မားမားတော့ ဒီလိုရိုက်တာတွေ့တယ်
















အိမ်မှာ မနက်မိုးလင်းလို့ သားလေးနိုးရင် သားရေ tooth brush and wash your face လို့ အမေလုပ်သူက

ပြောရင် မျက်နှာသစ်၊ပြီးရင် ဖုံးထဲက ABC ဂိမ်းတွေ ဆော့တယ်။သူဆော့နေတုန်း အမေလုပ်သူ က

မုန့်ကျွေး၊ပြီးတော့ ၈ နာရီထိုးရင် ကျောင်းသွား ပို့ရတယ်။ဒါ ကျောင်းဖွင့် ရက်တွေ ရဲ့ ပုံမှန် procedure ပဲ။

အဲဒါကိုသမီးလေး က သိနေတော့ တရက် သူ့အကို က အိပ်ယာက နိုးနိုးခြင်း ဖုံး ကို ယူလိုက်တယ်။

ဖုံး က အားသွင်း ထားတော့ ကြိုးက တန်းလန်းပါနေတယ်။အဲဒီမှာ သူက

 'ကိုးကိုး   ဖုံးဘယ်ထီ အားသွင်းထား၊tooth brush  first,ကိုးကိုး မှားနေတယ်'' တဲ့။

သူ  အဲလိုပီပီသသ ပြောတော့ တို့ တောင် အံ့သြ သွားတယ်။

သူဆိုလိုချင်တာ က သူ့ အကို သွားအရင် တိုက်ရမှာ မတိုက် ပဲ ဖုံး အရင်ဆော့ လို့ မှားနေတယ်ပေါ့။



ကတာသိပ်ဝါသနာပါတယ်။သူက သီချင်းဆိုပြီးခုန် ကတာ အမေလုပ်သူကို video ရိုက်ခိုင်း။ပြီးရင် ကိုယ့်

ဘာသာပြန်ကြည့်ရတာအမော။သူက မိုးလုံးမှိုင်း သီချင်းတောင် ရသေးတယ်။Jenifer Lopez တို့ Usher တို့

က သူ့ အသဲစွဲတွေပေါ့ ကြည့်ပြီး ကလိုက်ရတာ။Jlo ရဲ့ papi ကို ကြည့်ပြီး မုန့်စားရင် small bite,small biteတဲ့။

လေဒီဂါဂါ တော့မကြိုက်ဘူး။ဒီပြင့် ကဗျာလေးတွေ ဆိုတာ အများကြီး  upload လုပ်လို့မရလို့။



 

၀၁-၀၄-၂၀၁၂



 အိမ်မှာတော့အိမ်ကျယ် ဆရာ။အပြင်သွားရင် သူ့ကို ဘယ်သူမှ ထိလို့ မရဘူး။ငိုရော။ခက်တယ်။အကို

အိမ်မှာရှိနေရင် နေတယ်။မရှိရင်တော့ အမေလုပ်သူ ဟင်းချက်နေတာကိုလာပြီး ချီခိုင်းတော့တာပဲ။

မချီဘူးဆို ငိုတာပဲ။ငိုကြောတော့မရှည် ဘူး။အမေ က တိတ်တိတ်ဆို တိကနဲ့ တိတ်သွားတာပဲ။အခု

တစ်လော မောင်နှမ ၂ယောက် ယူကျု ကနေ (http://www.youtube.com/watch?v=n-Ac6E9GWXI)

Alphablocks series တွေကို သဘောကျနေလေရဲ့။အို သူ့အကြောင်းရေးမယ်ဆို ရေးစရာတွေ အများ

ကြီးကျန်သေးတယ်။မရေးနိုင်တော့ဘူး။ သမီးလေး နာမည်ကို May လမှာမွေးလို့ မေ ထည့်ပြီး ပေးထားတာ။

သူ့ကိုမွေးတုန်း က မေလ ကုန်လောက်မှာ due date ပေမယ့် ခွဲမွေးရမှာဆိုတော့ အစောဆုံး ခွဲလို့ ရတဲ့ ရက်

က ၁၃ ရက်နေ့ ဆိုတာ နဲ့ အဲဒီရက်ယူလိုက်တာ။၁၃ ကို သဘောကျလို့လဲပါတယ်။ကြာသပတေးသမီး ပါ။

ဟိုတလောက သူငယ်ချင်းတစ်ယောက် တွက်ပေးတော့ အဓိပတိ ဆိုလား ရာဇ ဆိုလားပဲ။မမှတ်မိတော့ဖူး။



သူက ကြည့်ရတာ ကြီးလာရင် ပြောရ ဆိုရ ခက်မဲ့ သဘောရှိတယ်။သူဆော့နေတုန်း အမေလုပ်သူ က

သမီး ရှုးသွားပေါက် ဆိုပြီး ဘောင်းဘီ ချွတ်ပေးလိုက်ရင် သူဆော့နေတုန်း ခိုင်းရသလားပုံစံ နဲ့ ဇောင်ပေပေ

မျက်နှာပေး နဲ့ လမ်းမှာတွေ့သမျ ပစ္စည်းတွေ လက်နဲ့တိုတ် ၊ခြေထောက်နဲ့ ကန် လုပ်တယ်။အပြင်ထွက်ရင်လဲ

 တွေ့တဲ့ဟာတိုင်းကို WHAT IS THIS?ဆိုပြီး မေးလိုက်တာ။

အဲဒီ့ ရျစ်တူးမလေး ဒီနေ့မှာ လူ့လောကထဲကို ရောက်တာ ၂နှစ်ပြည့်ပြီပေါ့။


♫ ♪ ♫ ♪ HAPPY BIRTHDAY TO YOU  ♫ ♪ ♫ ♪ HAPPY BIRTHDAY TO YOU


♫ ♪ ♫ ♪♫  ♫ ♪ HAPPY BIRTHDAY TO  'MAY LIN LIN'♫  ♫ ♪♫  ♫

 ♫ ♪ ♫ ♫ ♪ ♫ ♪♫ ♪ ♫ ♪♫ ♪ ♫ ♪♫ ♪ ♫ ♪

 HAPPY BIRTHDAY TO YOU♫ ♪ ♫ ♪♫ ♪ ♫ ♪

ကိတ်မုန့် က ညနေမှ ခွဲမှာမလို့အခု  ပိုစ့်ပဲတင်လိုက်တယ်။


အိမ်မှာ အတူနေတဲ့ အမ ၀ယ်ပေးတဲ့ မွေးနေ့ လက်ဆောင်  အကျီင်္ နဲ့ ပဲပေးနေတာ။




 






၁၂-၀၅-၁၂(မွေနေ့ မတိုင်မီတရက်)














အတူတူပဲ(အဲဒီအမ ပဲ လက်ဆောင်ပေးတာ)













သူ့ ဂါဝန်ကြည့်ပြီး ကိုယ်တောင်ဝတ်ချင်လာတယ်။




Wednesday, May 2, 2012

Edwin နှင့် သူရဲ့ အချစ်တော် Writing Board



သားလေး အကြောင်း ရေးမယ်ဆိုရင် သူ့ရဲ့ Writing Board  က သူ့ရဲ့အဓိ ကဇတ်လိုက်ပဲ။စားရေး၊စာဖတ်

သိပ်ဝါသနာပါတယ်။English စာတင် မဟုတ်ဘူး၊မြန်မာစာလဲ ၀ါသနာပါတယ်။သူ့ရဲ့အချိန်တော်တော်များ

များ ဟာ စာေ၇းခြင်းနဲ့ အချိန်ကုန်တယ်။အိမ်မှာ သေနတ် ၊ကား၊ဘိုးလင်း ဆော့စရာ ၀ယ်ပေးထား

မဆော့ဘူး။အချိန်ကုန် သူ့ ၇ဲ့ WB နဲ့ ပဲအချိန်  ကုန်နေတာ။မြန်မာပြည်ပြန်တော့ သူရဲ့ WB ကို

သယ်သွားရတယ်။လေယာဉ် ပေါ် ၃နာရီ လုံဝ ဂျီမကျ ထောင့်ခုံလေး မှာ ရေးလိုက်၊ဖျက်လိုက်နဲ့

ဟုတ်နေတာပဲ။ဒါပေမယ့် သူ့ကို ဘေးနားကနေ ထောက်ခံသူ တစ်ယောက်တော့ ရှိရမယ်။ဟယ် သား လေး

က တော်လိုက်တားးးးးEdwin Good Job အဲသလို ပြောပေးရမယ်။အိမ်ကို ဧည့်သည်လာလို့ သူ နဲ့ စာရေး

စာဖတ် လုပ်ပေးတဲ့ လူ ရှိရင် သိပ်သဘောကျတာ။စာတွေ ကို ပြောင်းပြန်လဲရေးတတ်တယ်။ဥပမာ--

 သူ့ အရှေ့တည့်တည့် မှာ လူ တစ်ယောက် ထိုင်နေလို့ သူ က APPLE လို့ ရေးမယ်ဆို

သူ့ဖက်ကနေ ပြောင်းပြန် ကြည့်သူ ဖက်ကနေ အတည့် မြင်ရအောင် ရေးတတ်တယ်။ဒီလိုလေး



ကြည့်သူ







EDWIN
 

ပြန်တုန်းက လဲ အပြင်းထွက်တိုင်း သူ့WB ကို ကျောပိုးအိတ်ထဲ ထည့်သွားရတယ်။လမ်းမှာတောင်းလို့

မပါရင် ဂျီကော။ဟိုတလော က သူတို့ကျောင်းမှတာ favorite toys လေးတွေယူလာခိုင်းပြီး talk n show

section လုပ်တာ။ favorite toys ဆိုတော့ သူ့မှာ ဆော့တဲ့ favorite toys မှမရှိတာ ဘယ်လိုလုပ်ရပါမလဲ

စဉ်းစားလို့ မရတော့တဲ့ အဆုံး WB အသေးလေး ရှာထည့်ပေးလိုက်ရတယ်။အောက် က WB က Kiddy

Palaces က၀ယ်လာတာ ကြီးနေလို့  မြန်မာပြည် ပြန်တုန်းသ မသယ်နိုင် လို့ အပြာနုရောင်

တစ်ခုထပ်ဝယ်ရတယ်။



ဒါမ၀ယ်ခင် က ၂ခု ရှိသေးတယ်။ပျက်သွားတာ။
























ဒီဟာက မြန်မာပြည် ပြန်ခါနီးမှဝယ်သွားတာ။၂လတောင် မပြည့်သေးဘူး ။အဲလိုဖြစ်နေပြီ။














ဒါက အသေးလေး။



















အိပ်ခါနီးလဲ ဘုတ်ကို အနားယူပြီး အိပ်တယ်။ဒီလိုလေး။















ဒီလိုလဲ ရေးတယ်။



















ဒီလိုကော။






















သူလား super man တို့ spider man တို့ ဘာတို့ ဘာမှ မသိဘူး။စာေ၇းနေရရင်ပျော်နေကော။

မော်ကျွန်းပြန်တုန်းက တညနေ ကမ်းနားကို လမ်းလျောက်သွားတော့ မြစ်ထဲမှာ လှေတွေ၊

ရေကူးနေတဲ့ သူတွေ တွေ့တော့ တို့ကို မားမား where is Edwin's Board? တဲ့။သူရေးမယ်၊

ဆွဲမယ်လေ။ဒီနားလေးမှာ။


















မော်ကျွန်းမှာတုန်းကလဲ  သူ့စာရေးတာကို ထောက်ခံတဲ့ လူ၇ှိရင်နေတယ်။

ဒါပေမယ့် ဟိုကလူတွေက သူပြောတာ နားမလည်(အီးတ၀က် ဗမာ တ၀က်)၊သူဆွဲ တဲ့ ပုံကို မသိ။သိရင်

 လဲ ဟိုက ဗမာလို ပြောတာ သူ ကနားမလည် ဒေါသထွက်။မအေက ကြားထဲ က ဘာသာပြန်။မအေလဲ

အမြဲဘယ် သူ့နားနေနိုင်မလဲ။အဖေ လုပ်သူ က yangon ပြန်တတ်ပြီး ကားပါမစ် လုပ်တော့။ရွာပတ်နေတာပဲ။


ကျောင်းက ပြန်လာတာ နဲ့ ဆက်တီပေါ် ထိုင်ပြီး သူ့ရဲ့ ဘုတ်ယူပြီး ရေးတော့တာပဲ ကျောင်းကသင်လိုက်တာ

တွေ ဟိုနေ့ ကရောက်ရောက်ချင်း ရေးလိုက်တာ YES,HIS,MY,HER  တဲ့ ပြီးတော့ ပြောသေးတယ်။

လင်းလင်း(သူ့ညီမ) က HER ,Edwin က His တဲ့။အရင်တုန်း က WB ပါ် ရေးထားတွေ ကင်မရာ

ရိုက်ထားတာရှိတယ်။ဖုန်းနဲ့။ပျက်ကုန်လို့။

ဒါတွေက သူ လေ့ကျင့်ထားတာတွေ ဒီလို ဗလာစာအုပ်နဲ့ရေးရတာလဲ သိပ်ဝါသနာပါတယ်။







ခဲတံ နဲ့ရေးထားတာက သူဖြည့်ထားတာ။















very good ဆိုတာလဲ သူ့ဘာသာရေးတာ။




















ဒါက လွန်ခဲ့တဲ့ လေး ငါးလ ကရေးထားတာ။





















ဒါ က ကကြီး၊ခကွေး


ကကြီး၊ခကွေး  စာအုပ် ချပေးလိုက် ပုံတူကူးရေးတာပဲ။















စာတော့တော် တော် ၀ါသနာ ပါတယ်။အဲဒီတော့ ဒီပြင့်လှုပ်ရှား မှုတွေ မှာနှေးတယ်။

ဖိနပ် ၀တ်တာတို့၊ခြေစွပ် ၀တ်တာတို့။ကြီးလာရင် စာချ ဆရာတော် ဖြစ်မလားမသိ။အိမ်မှာ အကုန် သူ့ဆီ

မှာတပည့် ခံရတယ်။သူ ကဒီလို အသံထွက်ဆို ထွက်ရတယ်။ဟိုနေ့ က အမေလုပ်သူ က သားရေ nail nail

long long ဖြစ်နေတယ် cut ရအောင် လက်ပေးလို့  ပြောတာ ခြေထောက် ထိုးပေးတယ်။ဟဲ့ ဒါ

လက်မှမဟုတ် ပဲ ပြောတော့။ this is leg;;;;;LEG တဲ့။လာမဲ့ June 1 ဆို ရင် လေးနှစ်ပြည့်မယ်။


အိုးးးဘလော့လာ မိတ်ဆွေ အပေါင်း တို့ သားလေးကို လာထိန်းချင်ရင် ဘုတ်ကိုင်ပြီးလာခဲ့ ပါ။


(PS;သူတို့ ဆရာမကပြောတယ် Edwin ဟာစာတွေ အကုန်သိတယ်။အကုန်ဆိုတာ သူတို့ nursery မှာ
သိရမဲ့ စာတွေပေါ့။ ဒါပေမယ့် လှုပ်ရှားမှုတွေ နှေးတယ်တဲ့။ဥပမာ ဖိနပ် စီးရင် သူအနောက်ကျဆုံးပဲ။ဘယ်လိုလုပ်ရမလဲ )

အခုတော့ အိမ်မှာ train နေတယ်။how to wear the shoes ?ဆိုပြီး။


Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။