Saturday, November 14, 2009

ရင်တုန်ပန်းတုန်ဖြစ်ခဲ့တဲ့နေ့

အဖေလုပ်သူက အပြင်ထွက်ဖို့ အ၀တ်အစားလဲ တာတွေ့တာနဲ့ edwin တစ်ယောက် ယောက်ယှက်ခပ်နေပြီ။

သူ့ဖိနပ်ကို ဖိနပ်စင်ပေါ်ကနေ ယူပြီး အိမ်တံခါးပေါက်နား သွားရပ်နေတယ်။ သားရယ် တော်ကြာရင် မားမား နဲ့

အပြင်ထွက်မယ်လေ ပါးပါး ကအလုပ်သွားမှာ မလိုက်နဲ့ နော် ဆိုပြီးခေါ်ထားရင် သူနားလည်တယ်ထင်တယ်

မငိုဘူး။ကြည်ကြည်သာသာနေခဲ့တယ်။သူ့ ပါးပါး သွားတာနဲ့ သားအမိနှစ်ယောက် အောက်ဆင်း ဟိုနား ဒီနား

သွားလေ့ ရှိပါတယ်။ဒီနေ့လည်း(၂၉.၁၀.၀၉) အောက်ဆင်းတော့မယ်ဆိုပြီး တံခါးဖွင်းပြီး အိမ်အပြင်ထွက်

တံခါးကိုသော့ခတ်နေတုန်း ထုံးစံအတိုင်း သားလေးက lift နားကသွားစောင့်နေပါတယ်။


ကိုယ်တို့ အခန်းက ၂လွှာမှာ၇ှိပါတယ်။၂ထပ်ကနေ အောက်ကို လှေခါး နဲ့ဆင်းရင် ရပေမယ့် သားလေးက

lift စီးရတာ သဘောကျလို့ သူနဲ့ဆို lift နဲ့ ပဲဆင်းလေ့ရှိတယ်။lift က ကိုယ်တို့ရဲ့ တစ်ခန်းကျော်မှာ။သော့ခတ်နေ

တဲ့အချိန်က မီးနစ်ဝက်လောက်ပဲ ရှိတယ်။သော့ခတ်ပြီး lift ရှေ့ကို ရောက်သွားတော့ ဟယ် edwin edwin

ဘယ်ရောက်သွားလဲ ။lift ရှေ့မှာ edwin မရှိတော့။ကိုယ် ထူပူသွားတယ်။lift ၂စင်းကို ကြည့်လိုက်တော့

ဘယ်ဖက်က liftက ၂ ကနေ ၁ ကိုဆင်းနေပြီး၊ညာဖက်က lift က ၁၂ ကိုတက်နေပါတယ်။ဘယ်ဖက်က

lift နဲ့ ပဲပါသွားတာဖြစ်မှာလို့ ချက်ချင်းတွေးပြီး လှေခါးကနေ ၀ုန်းဝုန်း နဲ့ ပြေဆင်းပြီး အောက်ရောက်တော့

ကိုယ်တော် က lift ထဲကနေ ခပ်တည်တည်ပဲ ထွက်လာနေတာလှမ်းတွေ့ရတယ်။lift က ချက်ချင်းပဲ

အပေါ် ပြန်တတ်သွားတယ်။ကံသီပေလို့ပေါ့။အပေါ် တတ်တဲ့ lift နဲ့ ပါသွားရင် ဘယ်လိုလုပ်ရမလဲ။

၁၆ ထပ်အထိ အထပ်တိုင်း lift ရောက်တာ။ဘယ်အထပ်မှာရပ်မယ်မှန်းမသိ။အဲဒီ့ ညက တစ်ညလုံး

စဉ်းစားပြီး အိပ်လို့တောင်မရဘူး။သူ lift ရှေ့ကို ရောက်တဲ့ အချိန် lift က တစ်ယောက်ယောက် ခေါ်ထား

လို့ ပွင့်လာတာ နဲ့ ၀င်လိုက်သွားတာလား?ထွက်လာတာ တော့သူတစ်ယောက် ထဲတွေ့တယ်။


အခုဆိုရင် အိမ်သော့ခတ်ရင် သူ့ကို သားလေး မသွားနဲ့ ဦး မားမားကိုစောင့် လို့ပြောရင် နားလည်လို့ပဲလား?

သူ့ဘာ့သာပဲ လန့်သွားလို့လားမသိ ဘေးနားမှာရပ်စောင့်နေတယ်။ဘ၀ မှာ ရင်တုန်၊ပန်းတုန် ဖြစ်ရတဲ့နေ့ပဲ။


သားလေးဘယ်လိုဆော့လဲ?


သူများ ကလေးလေးတွေ တော့မသိဘူး၊သားလေး ကတော့ အရမ်းခိုင်းတာပဲ။မနက်မိုးလင်း နိုးတာ နဲ့ သူ့ကစား

စရာ ဗုံးဆီကိုသွားပြီး ကစားစရာ ပစ္စည်းတွေ ကို ယူလာပြီး အမေလုပ်သူကို ခိုင်းတော့တာပဲ။ကားဆိုလဲ

အမေလုပ် သူကိုမောင်းခိုင်းတယ်။သေနတ် ဆိုလဲ အမေလုပ်တဲ့ သူကို ပစ်ခိုင်းတယ်။ဂစ်တာလဲ အမေလုပ်

သူကို တီးခိုင်းတယ်။သူကဘေးကနေ ထိုင်ကြည့်တယ်။သူမဆော့ တတ်တာမဟုတ်ဘူး အကုန်ဆော့တတ်

တယ်။အဲ ဘောလုံးတော့ သူ့ဘာသာကစားတယ်။ဘောလုံး ကစားနေလို့ နားနေ ရမယ်မထင်နဲ့ ခုံအောက်

ဝင် ၊ဟိုအောက်ဝင်၊ဒီအောက်ဝင် ရင် ဘောကောက်ပေးရတယ်။အခုတော့ ကစားနည်းတစ်မျိုးဆော့ပြန်

တယ် ဘောလုံး ကို မှန်တင်ခုံပေါ် ပစ်တင် တယ်၊ လိမ့်ကျလာရင် သဘောကျလို့။မှန်တင်ခုံပေါ် မှ

ကွန်ပြူတာရှိလို့ အမေက ဆူတော့ သူ့ခေါ်င်းပေါ် ကို ဘောလုံးတင်ပြီး မျက်နှာပေါ်က ပြန်လိမ့်ကျတာ

ကိုသဘော ကျပြီး ကစားတယ်။သူ့ ကိုပဲ ကစားဖော် ကစားဖက်လုပ်ပေးနေ၇လို့ ဘလော့ဖက်တောင်

ခြေဦး မလှည့်နိုင်ဖူး။လာလည်သူအားလုံး ကျေးဇူးပါနော်။

ဒီပုံလေးတွေက ဒီလ ၁ရက်နေ့ ၁၇ လပြည့်တုန်း ကအပြင်ထွက်ရင်း ရိုက်ထားတာ။




lift ထဲကထွက်လာတုန်းက ဒီအောက်ကလို ဒီဇိုင်းမျိုး နဲ့။





Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။