Saturday, March 28, 2009

ဆုတောင်း


ဆုတောင်းတိုင်းတာပြည့်မည်ဆိုလျှင် အခုတစ်လော ဒီဆုသုံးခု ကို တောင်းချင်ပါသည်။


၁) အိုးပိုင်၊အိမ်ပိုင်လေး အမြန်ရလိုပါသည်။

(အိမ်ပြောင်းရတာ စိတ်မော၊လူမော ဖြစ်သောကြောင့်)

၂) ကိုယ်ပိုင်စီးပွားရေးလေး လုပ်ရလိုပါ၏။

(တစ်ခါတစ်လေ အလုပ် pressure များနေ သော သူ့အားမကြည့်ရက်သောကြောင့်။)

၃) သားလေးအား နတ်ရေကန် ထဲ သို့ပစ်ချပြီး ကြီးလိုက်စေချင်ပြီ။

(အရမ်းကို ဆော့လွန်း၊ကဲလွန်းပြီး အမေကို အပျောက်မခံ သောကြောင့် နှင့်

လုပ်ငန်းခွင်သို့ပြန်လည်ဝင်လိုသောကြောင့်)

Tuesday, March 17, 2009

မောင်လူဆိုးလေး


ကဲဒီပုံကိုသာကြည့်ပါ။မနက်က အခန်းအပြင်လေး ခဏ

ထွက်ပြီး နို့ဘူးဆေးတုန်း ဖုန်းကို ယူပြီး ပါးစပ်ထဲထည့်

ရေခဲချောင်း စုပ်သလိုစုပ်တယ်။နေ့ခင်းဘက် တစ်ခါ

ထပ်ယူပြီး ဆော့တော့ ဖုန်းက key pad တွေနှိပ်လို့မရ

တော့ဘူး။ဘာ ဂဏန်းမှ မပေါ်တော့ဘူး။ဖုန်းခေါ်လို့




ရင်လည်း အသံတိုးတိုးလေးပဲကြားရတော့တယ်။အဲဒါနဲ့ ဘက်ထရီ ထုပ်ပြီးအခြောက် ခံထားတာ။အခု ရက်

အတွင်း sms ပို့သူ၊ဖုန်းခေါ်သူ သူငယ်ချင်းများ reply မပြန်ရင် စိတ်မဆိုးကြပါနဲ့။ဒီဖုန်းလေးက ဒီနှစ်မေဒေး

ဆိုရင် ၀ယ်ထားတာ၃ နှစ်ပြည့်ပြီ ။၁လ ကို ၁ခါ၊၂ခါလောက် ဟမ်းနေတာ ကနေ အခု ပျက်တော့မလားမသိ

ဘူး။သူမမြင်တဲ့နေရာ မှာထားပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မေ့ပြီး သူမြင်တဲ့နေရာရောက်သွားတယ်။


အခုဆိုကွန်ပြူတာကို ဖွက်ထားရတာ တစ်ပါတ်လောက်ရှိ

ပြီ။ကွန်ပြူ တာကိုတွေ့ရင် မရမကဖက်တက်ပြီး ဘန်းဘန်း

ဘန်းဘန်း နဲ့ ခလုပ်တွေ ကိုပုတ်တယ်။နေ့ခင်းဆို ၂နာရီ

လောက်ပဲအိပ်တော့ တစ်နေကုန် ကွန်ပြူတာကို ဖွက်

ထားရတယ်။ပျက်ရင်ဝယ်ဖို့ ပိုက်ပိုက် ကလည်းမရှိသေး

ဘူးလေ။ပျက်လို့မဖြစ် ဘူး။ပျက်ရင် သူ့ပါးပါးက နှာစေး

နေမှာ။အခု ၉လခွဲပဲ ရှိသေးတာ တော်တော်ကို ကဲတယ်။ဒီတစ်ယောက်နဲ့တင် ဒိုးဆလံ၊ဒင်းဆလံပါပဲ။

Tuesday, March 10, 2009

တပေါင်းလပြည့်နှင့် တောင်ရေးမြောက်ရေး


ဒီနေ့မနက် အိပ်ယာကထတော့ အတူနေအိမ်ကအစ်မက

ဒီနေ့တပေါင်းလပြည့်နေ့ဆိုမှ ပြက္ခဒိန်ကိုကြည့်မိတယ်။

ဟုတ်သားပဲ။သူက ဘုရားကို သစ်သီး၅မျိုးကပ်မည်ဆို

ရာ သူ့ကောင်းမှု့ဖြင့် ကိုယ်လည်းသစ်သီး၂မျိုးပါဝင်ကပ်

လှူပြီး သားလေးနဲ့ ဘုရားရှိခိုးလိုက်တယ်။








ဒီနေ့မတိုင်မီ တစ်ပတ်အလိုလောက် ထဲက မမပုသိမ်သူ သီချင်းကိုဖွင့်ကာ ပုသိမ်မော်တင်စွန်းဘုရားပွဲ နဲ့

ကျုံမငေးမြတ်စွယ်တော် ဘုရားပွဲကို ဘယ်သဘောင်္က၊ဘယ်နှစ်ရက်ခရီးကို ဘယ်လောက်ဖြင့်သွားမည်ဟု

အပြိုင်အဆိုင် ကြေငြာသော မိုက်သံများဖြင့် တစ်မြို့လုံး ဆူညံနေသော ဇာတိမြို့လေးကို သတိရသွားတယ်။

နွေရာသီကျောင်းပိတ်ရက်မို့ လူငယ်၊လူကြီးတော်တော်များများသွားဖို့ အဖော်စပ် ၊လက်မှတ်ဝယ်နှင့် ပျော်ရွှင်

နေကြတယ်။


ကျုံမငေးမြတ်စွယ်တော် ဘုရားပွဲကို တော့တစ်ခါရောက်ဖူးတယ်။လူတွေကြိတ်ကြိတ်တိုးပြီး စည်းကားလှပေမယ့်

ဘုရားကိုအေးအေးဆေးဆေး ဖူးလို့မရ၊ဘုရားနားေ၇ာက်အောင် မတိုးနိုင်သဖြင်းတပ်ခေါက်ပြီးပြန်ခဲ့ရဘူးတယ်။

မော်တင်စွန်းဘုရား ပွဲကတော့ တစ်ခါမှမရောက်ဖူးပေ။မော်တင်စွန်းသို့ရောက်အောင် ပင်လယ်ကိုဖြတ်ရတယ်၊

လှိုင်းလုံးတွေက အိမ်တစ်လုံးစာလောက်မြင့်တယ်ဟူသော စကားများအရ အိမ်ကစိတ်မချ။သူများတွေ သွားတာ

ကိုသာ အိမ်ကနေ ငေးမောအားကျမိခဲ့တယ်။အရင်တုန်းက မိဘအုပ်ထိမ်းမှု့အောက်မှာနေတော့ မိဘက ဟိတ်

မသွားရဘူးဆိုရင် ဘာမှပြန်မပြောရဲဘူး။အခု ကိုယ့်အိမ်ထောင်နဲ့ကိုယ် လဲဖြစ်၊အုပ်ထိမ်းသူကလဲပြောင်းသွား

တော့ ဘယ်သွားချင်ချင် သူ့ကိုပဲ ပူဆာရတယ်။မြန်မာပြည်ပြန် ဖို့ ပလန် ရှိပြီဆိုရင် မပြန်ခင် လေး၊ငါးလအလို

တို့က ဒီတစ်ခေါက် ဘယ်သွားလည်ချင်တယ်ဆိုရင် အေး လိုက်ပို့မယ်ပြောတယ်။ဒါပေမယ့် ပြန်ဖို့ အချိန်နီးလာ

ရင် လိုက်ပို့မယ်ဆိုတဲ့ အသံ မကြားရတော့ဘူး။မြန်မာပြည်ရောက်သွားလို့ မသွားရလို့ ပွစိပွစိ လုပ်ရင် သူက

ပြောသေးတယ် ပြန်တယ်ဆိုတာ ကိုယ့်အိမ်မှာကိုယ် မိဘတွေနဲ့ အေးအေးဆေးဆေးနေချင်လို့ ပြန်လာတာတဲ့

ဘယ်မှမသွာဘူးတဲ့။မထူးတဲ့ဘ၀ပါ။

Sunday, March 8, 2009

သူ့လက်ရာ

ဘလော့လာလည်တဲ့သူတွေကို ကိုယ့်လက်ရာချည်းပဲကျွေးနေရတာ အပြောင်းအလဲဖြစ်အောင်သူ့လက်ရာလေး

ကျွေးလိုက်အုန်းမယ်။သူ ကဟင်းချက်တဲ့နေရာမှာ တရုတ်ဟင်း၊မြန်မာဟင်း အကုန်ချက်တတ်တယ်။လက်ရာက

လည်းတို့ထက်အများကြီးကောင်းတယ်။မနက်က ဒီနေ့ သူဟင်းချက်မယ်ဆိုပြီးမီးဖိုချေင်ဝင်တယ်။ဘာမှထွေထွေ

ထူးထူးတော့ မဟုတ်ပါဘူး။ဒီဟင်းလေးတွေပါပဲ။ကြိုက်ရင် လည်လည်လာရင်းစားသွားပါနော်။


ကြက်ကြော်.......................................ပုဇွန်ငါးပိချက်................................တို့စရာ













ဟင်းခါး.........................................................အချိုပွဲ











လာလည်သောသူများအားလုံးကိုကျေးဇူးတင်လျှက်။

ဂျွန်ဝမ်း

Saturday, March 7, 2009

My Project Supervisor

ဟိုတစ်လောက NTU ကဆရာတစ်ယောက် ဓားထိုးခံရတဲ့ သတင်းဖတ်မိတော့ ကိုယ်Dissertationလုပ်တုန်းက

ကိုယ့်project supervisor ဆရာအကြောင်းသွားသတိရမိတယ်။NTU မှာကျောင်းတက်နေတဲ့ တို့သူငယ်ချင်း

တော်တော်များများ Dissertationမလုပ်ပဲISM(စာတမ်းအသေး)လုပ်ရင်တောင်ဘယ်ဆရာသဘောကောင်းလဲ

ဆိုတာ အရင်စုံစမ်း၊ပြီးတော့မှသဘောကောင်းပြီးမရစ်တတ်တဲ့ဆရာမျိုးကိုပဲရွေးလေ့ရှိပါတယ်။တို့
Dissertation

လုပ်မယ်ဆိုတော့ ဘယ်ဆရာက သဘောကောင်းလဲ အရင်စုံစမ်းပါတယ်။
အဲဒိ့မှာ ကိုယ့်အရှေ့က ၀ါကြီးသူတွေ

ရဲ့ ညွှန်ကြားချက်အရ ဆရာနဲ့
Dissertation လုပ်ဖြစ်တယ်။


ဆရာက စလုံး(Singaporean) တရုတ်လူမျိုး၊စကားပြောတာအရမ်းမြန်တယ်။မှတ်မိသေးတယ် ဆရာနဲ့စတွေ့

တဲ့နေ့ကို။မြန်မာပြည်မှာတောင် ဆရာ၊ဆရာမတွေနဲ့တွေ့ရမယ်ဆိုရင် တီကို ဆားနဲ့တို့သလို နေတဲ့သူ။ဒီရောက်

တော့ရောက်ခါစမလို့ လူကအူလည်လည်၊ Englishကသိပ်မကျွမ်းပဲဆရာနဲ့ ပရောဂျက်ခေါင်းစဉ်အတွက်

တွေ့ရမယ်ဆိုတော့ ကြောက်လိုက်တာ။ဆရာ့ အခန်းထဲရောက်တော့ ဆရာက သူ့ဆီမှာ ဒီနှစ်အတွက်

ခေါင်းစဉ်လေးခုရှိကြောင်း တစ်ခုရွေးဖို့ပြောလို့ တစ်ခုရွေးလိုက်ပါတယ်။simulation လုပ်ရတဲ့ projectကို

ရွေးမိပါတယ်။Matlab programme ကို သုံးရမယ်ဆိုတော့ Matlab ကို မြန်မာပြည်မှာ မသင်ဖူးကြောင်း၊

EC မှာC ပဲသင်ဖူးကြောင်း ဆရာ့ကိုပြောပြတော့ ၊ဆရာက ဘယ်လို သုံးရတယ်ဆိုတာ နမူနာပြောပြပါတယ်။

အဲဒိ့အထိ ok ပါပဲ။ပြန်ခါနီးကျတော့ ဆရာက program ဖိုင်တစ်ချို့ ပေးလိုက်မလို့ တို့ကို Thumb Driveရှိလား

မေးပါတယ်။တို့ လုံးဝနားမလည်ဘူး။တို့ အူကြောင်ကြောင်ဖြစ်နေတော့ဆရာက စာရွက်ပေါ်မှာ
Thumb Drive

လို့ရေးပြီး တို့ကိုပြတယ်။တို့ကမရှိဘူးလို့သာပြောလိုက်ရတာ
Thumb Driveဆိုတာ ဘာလဲဆိုတာ အဆောင်

ပြန်ရောက်မှ သူငယ်ချင်းတွေ ကိုမေးရတယ်။သူတို့က
Thumb Driveဆိုတာ memory stick ကိုပြောတာ

ဆိုမှ၊
memory stickကိုတော့ တို့လဲသိတာပေါ့။နောက်နေ့ကျတော့256 memory stickလေးတစ်ခုပြေး

ဝယ်လိုက်တာ ၂၄ ဒေါ်လာပေးရပါတယ်။အခုဆိုရင် 4G မှ ၂0 ကျပ်လောက်ပဲရှိတယ်။








Dissertationလုပ်တာ ပရက်ရှာကွေကာထဲ ၀င်ထိုင်နေရသလိုပဲ အရမ်းဖိအားများပါတယ်။ဆရာက lab ခန်းမှာ

ကွန်ပြူတာတစ်လုံး တို့အတွက်ပေးပြီး၊lab ခန်းက၀န်ထမ်းတွေ နဲ့ မိတ်ဆက်ပေးပါတယ်။တို့ သူငယ်ချင်းတစ်

ယောက်လည်း တို့ဆရာနဲ့ပဲ
Dissertationလုပ်တော့၊သူက lab ခန်းဝင်ဝင်ချင်း ကွန်ပြူတာမှာ၊တို့က သူနဲ့

၅တန်းအကွါလောက်မှာ။ဒါပေမယ့် ရှေ့မှာ အကာတွေရှိနေတော့ သူ့နေရာကကြည့်ရင် တို့ကိုမမြင်ရဘူး။

ဆရာက စာသင်ချိန်ကလွဲရင် ကျန်တဲ့အချိန် labခန်းမှာပဲ ရှိစေချင်တယ်။သူအားရင် တို့ရဲ့ ပရောဂျက်အခြေ

အနေလာလာကြည့်တယ်။သူ ၄ခါလောက်လာမှ ၊တို့ကို တစ်ခါလောက်ပဲတွေ့ရတယ်။တို့သူငယ်ချင်းကပြော

တယ် ဆရာက အမြဲတမ်းသူ့ ကိုကြည့်ပြီးရင် တို့ ခုံနေရာကိုသွားကြည့်ကြောင်း ပြီးမှ ပြန်ကြောင်း။တစ်ခါတစ်လေ

တို့ဆီ သက်သက်ပဲလာကြည့် တယ်။မတွေ့ရင် အီးမေးပို့တယ်။တို့လေ lab ခန်းသွားရမှာပျင်းလို့ ၊ကိုယ့်ကွန်ပြူ

တာလေးနဲ့ အဆောင်မှာ ပရောဂျက်လုပ်နေတာ။


နောက်ဆုံးတော့ lab ခန်းကိုမသွားချင်၊သွားချင်နဲ့ သွားရပါတယ်။dead line ကနီးနေပြီကိုး။ကိုယ်lab ခန်း

ရောက်လို့ ဆရာ့ ကို သူ့အခန်းရှိရာ b2 ကိုသွားပြီးပရောဂျက်အကြောင်းဆွေးနွေးပြီးလို့ ဆရာက b4 က

lab ခန်းကို သူပါလိုက်ရင် ဘယ်တော့မှ lift နဲ့ သွားလေ.မရှိပါဘူး။lift စောင့်ရတာ အချိန်ကုန်တယ်ဆိုပြီး

လှေကားကနေပဲသွားတယ်။နောက်ဆုံးတော့ ကိုယ်က ပေါက်ကရတွေ ရေးလိုက်၊ဆရာက ပြန်ပြင်ပေးလိုက်

နဲ့ program ကအိုကေသွားပါတယ်။


program ပြီးလို့ စာစရေးတာမှာဒုက္ခ လှလှတွေ့တော့တာပဲ။ဆရာက စာကို မြန်မာမြည်မှာ စာစီစာကုံးရေး

သလို စကားလုံးလှလှလေးတွေသုံးစေချင်တယ်။တို့ကလည်း e ကခပ်ကောင်းကောင်းဆိုတော့ စာမျက်နှာ

တစ်ခုမှာ စာလုံးတစ်လုံးကို ၄၊၅ ခါလောက်သုံးတယ်။ခဏခဏ အဆူခံရတယ်။ဆူလိုက်၊ပြင်လိုက် နဲ့ပဲပြီး

သွားပြီး programmed director ဆီ examiner ၂ယောက်အတွက် hard copy ၂ အုပ်တင်အပြီး၊၂လအကြာ

မှာ major လဲမထိ၊minor လဲမထိပဲ ကံကောင်းစွာနဲ့ pass ဖြစ်သွားတယ်။နောက် speechတို့ audio တို့စိတ်

ဝင်စားပြီး၊ပရောဂျက်လုပ်မယ့်သူများရှိရင် တို့ ဆရာကသဘောကောင်းတယ်လို့ လက်တို့လိုက်ပါရစေ။



Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။