Thursday, December 24, 2009

Happy Birthday



image link

ဟိုအရင် အလုပ်လုပ်တုန်းက Hardware Dep က စီနီယာ အမတစ်ယောက်က သူ့မွေးနေ့ နေ့တိုင်း

သက်သက်လွတ် အပတ်တိုင်းစားတယ်။တစ်ရက်တော့ အခြား Dep က စလုံးတစ်ယောက်က တို့ကို

မေးတယ်။" ---" က အပတ်တိုင်း သူ့မွေးနေ့ ရှိတယ်နော် ထူးဆန်းတယ်တဲ့။ကိုယ်တို့ မြန်မာ လူမျိုးတွေ

မှာ တနလာင်္၊အင်္ဂါ ....စသည်ဖြင့် ကိုယ်မွေးတဲ့ ရက်အပြင် နေ့ကိုလည်း အထူးတလည် မှတ်ပေမယ့်။

သူတို့ မှာတော့ မွေးတဲ့ ခုနှစ် ရယ်၊လရယ်၊ရက် ရယ်ပဲ မှတ်လေ့၇ှိတယ်။monday မှာမွေးတယ်၊ tueday

မှာမွေးတယ်လို့ မရှိဘူး။တို့မှာတော့ သားလေးမွေးတော့ တနင်္ဂနွေ သားဖြစ်လို့ "အ၊ဥ၊...."နဲ့ စအောင်

EDWIN/အေးမင်းထွန်းလို့ ပေးရတယ်။နာမည် မှည့်ရတာဘောင်ကျဉ်းတာပေါ့လေ။


သူတို့လို နေ့တွေ မမှတ်တော့လည်း တစ်ခုအကောင်းသား။ကိုယ့်လို အငြင်းပွားဖွယ်ရာကိစ္စ နဲ့ ကြုံရမှာ

မဟုတ်။ပြည် အဆောင်မှာနေတုန်းကပေါ့ ။တစ်ရက် ကိုယ်က မနက်ဖြန် သူ့မွေးနေ့ ရှိတယ်လို့ ပြောမိတော့

အနားမှာ ရှိနေတဲ့ ရခိုင်က သူငယ်ချင်းက "ဟယ် မနက်ဖြန် တို့မွေးနေ့၊မွေးနေ့ ချင်းတူနေပြီ' လို့ ပြောတော့

သူငယ်ချင်းရဲ့ မွေးနေ့ နှစ်၊လ၊ရက် က သူ့ရဲ့ နှစ်၊လ၊ရက် နဲ့ အတူတူ ပဲ။အဲ ထူးဆန်းတာကတော့ နေ့မတူတာပဲ။

သူငယ်ချင်း က စနေသမီး ဖြစ်ပြီး၊ သူ က ကြာသပတေးသားဖြစ်နေလို့ပဲ။တို့လည်း ဟယ် သူက ကြာသပတေး

သားအစစ် နာမည်တောင် "မင်း...."နဲ့ စပြီးမှည့်ထားတာဆိုပြီး ဘူးခံငြင်းတာပေါ့။သူငယ်ချင်းကလည်းခေသူ

မဟုတ်။သူမကလည်းအမြဲ ဗေဒင်မေးနေကြ သူ့မှာနှစ်တစ်ရာ ပြက္ခဒိန် ရှိတယ်ဆိုပြီး သူ့ အခန်းပြေးယူပြီးတော့

စနေ ဖြစ်ကြောင်း သက်သေပြတယ်။ဒါပေမယ့် ကိုယ်က ပြက္ခဒိန် မှားနိုင်တယ်ဆိုပြီး စောဒက တတ်တော့

အဆောင် အတူနေ နှစ်တူ၊လတူ၊ ရက်မတူ တဲ့ သူငယ်ချင်းကိုခေါ်ပြီး သူ့နေ့ကနေ စပြီးတော့ တွက်တော့

လည်း စနေပဲ။ကိုယ့်မှာ ၂မဲ၊၁မဲ မလို့ အားမတန်လို့ မာန်လျှော့ခဲ့ ရတယ်။

ဒါနဲ့ သားလေးမွေး တော့ သူ့မားမားလာတော့ 'မားမားသားက ဒီဇင်ဘာ ၂၄ မွေးတာ သေချာလား"မေးတော့

ဟုတ်တယ် ၂၄ ရက်မွေးတာတဲ့။ဒါဆို စနေသားဖြစ်ရမှာပေါ့ဆိုတော့ "မဟုတ်ပါဘူး၊ကြာသပတေးသားအစစ်

ပါတဲ့။":(:(


ကဲပါလေ အခုတော့လည်း ဒီကလူတွေလို နှစ်၊လ၊ရက် ပဲ ယူပြီးနေ့ ကိုမေ့လိုက်ကြတာပေါ့။အရင်နှစ်တွေတုန်း

ကတော့ အတူတူ ဆင်နွဲ နိုင်ပေမယ့်၊အခု သူခရီးသွားနေလို့ ဘလော့ပေါ်မှာပဲဆင်နွဲတော့မယ်။


"HAPPY BIRTHDAY TO MY HUSBAND"


ခရစ္စမတ် Eve မှာ မွေးနေ့နဲ့ အတူတူ ပျော်ရွှင်နိုင်ပါစေ။

မှ/

EDWIN & ME

Saturday, November 14, 2009

ရင်တုန်ပန်းတုန်ဖြစ်ခဲ့တဲ့နေ့

အဖေလုပ်သူက အပြင်ထွက်ဖို့ အ၀တ်အစားလဲ တာတွေ့တာနဲ့ edwin တစ်ယောက် ယောက်ယှက်ခပ်နေပြီ။

သူ့ဖိနပ်ကို ဖိနပ်စင်ပေါ်ကနေ ယူပြီး အိမ်တံခါးပေါက်နား သွားရပ်နေတယ်။ သားရယ် တော်ကြာရင် မားမား နဲ့

အပြင်ထွက်မယ်လေ ပါးပါး ကအလုပ်သွားမှာ မလိုက်နဲ့ နော် ဆိုပြီးခေါ်ထားရင် သူနားလည်တယ်ထင်တယ်

မငိုဘူး။ကြည်ကြည်သာသာနေခဲ့တယ်။သူ့ ပါးပါး သွားတာနဲ့ သားအမိနှစ်ယောက် အောက်ဆင်း ဟိုနား ဒီနား

သွားလေ့ ရှိပါတယ်။ဒီနေ့လည်း(၂၉.၁၀.၀၉) အောက်ဆင်းတော့မယ်ဆိုပြီး တံခါးဖွင်းပြီး အိမ်အပြင်ထွက်

တံခါးကိုသော့ခတ်နေတုန်း ထုံးစံအတိုင်း သားလေးက lift နားကသွားစောင့်နေပါတယ်။


ကိုယ်တို့ အခန်းက ၂လွှာမှာ၇ှိပါတယ်။၂ထပ်ကနေ အောက်ကို လှေခါး နဲ့ဆင်းရင် ရပေမယ့် သားလေးက

lift စီးရတာ သဘောကျလို့ သူနဲ့ဆို lift နဲ့ ပဲဆင်းလေ့ရှိတယ်။lift က ကိုယ်တို့ရဲ့ တစ်ခန်းကျော်မှာ။သော့ခတ်နေ

တဲ့အချိန်က မီးနစ်ဝက်လောက်ပဲ ရှိတယ်။သော့ခတ်ပြီး lift ရှေ့ကို ရောက်သွားတော့ ဟယ် edwin edwin

ဘယ်ရောက်သွားလဲ ။lift ရှေ့မှာ edwin မရှိတော့။ကိုယ် ထူပူသွားတယ်။lift ၂စင်းကို ကြည့်လိုက်တော့

ဘယ်ဖက်က liftက ၂ ကနေ ၁ ကိုဆင်းနေပြီး၊ညာဖက်က lift က ၁၂ ကိုတက်နေပါတယ်။ဘယ်ဖက်က

lift နဲ့ ပဲပါသွားတာဖြစ်မှာလို့ ချက်ချင်းတွေးပြီး လှေခါးကနေ ၀ုန်းဝုန်း နဲ့ ပြေဆင်းပြီး အောက်ရောက်တော့

ကိုယ်တော် က lift ထဲကနေ ခပ်တည်တည်ပဲ ထွက်လာနေတာလှမ်းတွေ့ရတယ်။lift က ချက်ချင်းပဲ

အပေါ် ပြန်တတ်သွားတယ်။ကံသီပေလို့ပေါ့။အပေါ် တတ်တဲ့ lift နဲ့ ပါသွားရင် ဘယ်လိုလုပ်ရမလဲ။

၁၆ ထပ်အထိ အထပ်တိုင်း lift ရောက်တာ။ဘယ်အထပ်မှာရပ်မယ်မှန်းမသိ။အဲဒီ့ ညက တစ်ညလုံး

စဉ်းစားပြီး အိပ်လို့တောင်မရဘူး။သူ lift ရှေ့ကို ရောက်တဲ့ အချိန် lift က တစ်ယောက်ယောက် ခေါ်ထား

လို့ ပွင့်လာတာ နဲ့ ၀င်လိုက်သွားတာလား?ထွက်လာတာ တော့သူတစ်ယောက် ထဲတွေ့တယ်။


အခုဆိုရင် အိမ်သော့ခတ်ရင် သူ့ကို သားလေး မသွားနဲ့ ဦး မားမားကိုစောင့် လို့ပြောရင် နားလည်လို့ပဲလား?

သူ့ဘာ့သာပဲ လန့်သွားလို့လားမသိ ဘေးနားမှာရပ်စောင့်နေတယ်။ဘ၀ မှာ ရင်တုန်၊ပန်းတုန် ဖြစ်ရတဲ့နေ့ပဲ။


သားလေးဘယ်လိုဆော့လဲ?


သူများ ကလေးလေးတွေ တော့မသိဘူး၊သားလေး ကတော့ အရမ်းခိုင်းတာပဲ။မနက်မိုးလင်း နိုးတာ နဲ့ သူ့ကစား

စရာ ဗုံးဆီကိုသွားပြီး ကစားစရာ ပစ္စည်းတွေ ကို ယူလာပြီး အမေလုပ်သူကို ခိုင်းတော့တာပဲ။ကားဆိုလဲ

အမေလုပ် သူကိုမောင်းခိုင်းတယ်။သေနတ် ဆိုလဲ အမေလုပ်တဲ့ သူကို ပစ်ခိုင်းတယ်။ဂစ်တာလဲ အမေလုပ်

သူကို တီးခိုင်းတယ်။သူကဘေးကနေ ထိုင်ကြည့်တယ်။သူမဆော့ တတ်တာမဟုတ်ဘူး အကုန်ဆော့တတ်

တယ်။အဲ ဘောလုံးတော့ သူ့ဘာသာကစားတယ်။ဘောလုံး ကစားနေလို့ နားနေ ရမယ်မထင်နဲ့ ခုံအောက်

ဝင် ၊ဟိုအောက်ဝင်၊ဒီအောက်ဝင် ရင် ဘောကောက်ပေးရတယ်။အခုတော့ ကစားနည်းတစ်မျိုးဆော့ပြန်

တယ် ဘောလုံး ကို မှန်တင်ခုံပေါ် ပစ်တင် တယ်၊ လိမ့်ကျလာရင် သဘောကျလို့။မှန်တင်ခုံပေါ် မှ

ကွန်ပြူတာရှိလို့ အမေက ဆူတော့ သူ့ခေါ်င်းပေါ် ကို ဘောလုံးတင်ပြီး မျက်နှာပေါ်က ပြန်လိမ့်ကျတာ

ကိုသဘော ကျပြီး ကစားတယ်။သူ့ ကိုပဲ ကစားဖော် ကစားဖက်လုပ်ပေးနေ၇လို့ ဘလော့ဖက်တောင်

ခြေဦး မလှည့်နိုင်ဖူး။လာလည်သူအားလုံး ကျေးဇူးပါနော်။

ဒီပုံလေးတွေက ဒီလ ၁ရက်နေ့ ၁၇ လပြည့်တုန်း ကအပြင်ထွက်ရင်း ရိုက်ထားတာ။




lift ထဲကထွက်လာတုန်းက ဒီအောက်ကလို ဒီဇိုင်းမျိုး နဲ့။





Saturday, September 19, 2009

င ငါးသလောက်ပေါင်း

ဒီနေ့ အိမ်နားကယိုးဒယားဈေးကနေ ငါးသလောက်ဝယ်လာတယ်။ငါးသလောက်ကို ရှာလကာရည်၊ကြက်သွန်ဖြူ၊

နီ၊စပါးလင်၊အချိုမှုန့်၊ငါးပြာရည် ထည့်ပြီး ဆီနည်းနည်း ထည့် နယ်တယ်။ပြီးတော့လက်ဆေးရည်လေး ကို ငါးတုံး

တွေ မြုပ်တဲ့အထိ ထည့်ပြီး ပရက်ရှာကွေကာ နဲ့ နာရီဝက်လောက်တည်လိုက်တယ်။အခုပဲ မီးဖိုပေါ် ကချတယ်။

ပူပူလောလော သုံး ဆောင် သွားပါအုံး။


ငါးသလောက်က အမ ဥပါ ပါတယ်။

Friday, September 4, 2009

သားလေး နဲ့ မေမေ










CCK Poly Clinic ကနေအိမ်ကအတူနေတဲ့ အမရယ်၊ကိုယ်ရယ်၊ကိုယ်ကသားကလေးကိုချီပြီး ထွက်လာတယယ်။

ကိုယ်တို့ အိမ်က ဘတ်စ်ကားစီးရင်သိပ်မဝေး ပေမယ့် သားလေးပင်ပန်းမှာစိုးလို့တက္ကစီငှားဖို့ဆုံးဖြတ်လိုက်တယ်။

တက္ကစီ တစ်စီးလာနေတာတွေ့တာနဲ့ အတူပါလာတဲ့ အမက တားလိုက်တယ်။ကားထဲဝင်ထိုင်တယ် ဆိုရင်ပဲ

ဒရိုင်ဘာက အင်ဒိုနီးရှားလား လို့မေးတော့ ဘေးမှာထိုင်နေတဲ့ အမက မြန်မာလို့ ဖြေလိုက်တယ်။အဲဒီ့

အမက စွပ်ကျယ်သား အင်္ကျီ နဲ့ ဘောင်းဘီ ဆင်တူဝမ်းဆက် ၀တ်ထားပြီး ကိုယ်က အပြင်သွားရင် ၀တ်လေ့

ရှိတဲ့ ဂါဝန် နက်ပြာ ကိုဝတ်ထားတယ်။ကားစမောင်းပြီးသိပ်မကြာခင် ကိုယ်က အမကို ကိစ္စ တစ်ခု မြန်မာ

လိုပြောမိတော့ ဒရိုင်ဘာက ကိုယ့်ကိုစောင်းကြည့်ပြီး ဟင် နင်လဲမြန်မာပဲလား နင့်ကို employer မှတ်နေ

တာတဲ့။ကိုယ်လည်းအဖော်လိုက်လာပေးတဲ့ အမကိုအားနာပြီး ငါတို့က friends တွေလို့ပြောလိုက်တော့

နင်တိုမြန်မာတွေက တစ်ခုခုဆိုရင် share ကျတယ်နော်တဲ့။နင်တို့ဒီရောက်နေတာ ဘယ်လောက်ကြာ

ပြီလဲဆိုတော့ အမ က ၂နှစ်လောက်ရှိပြီဆိုတော့ ကိုရွှေ ဒရိုင်ဘာက ဒီcontract ၂နှစ်ပြီးရင် မြန်မာပြည် ပြန်ပေါ့

နောက်မှ အလုပ်အသစ်ထပ်ရှာပေါ့တဲ့
။ကိုယ်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်

ကြည့်ပြီး အင်းသူတော့ ငါတို့၂ယောက် ကို maid ထင်နေပြီ။ပြောရင်းဆိုရင်းပဲ အိမ်နားကိုရောက်လာတော့

ဒရိုင်ဘာက recipe ယူမလားတဲ့ ကိုယ်တို့က ဘာလုပ်ဖို့လဲဆိုတော့ နင် တို့ boss ဆီမှာပြန်claim ရအောင် တဲ့

သူ့ကလေးကို ဆေးခန်းသွားပြတာမလားတဲ့
။ကဲ ကောင်းလေရော။


ပြီးခဲ့အပတ်ကလည်း အိမ်က အဲဒီ အမက ROM ကို ကိစ္စ တစ်ခုနဲ့သွားတော့ ကိုယ်တိုးသားအမိလဲ လမ်းကြုံ

လို့ လိုက်သွားမိတယ်။ကိုယ်က အောက်က ကွာတားဘောင်းဘီ၊အပေါ်ကT ရှပ်နဲ့။ဟိုရောက်တော့ အမက

Q သွားစီနေတုန်း ကိုယ်နဲ့သားလေးကအပြင်မှာထိုင်နေတယ်။သားလေးက လျှောက်ဆော့နေတယ်။

အဲဒီမှာလက်မှတ်လာထိုးတဲ့ အတွဲ က သားလေးကိုသဘောကျပြီး ကိုယ်တို့နားလာပြီးသားလေး

ကို လာမြူတယ်။ပြီးတော့ so cute ဆိုပြီး သားလေးကို ဓာတ်ပုံရိုက်တယ်။ပြီးတော့ ကိုယ့်ကို where is his mom?

တဲ့။This is my son လို့ပြန်ပြောလိုက်တော့ sorry sorry ဆယ်ခါလောက်ပြောသွားတယ်။:(


သားလေးနဲ့ သွားတိုင်းအဲလိုပဲ ကိုယ့်သားဆိုရင် လူတွေက ယုံတမ်းပုံပြင်ကြားရသလိုပဲ။၇ ခါ၊၈ ခါ ထက်မနည်း

ကြုံရတယ်။သူနဲ့ကိုယ်နဲ့ ဥပဓိ ရုပ်တော်တော်ကွာနေလို့လား။ကိုယ်ကပဲ ဖြစ်သလိုဝတ်၊ဖြစ်သလို နေ နေလို့လား။

သားလေး အသားတော်တော်ဖြူတယ် ဖြူစွတ်နေတာ။ကိုယ်ကတော့ သာမန်ဖြူပဲ။အခု ကိုယ် နဲ့ အဲဒီ့ အမ

စဉ်းစားနေတယ် ဘာလုပ်ရရင်ကောင်းမလဲ။spa သွားရရင်ကောင်းမလား။

Saturday, August 29, 2009

အိမ်ထောင်စုစာရင်းသွင်းရာဝယ်

အခုတလော FW မေးတွေထဲမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒီအောက်က သုံးသပ်ချက် စာ၂ စောင်ကိုဖတ်ရတယ်။

စလုံးမပြောင်းခင် ဒီစာကိုဖတ်ပါ။
http://www.scribd.com/doc/18681880/Myanmar-Singaporean11


ဒီအောက်ကမေးကတော့ အပေါ်က စာကို ပြန်သုံးသပ်ထားတာ။

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအတွက်စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက်

http://www.scribd.com/doc/19019567/BursmeseSG


ဒီစာ၂စောင်ကိုမဖတ်ဖြစ်ခင်ကတည်းက သားလေးကိုမမွေးခင်ထိတော့ ဒီမှာ၅နှစ်(သို့) ၁၀ နှစ် နေပြီး

အချိန်တန်ရင်ပြန်ဖို့် ပါ။ဒီမှာနေရတာ သူမျာအိမ်မှာဧည့်သည်လာလုပ်နေသလိုခံစားရတယ်။သားလေးမွေးပြီး

တော့လည်း သားလေး ကို PR အနေနဲ့ပဲ ထားသွားဖို့ ရည်ရွယ်ထားတယ်။သူ့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ်

ချက်ချနိုင်တဲ့ အချိန်ကျရင် စလုံးနိုင်ငံသားပဲ ခံမလား၊ဒါမှမဟုတ် PR ကိုအပြီးတိုင်စွန့်လွှတ်ပြီး အနောက်

နိုင်ငံကို ဆက်သွားမလား ဒါမှမဟုတ် ကိုယ့်နိုင်ငံ ကိုယ်ပြန်နေမလား။လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးဖို့

ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် ကိုယ်တို့ ၂ယောက်ထဲက ၁ယောက်ယောက်ပဲဖြစ်စေ၊အလုပ်အကိုင်(သို့) ကျန်းမာရေး ချွတ်ချော်ခဲ့

ရင် နောက်ခြေတစ်လှမ်းဆုတ် ဖို့ရာအတွက် မြန်မာမှတ်ပုံတင် လုပ်ပေးဖို့လည်း စဉ်းစားထားတယ်။ဒီတစ်

ပါတ်မြန်မာပြည်ပြန်တာ သားလေးကို အိမ်ထောင်စုစာရင်းထည့်ဖို့ ကအဓိကပါ။သူနဲ့ကိုယ်နဲ့ အိမ်ထောင်စု

စာရင်းသပ်သပ်စီ။မခွဲရသေးဘူး။အိမ်ထောင်စုစာရင်းမခွဲ ရသေးရင် ကလေးကို အမေ ရှိတဲ့အိမ်ထောင်စု

စာရင်းထဲပဲ ထည့်လို့ရတယ်။ဒီတော့ ကိုယ်အိမ်ထောင်စုစာရင်းထဲထည့်ဖို့လုပ်ရတာပေါ့။ဒီကမပြန်ခင်

သံရုံးမှာအခွန်သွားဆောင်ရင်းနဲ့ ဒီမှာမွေးတဲ့ ကလေးကို အိမ်ထောင်စုစာရင်းသွင်းရင် ဘာလိုမလဲလို့

တစ်ခါတည်းမေးသွားတယ်။သံရုံးက birth certificate ရယ်၊သံရုံးကထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း

ထောက်ခံစာ(၀ါ) ကလေးပတ်စပိုစ့် ပေးလိုက်ရင်ရပြီတဲ့။မွေးစားရင်းရှိရင် အိမ်ထောင်စုစာရင်းသွင်းလို့

ရပြီတဲ့။သားလေးနာမည်က မွေးစာရင်းမှာ အင်္ဂလိပ်နာမည်ပါ။passport နဲ့ PR မှာ အင်္ဂလိပ်နာမည်

(ခ)မြန်မာနာမည်ပါ။


မြို့ရောက်တော့ ရပ်ကွက်မှာထောက်ခံစာယူပြီး ကိုယ်နဲ့သိတဲ့ စာရေးမကို သွင်းခိုင်းလိုက်ပါတယ်။ဒါပေမယ့်

ကွယ် ဒန်တန် .....တန်.......လ၀က ဦးစီးမှုးက ကလေးက နိုင်ငံခြားမှာမွေးပြီး၊နာမည်ကလည်းအင်္ဂလိပ်နာမည်

ပါလို့ ဒီမြို့မှာ တစ်ခါမှမကြုံဖူး တဲ့ ကေ့စ်ဖြစ်လို့ လူကိုယ်တိုင်လာတွေ့ပါတဲ့။ဘိုးအေဖြစ်သူ(ကိုယ့်အဖေ)က

လည်း "ဧည့်" နော်တဲ့။ကိုယ့်အဖေက ၁၄/မမက(ဧည့်) ကိုင်တာပါ။မြန်မာ PR ပေါ့လေ။ကိုယ့်အမေက

'နိုင'် ပါ။ကိုယ်တို့မောင် နှစ်မ လေးယောက့် ၁၀နှစ် မှတ်ပုံတင် လုပ်တော့ အမေလုပ်သူက 'နိုင် ဆိုတော့

လေးယောက်စလုံး နိုင်ငံသားကတ် ရပါတယ်။

၁၈နှစ်ပြည့် ကတ်ကိုလဲတဲ့အချိန်ကျတော့ ကိုယ်နဲ့ ကိုယ့်အောက်က ညီမ ရယ်ပဲ နိုင် ဆက်ရပြီး။အငယ်၂

ယောက် ဥပဒေ အသစ်အရ ၈၁ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ မှာ နိုင် နဲ့ ဧည့် နဲ့ ဆို ဧည့် ပဲ ရမယ်ဆို

ပြီး အငယ်၂ယောက် က မြန်မာ စီတီစင် မှသည် မြန်မာပီအာရ် အဆင့် ကို လျှောသွားပါတယ်။:(



ကိုယ်အလုပ်လုပ်တုန်း က ကိုယ့် မန်နေဂျာနဲ့ကိုယ့် မိသားစုအကြောင်း ပြောမိတော့။ကိုယ့်အဖေက

မြန်မာပီအာလို့ ပြောမိတော့ ဒါဆို ဘယ်ပတ်စပိုစ့်ကိုင်လဲ လို့ပြန်မေးတော့ ဘာပြန်ဖြေရမှန်းတောင်မသိဘူး။

ကဲကဲ ဒါနဲ့ပဲ လ၀က ရုံးကိုသွားပြီးဦစီးမှုး နဲ့ တွေ့တဲ့အခါ ကလေးက နိုင်ငံခြားမှာမွေးတာရယ်၊အင်္ဂလိပ်နာမည်

ရယ်ပါတာကြောင့် ခရိုင်လ၀က ကို အသိပေးလိုကြောင်း၊ခရိုင်ကခွင့်ပြု ရင် အိမ်ထောင်စုစာရင်းထဲထည့်ပေး

မယ်ဖြစ်ကြောင်း ၄၊၅ ရက်လောက်ကြာမည်ဖြစ်ကြောင်း ပြောပါတယ်။ဒါနဲ့ ကိုယ်လည်း အိမ်ထောင်စုစာရင်း

ကိုထားခဲ့ပြီး သွားသွားမေးထားဖို့ အိမ်ကိုပြောခဲ့တယ်။ခုထိတော့ ၃ ပတ်ရှိပြီ မရသေးဘူး။


စကားမစပ်မြန်မာလေဆိပ်ကသားသားပုံတွေ






















Wednesday, August 26, 2009

အိမ်အပြန်ခရီး၃

မိုးတွေကလည်းရက်ဆက်ရွာလိုက်တာ။မိုးခြိမ်းတာ၊လျှပ်စီးလက်တာလုံးဝမရှိပဲ ရွာမယ်ဆိုဗြဲဗြဲနဲ့ရွာပလိုက်တာ။

အိမ်က သွပ်မိုးပျဉ်ထောင်တစ်ထပ်အိမ်ဖြစ်လေတော့ မိုးရွာရင်မိုးနဲ့သွပ်နဲ့ထိတဲ့အသံ ဗြန်းဗြန်းကြားတယ်ဆိုရင်

သားလေးက အိပ်နေရာကနေချက်ချင်း ထပြီးအမေပေါ်ပြေးတတ်တော့တာပဲ။သူ့မှာညတိုင်းကောင်းကောင်

မအိပ်နိုင်ဘူး။ဒီမှာတော့ တိုက်ခန်းထဲမှာအိမ်တံခါးသော့ခပ်ပြီးနေတော့ တံခါးဖွင့်ပြီး အပြင်ထွက်ရရင်

သူသိပ်ပျော်တာ။ဟိုလည်းရောက်ေ၇ာ် သူ့ပါးပါးအိမ်က ဆိုင်ဖွင့်ထားတော့ တံခါးကအမြဲဖွင့်ထားတာတွေ့ရင်

အပြင်ထွက်မယ် တကဲကဲပဲ။ရေပြောင်း မြေပြောင်းဖြစ်လို့လားမသိ ထမင်းလုံးဝကျွေးလို့မရဘူး။နို့ချည်းပဲ

စို့နေလို့ ၁၂ရက်စာ ဆိုပြီးပိုပိုလိုလို ထည့်လာတဲ့နို့မှုန့် ၂.၃ kg ဟာ ၁၀ရက်အတွင်းမှာပဲစိုးရိမ်စရာအခြေနေ

မှာရောက်လာလို့ ကိုယ့်မှာရင်တမမနဲ့။ကုန်သွားရင် ကိုယ်တို့မြို့မှာဝယ်လို့မရဘူး။ရန်ကုန်မှာဝယ်မှရတာ။

အရင်တုန်းကသားလေးက 1.5 kg ၁ဘူးကို ၁၁ရက်သောက်တာ။ထင်တဲ့အတိုင်းပဲ ရန်ကုန်ကိုပြန်တတ်တဲ့

နေ့မှာပဲ ကုန်သွားတယ်။မြို့မှာထူးခြားတာက နာဂစ်ပြီးတော့ French ကနေ red cross အသင်း

ကြက်ခြေနီ အသင်းရုးံခွဲလာဖွင်ထားတယ်။ပြင်သစ်လူမျိုး ၃ယောက်လောက်နဲ့ရန်ကုန်ရုံးက မြန်မာတွေ

ရုံးလာထိုင်တော့ အိမ်တွေလိုက်ငှားတာ နယ်မြို့လေးတစ်မြို့ရဲ့ အိမ်ငှားခဟာ ၃ သိန်းအထိထောင်ဖြစ်သွားတယ်။

ဒါတောင် ၁လကို သုံးသိန်းဟာ တစ်အိမ်လုံးစာမဟုတ်ဘူး။နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်၁ထပ်စာဖိုးပဲ။

၁ယောက်ကို တစ်အိမ်စီနေကြတယ်ထင်တယ်။တစ်ပတ်လောက်ပဲနေပြီး ပြန်ကြတယ်။


၈ရက်နေ့ညနေသဘောင်္စီးပြီး ရန်ကုန်ကိုပြန်တတ်လာတယ်။ဒီတစ်ခါ အစိုးရသဘောင်္စီးတယ်။တို့ အရပ်မှာတော့

ဧရာဝတီ လို့ခေါ်တယ်။သံုးထပ္သေဘာၤေတြ တရုပ္ကေန သြင္းလာတဲ့သေဘာၤေတြ။အရင်တုန်းကတော့

ဧရာဝတီစီးရရင်ပျော်တယ်။မော်ကျွန်း-ရန်ကုန်လမ်းမှာ ဘိုကလေး၊ မြင်းကကုန်း နဲ့ ကျိုက်လတ် စတဲ့ မြို့

သုံးမြို့ကပ်ပြီး မှ ရန်ကုန်ဝင်တော့ လမ်းမှာတတ်ရောင်းတဲ့ ဈေးသည်တွေဆီကနေ ဒေသထွက်စာတွေ ၀ယ်

စားလို့ရတယ်။ပမ္မ၀တီ ၁ နဲ့ပြန်ခဲ့ တယ်။




သင်္ဘောအခန်းထဲကိုရိုက်ထားတာ။
အသက်ကယ်အင်္ကျီတွေက ဖုန်တွေတတ်ပြီး
ခုံအောက်မှာ။တော်တော်ညစ်ပတ်တယ်။







လမ်းတစ်လျှောက်က မြင်ကွင်းလေးတွေ။






































ဒလဖက္ကို ကူးတဲ့သေဘာၤ။(ကူးတို့)
အရင်တုန်းက သီတာခေါ်မလားပဲ။












ရန်ကုန်မြို့ကို သဘောင်္ပေါ်ကနေ မနက်စောစော
ရိုက်ထားတာ။

Tuesday, August 25, 2009

အိမ်အပြန်ခရီး ၂

ဒီကမပြန်ခင်ကတည်းက သင်္ဘောပေါ်မှာထောင်ဖို့ ခြင်ထောင်မှာထားရတယ်။သဘောင်္ထဲမှာခြင်တွေ

အရမ်းကိုက်တယ်။လူကြီးတွေအတွက်ကအကြောင်းမဟုတ်ပေမယ့် ခလေးအတွက်ကအရေးကြီးလို့။

သားလေးကခြင်ထောင်နဲ့ မအိပ်ဖူးတော့ သူ့မှာ ခြင်ထောင်ထဲမှာနေရတာ ထူးဆန်းနေပုံရတယ်။

မအိပ်ခင် ၀င်လိုက်၊ထွက်လိုက်လုပ်ပြီးဆော့နေတယ်။သဘောင်္မထွက်ခင် ကလေးပါတော့ ဈေးသည်

တွေဟာ အခန်းနားကမခွာဘူး။တော်ကြာ ဟိုဟာယူပါအုံး၊ဒီဟာဝယ်ပါအုံးနဲ့ မ၀ယ်တော့ဘူးဆိုလည်းမခွာဘူး။

ငုံးဥပြုတ်ရောင်းတဲ့သူဆို အခန်းဝမှာမှီပြီး မ၀ယ်မချင်းပြန်မယ့်ပုံ မပေါ်လို့ ၃ထုပ် ၅၀၀နဲ့ ၀ယ်လိုက်ရတယ်။

တော်သေးတယ် သားလေးက ပူဆာတတ်တဲ့အရွယ်မဟုတ်သေးလို့။





ဒါကမထွက်ခင်ဘောတံတားကိုရိုက်ထားတာ။














တစ်ညလုံးမိုးတွေ သဲသဲထဲမှာ သဘောင်္စီးပြီးနောက်နေ့ မနက်၇နာရီလောက် ဒီမြို့လေးကိုရောက်ခဲ့တယ်။




ဒါမြို့အ၀င်လမ်းမကြီး။












သူ့ပါးပါး လာကြိုတယ်။အိမ်ကို ဆိုက္ကားနဲ့ သွားတယ်။မြို့မှာ ဆိုက္ကားက မရှိမဖြစ် ဆက်သွယ်ရေးယာဉ်ပဲ။

ဟိုနား၊ဒီနား ၃၀၀ ကျပ်။အရင်တုန်းက ဒိန်းဒေါင်း ၂စီး၊၃စီးလောက်ပဲ ၇ှိပေမယ့် အခုအရေအတွက်များ

လာတယ်။သူလဲ အခု သေရင်မရှိမဖြစ် ဖြစ်နေလို့။အရင်တုန်းက ရပ်ကွက်၁ခုရဲ့ အစွန်မှတည်ထားတဲ့

သုသာန်ကို မြို့ရဲ့ ဟိုးအပြင်ဖက်ကိုရွှေ့လိုက်တယ်။ဒါ့ကြောင့်သေရင် သေတဲ့လူကလည်း ကျော်သူရဲ့

နာရေးကူညီမှု့အသင်းက ယာဉ်နဲ့၊လိုက်ပို့တဲ့သူတွေကလည်း ဒိန်းဒေါင်း ငှားပြီးလိုက်ပို့ရတယ်။

အိမ်ကိုရောက်တယ်ဆိုရင်ပဲ သားလေးကဂျီကျပါတော့တယ်။ကိုယ်ပေါ်ကကိုချလို့မရတော့ဘူး။

လူစိမ်းတွေများနေလို့။



ဒီအိမ်မှာတည်းတယ်။












ဘာပစ္စည်းတွေရောင်းတာလဲမှန်အောင်မှန်း။

(နိုင်ငံခြားမှာရောင်းရင် စီးပွားမဖြစ်နိုင်ပေမယ့် မြန်မာပြည်မှာစီးပွားဖြစ်စေတဲ့ပစ္စည်း)

Monday, August 17, 2009

အိမ်အပြန်ခရီး

july ၃၀ ရက်နေ့က မြန်မာပြည်ပြန်ဖြစ်တယ်။၁၁ ရက်နေ့ကပြန်ရောက်ပေမယ့် မအားလို့ ဘလော့ပေါ် တောင်မ

တက်ဖြစ်ဘူး။၃၀ရက်နေ့က မနက်လေယျာဉ်နဲ့ သွားတယ်။





လေဆိပ်မှာ















မသွားခင်ဒီကနေသားလေးအတွက်နို့မှုန့်၊diaper၁၂ရက်စာတစ်ခါတည်းထည့်ပေမယ့်ထည့်စရာနေရာမရှိတော့

လို့ diaper ကို ၁ထုပ်ပဲထည့်ပြီး၊လိုတဲ့ ၁ထုပ်ကိုရန်ကုန်ကျမှဝယ်မယ်လို့ စီစဉ်ထားတယ်။ရန်ကုန်ရောက်တော့

ဂမုန်းပွင့်မှာ ပြေးပြီးဝယ်လိုက်တာ လား လားးးးးးးးးးးးးးးးးးးးးဆိုဒ်တူ၊အရေအတွက်တူ၊တံဆိပ်တူ diaper ၁ထုပ်ကို

၂၃၂၀၀ ကျပ်တဲ့။ခေါ်င်းထဲမှာမိုက်ခနဲ့ ဖြစ်သွားတာပဲ။မသွားခင် ဒီမှာဝယ်သွားတာ ၁ထုပ်ကို ၁၅.၈၀(မြန်မာ

ငွေနဲ့ ဆို ၁၂၀၀၀ နီးနီးလောက်)ပဲ၇ှိတာ။ဟိုနဲ့ ဒီနဲ့ ၁ထုပ်ကို မြန်မာငွေ ၁၀၀၀၀ကျော်လောက်ကွာတယ်။

မတတ်နိုင်ဘူး ၀ယ်ရမှာပဲလေဆိုပြီး ခြင်းတောင်းထဲထည့်လိုက်တယ်။ပြီးတော့ ဟိုဘက်အတန်းက

အိမ်နေရင်းဝတ် စပန့် ဂါဝန်တွေ ကြည့်မယ်ဆိုပြီး အကူးမှာ လူတစ်ယောက်က လာပြီး အမ ဒီကောင်တာ

မှာပိုက်ဆံအရင် ရှင်းပါ စာတွေအများကြီးေ၇းထားပါတယ်တဲ့။ကိုယ်မှ သူ့စာမမြင်ပဲ။ကောင်တာမှာငွေသွား

၇ှင်းတော့ ကော်ဖီမစ် ၁ထုပ်ယူသွားနော် ဆိုလို့ယူလာခဲ့တယ်။၂၀၀၀၀ဖိုးဝယ်လို့ လက်ဆောင်ပေးတာဖြစ်

မှာပဲလို့တွေးရင်းနဲ့ပေါ့။နောက်ကောင်တာ တစ်ခုမှာ ငွေရှင်းတော့လည်း ကော်ဖီမစ် ၁ထုပ်ယူသွားနော် ဆို

ပြီးထပ်ပေးပြန်တယ်။စိတ်ထဲမှာသံသယ ဖြစ်လာတယ်။အိမ်ရောက်တော့ အမျိုးတွေကိုမေးကြည့်တော့

၁၀၀ အကြွေမအမ်းနိုင်လို့ ကော်ဖီမစ် အမ်းတာတဲ့။ကိုယ့်မှာ ၁၀၀တန်အကြွေမရှိတာနဲ့ ကော်ဖီမစ်ပဲလှိမ့်

သောက်ရမယ့်အမျိုး။

၁၂နာရီလောက်မှာ အပြင်ထွက်ပြီး EQမှာ ကြေးအိုးဆီချက်စားပြီး ဒိုမီနို သောက်လိုက်တယ်။ကောင်းလိုက်တာ။

ညနေ၃နာရီမှာ မော်ကျွန်းပြန်ဖို့ သဘောင်္ဆိပ်ဆင်းတယ်။မိုးတွေကသဲသဲမဲမဲပဲ။



ဒီလိုသဘောင်္နဲ့ပြန်ခဲ့တယ်။လှိုင်းတွေက ကြီး၊

မိုးတွေကသည်း၊သဘောင်္က တလူးလူး။













နောက်နေ့မနက် ၇နာရီ မော်ကျွန်းရောက်တယ်။


(ဆက်ပါဦးမည်)

Saturday, July 18, 2009

မီးခိုးတိတ်တဲ့နေ့

ဒီလိုနေ့မျိုးကိုစောင့်နေတာကြာပြီ။ဟင်းမချက်ချင်လို့လေ။တူဝမ်းကွဲလေး မွေးနေ့ မှာ ကော်ရည်ကျွေးမယ်၊

လာခဲ့လို့ ဖိတ်တော့ ကိုယ့်မှာမီးဖိုချောင်မ၀င်ရတော့ဘူးလေ။ဒါပေမယ့် ဒီနေ့မှာ အိမ်ကလူ ကအလုပ်ရှိ

တော့ မလိုက်နိုင်ဘူး။အဲဒီတော့ မနေ့ညနေကတည်းက အမျိုးအိမ်ကို ဖုန်းဆက်ပြီး ပြန်ရင် ပါဆယ် ဆွဲမယ်၊

ရမလား မေးရတယ်။ဟိုက ရတယ်ဆိုတော့ ကိုယ့်မှာထည့်ဖို့ ဗူးအသည်းအသန်ရှာရတယ်။ နမို့ဆိုရင် အိမ်မှာ

ဟင်းထပ်ချက်နေရအုံးမယ်။ကော်ရည် တစ်ခါမှမချက်ဖူးဘူး။စားပဲစားတယ်။မချက်တတ်လို့။ဒါနဲ့ သားအမိ

၂ယောက် ချီတတ်သွားပြီး၊ အပြန်မှာ အထုပ်အပိုးတွေ နဲ့ ပြန်ခဲ့တယ်။







အရည်ကို ဒီပလစတစ်ဘူးကြီးနဲ့ ထည့်လာတယ်။















ခေါက်ဆွဲ၊ကန်ဇွန်းရွက်၊ပဲပင်ပေါက်၊ငပိထောင်း၊သံပရာသီး၊ကျောက်ကျော တွေကို ကြွပ်ကြွပ်အိပ်နဲ့ ထည့်လာတယ်။
























ဒါက အိမ်ရောက်တော့ ဗိုက်ဆာလို့ ထပ်တီးတာ။


















သူလေးက မွေးနေ့ရှင်




HAPPY BIRTHDAY "HUDSON LIM"











မွေးနေ့ရှင်နဲ့တူတူ ဓတ်ပုံရိုက်ဖို့ ငြင်းဆန်တဲ့ အိမ်က ပုကျု။















အလှု့ လဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။လာလည်သူများ ကြိုက်ရင် သုံးဆောင်သွားပါနော်။

MA & ME








အခြားလူတွေ အတွက်ဘယ်လိုနေမယ်မသိပေမယ့် ကိုယ့်အတွက်တော့ passport မှာ MA ထည့်မိတာ

တစ်ချို့ ကိစ္စတွေမှာ ကသိကအောက်ဖြစ်ရတာအမှန်။ဖြေရှင်းချက်လည်း ခဏ ခဏ ထုတ်ရပ့ါ။


Passport ရုံးတွင် passport လျှောက်ရာတွင် မ၊ဒေါ်၊မောင်၊ကို၊ဦး မထည့်ရန်ကြော်ငြာ ထားသော်လည်း၊

ကျွန်မ မရှပ်တေး ကမမြင်သောကြောင့် MA KYAWT့ ............ ဖြင်.လျှောက်လိုက်သောကြောင့် ပတ်စပို့ တွင်

MA KYAWT .......နှင့် ထွက်လာလေသည်။ပတ်စပို့ မလျှောက်ခင် ကျောင်းအရင်လျှောက် သောအခါ တွင်

MA မပါဘဲ ကျော့........နှင့် ဖောင်တင်သည်။ကျောင်းဝင် ခွင့်ရသော အခါတွင် ကျော့.....နှင့် ICA Letter

ထွက်တယ်။

စင်ကာပူ ICA က မြန်မာများ တွင် မ၊ဒေါ်၊မောင်၊ကို၊ဦး ထည့်တတ်သည် ကိုသိသောကြောင့် student pass

အတွက် ပြသနာ မရှိပေ။student passကို ICA Letter ထဲကအတိုင်း မ မပါဘဲ ထုတ်ပေးလိုက် သောအခါ

passport ထဲ ကနာမည်နှင့် MA တစ်လုံးကွာနေတယ်။ဘဏ်မှာ အကောင့်ဖွင့်တော့ passport နဲ့ student pass

နာမည်ရှေ့တစ်လုံးကွာနေ တာ ဘာဖြစ်လို့လဲ လို့ အမေးခံရပါတယ်။ ကိုယ်ကတော့MA ဆိုတာ Miss

လိုမျိုးပါ။(ကိုယ် အဲ.ဒီ လိုပဲဖြေတတ်တယ်)


ကျောင်းပြီး ပြီး အလုပ်ရတော့ PR တင်တယ်။PR ဖောင်မှာ ကိုယ်က student pass ထဲကအတိုင်း MA မတပ်

ပဲ ဖြည့် တော့ officer က followed by travel document ဆိုလို့ ကိုယ့်မှာအကုန်ပြန်ပြင်ရသေးတယ်။

PR ကျတော့ MA ပါတယ်။passport နဲ့ တူသွားလို့ စိတ်အေးသွားရတယ်။ဒါပေမယ့် ဘွဲ့လက်မှတ်မှာ MA

မပါပြန်ဘူး။နာမည်မှာ MA ပါတော့ လေယာဉ် လက်မှတ်ဝယ်တာ ကအစ တော်တော် သတိထားရတယ်။

MA မေ့ကျန်ခဲ့မှာစိုးလို့။ဆေးရုံ၊ဆေးခန်းတွေ သွားရင်တော့ သူတို့က Miss Ma လို့ခေါ်တယ်။


MA နဲ့ ပတ်သတ်လို့ NTU မှာကျောင်းတတ်တုန်းက သူငယ်ချင်းတစ်ယောက်ကို အဖြစ်ကို သတိရသေးတယ်။

ကိုယ်တို့ မေဂျာက programmed director က ထိုင်ဝမ် တရုတ် နာမည်က MA KAI KANG. အဲဒီ့ သူငယ်

ချင်းက ISM (စာတမ်းအသေး) တင်ဖို့ supervisor ရွေးတော့ သဘောကောင်းတဲ့ ဆရာတွေ က ကျောင်းသား

တွေပြည့်နေပြီ။ဒါနဲ့ ပဲ ဒီဆရာနဲ့ပဲ စာတမ်းလုပ်တော့မယ်ဆိုတော့ ကိုယ်တို့ မှာစိုးရိမ်မိတယ်။ဆရာက အပေါက်

ဆိုးတယ်၊ပရောဂျက်တွေ ဆိုတော်တော် နဲ့ pass မပေး တတ်ဖူး။ရစ် တယ်ဆိုပြီး နာမည်ထွက်တယ်။

ကျောင်းသားတိုင်းကိုလည်း လက်မခံဘူး။သူငယ်ချင်းက ဆရာဆီ နင်နဲ့ စာတမ်းလုပ်ချင်လို့ပါ လို့ အီးမေးပို့

တော့ ဆရာက လာတွေ့ လို့ပြန်လိုက်တယ်။ကိုယ်တို့မှာ အံ့သြလိုက်တာ။နောက်မှ အကြောင်းစုံသိရတာက

သူငယ်ချင်းနာမည်ကလည်း အရှေ့မှာ MA ပါတယ်။အဲဒီတော့ သူနဲ့ မျိုးရိုး(ရှင့်) ချင်းတူတယ်ဆိုပြီး လက်ခံ

လိုက်တာ။ကံကောင်းချင်တော့ အဲဒီ သူငယ်ချင်းကလည်း တရုတ်လို တတ်တယ်။အဆင်ပြေပြေနဲ့ပြီးသွားတယ်။

ဒီလိုဆိုတော့လည်း MA ပါတာ ခပ်ကောင်းကောင်း။

Monday, June 29, 2009

ဒီရက်အတွင်း

"အချစ်ရေ နေလို့မှ ကောင်းရဲ့လားအချစ်အိပ်လို့ပျော်ပါစေ"ဆိုတဲ့သီချင်းဟာကိုယ့်အတွက်ဖြစ်နေပြီ။ခေါင်းမူးနေ

တာတစ်ပတ်၊၁၀၇က်ရှိနေပြီ။ညဆိုအိပ်လို့သိပ်မပျော်ဘူး။နေ့ခင်းဖက်ဆိုရင်ခေါင်းတွေမူးပြီးခေါင်းမထူနိုင်ဖြစ်နေ

တာ။အိပ်လို့ကလဲမဖြစ် သားလေးကိုကြည့်ရသေးတယ်။သားလေးအိပ်ရင်ပြေးပြီးထမင်းဟင်းချက်၊အ၀တ်လျှော်

သားလေးနို့ဘူးတွေဆေး။ပန်းကန်တွေဆေး။


လူကြီးတွေဖို့မချက်နိုင်သေးရင်တောင် သားလေးဖို့အမြန်ချက်ရတယ်။သားကနေ့ခင်းကို ၁နာရီ ၂ခါ

အများဆုံးပဲအိပ်တယ်။တစ်ခါတစ်လေ ၁နာရီပဲအိပ်တယ်။အအိပ်နည်းတယ်။ညဖက်ကိုယ်အိပ်ပျော်ပြီဆို

သူနိုးပြီ။နို့ထစို့ပြီ။ကိုယ်ကတော်တော်နဲ့ပြန်အိပ်မပျော်။ကိုယ့်အိပ်ချိန်ဟာ ၂၄နာရီမှာ မူးစု၊မတ်စု စုလိုက်ရင်

အများဆုံး ၃-၄ နာရီပဲ၇ှိတယ်။အဲဒါကြောင့်ပဲခေါင်းမူးတာလား မသိ။ခေါင်းမူးနေတော့ ဘာမှမလုပ်ချင်ဘူး။

မလုပ်လို့လဲမ၇ လုပ်ရတယ်။ဘာမှလဲထွေထွေထူးထူးမချက်စားဖြစ်ဘူး။သားလေးအတွက် breakfast ကို

လည်းဝယ်ပဲကျွေးတယ်။အရင်တုန်းက အိမ်မှာတစ်ခုခုလုပ်ကျွေးတာ။ဟိုအရင်ပတ်က KFC မှာ am meal

သွားစားတုန်းက promotion card လေး၂ကတ်ရထားတယ်။၎.၅၀ အထက်စားရင် stamp ၁ခု၇တယ်။

stamp ၃ရရင် ဘာဂါ တစ်ခုရမယ်။stamp 6ခုရရင် am meal 1 set ရမယ်ဆိုလို့ သားအမိ၂ယောက်

KFC မှာ မနက်စာ ကို အားပေးနေရပါကောလား။ချော်လဲ ရောထိုင်ပေါ့။:)



အခုဒီကတ်မှာ၎ခုရနေပြီ။
နောက် stamp ၂ခုရပြီးရင် am meal 1 set ရမယ်။
ဘာဂါမကြိုက်လို့ am meal 1 setပဲစောင့်စားမယ်။
















ဒီမှာနောက်တစ်ကတ်ကျန်သေးတယ်။ကူပြီးအားပေးကြပါအုံးလားဟင်။



5 stamps တောင်လိုသေးတယ်။31,aug နောက်ဆုံး။း(

















ဒါက KFC မှာ breakfast စားပြီးပြန်လာတဲ့ သားသား စတိုင်။



မြင်ရလားဟင်။
စွပ်ကျယ်မှာအကွက်၂ကွက်စွန်းလာတယ်။
သူ ဘာအအေးသောက်ခဲ့တယ်ထင်လဲ ဟင်?????











ဒါက စနေနေ့ကခေါင်းမူးမူးနဲ့ ချက်စားတဲ့ဟင်း။

ဒီငါးသေးသေးလေးတွေကို














ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ငရုတ်သီးနဲ့ ဒီလို အိုးကပ်ကြော်တယ်။
















ပြီးတော့ မုန်လာဥ ချဉ်ရေ။

















ဒညင်းဝက်က စီးတီင်္းဟောကနေ ၁လုံးငါးမူး နဲ့ ၀ယ်ကြော်ထားတာ။














ပြီးတော့ ငါးပိချက်။

Tuesday, June 16, 2009

photos-06-06-09




သားအမိ၂ယောက် အိမ်နောက်ဖက်ကပန်းခြံထဲဆင်းပြီးဆော့ရင်းနဲ့ဓာတ်ပုံရိုက်ဖြစ်တယ်။
ဒီပေါ်မှာထိုင်ဆိုပြီး ကစားကွင်းထဲတင်ပေးလိုက်တာ အမေလုပ်သူကိုမကျေနပ်ဘူး။အောက်မှာမဆော့ရလို့လေ။
ဒီပုံလေ။














အောက်ကိုလဲချပေးလိုက်ကော စဆော့ဖို့တာစူနေပြီ။



















အပေါ်နေရာကနေ ဒီနေရာကိုရောက်အောင်သွားတယ်။



















ပြီးတော့ဘေးကမြောင်းဘောင်ကသွားဖို့စိတ်ဝင်စားနေတယ်။



















မြောင်းဘောင်ကိုကျော်မလို့ဆဲဆဲ အမေက ဟန့်လို့လှမ်းကြည့်တယ်။




















မကျော်ရတော့ ဒီမှာပဲဆော့တော့မယ်လေ။



















မားမားကဦးထုပ်ဆောင်းပေးတယ်။
သားကဦးထုပ်လုံးဝမကြိုက်။ဝေးဝေးကိုပြေးမယ်။
မားမားပါလား ပြန်ကြည့်ဦးမှပဲ။
















ပါလာတယ်ဟ ပြေးမှ။



















ဒီဦးထုပ်ရှုပ်တယ်ကွာ။မဆောင်းချင်ပါဘူးဆို။



















မားမားအနားမလာခင်ချွတ်မှပဲ။



















ကဲသွားလေရော့ဟယ်။




















အခုမှပဲစိတ်လွတ်ကိုယ်လွတ်ဆော့ရတော့တယ်။


















သားသားက ဦထုပ်ဆောင်းပေးရင်လုံးဝမကြိုက်၊မားမားကဦးထုပ်နဲ့ဓာတ်ပုံရိုက်ချင်လို့ သူများဆီက

ဦးထုပ်တောင်ငှားပြီး ဒီပုံလေးတောင်ရိုက်သေး။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။