Friday, November 11, 2011

ဟိုဟို ဒီဒီ အကြောင်းလေးတွေ

ဘလော့လေးကို ပစ်ထားတာ ကြာပြီ။မအားလို့။မအားဆိုအလုပ်တွေ က များတယ်။သမီးလေး pass

သက်တမ်းတိုး၊PR လျောက်၊သားလေးပတ်စပိုစ့် သက်တမ်းတိုး ၊အိမ်ကလူက အခွန်ဆောင်။ခလေးတွေက ခဏ၊ခဏ ဖျား။

အခုတလော စိတ်မကျေနပ်စရာ တွေ ရော စိတ်ကျေနပ်စရာ လေးတွေ ကြုံနေတယ်။

မကျေနပ်စရာအရင်ရေး မယ်။

ဟိုတစ်လောက NTUC မှာ ဈေးသွားဝယ်တော့ အဝင်ဝ နားမှာ ကောင်မလေးတစ်ယောက် က ကိုယ့်ကို ပြုံးပြ

တယ်။ကိုယ်လဲ ပြန်ပြုံး ပြလိုက်တယ်။စိတ်ထဲ မှာ တော့ အော် မြန်မာထင်တယ်ပေါ့။ကိုယ်လဲ ဆွဲခြင်းထဲ ကို

ဝယ်မဲ့ ဟာတွေ ထည့်ပြီး ကလေးနို့ မှုန့် တန်းဖက်အသွားမှာ စောစော က ရယ်ပြတဲ့ ကောင်မလေး က ကိုယ့်

ဆီ လာပြီး "နင်က မြန်မာလား" တဲ့ ကိုယ်လဲ အေး လို့ ဖြေလိုက်တော့။'ငါ ကဒ်ဖုန်း ဝယ်ချင်တာ

အိမ်ရှင်ကို ပြောတာ နားမလည်လို့ ဘယ်လို ပြော ရ မလဲ" လို့ မေးတယ်။ ကိုယ်လဲ prepaid Sim

ကဒ်လို့ ပြောလိုက်။ဒီ MRT အဆင်းနားက ဖုန်းဆိုင်တွေမှာ ရတယ်။တစ်ကဒ် ကို ဘယ်လောက်

ရှိတယ်ပေါ့။သူကမီးနစ်ဘယ်လောက် ရ လဲ မေးတော့ ကိုယ်လဲ ငါ သေချာမသိဘူး မသုံးတာ ကြာပြီ လို့ ဖြေလိုက်

တယ်။
သူ ကနင် ဘာဖုံးကိုင် လဲ လို့ ကိုယ့် ကို ထပ်မေးတယ်။ ကိုယ်လဲ ငါ လိုင်းဖုံးကိုင်တာ လို့ ပြောလိုက်တယ်။

ကိုယ်လဲ ဝယ်စရာ တွေ ဆက်ဝယ်နေ တုန်း သူ တစ်ခေါက်ပြန်လာပြီး ကိုယ့် ကို နင် အဆင်ပြေလားတဲ့။ကိုယ်လဲ

ရုတ် တရက် ကြောင်သွားပြီး အေး ပြေ ပါတယ်၊ဘာဖြစ်လို့ လဲမေးတော့ ။နင် ဒီအိမ်မှာ လုပ်တာ ကြာပြီလားတဲ့။

ဟားးး သူက ကိုယ့်ကို အိမ်ဖော်ထင်လို့ မေးနေတာကိုး။ကိုယ်ကလဲ အိမ်နေ ဝတ် နဲ့ သွားတာကိုး။



အဲဒီနေ့ က တော် တော် တင်းသွားတာနဲ့ ဘယ်ရမလဲ မျက်နှာ လိမ်းတဲ့ လိုးရှင်း၊ မျက်နှာချေ၊ အဲလိစဘတ် အာဒင်

တို့
ဘိုင်အိုအက်စန့်တို့ ဝယ်လိမ်းပလိုက်တယ်။ဆံပင်ကို လဲ သရီးစတပ် ညှပ်လိုက်တယ်။



မနေကတော့ အိမ်အောက်နားက ကစားကွင်းကိုသွားတယ်။သားနဲ့သမီး ကစားနေတုန်း အိမ်ဖော်တစ်ယောက်

တရုတ်မ ကလေး တစ်ယောက် နဲ့ လာဆော့တယ်။ကိုယ် သူ့ ကိုကစားကွင်းမှာ တွေ့ဖူးပေမယ့် မြန်မာလို့ မထင်

ဘူး ။ကစားနေရင်း ကိုယ် ကသားလေးကို မြန်မာ လို လှမ်းပြော တာကို သူကကြားတော့ ကိုယ့်ကို လာပြီး ဟဲ့

နင်က မြန်မာလားတဲ့။အေး ဟုတ်တယ် လို့ ဖြေလိုက်တော့ ။ဘယ်ကလာလဲ တဲ့။ကိုယ်က မော်ကျွန်း ကဆိုတော့

ငါ ကကျောင်းကုန်းကတဲ့ ။နင် ဒီမှာ ဘယ်လောက်ကြာပြီလဲ ကိုယ့်ကိုမေးတော့ ကိုယ်က ရ-နှစ် ပြည့်တော့မယ်

လို့ ဖြေတော့ သူ က အမလေး နင် နေနိုင်လိုက်တာ ငါ့မှာ ၂ လပဲရှိသေးတာ မျက် ရည်နဲ့ မျက်ခွက်တဲ့။

နင် ဒီတစ်အိမ် ပဲလား အိမ်မပြောင်းဘူးလားမေးတော့ ကိုယ်လဲ ခလေး ၂ ယောက် ကို လက် ညိုးထိုးပြပြီး

အဲဒါ ငါ့ ကလေးတွေ ဆိုတော့ ....အော် ဆောရီးးး ဆောရီး တဲ့။ကိုယ်လဲ ကိစ္စ ပြီးပြီမှတ်နေတာ

ထပ်လာမေးသေးတယ် နင့်အမျိုးသား က Singaporean လားတဲ့။ကိုယ် အဲနေ့က 10 နဲ့ discount ချတဲ့ လို့

ဝယ်ထားတဲ့ အင်္ကျီဝတ် သွားတာ။ကိုယ့် ဥပဓိ ရုပ်က တော် တော် ဆိုးနေပြီ ထင်တယ်နော်။ကိုယ်တို့နေတဲ့

နေရာနားမှာ မြန်မာ အိမ်ဖော်တွေ တော်တော်များတယ်။ကစားကွင်းမှာဆို သူတို့တွေ အချင်းချင်း ချိန်းပြီး

gathering လုပ်တာတောင် တွေးဖူးတယ်။

အပေါ်က 10 နဲ့ discount ချလို့ ဝယ်ထားတဲ့ အင်္ကျီကလဲ ရာဇဝင်နဲ့။ဟိုတလောက အဲဒီ့ အင်္ကျီ ဝတ်ပြီး ဈေးသွား

ဝယ်တော့ တရုတ်မ တစ်ယောက် လိုက်လာပြီးမေးတယ်။အဲဒီ့ အင်္ကျီ ဘယ်လောပ်ပေး ရလဲ၊ singapore မှာ

ဝယ်တာလားတဲ့ ။ကိုယ် က singapore မှာ ဝယ်တာ 10 နဲ့ discount ချလို့ ဆိုတော့။ ငါ့ မှာ နင့်အင်္ကျီ အဆင်တူ၊

အရောင်တူ ၊ဒီဇိုင်းတူ ရှိတယ် ထိုင်ဝမ်က ဝယ်လာတာ ၃ ဒေါ်လာပဲ ပေးရတယ်တဲ့။လွန်ခဲ့တဲ့ ၃ နှစ်ကဝယ်တာ၊

နင့်ဟာ ဈေးကြီးလိုက်တာတဲ့။


ဟားးးးးးးးးးးးးကိုယ် အဲဒီ့ တရုတ်မ ကို တော်တော် အံ့သြတယ်။




နောက်မကျေနပ်စရာ က သမီးလေးကို PR သွားတင်တာ processing time က 4 to 6 months ပါတဲ့။:(

နောက်မကျေနပ်စရာ ၊မကျေနပ်ဆုံး ကတော့ ဟိုတစ် ယောက် ပေါ့။ကိုယ့်မွေးနေ့ ကို မေ့နေတယ်။ငါ့ ကိုဒီနေ့

မုန့်မကျွေးပါလားပြောမှ သတိ၇တယ်။

စိတ်တို လို့ အဲဒိနေ့က ဘလန်ဒါ၊အသားကင်တဲ့ oven ၇ယ်၊DVD player ရယ် သွားဝယ်ပလိုက်တယ်။


စိတ်ကျေနပ်စရာ လေးတွေ


သားလေး Passport သွားလုပ် တော့ မြန်မာသံရုံးဟာ တော်တော်ပြောင်းလဲသွားတယ်။လူကိုယ်တိုင်လာတဲ့

လူတွေ ကို ဦးစားပေးတယ်။အားလုံး computerize .တုံကင်ကလဲ ဘားကုတ်နဲ့ ။အခွန်ပြေစာမှာလဲ ဘားကုတ်နဲ့။

sep ကနေ feb ထိက ၂ %နဲ့။အင်္ဂါနေ့ဆိုရင် အေးဂျင့်တွေကို လုံးဝလက်ခံပဲ ကိုယ်တိုင်လာတဲ့ လူတွေကိုပဲ လုပ်

ပေးတယ် ပြောတယ်။march လတုန်းက ကိုယ့် Passport သက်တမ်းတိုးတုန်က ရောက်ခဲ့ တာနဲ့ တော်တော်

ကွာတယ်။

နောက်တခုက သားလေးအကြောင်း

သားလေး တို့ ကျောင်းက graduation party လုပ်တာ သွားတော့ သားလေး တို့ အဖွဲ့က head shoulder knee

and toes နဲ့ကရ တယ်။သားလေးဟာ ငယ်ငယ်ကတည်းက တစ်ခါမှ ကတာ မတွေ့ဖူးဘူး။သူကမယ်ဆိုတာ

ကိုယ်လဲ ကြိုမသိတော့။သူ ကတာတွေ့တော့ တော်တော် အံ့ သြ သွားတယ်။ဒီအောက် ပုံကို ဆွဲပြီး ကိုယ့်ဆီ

ပြုံးစိစိ နဲ့ လာတယ်။ပြီးတော့ this is mar mar တဲ့။ဆံပင်လဲပါဘူး။




ဒီပုံက ကျောင်းမှာ ကပ်ထားတာတွေ့ လို့ရိုက်လာတာ။သူ့လောင်စူးနဲ့။




Bonus;

My princess



အော် ပိုစ့်တင်တဲ့ နေ့ 111111 တစ်လေးလုံးဖြစ်နေပါလား။

Monday, August 8, 2011

သားလေးအကြောင်းတစ်စေ့တစ်စောင်း



သားလေး အကြောင်းမရေးဖြစ်တာကြာပြီ။ဒီနေ့တော့ သူ့ အကြောင်းရေးဖို့ စိတ်ကူးရလာတယ်။

သားလေးက ၂နှစ်ခွဲလောက်မှစ စကားပြောတယ်။စကားစပြောတာ နဲ့ စာစဖတ်တော့တာပဲ။စာဖတ်ဝါသနာ

ပါတယ်။၂နှစ် ၉လလောက်မှာ A to Z,1 to 20 နဲ့ အရာတော်တော်များများကို စာလုံးပေါင်းဖတ်တတ်နေပြီ။

ဒါပေမယ့် စကားကို အရှည်ကြီးမပြောဘူး။ပြတ်တောင်းပြတ်တောင်းပဲပြောတယ်။၂နှစ်နဲ့၁၀ လမှာ playgroup

ထားလိုက်တယ်။တစ်နေ့ကို ၂ နာရီ။အခု ၃ နှစ်၂လ ဆိုတော့ ကျောင်းတတ်တာ ၄လ ရှိပြီ။Elglish စကားလဲ

နဲနဲလိုက်ပြောလာပြီ ။မနေ့က ကျောက်သင်ပုန်းမှာ ဂျယ်လီပုံဆွဲပြီး 'မားမား this is 'J-E-L-L-Y' တဲ့။

ဆက်ပြီး 'I like that'တဲ့။ဒီနေ့ အမေလုပ်တဲ့ သူက သီချင်းညည်းတော့ မားမား သီချင်းဆိုပြီတဲ့။

နေ့ခင်းက ပြီးခဲ့တဲ့ အပတ်က သူတို့ကျောင်းက birds park ကို လေံလာရေးသွားတုန်း ပုံတွေ ကိုကြည့်နေတုန်း

သူက This is ဖလက်မင်ဂို တဲ့။ကိုယ်လဲ ကြောင်သွားတယ် သူ ဘာပြောတာလဲပေါ့။ဖလက်မင်ဂို ကဘာလဲ

ဆိုတာ ကိုယ်မသိဘူး။ဘာလဲသား ရဲ့ ဖလက်မင်ဂို ဆို တာလို့ မေးတော့။ဘေးနားမှာ အတူထိုင်နေ တဲ့ တစ်အိမ်

ထဲနေတဲ့ အမက 'သားလေး ပြောတာမှန်တယ်။သူပြောတာ ကြိုးကြာ(flamingos) ကိုပြောတာတဲ့'။အော

သူက ကြိုးကြာငှက်ပုံတွေ့လိုက်တာကိုး။အောက်ကပုံလေ။ကျောင်းက သူ့ရဲ့ best friend ကိုင်ရာ ရယ်၊ကိုင်ရာ့

အမေ ရယ်နဲ့ ရိုက်ထားတာ။ကျောင်းမှာ ကြိုးကြာ အကြောင်းသင်ပုံရတယ်။




အဲဒီ့ပုံထဲက Kyra ဆိုတဲ့ ကောင်မလေးက သားကိုတော်တော်ခင်တယ်။၂နှစ်ကျော်ပဲရှိသေးတယ်။

ကျောင်းမှာ Edwin ကို အခြားကလေးတွေ က အနိုင်ကျင့်ရင် သူက ရှေ့က ဝင်ကာတယ်ဆိုပဲ။

သူတို့ တီချယ်ပြောတာ။ကိုင်ရာ့ အမေကလဲ အိမ်မှာဆို ကိုင်ရာက Edwin နာမည်ပဲပြောပြောနေတယ်တဲ့။
အော် သားရှင်............သား၇ှင်။

Birds Park Trip မှာလဲ သားလေးလက်ကိုကိုင်ထားတာ တစ်ချိန်လုံးမလွှတ်ဖူး။အောက်ကပုံမှာကြည့်





Edwin က လက်ကို လွှတ်ဖို့ရုန်းတာ လုံးဝမလွှတ်ရေးချမလွှတ်။




သားလေးဟာ ဆော့ဖို့ထက် စာဖတ်၊စာရေးကို ပိုအားသန်တယ်။သူနဲ့အတူသာစာလိုက်ဖတ်ပေး သူ့မှာ၇ှိတဲ့

စာအုပ် ၁၄အုပ် ၁၅အုပ်ကို တစ်ထိုင်တည်း ဖတ်နိုင်တယ်။ကိုယ်က သား ငယ်ငယ်လေးရှိသေးတာ ဆော့ပါစေ

တော့ဆိုပြီး ကစားစရာတွေဝယ်ပေးထားလဲ မရပါဘူး၊အခုတစ်လောတော့ တစ်ချိန်ကုန်ပုံဆွဲနေတာပဲ။

ပုံတွေအကုန် မျက်လုံးနဲ့ပါးစပ်ထည့်တယ်။အောက်ကပုံကို This is mushroom တဲ့။




ဒီပုံကိုတော့ This is sun တဲ့။




ဒီပြင့်ပုံတွေကိုတော့ ရိုက်မထားလိုက်မိဘူး။ဟိုတစ်နေ့ ကလဲ မျဉ်းကြောင်း ၂ကြောင်း ကန့်လန့်ဖြတ်ဆွဲပြီး။

မားမား အော့ ......အော့..တဲ့။ကိုယ်လဲရုတ်တရက် ဘာလဲသား ဘာလဲ။ဘာအော့ လဲ မားမား နားမလည်ဘူး

ပြောတော့ အမေကိုနားလည်အောင်ပြောရှာတယ်။ ယိ...အော့.....ယိအော့ တဲ့။အဲဒီတော့မှ အော် Chinese လို

၂ ကို အော့ လိုခေါ်တာသွားသတိရပြီး သူ က Chinese လို ၂ ရေးတာကိုး။

ဒီနေ့ လဲ သူ ပုံတွေဆွဲလိုက် လာပြလိုက်လုပ်နေ တော့ ဗလာစာအုပ်နဲ့ခဲတံနဲ့ ပေးပြီး A

ဘယ်လိုရေးရတယ်ဆိုတာပြလိုက်ပြီး သားလေးရေးတော့ဆိုပြီး ပစ်ထားလိုက်တာ ၁၅ မီးနှစ်လောက်

ကြာတော့ သူ့ဆီက Edwin good job...Edwin ..A ..ရေးပြီ ဆိုပြီးလာပြတော့ အောက်မှာရိုက်ထားတဲ့

အတိုင်းရေးထားတာတွေ့ရတယ်။ပထမဆုံးရေးတာဆိုတော့ ဒီလောက်လဲဘယ်ဆိုးမလဲနော။




သားလေးက သူ့ကိုယ်သူ Edwin လို့ သူ့ကိုယ်ပြောလေ့ရှိသလို၊သူတစ်ခုခုလုပ်လို့ ပုံစံကျရင် Edwin did it

တို့Edwin good job တို့ပြောလေ့ရှိတယ်။အမှန်တော့ သားလေးဒီနေ့ A စေ၇းတာကို မှတ်တမ်းတင်ချင်လို့

ဒီပိုစ့်ဖြစ်လာတာပါ။

Bonusး
မောင်နှစ်မ နှစ်ယောက်

Friday, June 24, 2011

24062011

ှဒီနေ့ဆို သမီးလေး ဆယ့်သုံးလ နဲ့ ဆယ့်တစ်ရက်။မနက်က ကိုယ်က သမီးလေးမုန့် စားပြီးပြီလား

မေးတော့။ပြီးပြီတဲ့ပြန်ဖြေတယ်။

ရေသောက်ချင်ရင် ရေဘူးယူလာပြီး ဖွင့်ပေးလို့ ပြောတယ်။စကားတော်တော်လိုက်ပြောလာပြီ။

နို့သောက်တော့ မလားမေးလို့သောက်ချင်ရင် တုံးလုံးလှဲချပြီး ဘေးနားက နို့သောက်ရင်ခံတဲ့ သဘက်ကလေးကို

ယူပြီး လည်ပင်းမှာပတ်တယ်။လမ်းမှာခွေးကလေးကို တွေ့ရင် ဒေါ့....ဒေါ့ တဲ့။ငှက်ကိုတွေ့ ရင် ဘတ်. .ဘတ် တဲ့။

ဒီနေ့ခင်း မုန့်စားပြီး လက်ပေတော့ အဘွားလုပ်တဲ့ သူလုံချည်ကို သုတ်တော့ အဘွားက နင် ငါ့ထမိန်ကို သုတ်

လား ပြောတော့ စားပွဲ ခုံဆီ သွားပြီး လက်သုပ်ပဝါ ကို ယူပြီးသုတ်တယ်။ဂျယ်လီလို့ ပြောတာ နဲ့ ရေခဲသေတ္တာဆီ

သွားတော့တာပဲ။သိပ်လည်တယ်။ဒီနေ့ မျက်မှန်တပ်ပေးပြီး ဓာတ်ပုံရိုက်တော့ အောက်က ပုံလေးတွေ ထွက်လာ

တယ်။သိပ်ပဲပေးတယ်။အကလဲ သိပ်ဝါသနာပါတယ်။




















ဒီပုံက မျက်မှန်ပြုတ်ကျနေလို့ တင်နေတာ။








မောင်နှစ်မ နှစ်ယောက်။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။