Tuesday, May 27, 2014

ကလေးတွေ အကြောင်း ၈


Mommy I want to eat banana.ဟယ် အိပ်တော့မယ်လေ စားအုံးမလို့လား။Yes,today I played a lot

and forgot to eat banana.Then I never eat banana for Today.အဲ့ဒါဆို မမ(ကလေးထိန်း)ဆီသွား

တောင်းလိုက်။သူ အခန်းပြင်ထွက်သွားတယ်။မမ banana စားမယ် လိုပပြောသံကြားတယ် ဟိုက မီးမီး

ဖို့ တစ်လုံး ကိုကိုး ဖို့ တစ်လုံး ဆိုပြီးပေးတာကို ကိုကိုး,သူမကြိုက်ဘူးလေ ဆိုပြီးယူမလာဘူး။အခန်းထဲ

ရောက်တော့ အဲ့အသံတွေကြားနေတဲ့ အဖေလုပ်သူက ဘာလို့ ကိုကိုး ဖို.ယူမလာတာလဲသမီးဆိုတော့

Because he dont like banana တဲ့။အကိုလုပ်သူက I want to eat ဆိုတော့ ပြန်ထွက်သွားတယ်။

မမ banana ပေးအုံး ကိုကိုးပြောတယ် သူ စားမယ်တဲ့။မေလင်းလင်းက အခု အဲ့လိုကလေး အဖေ အမေ

အကို ကိုတွေ့၇င် အီး လိုပြောတယ် သူ့မမ ကိုဆို မြန်မာလို။


သားအမိတွေ ညဖက် အိပ်ယာဝင်တော့ သူ့ ကုလားအုပ် အရုပ်လေးကိုရှာတယ်။မတွေ့တော့ mommy,I 

cant find my giraffe anywhere?ဆိုပြီး ရှာတယ်။တွေ့တော့ အိပ်ဖို့လုပ်တယ်။အမေလုပ်သူက ပန်းရောင်

စောင်တစ်ထည်ယူပြီး ခြုံပေးလိုက်တယ်။စောင်က နဲနဲ နံနေတော့ စောင်တွေ နံနေပြီ လျော်ရအုံးမယ် ပြော

မိတယ်။မချောက Okay mommy,Tomorrow morning I will ask ma ma "ma ma,Can you help 

to wash this pink blanket ,please".အမေလုပ်သူ စိတ်ထဲကနေ အမလေးဟဲ့ သူ့လဲ ဘာမှမပြောပဲ

လုပ်ပြန်ပီ မေလင်းလင်းတို့ကတော့လို့မှတ်တယ်။သူက ဆက်ပြောသေးတယ် mommy,tomorrow I 

will not play first when I wake up.If not,I will forgot to tell ma ma to wash blanket.တဲ့။

မနက်ရောက်တော့ ကိုယ်လဲ အလုပ်သွား ညနေ အလုပ်က ပြန်လာ အဲ့ကိစ္စမေ့တောင်နေတယ်။ည အိပ်ရာ

ဝင်တော့ သူက mummy I asked ma ma to wash pink blanket တဲ့။အဲ့တော့မှဟယ် ဟုတ်ပါလား

အပြင်မှာစောင်တစ်ထည်လှမ်းထားတာ တွေ့မိတယ် အမှတ်မဲ့ဆိုတော့ သတိမထားမိဘူး။ချက်ချင်းပဲု အခန်း

ပြင်ထွက်ပြီး မမ ရေ မမကို မေလင်းလင်း စောင်လျော်ခိုင်းလို့လားဆိုတော့ ဟုတ်တယ်အမ မေလင်းလင်း

အိပ်ရာက နိုးနိုးချင်းအဲ့စောင်ကြီး ညီမ အခန်းဆီသယ်လာပြီး မမ  မာမီကဒီစောင် လျော် မယ်တဲ့ ဆိုပြီး

လာပေးတယ်။မီးလေး ဘာတွေပေသွားလို့လဲဆိုတော့ နံနေလို့တဲ့။တော်ကို အံ့သြသွားတယ်။သူ့ကို

တကယ်လျော်ခိုင်းမယ်ထင်မမထားဘူး။အဲ့ဒါကတော့ ကျမတို့ ၄ နှစ်သမီးမေလင်းလင်းပါရှင်။



(အက်ဝင်ဆို စောင်နံရင်လျော်ရမယ်ဆိုတာမသိဘူး။သိရင်တောင် ဘယ်သူ့ကို လျော်ခိုင်းသင့်တယ်

ဆိုတာ သိမှာမဟုတ်ဘူး)



Sunday, May 25, 2014

သွားနှုတ်ခြင်းအနုပညာ



ပြီးခဲ့တဲ့လတုန်းက အက်ဝင်တစ်ယောက် တရုတ်စာကျူရှင်က ပြန်လာတော့ အမေလုပ်သူကို သူ့အောက်

သွားတစ်ချောင်း နဲ့နေတာပြတယ်။သွားကအတော်ကို နဲ့နေပြီ သူကလဲ သွားနဲ့နေတော့ မနေတတ်ဘူး။

ညကလဲ ၁၀နာရီကျော်နေပြီ ဘယ်သွားဆေးခန်းမှ မဖွင့်တာ့ဘူး။ဖွင့်လဲ အတော်များများက appointment

နဲ့သွားရတာဆိုတော့မလွယ်။NUH မှာလဲ Check up လုပ်ထားတာ သိပ်မကြာသေးဘူး။အမေလုပ်သူမှာ

ဘာလုပ်ရမှန်းမသိဘူး အဖေလုပ်သူကလဲ ပြန်မလားသေး။သွားနှုတ်တဲ့ အတွေ့အကြုံရှိတဲ့ လင်ညီအမကို

လှမ်းမေးတော့ အရမ်းနဲ့နေရင် တစ်ရှုးလေးနဲ့ ကိုင်ပြီးဆွဲနှုတ်လိုက်တဲ့ ဒါမှမဟုတ်ရင် အပ်ချည်ကြိုးကို

၂ ကွင်းထပ်လုပ် စွပ်ပြီးဆွဲနှုတ်လိုက်တဲ့ ကိုယ့်မှာကြားတာနဲ့တင် အသည်းယားနေပြီ မလုပ်ရဲဘူး

မလုပ်ရဲတာထက် ကိုယ်လုပ်လိုက်မှ သွားက မကျွတ်ပဲ တန်းလန်းဖြစ်နေရင် အက်ဝင်ပိုနာမှာလေ။သူကလဲ

မာမီ မာမီ ဆိုပြီး မနေနိုင် မထိုင်နိုင်ဖြစ်ပြီး လျှာနဲ့ထိုးနေရော အဲံဒါနဲ့ ကဲ try ကြည့်မယ်လေဆိုပြီး တုန်တုန်

တုန်နဲ့အပ်ချည်ကြိုးကို သူ့သွားမှာ ချည် တင်းနေအောင် ဆွဲပြီး အပေါ်မလိုက်တာ အက်ဝင် အားခနဲ

တစ်ချက်အောပြီး သွားက ဂလောက်ခနဲ အောက်ကိုပြုတ်ကျသွားတယ်။အောင်းမလေး အဲ့ကျမှပဲသက်ပြင်း

ချနိုင်တယ်။သွားကလဲ အရမ်းနဲ့နေလို့ပေါ့။သူများတွေအတွက်တော့ လွယ်၇င်လွယ်မယ်။ကိုယ့်အတွက်တော့

ပထမဆုံးဆိုတော့ သဲထိတ်ရင်ဖိုပဲ။ကိုယ်ငယ်ငယ်ကတော့ အဖေနှုတ်ပေးတာကိုး။သွေးတော့ သိပ်မထွက်

ဘူး။



အက်ဝင် နှင့် မေ



သားလေးတစ်ယောက် သမီးလေးတစ်ယောက်ဆိုတော့ ဆန့်ကျင်ဖက်ကလေး မွေးထားတာပေါ့။မောင်နှစ်မ

ပေမယ့် အတော်များများ ဆန့်ကျင်ဖက် အက်ဝင်က အပူဆို နဲနဲနွေးရင်တောင် အော်နေတာ မေကတော့

အနွေးကြိုက် အအေးလုံးဝ မကြိုက်။မေက ကြာဇံကြိုက်တယ် ပေါင်မုန့်မကြိုက်။အက်ဝင်က ပေါင်မုန့်ကြိုက်

ပြီး ကြာဇံဆို နှာခေါင်းရှုံ့သူ။အက်ဝင်က အချိုကြိုက် မေက အချဉ်ကြိုက်သူ။





မေက ကျောင်းသွားရတာကို ပျော်သူ အက်ဝင်က ကျောင်းမသွားပဲ အိမ်မှာနေရတာကိုပျော်သူ အပြင်မထွက်

ချင်သူ။ကစားကွင်းနဲ့စာကြည့်တိုက် တစ်ခုပဲသွားရမယ်ဆို အက်ဝင်က စာကြည့်တိုက်ရွေးပြီး မေကတော့

ကစားကွင်းက တစ်ပြားမှမလျော့။မေက ဖရဲသီး၊သဘောင်္သီး၊ငှက်ပျောသီး ကြိုက်ပြီး အက်ဝင်က အဲ့ဒါတွေ

ကျွေးရင် မျက်ခုံးရှုံ့သူ။မေက ကိုယ့်အားကိုယ်ကိုးချင်သူဖြစ်ပီး အက်ဝင်ကတော့ သူများအားလေးကို မှီလို့

ရရင်မှီချင်သူ။စာမှာကျတော့ အက်ဝင်က မေ့ထက်ပို စိတ်ဝင်စားသူ။ကစားတဲ့ နေရာမှာတော့ မေက

ကျွမ်းကျင်အရာရှိ။လူမှုရေးမှာတော့ မေဟာ အက်ဝင့်ထက် ကျွမ်းကျင်သူ။အော် ဘာလိုလိုနဲ့ မေတောင်

၎ နှစ်ပြည့်ပြီး အက်ဝင်တောင် ဇွန် ၁ ဆို ၆ နှစ်ပြည့်တော့မယ်။

နောက်မှ ထပ်ရေးမယ်နော်..

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။