Monday, June 10, 2013

ကလေးတွေအကြောင်း(၄)



မေဟာ အုခိုးမြန်တယ် အတတ်မြန်တယ်။အကိုလုပ်သူနဲ့အတူ ယူကျူတွေကြည့်နေကြဆိုတော့ အင်္ဂလိပ်လို

လဲပြောလေ့ရှိတယ်။အမေလုပ်သူက မြန်မာလို ပြောတာတောင် သူက အင်္ဂလိပ်ဗားရှင်းကို ပြန်ပြောင်းတယ်

သူအရုပ်တွေဆော့တာ ပွနေလို့ လင်းလင်း အရုပ်တွေကို ဒီခြင်းတောင်း ထဲပြန်သိမ်း။သေသေချာချာထည့်

လို့ပြောလိုက်တာကို သူက I must put properly ...dont be throw..တဲ့။သူပြောတတ်သလိုပြောတာ။

သူ့မှာ အကောင်းမြင်တတ်တာလေးတွေရှိတယ်။အကိုလုပ်သူကို ပစ္စည်း ၁ခု ၀ယ်ပေးလိုက်လို့ သူ့ကို

မ၀ယ်ပေးရင်(သူ့အတွက်မလိုသေးလို့) မားမား လင်းလင်းကို နောက်ကျရင်ဝယ်ပေးမှာနော်တဲ့။


မနေ့ညက အိပ်ခါနီး အက်ဝင်က ည၀တ် အင်္ကျီလဲတော့ သူက စူပါမင်း အင်္ကျီဝတ်မယ်တဲ့။အဲ့အင်္ကျီက

အက်ဝင် ငယ်ငယ်က အဒေါ်လုပ်သူဝယ်ပေးထားတာ။ကဲကဲ ၀တ်ပေါ့ဆိုပီး ထုတ်ပေးလိုက်တော့ အက်ဝင်

က စူပါမင်း ၀တ်စုံဝတ်ပြီး စူပါမင်း ဆိုပီး အော်တယ်။အဲ့တော့ သူကမေးတယ်။မာမား where is Lin Lin's

super man တဲ့။လင်းလင်း မှာမရှိဘူး။သွား သွားတိုက် ပြီးရင် အိပ်ဖို့ အ၀တ်လဲဆိုပီး အောက်က အ၀တ်

ထုတ်ပေးပြီး ၀တ်ပေးတော့ မချောက မမျှော်လင့်တဲ့ စကားတစ်ခွန်းပြောတယ်။မာမား you see,I have

this...I have T...တဲ့ သူ့ အင်္ကျီမှာ Super man ကS အစား T ပါတာကိုပြောတာ။လင်းလင်းလဲ လှတယ်

တဲ့။သူပြောတာ အံ့သြလွန်းလို့ ဟယ် ငါ့သမီးလေးက ကိုယ့်ကို ကို ရှိတာနဲ့ နှစ်သိမ့်တတ်တယ်တော့

လို့ သူ့ပါပါးကို လှမ်းပြောပီး ရယ်နေမိတယ်။

ဒါ အက်ဝင်ဝတ်တာ




















ဒါ သူ့ကိုဝတ်ပေးတာ




















 ဒီမနက် မိုးလင်းတော့ မာမား လင်းလင်းနေမကောင်းဘူးတဲ့။ကိုယ်စမ်းကြည့်တော့ မပူဘူး။ဒါနဲ့ ဈေးတောင်

ခေါ်သွားသေးတယ်။နေ့ခင်းအိပ်ယာက နိုးတော့ ထပ်ပြောတယ်။စမ်းကြည့်တော့ ကိုယ်ပူနေတယ်။ထမင်း

လေးနဲနဲကျွေးပြီး ဆေးတိုက်မလို့ ထမင်းကျွေးနေတုန်း မာမား Lin lin very tired.I cannot sit.I want

to lying down ဆိုပီး ခုံပေါ်မှာသွားလှဲနေတယ်။အင်္ဂလိပ်လိုပဲ တောက်လျှောက်ပြောသွားတယ်။ခက်ပြီ။




Saturday, June 1, 2013

Edwin (မှတ်တိုင်၅)


မာမား အက်ဝင် မြန်မာ story ဖတ်မယ်။ဟဲ့ ဗုဒ္ဓေါ  လို့အော်ပြီး လက်ထဲက မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကို

ဘေးချထားလိုက်ရတယ်။အဲဒါလေ အဲ့ဒီ့စာအုပ်ဖတ်မှာ ဆိုပြီး မင်းဒင်ရဲ့သက်ခိုင်ကို လက်ညိုးထိုးပြတယ်။

အောင်မလေး ဒီစာအုပ်သူ ဘယ်လိုဖတ်မလဲ အခုမှ မြန်မာစာ သင်ခန်းစား ၅ခုလောက်ပဲရသေးတာ။

သားရယ် သားဖတ်လို့မရသေးပါဘူး ဆိုပြီးသိမ်းလိုက်ရတယ်။သူ့ရှေ့တောင် စာအုပ်ဖတ်လို့ဖြစ်ဘူး။

သူက ဘာသာစကားတွေကို စိတ်ဝင်စားတယ်။စိတ်မ၀င်စားခင်တာ ပြောရနဲနဲခက်တာ စိတ်ဝင်စားပြီဆို

သဲသဲမဲမဲ ဇွဲရှိတယ်။သင်ပုန်းကြီးစာအုပ်လဲဖွတ်ဖွတ်ကြေနေပီ။သူငယ်တန်းဖတ်စာအုပ်နောက်တစ်အုပ်နဲ့

ပထမတန်းမြန်မာဖတ်စာအုပ်လူကြုံနဲ့ထပ်မှာထားတယ်။


အခု တရုတ်စာလဲ စိတ်ဝင်စားတယ်။အမေလုပ်သူကို အကုန်ရနေတယ်သူထင်နေတယ်။သူတရုတ်ကျူရှင်

ကနေထွက်လာရင် သင်တဲ့ ထဲက သူမသိတာတွေမေးတော့တာပဲ။လမ်းမှာမလို့ အိမ်ကျမှပြောပြမယ်ပြော

ရင် မာမား  you learn from computer. If you cannot,you ask the  aunty Yin Yin Thu တဲ့။သူစာ

မေးရင် အမေလုပ်သူက စာလုံးတွေကို မှန်းပြီး Google translate ကနေရှာတယ်။ Pinyin ကို သိရင်

ရှာရတာပိုလွယ်တယ်။ရှာလို့တွေ့ရင် သူ့ကို အဲ့ကနေ အသံနားထောင်ခိုင်းရတယ်။ရှာရခက်တဲ့အလုံးဆိုရင်

တော့ တရုတ်စာရတဲ့ လင်ညီအမ(ယဉ်ယဉ်သူ) အိမ်သွားပြီး စာမေးရတာပေါ့။အဲဒါကို သူကပြောတာ။



သူတို့က K1 ဆိုတော့ ကျူရှင်  phyin yin မသင်သေးဘူး။ပြီးခဲ့တဲ့ ၂ ပတ်ကျော်က သူမျက်စိနာနေလို့

ကျူရှင် ပျက်တော့ တို့က ကျူရှင်ကိုသွားပြီး သူရဲ့ အဲ့နေ့ကသင်တဲ့ သင်ခန်းစာသွားတောင်းလိုက်တော့

ကျူရှင်ဆရာမလေးက နင်တို့ထဲမှာ တရုတ်စာတတ်တဲ့သူ ရှိလား သူ့ကိုဘယ်လိုသင်မလဲမေးတော့။ငါ

 အင်တာနက်ကနေရှာ ပြီး လုပ်ပေးတယ်ပြောတော့ ငါအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်ဆိုပီး

နောက်အပတ်ကျတော့တစ်ပတ်သင်တဲ့ စာလုံး တွေကို Pinyin တွေရေးပေးလိုက်တယ်။Pinyin ကို

ရေးပေးတော့ ရှာရလွယ်တာပေါ့။သူက ကိုယ့်ကို တရုတ်စာ မေးချင်ရှာတယ်။ကိုယ်ကလဲ ထမင်းစား

ရေသောက်လောက်ပဲ ပြောတတ်တာ။အခု အက်ဝင့်ကို ကူရှာပေးရင်း ကိုယ်ပါ ရောသင်နေရတယ်။


အခုတရုတ်ကျူရှင်သွားရတာပျော်လာတယ်။အင်္ဂလိပ်ကတော့ K2 ကျမှပဲ ထားမယ်စိတ်ကူးတယ်။

အခု အက်ဝင်ဟာ တော်တော်လေးကို အမေးမြန်းထူလာတယ်။စကားကလဲ များသလားမမေးနဲ့။

တစ်ချိန်လုံး တရစပ်ကိုမေးနေတော့တာပဲ။သူ့မွေးနေ့က စနေနေ့ကျမှာကို အမေလုပ်သူက သူပျော်

အောင် သေကြာနေ့ ကျောင်းမှာ မွေးနေ့လုပ်ပေးမယ်ပြောထားလို့ နေ့ခင်း အိပ်ယာက ထတိုင်း

သောကြာနေ့ကို ရောက်ချင်နေတာ။သောကြာနေ့မဟုတ်သေးဘူး ပြောလိုက်ရင် စိတ်ကောက်ပြီ။

ဘာလိုလိုနဲ့ အက်ဝင်လေးတောင် ၅ နှစ်ပြည့်ခဲ့ပြီ။သူဟာ အခုချိန်ထိ ကပ်စေးမနည်းဘူး၊သူ့ပစ္စည်း

သူများဆော့ချင်ရင် အတင်းပေးဆော့တယ်။ဝမ်းနည်းတတ်တယ် ငိုတဲ့ကားတို့ တိုက်ခိုက်တဲ့

ကာတွန်းကားတို့မကြည့်ဘူး။အသည်းငယ်တယ်။သူ့ကို ကာယ နဲ့ပတ်သတ်လို့တော့တော်တော်

လေ့ကျင့်ပေးရအုံးမယ်။အားကစားတစ်ခုခုတော့ လုပ်ခိုင်းမှ။ရေကူးတော့ ၀ါသနာပါတယ်။

ဒီ ၅နှစ်ကနေနောင် နှစ် ပေါင်းများစွာ သားကောင်းရတနာ ဖြစ်အောင် ပြုစု ပျိုးထောင်းပေရအုံးမယ်။


HAPPY BIRTHDAY EDWIN  !
သူက ချောကလက် ကိတ်လိုချင်တာတဲ့...








 အောက်က ဖေ့ဘုတ်ပေါ်မှာ ၄နှစ်ကနေ ၅နှစ်အတွင်း သူနဲ့ပတ်သတ်တဲ့ ပိုစ့်လေးတွေကို 

ဘလော့ပေါ်အမှတ်တရပြန်ကူးထားတာ....



























လုံးကြီးတင်...လုံးကြီးတင်ဆံခတ်...သင်ပုန်ကြီးစာအုပ်က စာလုံးကသေး မှင်က ညံ့ ၊ကလေးတော့ တော်တော် အားစိုက်ကြည့်ရတယ်။

 


မြန်မာစာ ဖတ်ချိန်သို့ တဖန်ကျရောက်လာပြန်ပြီ...




Edwin's Learning Myanmar Languages ......@19-3-2013 





Term1 end Song & rhymes review @Tien Hsia Chinese language School..


Term2 chinese




Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။