Saturday, February 28, 2009

ကြိုက်တာနဲ့စားပါ။


တို့တစ်ယောက်ထဲဆို ဘာမှထွေထွေထူးထူးလုပ်မစားဖြစ်ပေမယ့်သူအလုပ်အားရက်ဆိုရင်တော့မနက်စာ၊

နေ့လယ်စာ၊ နေ့ခင်းစာ၊ညစာ ဆိုပြီး စနေ၊တနင်္ဂနွေ ၂ရက် ကိုအလုပ်ရှုပ်အောင် ချက်ရပြုတ်ရတယ်။ဒီနေ့တော့

ကုလားစာ မစားရတာကြာလို့ ဒံပေါက်လုပ်စားဖြစ်တယ်။စားသွားပါနော်။

ကြက်သားဒံပေါက်















ကြက်အသည်းမြစ် နဲ့















ဆိတ်သားကြိုက်သူတွေအတွက်














ဘာအချဉ်လုပ်ရမှန်းမသိလို့ မရမ်းသီးသုပ်လိုက်တယ်။















တစ်ချို့က ငါးခြောက်ကြော်နဲ့ တွဲစားရတာသဘောကျတယ်
















ချဉ်ပေါင်ရွက်ကုန်နေလို့ ကန်စွန်းရွက် ကို မန်ကျည်းသီး၊ငရုတ်သီးစိမ်းထည့်ပြီး ချဉ်စပ်အရည်သောက်လေး

















အီသွားရင် စပျစ်သီစားပါနော်














ကြိုက်ရင် ဒါလေးလဲ အားပေးပါဦး။တို့ တစ်ခါစားရင် တစ်လုံးအသာလေးပဲ

Friday, February 27, 2009

အရှုပ်တွေလုပ်နေတယ်

ဒီတစ်ပတ်အတွင်းတော်တော်အလုပ်ရှုပ်နေလို. ကိုယ့်ဘလော့ ကိုတောင်တစ်နေ့ တစ်ခေါက်မဖွင့်ဖြစ်ဘူး။အခု

လက်ရှိနေနေတဲ့ အိမ်က မတ် လကုန်မှာ စာချုပ်ပြည့် မယ်။အိမ်ရှင်က ဆက်ငှားမယ် ဆိုပြီး ဈေးညှိတော့

လက်ရှိဈေးနှုန်း ၁၉၀၀ ကနေ၁၈၀၀ကိုလျှော့ပေးတယ်။ဒီအိမ် ကUnfunitureလေ။စငှားတုန်းကတည်းကကိုယ့်

ဘာသာ အကုန်ဝယ်ရတာ။၃+၁ပါ။အပြင်မှာ စုံစမ်းကြည့်တော့ jtc မှာ ၃+၁ ဆို ၁၆၀၀-၁၆၅၀ ရှိတယ်။ဒါပေမယ့်

ကိုလို ချင်တဲ့ နေရာ မရဘူး။သတင်းစာ ထဲကနေရှာတော့ ကိုယ့်အိမ်နားမှာ ၂အိမ်တွေ့တယ်။ ရထားဂိတ်နားက

အိမ် က အိပ်ခန်း၃ခန်းပါတာကို ၁၈၀၀။၃လွှာ မှာ။ပြတင်းပေါက်တွေ က နိမ့်တယ်။လှောင်ပြီး မွန်းလို့ မယူဖြစ်။

ဒါနဲ့အိမ်ရှင်ကို ၁၆၀၀ စစ်တော့ အိမ်ရှင်က လျှော့မပေးဘူး။ဒါနဲ့ ကိုယ့် ၂တိုက်ကျော်က အိမ်ကိုသွားကြည့်တော့

ပရိဘောက အကုန်ပါတယ်၊၃+၁ ကို ၁၇၀၀ ဆိုပြီး ၁၆၀၀ နဲ့ ရတယ်။ပြောင်းရ၊ရွှေ့ရတာ လွယ်တာပေါ့။မတ်လ

အကုန်ပြောင်း ရမှာကို အိမ်ရှင်က မတ်လ ၂၁ ရက်နေ့ သော့ပေးမယ်တဲ့ တဖြည်းဖြည်းချင်းရွှေ့ ရအောင်လို့တဲ့။

ဒီနေ့ပဲ စာချုပ် ချုပ်လိုက်တယ်။သူ အလုပ်သွားနေလို့ ကိုယ့်ဘာသာ ပဲ သွားပြီးစာချုပ် ချုပ်လိုက်တယ်။deposit

၁လစာ ၁၆၀၀ ပေးလိုက်ရတယ်။လိမ်သွားတာဆိုရင်တော့ ခံပေတော့ပဲ။


ဒီကြားထဲသူရဲ့ ကျောင်းကassignment၁ခုက ရှေ့အပတ်ထဲ မှာတင်ရမှာ။သူအလုပ် မအားလို့ ကိုယ်နဲ့ မေဂျာတူ

တော့ ကူလုပ်ပေးရတယ်။သားလေးအိပ်လို့ computer ရှေ့ရောက် ရင်ဘလော့တွေ လျှောက်လည်မိတာ

သားလေးသာ နိုးလာရော ဘလော့လည်လို့မပြီး။အိမ်အလုပ် လဲမလုပ်ဖြစ်၊သူ့ assignment လဲမပြီးလို့

ဘလော့ကို အဆက်ဖြတ်ထားတာ၁ပတ်လောက်ရှိပြီ။ကိုယ့် ဘလော့ထဲဝင်မိရင် လဲ ဘလော့list ထဲက

သူများ post တွေကို မကြည့်မိအောင် အောက်က စီဘောက်ကို ၀ူးခနဲ့နေအောင် သွားပြီး လာလည်သူတွေ

ကို နှုတ်ဆက်ပြီးအမြန်ပြန်ထွက်ရတယ်။ဒီနေ့ တော့ အိမ်လည်းငှားပြီးပြီ၊assignment ကလည်း ပြီးခါနီးပြီ မို့

အိမ်မပြောင်းခင်ထိ ဘလော့ပြန်လည်မည်ဖြစ်ပါကြောင်း။

Thursday, February 19, 2009

ဒီအချိန်ဆို လွမ်းတယ်။

ဒီအချိန်ဆိုလျှင် မြန်မာပြည်မှာသရက်သီးေ တွပေါ်နေပြီ။သရက်သီးစိမ်းလေးတွေကို ဂျွတ်ခနဲ့ ကိုက်ခါ ငံပြာရည်

ချက်နှင့်တို့စားရတာ ထမင်းမြိန်လှသည်။ငယ်ငယ်တုန်းကဆိုလျှင် နေ့လည်နေ့ခင်း ငံပြာရည်ကို ငရုတ်သီးမှုန့်နှင့်

ဖျော်ကာ စိမ်းချိုသရက်သီးနှင့်တို့စားရသည်မှာ တွေးရင်းပင် သရေကျမိသည်။ထမင်းမစားခင် အမေက လူ၆

ယောက်စာ သရက်သီးမှည့် အလုံးကြီး၃လုံးကို ထိပ်အညှာနေရာလေးကိုလှီးပြီး ရေစိမ်ထားတယ်။ထမင်းစားပြီး

ရင်အမေက တစ်ယောက် တစ်ခြမ်းနှုံး လှီးပြီးကျွေးတယ်။ချိုနေတာပဲ။တို့နယ်မှာဆို မစိုးမင်း၊ရင်ကွဲ၊နို့ဆီ၊သကြား

သရက် တွေကနာမည်ကြီးတယ်။ပြည်မှာကျောင်းတက်တော့ စိန်တစ်လုံး စားဖူးတယ်။မိုက်တယ်။အခုဆိုရင်

သရက်သီး မစားရတာ ၃နှစ်လောက်ရှိပြီ။အလွမ်းပြေ ဒီက သရက်သီးဝယ်စားဖူးတယ်။မြန်မာသရက် အရသာ

လောက်မကြိုက်။မြန်မာပြည်ကသရက်ကိုသာ လွမ်းမိ၏။april ဆိုလျှင် သရက်မှည့်တွေ လှိုင်လှိုင်ပေါ်နေပြီ။

အသီးမှာသရက်၊အသားမှာ ၀က်၊အရွက်မှာ လဖက် တဲ့။အားလုံး ကြိုက်တယ်။
















photo source
















photo source






















photo source
















photo source



Ripe mango fruit on the hand photo



photo source


စကားမစပ် ဒါကမြန်မာပြည်ကပါလာတဲ့ မရမ်းသီး။















ဒီညနေ မရမ်းသီးနဲ့ ၀က်သားနှပ်မယ်။စားကြဦးမလား။

Saturday, February 14, 2009

breakfast+lunch

မနက်စာ အုန်းနို့ခေါက်ဆွဲချက်စားတယ်။နေ့လည်စာကိုလည်းမနက်ကတည်းကချက်လိုက်တယ်။

ကြိုက်တာလေးတွေ့ရင်စားသွားပါနော်။


ဘူးသီးကြော် ၊ အုန်းနို့ခေါက်ဆွဲ






















ကြက်ပဲကုလားဟင်း။:::::::::::::: မျှစ်၊ချဉ်ပေါင်ကြော်။:::::::::::::::: ဟင်းချို











ကြက်အရေခွံကြော်။::::::::::::::::::ငံပြာရည်ကြော် ။:::::::::::::::::::: တို့စရာ။

Friday, February 13, 2009

အမှတ်တရဘောပွဲ

Football 3

TVမှလွှင့်သော ဘောပွဲများကို ကိုယ်တစ်ခါမှ အစအဆုံးမကြည့်ဖူးသော်လည်း သူကန်သော ဘောပွဲကိုတော့

ကျောင်းတက်စဉ် က လူကိုယ်တိုင် ဘောလုံးကွင်းတိုင်ယာရောက် လိုက်လံအားပေဖူးလေသည်။ဖိုင်နယ်တက်

နေစဉ် ကျောင်းမှာ မေဂျာအလိုက် ဘောလုံးပြိုင်ပွဲလုပ်မယ် ဆိုတော့ သူ့ သူငယ်ချင်းများရဲ့ အဆွယ်ကောင်းမှု့

ကြောင့် EC အသင်းမှာ သူဝင်ကစားတယ်။အသင်းက များများစားစားမဟုတ်ပါဘူး လေးသင်းပဲကန်တာပါ။

EC+EP၊ Civil+Archi၊ Mechanicalရယ်နဲ့ ညွှန့်ပေါင်း အသင်း။ညွှန့်ပေါင်း အသင်း ဆိုတာဘောလုံးကန်ချင်

လျှက်နဲ့ဘယ်အသင်းကမှ အ၀င်မခံလို့ ကန်ချင်တဲ့ သူတွေစုပေါင်းပြီး ဖွဲ့ထားတာ။ဟိုမေဂျာက တစ်ယောက်၊

ဒီမေဂျာက တစ်ယောက်ပေါ့။

EC က ညွန့်ပေါင်းအသင်းနဲ့ ပွဲဦးထွက်စ ကစားရတော့ သူက တို့ကို လိုက်အားပေးစေချင်တာနဲ့ပဲ လိုက်သွား

တယ်။ဘောကွင်းမှာ မိန်းခလေးဆိုလို့ တိုရယ်၊EC ကွင်းရယ် ၂ယောက် ပဲရှိတယ်။တို့မေဂျာက တို့သူငယ်ချင်း

ကောင်လေးတစ်ယောက် ရယ်၊တို့ရယ် ဘောလုံးကန်တဲ့သူတွေ သောက်ဖို့ ရေသန့်ဘူးကြီး နဲ့ သံပရာရည်

ဖျော်တယ်။ဘောပွဲလဲစရော တို့ကိုကို လေအားကြိုးမန်တက် ပဲ ကစားတာ ၁၅မီးနစ်တောင်မပြည့်သေးဘူး

ဟောဟဲ ဖြစ်နေပြီ။တိုကလည်း ပါလာတော့ အစွမ်းကလည်းပြချင် ဆိုတော့ ကြိုးစား ပမ်းစား ကစားလိုက်ရ

တာ။တို့ကလည်းအစွမ်းကုန်အားပေး နေတုန်းးးးးးးးးးးးးးးဂိုးးးးးးးးးးးးးးးးးးးးးးသူပေါ့ ဘောလုံးကိုသယ်လာ

ပြီး ဂိုးတိုင်ထဲ ကန်ထဲ့လိုက်တာ၊ဘာပြောကောင်းမလဲ ညွှန့်ပေါင်းဂိုးသမား ဘယ်လိုမှမဖမ်းနိုင်ပဲ လက်လွတ်

လိုက်ရတာပေါ့။ပျော်လိုက်ရတာ တစ်မိနစ်လောက်။


ဘာဖြစ်လို့လဲဆိုတော့ ဒိုင်က လူကျွံဘောလို့ သတ်မှတ်လိုက်လို့။:P ဘာပဲဖြစ်ဖြစ် အဲဒိနေ့က ညွှန့်ပေါင်းကို

၃ဂိုးနဲ့ နိုင်ခဲ့ပါတယ်။နောက်ပွဲ Mechanical နဲ့ ကန်တော့ သူအမောမခံနိုင်လို့ ၀င်မကန်တော့ဘူး။

(မှတ်ချက်။ ခေါင်းစဉ်ပြောင်းလိုက်သည်။)




Wednesday, February 11, 2009

RIT မှ PTU သို့

၉၆ မှာ ၁၀တန်းအောင်တယ်။၁၀တန်းအမှတ်စာရင်းထွက်လာတော့ ဆေးအမှတ်မ၀င်ပင်မယ့် RIT အမှတ်တော့

မှီတယ်။ကိုယ်လည်းenginerrပဲလုပ်ချင်တာ။ဆရာဝင်လုပ်ဖို့ဆိုတာ ဝေးစွ။အခုထိ ဆေးထိုးခံရမှာအရမ်းကြောက်

နေသေးတယ်။အရင်တုန်း က RIT ဆိုတာ ကိုယ်အထက်တန်းကျောင်းသူဘ၀က စိတ်ကူးထဲ တက္ကသိုလ်ကြီးပေါ့။

နောက်တော့ YIT ပြောင်းလိုက် တယ်။၉၆ မှာ၁၀ တန်းအောင်ပြီးတော့ ကျောင်းတွေ ဟိုပိတ်ဒီပိတ် လုပ်တာနဲ့

၃နှစ်လောက် အိမ်မှာထိုင်စောင့်ပြီး ၉၉ နိုဝင်ဘာမှာမှ ၀င်ခွင့်ကျတယ်။စာအိပ်ဖောက်ကြည့်လိုက်တော့

နည်းပညာတက္ကသိုလ်ဝင်ခွင့်ရတယ်။ဒါပေမယ့် ပထမ၂နှစ်ကို GTC မှာ တက်ရမယ်တဲ့။စိတ်ကုန်လိုက်တာနော်။

ကိုယ်စိတ်ကူးထားတာ YIT ကျောင်းတော်ကြီး။တကယ်လက်တွေ့မှာ ၀ါးခယ်မက GTC လေးမှာတက်ရမယ်တဲ့။

ကိုယ်တို့ ၉၆ အောင်တွေကအနာဆုံးပဲ။ကျောင်းဝင်ခွင့်၉၆၊၉၇ အောင်တွေအတူတူချပေးတာ။နည်းပညာ

တက္ကသိုလ်ဝင်ခွင့်ကို တို့မြို.မှာ တို့အပါအ၀င် ၉၆ က၂ယောက်၊၉၇က ၂ယောက် ရတယ်။၉၆က၂ယောက်မှာက

တို့ရယ်၊တို့ရဲ့ အမျိုးသားရယ်။သူ့ကို တို့မြို.မှာတုန်း က တစ်ခါမှမတွေ့ဖူးဘူး။သူက ၁၀တန်းကို ပြင်ဦးလွင် စိုးစံက

အောင်တာ။ကျောင်းတက်တော့မှ ကိုယ့်မြို.ကဆိုပြီး တွေ့ဖူးတာ။ဝါးခယ်မ မှာတက်တုန်းက YIT ကျောင်းသား

ချည်းစုစုပေါင်း၁၀ ယောက်ရှိတယ်။တို့၁၀ ယောက်ကို သပ်သပ်တစ်ခန်းထားပြီးသင်တယ်။course ကတော့

YIT ပထမနှစ်၊ဒုတိယနှစ် course ပဲ။ဒုတိယနှစ်သမားတွေ တော်တော်သနားဖို့ကောင်းတယ်။သူတို့က YIT

မှာ ၁နှစ်တက်ပြီးမှ ကျောင်းတွေပိတ်လိုက်တော့ အခုပြန်ဖွင့်တော့ GTC မှာတက်ရတော့ဖီးငုပ်တာပေါ့လေ။

ပျင်းစရာကောင်းလိုက်တာ။တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာဘာလဲဟုတောင် မပြောနိုင်။အဲဒီ့မှာ သူနဲ့ ကိုယ်

စရင်းနှီးတာ။သူလား ကိုယ့်ကိုစတွေ့တုန်းက မျက်လုံးကပြူးပြူးနဲ့စကားကလည်းများလိုက်တာ ငါနဲ့မဖြစ်ပါဘူးလို့

တွေးမိသတဲ့။ကိုယ်ကလည်း ဟင်း ပိန်ပိန်ကိုင်းကိုင်းနဲ့အဖိုးကြီးရုပ်လို့တွေးမိတယ်။အဲဒီ့မှာတက်ရတာပျင်းလာ

တော့ ပုသိမ်မှတော့ အယောက်၄၀လောက်ရှိတယ်ကြားတယ်။ပုသိမ်ဆို ပိုကောင်းမှာပဲဆိုပြီး ပုသိမ်ကိုပြောင်း

ဖို့လုပ်တယ်။ပုသိမ်ကိုပြောင်းခွင့် ရတော. တို့နှစ်ယောက် အပါအ၀င်၅ယောက်ပြောင်းကြတယ်။ပုသိမ်က GTC

ကျောင်းအုပ်ဆရာမကြီးက RIT ကျောင်းဆင်းဆိုတော့ တိုကျောင်းသားတွေကို နားလည်ပေးတယ်။GTC က

ကျောင်းသားတွေကို ဘယ်လောက် စည်းကမ်းတင်းတင်း၊YIT ကျောင်းသားတွေဆို တော်ရုံ မဆူဘူးပဲ။



ပုသိမ်မှာ၂နှစ်ပြီးတော့ YTU(လိုင်သာယာ)၊PTU(ပြည်နည်းပညာတက္ကသိုလ်)၊MTU(မန္တလေး)ဆိုပြီးခွဲလိုက်

တယ်။ပြည်က ပြည်နည်းပညာတက္ကသိုလ် က အသစ်ဆောက်ထားတာ။မန္တလေးနဲ့ရန်ကုန်ကလွဲ၇င်ကျန်တဲ့

နယ်ကလူတွေအကုန် ပြည်မှာပဲတက်ရတာ။YTU ကဆရာတွေက တနင်္ဂနွေ ဆိုရင် ရန်ကုန်က နေ ကျောင်းကား

နဲ့လာပြီး ပြည်ကနေ သောကြာနေ့ညနေ ပြန်တယ်။တစ်ပတ်ကို ၂ဘာသာအတွက် ဆရာ ၂ယောက်ဆီလာတယ်။

ပြည် လို့ဆိုပေ မယ့် ပြည်နဲ့ ပေါင်းတလည်ကြားက လက်ခုပ်ပင် ရွာမှာဆောက်ထားတာ။တို့က PTUရဲ့ နို့ညှာ

အတန်း။ရှေ့ကအတန်းကြီးတွေကျောင်းပြီးသွားတော့ တို့ရယ်၊တို့နောက် ကအတန်းရယ်၊ ၂တန်းထဲကျန်ခဲ့တာ

ခြောက်ကပ်ကပ်ကြီး။အခုတော့ အဲဒိ ကျောင်းကြီးကို ဘာဆက်လုပ်ထားလည်းမသိ။ကျောင်းပြီးလို့ ဘွဲ့ယူဖို့၊

အမှတ်စာရင်းထုတ်ဖို့ လုပ်တော့မှ ကြို.ကုန်း က ကိုယ့်ရဲ့အမိကျောင်းတော်ကြီးကိုရောက်ဖူးတယ်။ဘွဲ့ယူတော့

ရန်ကုန်မှာ လှိုင်သာယာကလူတွေနဲ့ အတူတူယူရတယ်။လှိုင်သာယာက roll no.1 ကနေ roll နောက်ဆုံးထိ

စီပြီးမှ ပြည်က roll no.1စီတယ်။

အမှတ်စာရင်းတွေထုတ်တော့ ပထမနှစ်၊ဒုတိယနှစ် အမှတ်စာရင်းထုတ်မပေးဘူး။တတိယနှစ်ကနေ ပဲစထုတ်

ပေးတယ်။၆နှစ်တက်တယ်...၄နှစ်စာအမှတ်စာရင်းပဲရတယ်။မှတ်မှတ် ရရ ဒီမှာကျောင်းပြီးတော့ A starမှာ

အင်တာဗျူးရတယ်။A star က BE တုန်းက အမှတ်စာရင်းတွေ ၊ဂရိတ်တွေတောင်းလို့ ပေးတော့ သူတိုကမေး

တယ် ဘာဖြစ်လို့ ပထမနှစ်၊ဒုတိယနှစ် က အမှတ်စာရင်းနဲ့ ဂရိတ် မရှိတာလဲတဲ့။???????????????????????

Tuesday, February 10, 2009

:P

Waiter


ဒီနေ့ မနက်ခေါက်ဆွဲသုပ်သုပ်စားတယ်။တို့အသုပ်သုပ်ရင် လက်ဆိပ်မရှိဘူး။ဟိုဟာထပ်ထည့်၊ဒီဟာထပ်ထည့်နဲ့

မပြီးနိုင်ဘူး။သုပ်ပြီးလို့ သူ့ကိုကျွေးရင် ဘေးကနေထိုင်ပြီး ငံလားဟင်မေးလို့ သူက ဟင့်အင်း ဆိုရင်၊ဒါဆို ပေါ့လား

အမြဲမေးရတယ်။ကိုယ့်လက်ရာ ကိုယ်မယုံလို့။




ကြိုက်ရင် အလည်လာရင်းစားသွားပါနော်။





နဲနဲစပ်သွားတယ်။













အစပ်မစားနိုင်လို့စပ်သွားရင်ဒီသံပရာရည်လေးသောက်ပါဦး။























ပြီးရင် ချောကလက်ကြိုက်လား၊မကျည်းတော်ဖီကြိုက်လား။ကြိုက်တာစားပါနော်။



Monday, February 9, 2009

#တစ်နေ့တာ

မနက်က၆နာရီထတယ်။သူ့အတွက် ပဲပြုတ်နဲ့အီကြာကွေးလုပ်ပေးပြီးကော်ဖီဖျော်ပေးတယ်။

၆.၃၀ သူအလုပ်သွား၊သားသားအတွက်ထမင်းတည်။

သားသားနိုး တော့walkerထဲထည့်ပြီးလျှောက်ခိုင်းထားတယ်။ဘာချက်ရရင်ကောင်းမလဲစဉ်းစား။ကြက်သားနည်း

နည်းရှိတယ်၊ဗူးသီးလည်းရှိတယ်။ကြက်သားဗူးသီးချက်မယ်ဆိုပြီး ကြက်သားကို ရေခဲသေတ္တာထဲ ကထုတ်ပြီး

အပူခံထားတယ်။အပြင်သွားစရာရှိတယ်၊ပြန်လာမှချက်မယ်။ပြီးတော့ဘလော့လည်တယ်။မမွန်ဘလော့ရောက်

တော့ ဖတ်ပြီး အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ရင် အပြည့်စုံဆုံးလဲ စဉ်းစားမိတယ်။အချစ်ဆိုတာ ရယူပိုင်ဆိုင်

ခြင်းမှမဟုတ်ပဲ ဘဲဆိုဆို၊ရယူခြင်းမဟုတ်ရင်အချစ်ကဘာလဲပဲပြောပြော******အဲဒါတွေက ရည်းစားဘ၀က

သီချင်းတွေပါ။အိမ်ထောင်သည်ဘ၀မှာတော့ အချစ်ဆို တာ မေတ္တာတရားကို အများဆုံး အခြေခံတယ်ထင်

တာပဲ။သူကတော့ပြောတယ်....အသက်ကြီးလာလေ အချစ်ဟာဖြူစင်လာလေတဲ့။အဲဒါမှအချစ်စစ်တဲ့။ တွေးလို့

ကောင်းနေတုန်း နာရီကြည့်လိုက် ၈.၃၀ပြီ ။သာလေးကိုရေချိုးပေးပြီးထမင်းကျွေးတယ်။ပြီးတော့ သိပ်တယ်။

နာရီဝက်လောက်ပဲအိပ်တယ်။သားလေးနိုးတော့ သားအမိ၂ယောက် NTU ကို သူ့ပါးပါးရဲ့ ကျောင်းလခသွင်း

ဖို့သွားတယ်။ကိစ္စတွေ အကုန်ပြီးတော့ သားလေးနို့ဆာလို့ ခုံတန်း တစ်ခုမှာ နို.ဘူးထုတ်ပြီး တိုက် တယ်။ကျောင်း

ရဲ့ ခုံတန်းအားလုံးလိုလို မှာ ကိုယ်စီ ကိုယ်စီစာကြည့်နေတယ်။တို့သားကို နို့တိုက်နေတာ အားလုံးကကွက်ကြည့်၊

ကွက်ကြည့်။သားလေး နို့စို့ရင်းအိပ်ပျော်သွားလို့ ပိုက်ရင်း တက္ကစီ နဲ့ပြန်လာတယ် ၈ ကျပ်တိတိပဲကျတယ်။Taxi

ပေါ်တက်တော့ ဒရိုင်ဘာက Singaporean လားတဲ့။မဟုတ်ဖူးပြောတော့ မြန်မာလားတဲ့။ဘယ်လိုသိလဲမေးတော့

အင်္ဂလိပ်အသံ ကိုနားထောင်တာနဲ့သိတာတဲ့။အံသြလိုက်တာ.။တို့ပြောလိုက်တာ No တစ်လုံးထဲပဲကို သူအသံ

ဖမ်းနိုင်တာ ကိုယ့်e ကညံ့လွန်းလို့လား။သူကတော်လွန်းလို့လာ။???????????????????????????????????

ပြန်လာတော့ ဟင်းချက်တယ်၊ဖုန်းပြောတယ်။သားလေးအိပ်တော့ ဘလော့လည်တယ်။၆ နာရီ သူ့ပါးပါးပြန်လာ

တော့သွားကြိုတယ်။ထမင်းစားတယ်။၉နာရီမှာသားလေးအိပ်တယ်။အခုထငိုလို့ သူ့ပါးပါးချော့တာပြန်အိပ်သွား

ပြီ။သူ့ပါးပါးလဲ အိပ်ပြီ၊၁၁နာရီ ခွဲတော့မယ်။ကိုယ်လဲ အိပ်တော့မယ်။GOOD NIGHT!

Valentine kiss

Saturday, February 7, 2009

#Today's Breakfast

တို့မြို.မှာ ထမင်းကြော် ဆိုင်တစ်ဆိုင် အရမ်းနာမည်ကြီးတယ်။မနှစ်က မြန်မာပြည်ပြန်တုန်းက တစ်ပွဲ ၃၀၀။

အဲဒီ့ဆိုင်ကရောင်းတဲ့ အတိုင်းဒီမနက်ကြော်စားတယ်။လာလည်ရင်း မနက်စာလေး စားသွားပါနော်။

ကြာဇံ၊ထမင်းအရော နဲ့ ၀က်ဘဲဥ


















ကြာဇံ၊ထမင်းအရော နဲ့ကြက်ကြော်


Thursday, February 5, 2009

#မမ အတွက် ဒီသီချင်း

ဒီမနက် မမKOM ရဲ့ cloud ကိုဖတ်ရတယ်။ဒီညနေ shwe dream ရဲ့ VCD မှာ ဂီတည သီချင်းခွေတင်ထားတွေ.လို့

ဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးသီချင်း က ချစ်ကောင်း ရဲ့ တိမ်တွေလိုကျင့် ပါ။ဒီသီချင်း နားထောင်ရင်း မမရဲ့

တိမ်တွေ ကိုကြည့်ရင် ပိုမကောင်းဘူးလားဟင်........ငှင်။(မမ စင်..ရဲ့ ငှင် ခဏယူသုံးတယ်နော်):p

you tube မှာ Uploade လုပ်ပြီးတင်လိုက်တာ။


#ပုကျူကျု

ဒီvideo လေးတွေကသားလေး ၃လသားတုန်းက မနက်မိုးလင်းအိပ်ယာထကို ရိုက်ထားတာ။


ဝါးးးးးးးးးးးးအိပ်လို့ကောင်းလိုက်တာ၊မထချင်သေးဘူးးးးးးးးးးးးးးးး





Snappyဟင် မားမား လက်ထဲ ကဘာကြီးလဲ။


Wednesday, February 4, 2009

#NTU Medical Centre မှအမှတ်တရ

Child Finding The Afikomen



၂၀၀၅ ဂျူလိုင်လ က NTU မှာကျောင်းဝင်ခွင့် ရတာနဲ့ ဒီကျွန်းကလေးကိုရောက်လာတယ်။ဒီနေ့ရောက်ပြီး

နောက်နေ့ဆို ကျောင်းသွားအပ်၊student pass လုပ်ဖို့ NTU Medical Center မှာ ဆေးစစ်ရတယ်။သွေး

နဲ့general ကို အဲဒိ မှာစစ်ပြီး X rays ကို jurong point မှာ လာပြီးရိုက်ရတယ်။Medical Report လာပြီး

collect လုပ်ဖို့ ၃ရက်ခွာချိန်းတယ်။လက်ခံဖြတ်ပိုင်း လေးမှာဘယ်နေ့ လာထုတ်ရမယ် ဆိုတာ ပါတယ်။

collect လုပ်ရမယ့်နေ့ ရောက်လို့ သွားတော့ တို့ရဲ့ Medical Report ကို Medical Center ကလူတွေရှာ

လို့မတွေ့ ဘူး။သူတို့ ရှာလိုက်ကြတာ ပြာနေတာပဲ။နောက်ဆုံး ရှာမတွေ့တော့ တို့ကိုလာပြီး ဆောဒီးတဲ့။

သူတို့ ပြန်စစ်ပေးမယ် ပိုက်ဆံထပ်ပေးစရာမလိုဘူး လို့ပြောတယ်။တို့ လည်း နောက်ထပ်၃ရက်ထပ်ပြီး

မစောင့်နိုင်ဘူး ငါ မနက်ဖြန် student pass ကိုလိုချင်လို့ ပြောလိုက်တယ်။သူတို့ က အဲဒါဆို မနက်ဖြန်

ဆရာဝန်ရောက်ရင် ချက်ချင်းဖုန်း ခေါ်လိုက်မယ်၊ဒီနေ့ X rays ထပ်ပြီး ရိုက်ပေးပါဆိုလို့ jurong point

တစ်ခေါက်ထပ်သွားရတယ်။နောက်နေ့မနက်ဖုန်းခေါ်တယ။်အခုလာနိုင်တယ်ဆိုတဲ့ အကြောင်း၊တန်းစီ

စရာမလိုကြောင်း၊ကောင်တာ မှာနာမည်ပြောယုံပဲဖြစ် ကြောင်းရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်။ဒါနဲ့ပဲ

အဲဒီ.ကိုရောက်တော့ ချက်ချင်းပဲ ဆရာဝန် ကစစ်ပေးပြီး၊ချက်ချင်း ရီပို့ကို ထုတ်ပေးလိုက်တယ်။ဒီလိုနဲ့

student pass ရပြီး ကျောင်းတက်လာလိုက်တာ ကျောင်းပြီးခါနီး ၂၀၀၆ လေးလပိုင်း စာမေးပွဲဖြေ

ခါနီးမှာဖုန်းတစ်call ၀င်လာတယ်။NTU Medical Centre ကပါတဲ့ အရေးကြီးလို့ အမြန်လာခဲ့ပါဆိုလို့

သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး သွားတယ်။ဟိုရောက်တော့ တို့ကိုမေးတယ် နင် student pass ရ

ပြီးပြီလားတဲ့။ တို့လဲ အူကြောင်ဖြစ်သွားပြီး ရပြီးပြီ ပြန်ပြောတော့၊ငါတို့ နင့်ရဲ့ ရီပို့ အခုတွေ.လို့ နင်

student pass မရသေးဘူးလားလို့ စိုးရိမ်ပြီးခေါ်တာတဲ့။နင်တို့ပဲ ငါ့ကို နောက်တစ်ခေါက်ပြန်စစ်ပေး

တယ်လေ လို့ ပြန်ပြောလိုက်တော့။အဲဒါဆို ok ok ဆိုပြီး အဲဒီ့ ရီပို့ကြီးတို့ ကိုပေးလိုက် တာအခုထိ

အိမ်မှာသိမ်းထားတာ ရှိသေးဗျား။

Monday, February 2, 2009

#အရင်းနှီးဆုံး တစိမ်းနှစ်ဦးရဲ့ဆက်ဆံရေး











တကယ်တော့ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းတွေပါပဲ။တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု

ရှိတယ်၊
အယူ အဆတူတယ်လို့လက်တွဲပြီး၊ တကယ့်ဘ၀ထဲကိုဝင်ရောက်လာချိန်မှာ
မှအသွင်မတူတာတွေ

စိတ်ချင်းမတိုက်ဆိုင်တာတွေ အနည်းနဲ့အများ ရှိလာစမြဲပါ။ချစ်သူဘ၀နဲ့ကတော့ အနည်း နဲ့အများဆိုသလို

ကွဲပြားကြမှာပါ။တစ်ချို့.ကျ
တော့ အဲဒီ မတိုက်ဆိုင်မှုတွေ တဖြေးဖြေးကြီးထွား လာတဲ့အခါ
ကိုယ့်လမ်းကိုယ်

လျှောက်ကြဖို့အထိဖြစ်လာကြပါတယ်။
ဒါတွေကို ကိုယ့်ရဲ့ဘ၀မှာ မတွေ့ ကြုံရလေအောင် အကောင်းဆုံးဘယ်

လို
ထိမ်းသိမ်းရမလဲ။အရေးကြီးဆုံးကတော့ နင်ကဘယ်လို၊ငါကဘယ်လို ဆိုပြီး တစ်ယောက်ကိုတစ်ယောက်

ကဲ့ရဲ့ ရှုံ.ချခြင်း ပြုမနေဘဲ နဲ့
တစ်ယောက်ရဲ့ကောင်းကွက်ကို တစ်ယောက်ကရှာပြီး
ချီးမွမ်းပါ။ဖြစ်နိုင်ရင်တတ်နိုင်

သမျှ
အချင်းချင်း လေးလေးစားစား ဆက်ဆံသင့်သည်ဟုထင်သည်။လူတစ်ယောက်က အခြားတစ်ယောက်

ကို ဆိုးသောအမြင်ဖြင့်ကြည့်လျှင်အဲဒီ့လူ လုပ်သမျှအားလုံးကိုအဆိုးပဲမြင်မိမှာဖြစ်ပြီး၊သူတို့၂ဦးကြားမှာရှိတဲ့

ဆက်ဆံရေးကိုပိုမို ဆိုးရွားစေသည်။
ဒါပေမယ့် အဆိုးမြင်ခံရသူအားထူးပြီးပြောင်းလဲစေမှာမဟုတ်။


မိမိရဲ့ အိမ်ထောင်ဖက်အားသံသယအမြင်၊
အဆိုးမြင်ဝါဒီနှင့်ကြည့်ပါက ပျော်ရွှင်ဖွယ်ရာအိမ်ကလေးသည် ကား

နေပျော်ဖွယ်ရာမကောင်းတော့။
အိမ်ထောင်တစ်ခုတွင် အိမ်ထောင်ဦးစီးယောက်ျား ကမိသားစုရဲ့အသက်

သွေးကြောပေပင်။ဖတ်ခဲ့ဖူးသောစာများမှမှတ်မိသောဒီစာကလေး' the husband most needs the respect

and support of his wife and
the wife most needs the love and gratitude of her husband .Father is

like the sun that shines on everything. The mother receives the light and like the water

peacefully enriches
the entire family and is the source of its vitality.'(Dr. Taniguchi)


နောက်ပြီးတစ်ယောက် နှင့် တစ်ယောက်ပွင့်လင်းဖို့လိုသည်။ကိုယ့်အိမ်ထောင်ဖက်ရဲ့ ပျော်ရွှင်မှုဖြစ်စေ
၊၀မ်းနည်း

မှုဖြစ်စေအတူတူမျှဝေခံစားသင့်သည်။ပျော်ရွှင်ဖွယ်ရာကောင်းသောဆက်ဆံရေးရှိသောမိဘနှင့်အတူနေထိုင်

သော သားသမီးများသည်လည်း ပျော်ရွှင်စိတ်ကြည်နူးပြီး
လိမ္မာယဉ်ကျေးသောကလေးများဖြစ်လာမှာမလွဲ။


စာကြွင်း

အထက်ပါ အချက်အလက်များသည် ကျမဖတ်မှတ်ဖူးသောစာနှင့်ကျမရဲ့ အယူအဆ တစ်ချို.သာဖြစ်သည်။

ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ခြင်းသာဖြစ်သည်။

ပုံကလေးကို ဒီကယူသည်။

Sunday, February 1, 2009

#စ....စမူဆာ

ဒီနေ့မနက် အာလူးနဲ့ကြက်ဥချဉ်ရည် ချက်တယ်။ဟင်းချက်ဖို့ အာလူးပြုတ်လိုက်တာများသွားတာကတစ်ကြောင်း၊

အိမ်မှာ ကော်ပြန့်ရွက်အပိုကလည်းရှိနေတာကတစ်ကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်နေ့လယ်နေ့ခင်းအဆာ

ပြေစားဖို့ စမူဆာ လုပ်လိုက်ပါတယ်။စမူဆာ က မော်ဒယ်ဂဲလိုပြားချပ်ချပ်ဖြစ်နေပါတယ်။လာလည်ရင်းအဆာပြေ

လေး စားသွားပါနော်။


စမူဆာ+အချဉ်ရေ+ရေနွေးကြမ်း













ဒါကဘာမုန့်လေးလဲ မှန်းကြည့်ပါလားဟင်။





Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။