Tuesday, August 14, 2012

လိမ် လိမ် လိမ်




အနီးကပ်ဆုံးတွေ့ကြုံရခဲ့တဲ့ လိမ်နည်းလေးတွေကို မျှဝေချင်လို့ပါ။

 ဟိုတလောက မော်ကျွန်းကိုဖုံးဆက်တော့ ယောက္ခမအထီး က online ပေါ်မှာမသိ သူတွေနဲ့မိတ်မဖွဲ့နဲ့

သူတို့ပြောတာတွေမယုံဖို့၊ပိုက်ဆံနဲ့ ပတ်သတ်ပြီးအလိမ်အညာတွေ မိမှာဆိုးလို့သတိပေးတယ်။သူက

စလောင်းကနေ တရုတ်ချန်နယ်တွေ ကြည့်နေတာ့ သတင်းစုံတယ်လေ။ခက်တာက ချွေးမလုပ်သူကလဲ

တနေကုန် ဖေ့ဘွတ်ပေါ်က မဆင်းတော့  ဒီသတိပေးစကားလောက်တော့ အပျော့ပေါ့။ဒါတောင်

ဟိုတလောက ဖေ့ဘုတ်ပေါ် မှာ ကလေးနေမကောင်းဘူဆိုးပီး ပိုက်ဆံလိမ်တောင်း တာဖတ်လိုက်
ရသေးတယ်။



ပထမဦးဆုံး အရမ်းရင်းနှီးတဲ့အမတစ်ယောက်အကြောင်းပေါ့။အဲဒီအမက အွန်လိုင်းပေါ်မှာ လူတစ်ယောက်

(ဥရောပ နိုင်ငံ) နဲ့မိတ်ဆွေဖြစ်ကြတယ်။တနေ့ကြတော့ အဲဒီအမက တို့ကို     'မားမားရေ ဆန်တိုဆာမှာ

အိမ်သွားကြည့်လိုက်အုံးမယ်'ဆိုတော့ 'ဟင်....အန်တီ ဘာလုပ်ဖို့တုန်း"ပြန်မေးလိုက်တာ့ သူမရဲ့ အွန်လိုင်း

မိတ်ဆွေ က ဆန်တိုဆာနားက အိမ်တွေကိုကြိုက်လို့ ၀ယ်ချင်လို့ ဆိုပြီး အေးဂျင့် နဲ့ ချိတ်ပြီး အိမ်တွေလိုက်

ကြည့်၊ပြီးရင် အိမ်ကို ဓာတ်ပုံတွေရိုက်ပြီး အဲဒီလူဆီကို အီးမေးနဲ့ပို့တယ်။ကြားရသလောက် အဲဒီအိမ်တွေ

ဟာ ၉-၁၁ မီလျှံ တွေပဲ။အဲဒီထဲက ဟိုလူ အိမ်တအိမ်ကိုကြိုက်လေရော။အဲဒီတော့ အဲဒီအမက အေးဂျင့်

နဲ့ deposit ဘယ်လောက်အရင်ပေးရမယ် ဘာမယ်၊တွက်ချက်ပြီး အကြောင်းပြန်တာပေါ့။ဟိုလူ သူကိုယ်

တိုင်ဘယ်နေ့ ဖလိုက်နဲ့ လိုက်လာပြီး ငွေ ကို အပီးချေမယ်ပေါ့။တို့က မယုံဖူး။အဲအမကို သတိပေးတယ်။

အန်တီ ကြည့်လုပ်နော် သူများတော့ သိပ်မထင်ဘူး ပြောပေမယ့်။သူက ယုံဆဲပဲ။ ဟိုလူက  အဲဒီသူနေတဲ့

နိုင်ငံကနေ(သူက နိုင်ငံနာမည်ပြောတယ် တို့မေ့သွားလို့) စလုံး ကို မလေးရှား ထရန်စစ်နဲ့ လာမယ်တဲ့။

ဘယ်နေ့ ဘယ်အချိန်ရောက်မယ်ပေါ့။မလေးရှားမှာ သူရှယ်ယာဝင်ထားတဲ့ ကုမ္မဏီတွေ ဆီ ခဏ၀င်ချင်

လို့တဲ့။ဟိုအမ ကလဲ အေးဂျင့်တွေကို ဖုံးဆက်ထားပြီး အချိန်းအချက်  လုပ်ထားတာပေါ့။အဲနေ့ ညနေ

လောက်ကျတော့ မလေးရှား ဖုံးနံပါတ်နဲ့ အဲ့ အမဆီဖုံးဝင်တယ်။သူ ယူရိုငွေ ဘယ်လောက် မီလျှံ ဆိုလဲ

hand carry သယ်လာလို့ မလေးလေဆိပ်က တရားမ၀င် ငွေသယ်မှု့  နဲ့   စလုံးကို အထွက်မခံဘူး ။

သူ စလုံးရောက်ဖို့ delay ဖြစ်မယ်ပါ့။အဲဒီအချိန်မှာ တို့က ဟိုအမ ကို အန်တီရယ် အဓိပ္ပါယ်မရှိ     ငွေ

ကို ဘဏ်နဲ့လွှဲလဲရတယ်။western union လို   ဟာမျိုးတွေလဲ ကမ္ဘာ အနှံ့၇ှိတာ hand carry   သယ်

လာစရာလား။အန်တီ့ကိုတော့ လိမ်တော့မယ်ထင်တယ်ေ၊ပြာနေတုံး မလေးရှားက ဖုန်းတစ်ကောဝင်

လာတယ် သူမ ဖုံးကို။မလေးအင်မီဂရေးရှင်း အော်ဖစ်ဆာတဲ့။ဒီလူကို စလုံးကိုပေးထွက်ဖို့ဆို သူသယ်လာ

တဲ့ငွေတွေကို အခွန်ဆောင်ရမယ်တဲ့ မလေးရင်းဂစ် လေးသောင်းဆိုလားပဲ။အဲဒါကို လွှဲပေးဖို့ ဖုံးဆက်တာ။

ဟိုလူကလဲ သူ့ကို ကူညီပါ စလုံးရောက်ရင်ပြန်ပေးပါမယ်ပေါ့။အဲဒီနားအရောက်မှာ အဲဒီအမ သူအလိမ်ခံရ

တော့မယ်မှန်းသိသွားပြီ။ဖုန်းကိုလုံးဝ ဆက် မကိုင်တော့ဘူး။ဟိုက call ၂၀  ၃၀ လောက် ဆက်တိုက်ခေါ်

နေတာ။နောက်ကျတော့ ဟိုအမ က ဖုံးကိုင်ပြီး နင်အခုသယ်လာတဲ့ ငွေတွေထဲကပေးလို့မရဘူးလားဆို

တော့ ငွေတွေက ထိမ်းသိမ်းထားတာမလို့ ထုတ်ပေးလို့မရပါတဲ့။နင် ရှယ်ယာဝင်ထားတဲ့ company ကို

ရှင်းခိုင်းရင်ကော ဆိုတော့လဲ ဟိုလိုလို ဒီလိုလို။နောက်ဆုံး အဲဒီ ပိုက်ဆံ လောက် ငါ့မှာလဲမ၇ှိဘူး။

မလွှဲပေးနိုင်ဘူး ပြောလိုက်တယ်။တော်သေးတာပေါ့ အလိမ်ခံရတော့မလို့။

(အမ က တို့ကို edwin တို့ခေါ်သလို မားမားလို့ ခေါ်ပြီး။တို့ကလဲ ကလေးတွေခေါ်သလို သူ့ကို 

အန်တီလို့ခေါ်တယ်)



ဒုတိယ တစ်ခုကတော့ တို့၂ယောက်လုံးနဲ့ သိတဲ့ သူငယ်ချင်း။သူက စလံုးကေန သေဘာၤတတ္သြား

တော့ သူ့ရဲ့ လစာ ပိုက်ဆံတွေ ကို US  လဲပြီး သယ်သွားတာ။အဲဒီသေဘာၤကေနေနာက္တနိုင္ငံဆီက

သေဘာၤတစ္ဆီကို သွားဖို့ လမ်းမှာ လေယာဉ်လဲ စီးကော လေယာဉ်က US ၁သောင်းအထက် မသယ်ရ

ဆိုတော့ သူ့မှာ ဒုက္ခရောက်ကော။စလုံးက ဘဏ်ကိုပြန်လွှဲဖို့  လဲ အချိန်ကမရှိတော့ သူ့ရဲ့ chief Eng က

သူတို့သဘောင်္နဲ့ အလုပ်လုပ်နေတဲ့ အော်စတေးလျ နိုင်ငံသားအင်ဂျင်နီယာ အရာ ၇ှိ က ကုန်းပ်ါမှာ


တော်တော်ကြာမှာ  သူ့ကို လွှဲခိုင်းလိုက်ဆိုလို့ အဲဒီ လူကို ပိုက်ဆံတွေယုံကြည် စွာပေးလိုက်ပြီး တို့ဆီက

ဘဏ်အကောင့်၊ဘဏ်ဆွတ်စ် ကုတ်တွေ၊နာမယ်တွေ ပေးပြီး လွှဲခိုင်းလိုက်တာ ပိုက်ဆံတွေ ယူ သွားပြီး

ကတည်းက ဘာမှကို ဟိုလူ က reply မပြန်တော့ဘူး။သူ ကလဲ တို့ဆီ ဖုန်းတဂွမ်ဂွမ် အီးမေး တစ်သော

သော ပို့မေး။ဒီမှာလဲ စစ်လိုက်ရတဲ့ ဘဏ်အကောင့်။၁ ပတ်၊၂ပတ် လုံးဝ ပိုက်ဆံ တို့အကောင်းထဲမ၀င်။

ဒါနဲ့  သူလဲ သူ့ကို အကြံပေးတဲ့ chief engineer ကို အပူပပ်ရတော့တာပေါ့။CE ကလဲ ဟိုလူ့ကို

ဆက်သွယ်တော့ သူအခု လွှဲပေးပါမယ်ဆိုပြီး။သိပ်မကြာခင် လွှဲပြီးသား receipt ဖြတ်ပိုင်းကို attach

နဲ့ ပို့လိုက်တယ်။တို့ အကောင့်နံပါတ် အကုန်မှန်တယ်။ဒါပေမယ့် သူလွှဲ တဲ့ နေ့ကနေ ၁ပါတ်အထိ လုံးဝ

ငွေမ၀င်ဘူး။ဘဏ်ကို ဆက်သွယ်ပြီး မေးတော့ ဘဏ်က အဲဒီကနေ လုံးဝ ငွေ အလွှဲမ၇ှိပါကြောင်း

လွှဲတဲ့ ဖက်က အေးဂျင့် ကို  ပြန်စုံးစမ်းဖို့ပြောတယ်။သူငယ်ချင်းကလဲ CE ကိုပဲ    အပူကပ်ရတာပေါ့။

နောက်ဆုံး ဟိုလူ့ဆီက ဘယ်လို မှ reply မရတဲ့ အဆုံး သူတို့ သဘောင်္ ကုမ္မဏီ ရဲ့ HR ကို အီးမေးအသွား

လာတွေပြ အကျိုးအကြောင်းပြောပြပြီး အဲဒီလူရဲ့ လစာ ထဲကနေ ဖြတ်လိုက် မှ ပြန်ရတယ်။သူ့ကို

ဟဲ့ ဒါဆို ဟို ငွေလွှဲတဲ့ receipt က ဘယ်လိုလဲဆိုတော့။ဟိုဘက်က ငွေလွှဲက ပြောတယ်။ပထမတော့

ဒီအကောင့်နဲ့ တကယ်လာလွှဲပြီး မှ အကောင့်မှားလို့ဆိုပြီး လာပြောင်းသွားတာတဲ့။သူက receipt ၇တဲ့

အချိန်မှာ ဓာတ်ပုံရိုက်လိုက်တာနေမှာပေါ့။


ဒါက မရင်းနှီးသူများက လိမ်တာ ခင်ဗျ။ကိုယ်တွေကတော့ ရင်းနှီးတဲ့ သယ်ရင်း အချင်းချင်းဆိုပြီး ငွေလေး

ပေးလိုက်တာ ပြန်မရတော့ဝူးးးးးးးးးးးးးးးးးးးးးးးး


Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။