Monday, April 29, 2013
ငါးဖယ် အစာသွပ်၊သုပ်၊ချက်
ကိုယ်အကြိုက်ဆုံးဟင်းလျာ ဆိုလို့  ၂မျိုးပဲရှိတယ်။ဝက်သား ကြံမဆိုင်ရယ်၊ငါးဖယ် ငါးဆုပ်ရယ်။မြန်မာပြည်
မှာ အပြင်က ထမင်းဆိုင်တွေမှာ ထမင်းစားရင် ငါးဖယ်ကြော်သုပ် ပဲ အများဆုံးမှာစားလေ့ရှိတယ်။သူ့မရ
ရင်တော့ ၀က်ကြံမဆိုင်။ဒီရောက်လာတော့ ငါးဖယ်ဟာ အလွယ်တကူ ၀ယ်လို့မရတာရယ်။မြန်မာဆိုင်
တွေမှာ ၀ယ်လို့ရပေမယ့် ခရီးကဝေး လူကြုံရှိမှ ၀ယ်လို့ရတာဆိုတော့ ရံဖန်ရံခါလောက်ပဲစားဖြစ်တယ်။
အခုလဲ စီးတီးဟောကို လူကြုံရှိလို့ မှာပြီးဝယ်ထားတဲ့ ငါးဖယ်လေးက ရေခဲသေတ္တာ ထဲမှာကြာနေပီ။
ပြီးတော့ ဒီရက်က လကုန်ရက်မဟုတ်လား။လက်ထဲမှာ ဒီလသုံးရမဲ့ အသုံးစရိတ် ပိုက်ပိုက်က ၂၂ ကျပ်
ပြား၇၀ ပဲ ကျန်တော့တယ်။အင်းဒါလေးကလဲ ဒီနေ့ ကလေးတွေအတွက် နွားနို့တို့၊မုန့်တို့ဝယ်လိုက်ရင်
ကုန်မှာ အဲ့တော့ ငါးဖယ်လေးပဲ ထုတ်လိုက်တာ ကောင်းပါတယ်လေ ဆိုပြီး ငါးဖယ်ခြစ်လေးထုတ်
အခန်းအပူချိန်မှာ ပျော်အောင်ထားလိုက်တယ်။မေလင်းလင်းနဲ့ဈေးသွားတယ်။ကြက်ဥ၊နို့ ၊အက်ဝင်မှာ
လိုက်တဲ့ ချောကလက် ရယ် ဂေါ်ဖီရယ်၊မနက်ဖန်ချက်ဖို့ ပုဇွန်လေး ၁ ဘူးရယ်ကို စိတ်မှန်းနဲ့ ၂၀ ၀န်းကျင်
လောက်တွက်ဝယ်လိုက်တယ်။ကောင်တာမှာ ပိုက်ဆံပေးတော့ ၁၉ ကျပ်ပြား၂၀ ကျတယ်။ပိုက်ဆံပေးဖို့
ပိုက်ဆံထုတ်လိုက်တော့ လားလား ၂၂ ကျပ်မဟုတ်ပဲ ၃၂ ကျပ် ကျန်နေတာတွေ့ရတယ်။ပျော်လိုက်တာ။
ဝမ်းသာအားရနဲ့ အိမ်ကိုပြန်လာ နောက်ဖေးဝင် ငါးဖယ်ခြစ်လေးကြည့်တော့ ပျော့နေပြီ။
ဒါနဲ့ငါးဖယ်ခြစ် ၅.၅၀ တန်ကို ဘယ်လိုလုပ်စားမလဲ စဉ်းစားတယ်။အင်း ယုဇန ပလာဇာနားမှာရောင်းတဲ့
ငါးဖယ် အစာသွပ်ဆို မစားရတာ ၁၀ နှစ်လောက်ရှိရော့မယ်။အဲဒါလေးလဲ လုပ်စားအုံးမှ။ငါးဖယ်ခြစ်လေး
ကိုထုတ် ဆား၊နနွင်းထည့်။ဂျင်းလေး ကြက်သွန်ဖြူလေး နဲနဲ ထောင်းထည့်ပြီး စတီးဇလုံထဲ မှာလက်နဲ့
ဘတ်ခနဲ ဘတ်ခနဲ အချက် ၅၀ လောက်ရိုက်ပါတယ်။စေးလာပြီဆိုမှ စလုံးတယ်။
ဒီလိုလေးတွေလုံးပြီး ရေအေးထဲ ခဏ ထည့်စိမ်ထားတယ်။ပိုကောင်းတယ်ဆိုလား။
နဲနဲ ခွဲထားတာကို ကလေးတွေအတွက် ငါးဖယ်  လက်ကြားယို လုပ်တယ်။ငါးဖယ်ကို လက်ထဲ ထည့်ပြီး
လက်သီးဆုပ်လိုက်ရင် လက်ကြားကထွက်လာတာကိုခေါ်တာ။
ပြီးတော့ အဲ့ဒါကို ကလေးတွေအတွက် အချိုလေးချက်လိုက်တယ်။
ပြီးတော့ စိမ်ထားတဲ့ ငါးဖယ်လေးတွေကို ဆယ်ပြီးကြော်လိုက်တယ်။
ဒါက အဆာသွပ်ဖို့ လုပ်ထားတာ။ဂေါ်ဖီ၊ဖရှာက်ရွက်၊ငရုတ်စိမ်း၊သံပရိုသီးနွှာထားတာ။ဂေါ်ဖီက
ဒီလောက်ပါးပါးလှီးတာ လက်ကုန်ပဲ အဲ့ထက်ပါးအောင်မလှီးတတ်ဘူး။
အစာသွပ်လိုက်ပြီ။အပေါ်ကနေ ငံပြာရည်လေးဖျန်းလိုက်တယ်။ချဉ်ငံစပ်လေး။အသားလွတ်
ထိုင်စားလိုက်တယ်။
နေ့လယ်စာ အတွက် သုပ်လိုက်တယ်။
ညစာအတွက် ဆီပြန်ချက်လိုက်တယ်။
အခုတလော့ ဘလော့ပေါ်မှာ အစားအသောက် တင်ချင်တဲ့ ရောဂါ ထနေတယ်။
Sunday, April 28, 2013
ဘ for ဘူးသီးကြော်သုပ်....
  အိမ်ကလူ ပြန်ရောက်တော့မယ်ဆိုလို့ ၀ယ်ထားတဲ့ ဘူးသီးတစ်လုံး ဟာ သူပြန်မလာဖြစ်တော့ ဘာလုပ်
ရမှန်းမသိဖြစ်နေတယ်။သုံးပုံ တစ်ပုံကို ဟိုနေ့က ချက်စားလိုက်တယ်။ဝယ်ထားတာ တစ်ပတ်ရှိပြီလေ။
အပြတ်ရှင်းချင်နေတာနဲ့ ဒီနေ့ ဘူးသီးကြော် ကြော်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်မှာ အမာခံ အားပေးမယ့်
အတူနေ အမ တစ်ယောက်ရှိတယ်လေ။မကြော်ခင် သူ့ကို confirm လုပ်ရသေးတယ်။စားမှာနော် လို့။
ဘူးသီးကြော်ကို ဒီအတိုင်းကြော်ပြီးစားတာ မကြိုက်လို့ သုပ်စားမယ် အကြံဖြစ်တယ်။ဒီမှာက ဘူးသီးက
အလုံးလိုက် ကလေးဝယ်ရတာကိုး။မြန်မာပြည်ပြန်တုန်းက အိမ်ကလူက တို့ကို ဘူးသီး နည်းနည်း ၀ယ်ခဲ့
ပါလို့ ဈေးမှာတော့ တို့က  ထုံရန်ကောဆိုတဲ့ အကြည့်နဲ့ ဘူးသီးက အလုံးလိုက်ပဲ ၀ယ်လို့ရတာလေ။နဲနဲ
ဘယ်ဝယ်လို့ရမလဲ ဘုတောလိုက်တော့ ယောက္ခထီး ၀င်ပြောတယ်။ဝယ်လို့ရတယ်လေ အစိတ်လေး
တစ်စိတ်ဝယ်လေတဲ့။အဲ့တော့မှ ဟိုက်ရှားပါး ဟုတ်သားပဲ စလုံး နဲ့မှားပြီး မြန်မာပြည်မှလဲ အလုံးလိုက်ပဲ
ရောင်းတယ်မှတ်တာ။(ကိုယ်တင်မှားတာဟုတ်ဖူး သူလဲဘာထူးလဲ။သဘောင်္ပေါ်မှာ စားဖို့တဲ့ တရုတ်တန်းက
ဆန်ပြုတ်ဝယ်တာ စလုံးကလို ဗူးနဲ့ဇွန်း ထည့်ပေးတယ်မှတ်လို့ဝယ်လာတာ ကျွတ်ကျွတ်အိပ်နဲ့ ထည့်ပေး
လိုက်လို့ မော်တော်ပေါ်မှာ ထည့်စရာ ခွက်မရှိဘာမရှိ ဒုက္ခရောက်ပါရောလား။)ဟိုက ဘူးသီးတွေက
ကြီးတော့ခြွဲပီး စိတ်ရောင်းကြတာ။ဘူးသီးကြော်ရောင်းတဲ့ဆိုင်တွေဆို အလုံးကြီးတွေ ၀ယ်ကြော်တာနော်။
 ပြီးခဲ့တဲ့ အပတ်ပြန်တုန်းက ဘူးသီးကြော် တစ်ခု ၅၀ပဲ။တန်တယ် တန်တယ် ဆိုပြီး ၀ယ်လာတအများကြီး
သူဖို့ ဘူးသီး၊ကိုယ်ဖို့ ငှက်ပျောကြော်၊ပုဇွန်ငပေါင်းကြော် နဲ့ ၁၀ ခုမှ ၅၀၀။
အိမ်ကလူက ဘာလို့အများကြီးဝယ်လာတာလဲ ကုန်အောင်စားနော်တဲ့။၅၀၀ မှ စလုံး ပြား၇၀ လောက်ပဲ
ဆိုတော့ လောဘ တတ်ပြီးဝယ်တာလေ။အခုဒီမှာတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀။ကိုယ့်ဘာသာမှ
ကြော်မစားရင် ငတ်မှာဆိုတော့ ကြော်ရတာပေါ့။ရေခဲသေတ္တာထဲက ဘူးသီးလေးထုတ်
 အောက်ကလိုလှီးလိုက်တယ်။
ပြီးတော့ ရွှေလိပ်ပြာ အကြော်မှုန့်ကို ဆန်မှုန့် လေးဆ တစ်ဆ ရောလိုက်တယ်၊ထန်းလျက်ရည်လေးနဲနဲ
ထည့်၊ဆား၊ဆော်ဒါလေး ထည့်၊ဂျင်းနဲ့ကြက်သွန်ဖြူကို နဲနဲ ထောင်းပြီး အရည်ညှစ်ထဲ။ပြီးရင် ရေထဲ့ပြီး
ကိုယ်ကြိုက်တဲ့ အပြစ်အကျဲရအောင်ဖျော် နာရီဝက်လောက် နှပ်ထားလိုက်တယ်။
 သုပ်ဖို့ အရွက်တွေလှီးထားတာ။နံနံပင် မရှိလို့ သွားဝယ်သေးတယ်။ဘယ်မှာမှ မရခဲ့ဘူး။ကုန်နေတယ်။
ဗမာငရုတ်ဆီကို ဂျင်း၊ကြက်ဖြူ၊သကြား ငံပြာရည် ရောဖျော်တယ်။
စကြော်ပြီ။
 ကြော်ပြီးပြီ။အက်ဝင်ကလာပြောတယ်။မာမား ညီညီစီထားတာလားတဲ့။သတ်ပုံပေါင်းပြသေးတာ....
 ဘူးသီးကြော်ကို ညှပ်၊အပေါ်က အစာတွေထည့်၊ဆီချက်ထည့် ၊ငံပြာရည်ထည့်၊အချဉ်ရည်လောင်း၊ပဲမှုန့်
ထည့်နယ်ပေတော့။ချဉ်ငံစပ်လေးပါ။
ပြီးတော့ ပုဇွန်ခြောက်လေး လေး ငါး ကောင်နဲ့ ဟင်းခါးလေးချက်လိုက်တယ်။ရာသီဥတုနဲ့လိုက်မှလိုက်။
တကယ်တော့ ကိုယ်ဟာ ဘူးသီးကြော်မကြိုက်သူပါ။အိမ်ကလူကတော့ မုန့်ဟင်းခါးတောင်မှ ဘူးသီးကြော်
နဲ့မှစားတာ။ကိုယ်နဲ့သူနဲ့ဆို အစားအသောက် အလေ့အကျင့်  အရှေ့ အနောက် ဆန့်ကျင်ဖက် ပဲ။သူက
ဘူးသီးကြော်ကြိုက်တော့ ကိုယ်လဲ ကြော်တတ်အောင် လုပ်ရတာပေါ့။အကြော်မကြိုက်တော့ ကြော်ရင်
အသုပ်စားတာပေါ့။အသွင်မတူ အိမ်သူ မဖြစ်ဆိုတာ မဟုတ်ဘူး။မတူညီတဲ့ အရာနှစ်ခုကို မြဲအောင်
ပေါင်းစပ်နိုင်မှ အောင်မြင်တဲ့ အိမ်ထောင်ဆိုလား ဖတ်ဖူးတာ။ဟီး...(ပို့စ်နဲ့ ဘာမှမဆိုင်)
Saturday, April 27, 2013
ကလေးတွေ အကြောင်း(၃)
ဟိုတလောက   "ခလေး နဲ့ မျိုးရိုးလိုက်ခြင်း'      စာလေးဖတ်မိတော့ တကယ်ကို အိမ်က ကလေးတွေလဲ 
အဲ့လိုဖြစ်နေတာတွေ့ရတယ်။အဆိုးဆုံးကတော့ မေလင်းလင်းပေါ့။သူက သွက်လဲသွက်တော့ ပုံတူကူးတာ
များတယ်။အမေလုပ်သူကို ပုံတူကူးတယ်။အကိုလုပ်သူကို ပုံတူကူးတယ်။အကိုလုပ်သူကို ဘယ်လောက်
တောင် ပုံတူကူးလဲ ဆိုရင် ရှုရှုး ပေါက်တာတောင် အကိုလုပ်သူ ပေါက်သလို မတ်တတ်ရပ်ပေါက်ယုံတင်
မကဘူး။အကိုလုပ်သူ ရှုးပေါက်ရင် ဂျိုးကို ကိုင်သလိုမျိုး လဲ သူက မရှိတာကို ကိုင်ပေါက်သေးတာ။
မအေက အကိုလုပ်သူ နဲနဲ ဆိုးနေရင် အက်ဝင် ကွိုင်းကွိုင်းနော် လို့ ပြောနေတာ ကြားနေကြဆိုတော့။
သူက အက်ဝင် သူ့ကို တစ်ခုခု လုပ်မယ်ဟန်ပြင်ရင် ကိုကိုး ကွိုင်းကွိုင်းနော် ဆိုးရင် အရိုက်ခံရမယ်နော်တဲ့။
နေ့ခင်း သူတို့ အိပ်ခါနီး အမေလုပ်သူက ကဲ အိပ်ကြတော့ အိပ်ယာက နိုးရင် ဘာကျွေးမယ်ဟေ့ပြောနေ
ကြဆိုတော့ အခု သူက အိပ်ခါနီးရင် ကိုကိုး အိပ်တော့နော် အိပ်ယာထရင် KFC သွားစားမယ်တဲ့။သူစားချင်
တာတွေပြောတာ။
တစ်နေ့က ရထားစီးကြတော့ အကိုလုပ်သူနဲ့ အမေလုပ်သူ ရထားထဲမှာ စကားပြောနေတာကို သူက ထိုင်ခုံ
ကနေ မာမား ရှုး quiet တဲ့။ဆရာပြန်လုပ်နေတာ။အနားက လူတွေက ပြုံးစိစိ နဲ့။သူတို့မောင်နှမ ၂ယောက်
ရထားပေါ်မှာ ဆူနေရင် အမေ လုပ်သူက အဲ့လိုပြောလို့လေ။
အပေါ်ကလင့်ထဲမှာပါတဲ့ 
 "သာမန်အားဖြင့် မျိုးရိုးလိုက်တယ်ဆိုတာ မိဘတွေရဲ့ မနောစရိုက်၊ ကာယစရိုက် နဲ့
ခလေးတွေက လိုက်လုပ်ကျတာပါ။"
 ဆိုတာ ကိုယ့်အတွက် တကယ်ပါပဲ ကလေးတွေကို တစ်ခါတစ်လေ စိတ်မရှည်တဲ့အခါ ငါစိတ်ဆိုးလာပြီ
 နော် လို့ ပြောမိတယ်။အဲစကားကို အခု ခဏ ခဏ ပြန်ကြားရတယ်။သူတို့ မောင်နှမ ၂ယောက် ဆော့ရင်း
မတည့်တော့တဲ့အခါ အက်ဝင်က မေလင်းလင်းကို အမေလုပ်သူ ပြောသလို မေလင်းလင်း နာ စိတ်ဆိုးလာ
ပြီနော်လို့ ပြောနေတာလေ။အမေလုပ်သူ အလုပ်လုပ်နေတုန်း သူတို့ တစ်ခုခု လာခိုင်းရင် မအားသေးဘူး။
အခုမလုပ်ပေးနိုင်သေးဘူး ပြောတာကို မှတ်ထားပြီး။သူတို့ ၂ယောက် တစ်ယောက်ကို တစ်ယောက် ခိုင်း
ရင် တစ်ယောက် က မအားသေးဘူးလေ၊မအားသေးဘူးလေ နဲ့ အမေ လေသံအတိုင်း လိုက်တာပါပဲ။
ကလေးတွေက မာမားလို့ ခေါ်ရင် ကိုယ်က ဘာတုံးတို့ ၊ဘာလဲ တို့ ထူးတာများတော့ မေလင်းလင်းက
သူ့ကို ခေါ်ရင် ဘာတုံးတဲ့။အဲကနေ အက်ဝင့်ကိုကူးရော။အက်ဝင့်ကျတော့ နားလည်နေပီမလို့ ကိုယ်က 
သားလေး ဘာလဲ မထူးရဘူး။yes တို့ ဗျာ တို့ ထူးရတယ် ပြောတော့...သူက " မာမား why u can do 
ဘာလဲ and why edwin cant do ဘာလဲ"တဲ့။အပေါ်ကလင့်ထဲကရေးထားတဲ့ အောက်စာ အတိုင်း
ဖြစ်နေတာပေါ့...
"အဲဒါကြောင့် ၂ နှစ်ကနေ ၅ နှစ်ဝန်ကျင်ခလေးတွေကို သေချာ ဂရုစိုက်ဖို့လိုပါတယ်
 သူတို့က ပတ်ဝန်ကျင်ပေါ်မှုတည်ပြီ အမှုအကျင့်စရိုက်တွေ ပြောင်းလဲသွားတတ်လို့ပါ 
မိဘတွေအနေနဲ့ "ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့လို့ " ပြောမယ့်အစားကိုယ်
ကိုယ်တိုင် မလုပ်ပဲ ပြင်မှ ရမှာပါ ခလေးကို အပြစ်တင်ပြောဆို ဆူရိုက်မယ့်အစား 
ဒီခလေး ဒီစရိုက်တွေကို ဘယ်ကတတ်လာလဲဆိုတာ အရင်စဉ်းစားသင့်ပါတယ်
 အဲဒါတွေ ငါတို့ ဆီက တတ်လာဆိုရင် ကိုယ်ကိုယ်တိုင်အရင်ပြင်ဖို့ လိုပါတယ်"
အခုတစ်လောတော့ တော်တော်လေးကို ကိုယ့်ကိုယ်ကိုယ် အရင်ပြင်နေတယ်။ပြင်သင့်တာတော့ ကြာပီ။
ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်ကလဲ ကျန်မာရေးမကောာင်းချိန်၊စိတ်ရှုပ်နေချိန်တွေမှာ သူတို့လေးတွေကို
အော်မိ၊ဟစ်မိတယ်။အခု ဒီနှစ်ပိုင်းအတွင်းမှာ  အက်ဝင် ဟာ တော်တော်လေးကို လူရည်လာပြီ၊ အကျိုး
အကြောင်းပြောပြရင် နားလည် တတ်နေပြီမလို့ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံတော့မယ်။အက်ဝင် ဟာ
အရင်တုန်းက ဂျီကျလွန်းလို့ ဘယ်လို ကိုင်တွယ် ရမယ်ဆိုတာကို  အွန်လိုင်းပေါ်က ကလေးစာအုပ်တွေ
ဖတ်မှတ်ဖူးတယ်။ဒါတွေဟာလဲ မလိုက်နာနိုင်ရင် အလကားပဲ။ကိုယ့်ကလေးရဲ့ဇ၊သူ့ရဲ့ အထာကို ကြည်ပြီး
ကိုင်တွယ်သင့်တယ်။သူ့အဖေ ကတော့ တို့ခဏခဏ အက်ဝင့်ကို ဆူတာမကြိုက်ဖူး။ကြာရင် ကလေးက
ကိုယ် ကို အလေးမထားဖြစ်သွားလိမ့်မယ်တဲ့။သူကတော့ လုံးဝ ဆူလေ့မရှိဘူး။
အခု အက်ဝင် ၅ နှစ်တန်းထဲ ရောက်လာတဲ့ အခါမှာ သူ့ရဲ့ ပင်ကို ဗီဇကို တစ်ဖြေးဖြေး သတိထားမိလာတာ။
သူဟာ သူ့ပစ္စည်းတွေ၊မုန့်တွေဆို မနှမြောတတ်ဘူး။သူများတောင်းလဲ ကျွေးတယ်၊ပေးတယ်။ဝမ်းနည်းတတ်
တယ်။အကြမ်းပတမ်း သူ့ကိုဆက်ဆံရင်မကြိုက်သလို သူများကိုလဲ မလုပ်ဘူး။အဲလိုလုပ်တဲ့သူတွေနား
မသွားဘူး။ရုပ်ရှင်ဆိုလဲ နဲနဲ  ကြောက်စရာတို့၊ကြမ်းတဲ့ကား၊၀မ်းနည်းစရာ ကောင်းတဲ့ကားဆို ပြေးပိတ်လိုက်
တာပဲ။မိဘတွေကို ကပ်ချွဲတာတို့ဘာတို့မလုပ်တတ်ဖူး။ဂျီနဲနဲကျတယ်။သူဖြစ်ချင်တာဆို မဖြစ်မချင်း နဲနဲပူညံ
ပူညံ လုပ်တတ်တယ်။
စာသင်ရင် တစ်ပုဒ်ကို ဘယ်တော့မှ ၂ ခါ ထက် ပိုသင်လို့မရဘူး။ဒီနေ့ မြန်မာစာ လေးကြောင်း တက်တော့
မယ်ဆိုရင် သူ့ကို ၂ ခါလောက် တိုင်ပေးလိုက် ပြီးရင် ရပ်လိုက်တော့။မရပ်ပဲ သူ ပိုရအောင်ဆိုပြီး ၄၊၅ ခါ
ထပ် repeat မလုပ် လိုက်နဲ့။လုပ်လိုက်ရင် သူမရတော့ဘူး။လွယ်လွယ်လေးတွေကိုတောင်မှ ပေါက်ကရ
အသံထွက်ပလိုက်တာ။ဟော ၁ခါ၊၂ခါလောက်ပဲ ချပေးလိုက် ပြီးရင် စာအုပ် သိမ်းလိုက်။ဟော နောက်နေ့
မေးကြည့် ဒေါင်းဒေါင်းပြေးနေတာပဲ။ကိုယ် English စာ ကို သူ့ကို မသင်ဘူး။မြန်မာစာပဲ စာများများစသင်
တော့ အစက အထာမသိတော့ ကိုယ်က သူရပါစေတော့ ဆိုပြီး ၅ခါ၊၆ ခါ ရွတ်ခိုင်းလေ မှားရွတ်လေပဲ။
တစ်ရက်ကျတော့ ကိုယ်က နောက်ရက် တတ်မဲ့ အပိုဒ်ထဲ က စာ ၂ ကြောင်းကို အမှတ်တမဲ့ ညနေဖက်သူ့
ကို ဖတ်ပြလိုက်တယ်။နောက်နေ့ကြတော့ သူက မာမား အက်ဝင်မြန်မာစာ ပေါင်းပြမယ်ဆိုပြီး အဲ့၂ကြောင်း
လာပေါင်းပြတာ အထစ်အငေါ့မရှိပဲ။အဲ့ဒီကတည်းက သူ့အထာ သိသွားပြီး မြန်မာစာ သင်ရတာ လွယ်သွား
တာပဲ။ မိဘကောင်းဖြစ်ဖို့ ကြိုးစားရဦးမယ်။နောင် အနှစ် ၂၀ ကြာရင် ဘယ်လိုသားသမီးရတနာလေးတွေ 
ထွက်ပေါ်လာမည်ကို ဘလော့ပေါ်မှာ(ယူနီမကုတ်ခင်) ဆက်လက် ရှုစားတော်မူပါ။
(ယူနီ နဲ့မှ ဆိုရင်တော့ လက်ကွက်အသစ်ထပ်ကျင့်ရမှာမလို့ ရေးချင်မှရေးတော့မယ်ဗျာ)
Thursday, April 25, 2013
25042013
ဒီညအခုထိ အိပ်မပျော်ဘူး။အိပ်လို့ကို မရတာ။ပြီးခဲ့တဲ့ အင်္ဂါနေ့က အိမ်က အခန်း၂ခန်းက air con power
မလာဘူး။အဲ့ဒီ့မတိုင်ခင်က ဖေော်ဝါရီလက master bed room က အဲ့လိုဖြစ်တယ်။အဲကွန်းဆားဗစ်လုပ်
နေကြ အကိုကြီးကို ခေါ်တယ်။အဲ့အကိုကြီး မြန်မာပြည်ပြန်သွားလို့ ဆိုပြီး သူ့ညီဝမ်းကွဲလာတယ်။လာမယ်
ဆိုပီး ချိန်းတဲ့နေ့မှာမလာဘူး။နောက်နေ့မှလာတယ်။လာတော့ ဘာဖြစ်မှန်းမသိတော့ တော်တော်လေး
ကြည့်လိုက်ရတယ်။အိမ်ကလူ လဲရှိတော့ သူ့ကို ကူကြည့်ပေးတယ်။air corn က ၀ယ်ထားတာ ၂ နှစ်စွန်းပဲ
ရှိသေးတော့ ကြိုးက ဖြစ်မယ်မထင်တာ ကြိုးက ဒေတာ မသွား ဘူးဖြစ်နေလို့ အိမ်မှာ ရှိတဲ့ ကြိုးရယ်၊ကရိ
ယာ တန်ဆာပလာတွေ နဲ့လဲလိုက်တယ်။ ၃ နာရီလောက်ကြာသွားတယ်။အခုလဲ နောက် ၂ခန်း အဲ့လို ထပ်
ဖြစ်တယ်။သူ့ကို ထပ်ခေါ်ရတယ်။ထုံးစံအတိုင်း ပထမနေ့ မလာဖြစ်ဘူး။သူ့ကို မလာနိုင်ရင် တစ်ယောက်
ယောက်ကို လွှတ်ပေးဖို့ ပြောတော့ သူပဲလာမယ်တဲ့။ကြိုးဖြစ်တယ်ဆိုတောတော့ ကျိန်းသေနေပြီ။အင်္ဂါနေ့
သူလာတယ်။အိမ်မှာ ကြိုးရှိတယ်ဆိုပီး ယူမလာတော့ အိမ်ကကြိုးက တစ်ခန်းပဲ ဆွဲလို့ရတယ်။နောက်နေ့
ကျတော့မှ ကြိုးထပ်ဝယ်ပြီးနောက်တစ်ခန်းဆွဲရတယ်။အိမ်ကလူလဲ မရှိတော့ ကိုယ်ကပဲ ကူနိုင်သလောက်
သူ့ကို ကူလုပ်ပေးရတယ်။မစ်ဆူဘီရှီ အဲကွန်းကို ကွန်ပလိမ်း တတ်ရရင်ကောင်းမယ် သူတို့ ၀ါယာတွေ
မကောင်းဘူးဆိုတော့ အဲ့လူက မစ်ဆူဘီရှီစက် ကကောင်းတယ် လာအင်စတော့လုပ်တဲ့ သူတွေဆပ်ပလိုင်း
လုပ်တဲ့ ၀ါယာက ဖြစ်နေတာတဲ့။ပြန်ခါနီးတော့ မှောင်နေလို့ ကွန်ပရက်ဆာမှာ ၀ါယာတွေ ပွနေတယ်။
နောက်နေ့ နေ့ခင်းဘက် လာပြီး တိပ်နဲ့ လာလုပ်ပေးမယ်တဲ့။တို့က ရတယ် ဒါတော့ တို့လုပ်တတ်ပါတယ်
ပြောတော့ အန္တရာယ်များတယ်တဲ့။သူလာလုပ်ပေးပါမယ်တဲ့။ပြန်ခါနီး ပိုက်ဆံပေးတော့ အဲ့လောက်ဆိုများ
လား။များရင် လျော့ပေးပါတဲ့။သူ့ကို ကူညီပေးတော့ သူဘာလိုတယ်(ကရိယာတန်ဆာပလာ)ကိုယ်က
ရှာပေး ယူပေး။အဲကွန်းအကြောင်းလဲ ကိုယ်က တီးမိခေါက်မိ နဲနဲရှိတော့ သူက ကိုယ့်ကို ဟယ်ဒီအိမ်ရှင်မ
ဘယ်လိုလုပ် ဒါတွေ သိလဲထင်နေတာ။ကိုယ့် ဘွဲ့ဝတ်စုံပုံတွေ့တော့မှ ဟင် NTU ကလား။ဒါဆိုအင်ဂျင်နီယာ
ပေါ့။အော် ဒါ့ကြောင့်ကိုးတဲ့။
အရင်နေ့တွေက အဲကွန်းပျက်လို့ စိတ်ညစ်လို့ အိပ်မပျော်ဖူးဆိုထားပါတော့။အခုတော့ မျက်လုံးကိုကြောင်
နေတာ။အီလထရောနစ် ပစ္စည်းတွေ ကိုယ်ဝယ်ရင် ဘယ်တော့မှ အကျိုးမပေးဘူး။ဒီနှစ်ပိုင်းမှာ ကျန်မာရေး
ကလဲ ချူခြာတယ်။ပြီးခဲ့တဲ့ အပတ်ကပဲ အလာဂျစ်တွေ ခေါင်း၊နှာခေါင်း၊နား၊မျက်နှာတွေမှာ အနာလိုကိုဖြစ်
တာ ခဏ ခဏ ဖြစ်တယ်။ဒီတစ်ခါတော့ ပြနေကျ အောချက်က ဆေးခန်းမသွားနိုင်တာနဲ့ ပေနေလိုက်တာ
၂ ပတ်လောက် မနေနိုင်တဲ့ အဆုံး အိမ်နားက ဆရာဝန်ဆီသွားပြတော့ so serious ဆိုပြီး ဆေးထိုးပေး
လိုက်တယ်။သောက်ဆေးတွေလဲပေးလိုက်တယ်။အခုတော်တော် သက်သာသွားပြီး။နောက်ဘာလာမလဲ
ရင်ခုန်စွာ စောင့်နေတုန်း အဲကွန်းပျက်တော့တာပဲ။
ကလေး ၂ယောက်ကတော့ အခုတလော ဒေါင်ဒေါင်မြည်နေတယ်။စနေနေ့တိုင်း ၁ နာရီလောက် ရေကူး
သွားတာတောင် ဘာမှမဖြစ်ဘူး။အပြင် အဝေးကြီးတွေ လိုက်မပို့ဖြစ်သေးဘူး။ရှေ့လထဲမှာ မေလင်းလင်း
နောက်သွား ၂ချောင်းနှုတ် ဖို့ရှိသေးတယ်။
မေလင်းလင်း
ဆော့နည်းတွေ တိုးတတ်လာတယ်။ထမင်း ဟင်းချက်တန်းကစားတဲ့အပြင်။ဟိုနေ့က သူ့အကိုကို ခေါ်ပြီး
ကိုကိုး ရှုးရှုးပေါက် မယ်၊အီအီးပါမယ်။tooth brush လုပ်မယ်နော်ဆိုပြီးပြောသံကြားလို့ ထူးဆန်းပေစွ
ဆိုပြီး သူတို့ဆော့တာကြည့်လိုက်တော့ ဘောင်းဘီ ကို အောက်လျှောချပြီး ရှုးရှုးပေါက်တဲ့၊ပြီးတော့ ခုံပေါ်
သွားထိုင်ပြီး အီအီးပါတယ်တဲ့။ပြီးတော့ သွားတိုက် တဲ့ပုံ လုပ်ပြီး tooth brush တဲ့။ပြီးတော့ မျက်နှာကို
လက်နဲ့သပ် မျက်နှာသစ်သလို လုပ်ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ တဲ့။
ကြံဖန်ဆော့တာလေ။မှတ်မိသေးတယ် အမေလုပ်သူက သူတို့ မောင်နှမ ၂ယောက်ကို မျက်နှာသစ်ပေး
တိုင်း အဲ့လိုရွတ်ပေးတာ။မေလင်းလင်းက ငယ်ငယ်က ဘယ်လိုမှတ်ထားလဲ မသိဘူး သူအီအီးပါပြီးလို့
မအေက ဖင်ဆေးပေးတာကို အဲ့လို ထရွတ်နေလို့ ...အံ့သြရော...
အက်ဝင်
မြန်မာစာသင်ရတာ တော်တော်ကို အဆင်ပြေလာတယ်။လုံးကြီးတင် အခန်း တစ်ဝက်တော့ရောက်ပြီ။
ခက်တာက သူဟာ ရေးချ နဲ့ လုံးကြီးတင် ၂ ခန်းရတာနဲ့ မြန်မာစာ အကုန်ပေါင်းရတယ်ထင်နေတာ။
သူစိတ်ကူးရသမျှ  ပေါင်းပြီးလာပြတယ်။ဥပမာ..စာဖတ် ဆိုရင် သူက _် (အသတ်) မသင်ရသေးတော့
စာဖိ ဆိုပြီးရေးလာပြတယ်။
တရုတ်စာလဲ တော်တော် တိုးတတ်လာတယ်။ဆွဲနည်းတွေ ဟိုနေ့က လာပြလို့ အံ့သြနေတာ။မာမား
စုကိုး၊စုထီ၊ဖြယ်၊န၊ဟန်တဲ့။နောက် ထပ်ပြောသေးတယ် မမှတ်မိတော့ဘူး။စကားအရင်ထက် များလား
တယ်။အမေးအမြန်းတော်တော်ထူလာတယ်။ကွန်ပလိမ်း တတ်တတ်လာတယ်။ အမယ်သူကစိတ်ကောက်
တာတောင် ဒီညနေ မာမား အက်ဝင် စိတ်ကောက်နေပြီတဲ့။
Sunday, April 21, 2013
အက်ဝင့် မြန်မာစာသင်ခန်းစာ
 ဒီနှစ်အစပိုင်းကနေစပြီး အက်ဝင့်ကို မြန်မာစာ သင်ပေးဖို့ စလုပ်ဖြစ်တယ်။အရင်တုန်းကလဲ နဲနဲစီ အစပျိုး
ထားပေမယ့် ကိုယ်တော်က စိတ်မ၀င်စားဘူး။လာမယ့်ဇွန်မှာ ၅ နှစ်ဆိုတော့ သူငယ်တန်းစာလောက်တော့
သင် သင့်နေပြီလို့ထင်တယ်။အစပိုင်းတော့ မုန့်တွေ ဘာတွေနဲ့ ဆွဲဆောင်ရပေမယ့် အခုတော့ တော်တော်
လေးကို ဟုတ်လာပြီ။လမ်းတွေ ဘာတွေသွားရင် တွေ့တာတွေကို အင်္ဂလိပ်လို အပြင် တရုတ်လို၊မြန်မာလို
မေးလာပြီ။မိုးရွာနေရင် မာမား raining ကို မြန်မာလို ဘယ်လို ပေါင်းလဲပေါ့။သူ အိမ်မှာ ပြောလေ့ရှိတဲ့
တစ်ချို့ မြန်မာ စကားတွေကိုလဲ စိတ်ကူးပေါက်သလို ပေါင်းပလိုက်တယ်။ရေးနည်းကတော့ သိပ်မမှန်ဘူး။
တစ်ဖြေးဖြေးပြင်ယူရမယ်။အခုကတော့ သူက လက်ထပ်ရေးပေးစရာမလိုတော့ သူ့စိတ်ကြိုက်ရေးတယ်။
ဒီမှာရှိတဲ့ သုံးမျဉ်းကြောင်းနဲ့ပဲရေးတယ်။အမှတ်တရသဘော မှတ်တမ်းတင်ထားတာပါ။
video
သင်ပုန်းကြီး ဖတ်စာ-၁၊သင်ခန်းစာ ၁ ကို တစ်လ နီးပါလောက် သင်ရတယ်။တစ်ပတ်ကို တစ်ရက်၊တစ်ခါ
တစ်လေ တရုတ်စာ လဲ လေ့ကျင့်ရသေးတော့။၂  ပတ် တစ်ခါ။စုစုပေါင်း ဒီသင်ခန်းစာ ပြီးအောင် မီးနစ်၂၀
၎ ချိန်လောက် သင်ရတယ်။သူက စာဆိုစိတ်ဝင်တစားရှိသူမို့တော်တော့တယ်။အခုချိန်မှာတော့ သူစိတ်ဝင်
စားမှု့ရှိတာလေးကိုပဲ ကျေးဇူးတင်နေရတယ်....
video
ဒီနှစ်ကုန်ကို သင်ခန်းစာ ၁၂ ခုလုံးသင်နိုင်ရင်ကောင်းမယ်။အခု သင်ပြီးတာ ရေးချ(-ာ ၊-ါ) အခန်း။
နောက်တစ်ခန်းက လုံးကြီးတင် အခန်း။နောက်တစ်ခန်းတတ်ဖို့ အားမွေးထားတယ်....
video
  video video
ကဲ ၂၀၁၃ မှာ ရည်ရွယ်ချက်တွေ အောင်စေသော်......
Thursday, April 11, 2013
မေ၊ အက်ဝင် နှင့် သူတို့၏ toilet
အက်ဝင်ကော မေကော အိမ်မှာ အိမ်သာသွားရင် အိမ်ကရေချိုးခန်းထဲက ဘိုထိုင်အိမ်သာမှာ ကလေးတွေ
ထိုင်လို့ရတဲ့ ဂွေအသေးလေး ထပ်တင်ပြိး သွားလေ့ရှိတယ်။ခရီးသွားရင် ဂွေကို သယ်သွားရတယ်။
မြန်မာပြည်ပြန်ရင် ရန်ကုန်က  တည်းခိုခန်းမှာ တည်းတော့လဲ ကိစ္စမရှိဘူး။အီအီး ပါချင်ရင် ဂွေလေး
အိမ်သာအိုးပေါ် ထပ်တင်လိုက်ယုံပဲ။ဒါမေငယ်ငယ်က ၁ နှစ် ၂လ ၂၅ ၇က် ကရိုက်ထားတာ..
မော်ကျွန်းအပြန်လမ်းသဘောင်္ပေါ်မှာ မေတို့၊အက်ဝင်တို့ အီးပါချင်တယ်ဆိုလို့ကတော့ တစ်ကယ့်ကွိုင်။
ပြီးခဲ့တဲ့ အခေါက်က မေလင်းလင်း မော်တော်ပေါ်မှာ အီအီးပါချင်တယ် ပြောလို့ ဒုက္ခကိုရောက်ရော။
သဘောင်္က အိမ်သာက ဆောင့်ကြောင့်ထိုင်ရတဲ့ဟာ ဂွေတပ်လို့မရ။အမေလုပ်သူက ဆောင့်ကြောင့်ထိုင်ပြီး
သူ့ကို အမေလုပ်သူ ပေါင်၂လုံးကြားပေါ်တင်ပြီး ဘိုထိုင်သဘောမျိုး လုပ်ပေးလဲ မမက ထိုင်နေကြမဟုတ်
တော့ မပါ။Diaper ထဲမှာ ပါလိုက်ဆိုတော့လဲ မဟုတ် တစ်ညလုံးဒုက္ခ ရောက်လိုက်တာ..........
မော်ကျွန်းရောက်တော့လည်း မော်ကျွန်းအိမ်က အိမ်သာက ရိုးရိုး ဆောင့်ကြောင့်ထိုင်ပဲလေ။အဲ့တော့
အမေလုပ်သူမှာ ဂွေနဲ့တော်တဲ့ ပလစတစ်ဗုံး တစ်လုံးဝယ်။ဗုံးထဲကို ပလစတစ် စွပ် ပြီးရင်ဂွေကို ပေါ်ကနေ
အံဝင်အောင်တင်ပြီး ဘိုထိုင်လုပ်ပေးရတယ်။အဲဒါမှ ပါတော်မူကြတယ်။စွပ်တဲ့ ပလစတစ်အိပ်ကိုလဲ ဒီကနေ
သယ်သွားတယ်။အောက်က ပုံပေါ့.....ဗုံးက အဖုံးလေးပါ ပါတယ်။မသုံးတဲ့အချိန်ဆို အဖုန်းလေးအုပ်ထား
ပေါ့။ဒီကိုပြန်လာတော့ နောင်နှစ်ပြန်ရင် သုံးရအောင် ဆေးကြောပြီး သိမ်းထားခဲ့တယ်။အပြန် ရန်ကုန်
သွားတဲ့ သဘောင်္ပေါ်ကိုတော့ အဲ့ဗုံးကိုမသယ်နိုင်တော့ဘူး။တစ်လမ်းလုံး သူတို့တွေ အီးမပါချင်ပါစေနဲ့
ဆုတောင်းရတယ်။
Tuesday, April 2, 2013
ကလေးတွေအကြောင်း ၂
အက်ဝင့် အကြောင်းဆက်ပြောရမယ်ဆိုရင် အက်ဝင်ဟာ တစ်ခုခုဆိုရင် ဘယ်တော့မှ ကိုယ်တိုင် မရှာ
မလုပ်ပဲ အမေ၊အဖေ ကို ပါးစပ်လေးနဲ့ခိုင်းတာပါပဲ။ပစ္စည်းတစ်ခု သူလိုချင်ရင် ထားတဲ့နေရာကလဲပဲ
သူရှာတွေ့နိုင်မဲ့ အနေအထားဖြစ်ပေမယ့် သူမရှာဘူး။အလွယ်တကူ အမေလုပ်သူကိုပဲ မာမား ဟိုဟာ
ဘယ်မှာလဲ ၊ဒီဟာ ဘယ်မှာလဲ ယူပေးပါအုံးဆိုပြီး ခိုင်းတတ်တယ်။သူအဲလိုမေးပြီးဆိုရင် အငယ်မက
သူသိထားတဲ့နေရာဆို ချက်ချင်းပြေးယူပြီး ကိုကိုး ဒီမှာလေ ရော့ရော့ ဆိုပြီး ယူလာပေးတတ်တယ်။
ကျောင်းမှာလဲ မနှစ်က nursery တတ်တုန်းက ကျောင်းကဆရာမတွေကို သူ့အမေလို သူ့ကို လုပ်ပေး
မယ်ထင်နေတာ။အခုတော့ သူ့ကို သူ့ဘာသာလုပ်နိုင်အောင် ပြပေးထားတယ်။
အငယ်မကျတော့ ပြောင်းပြန် သူ့ဘာ့သာလုပ်ချင်လွန်းလို့။သူ့ဘာသာ သွားတိုက်တယ်။မစင် မှာဆိုးလို့
အမေလုပ်သူက တိုက်ပေးမယ်ဆို မဟုတ်ဘူး။သူ့ဘာသာ အင်္ကျီ၊ဘောင်းဘီ ၀တ်ချင်တယ်။အပြောအဆို
မှာတော့ အကိုလုပ်သူကို အတုခိုးတယ်။အိမ်မှာ တို့တွေကို အက်ဝင်က အရင်က ပါပါး၊မာမား ခေါ်တယ်။
ကျောင်းတတ်တော့ ကျောင်းက ဒက်ဒီ၊မာမီ လို့သင်တော့ တစ်ခါတစ်လေ တို့ကို မာမီလို့ခေါ်တယ်။
သူက တို့ကို ၁၀ခွန်းခေါ်ရင် ၂ခွန်းလောက်ပဲ မာမီခေါ်တာ။အဲ့ဒါ မေလင်းလင်းက အကိုဆီက ကော်ပီ
ယူပြီး တို့ကို တစ်ချိန်လုံး မာမီနေတော့တာပဲ။တရက်တော့ သူက မာမီခေါ်လို့ တို့က မာမား ခေါ်စမ်းပါအေ။
ညည်းက ဘာမာမီ လဲ...ခေါ် မာမားလို့ ခေါ်ခိုင်းတာ မခေါ်ဘူး နိုး မေလင်လင်း မာမီ ခေါ် တဲ့။
ကြုံးတုံး အိမ်ကလူရဲ့ တူလေးအကြောင်းပြောရအုံးမယ်။အိမ်ကလူအမျိုးတွေဖက်က တရုတ်နွယ်တော့
အဖေ၊အမေ ကို ပါပါး၊မာမား ခေါ်ကြတယ်။အဲ့တူလေးလဲ သူ့အဖေမေကို ပါပါး၊မာမားခေါ်တယ်။ဒါပေမယ့်
သူက သူများတွေ အဖေ အမေ (မြန်မာလို )ခေါ်တာတွေ့တော့ သူလဲ သူ့အဖေမေကို ဖေဖေ မေမေ လို့
ဒီဘက်ကအဘိုးအဘွား(အိမ်ကလူ အဖေအမေ)လစ်ရင် ခေါ်သတဲ့။တရက်တော့ သူ့ကိုစချင်လို့ အဒေါ်
တစ်ယောက်ကသူများတွေဆို ဒက်ဒီ၊မာမီ ခေါ်နေတာ...သားက ဖေဖေ၊မေမေ ဆိုတော့ အောက်နေပြီ
လို့ ပြောလိုက်တော့ သူက သူ့ကိုယ်သူပုတ်ပြပြီး သားသားတို့က မြန်မာလေ၊မြန်မာလိုပဲ ခေါ်မှာပေါ့တဲ့။
အိမ်က မောင်နှမ ၂ယောက်က အသက်က ၂နှစ်လောက်ပဲကွာတော့ ဆော့ဖော်တော့ရတယ်။တစ်ခါတစ်ရံ
တော့လဲ ဖိုက်ကျလေရဲ့။အဲဖိုက်တယ်ဆိုလို့ ဟိုတစ်လောက အွန်လိုင်းကနေ သူ့အသံဆိုတဲ့ ဇတ်လမ်းတို
လေးကြည့်တော့ အဲ့ဇတ်လမ်းထဲမှာ မင်းသမီးက သူ့သားလေးကိုအကဲပိုပြီး၊ဟိုအိမ်ကက်ဆက်ဖွင့်တာ
ကျယ်လို့၊ဟိုမုန့်သယ် လမ်းမကနေ အော်လို့ သူ့သားလန့်နိုးလို့ဆိုပြီး လူတွေနဲ့ရန်လိုက်ဖြစ်နေတာကို
ကြည့်ပြီး အက်ဝင်က မာမား why everybody are fighting?တဲ့။အက်ဝင်ဟာ အိမ်မှာ ဘာတွေပြောင်းလဲ
နေတယ်ဆိုတာ စိတ်သိပ်မ၀င်စားဘူး။အငယ်မကတော့ မိန်ကလေးမို့လားမသိဘူး တစ်ခုခုပြောင်းလဲရင်
သူအရင်သတိထားမိတယ်။အခုလဲ အိမ်ကလူ ခရီးသွားနေတုန်း TV အသစ်လဲလိုက်တယ်။TV  လဲပြီးလို့
၁၀ရက်လောက်ကြာတော့ အိမ်ကလူ ပြန်လာတယ်။သားအမိတွေအိမ်အောက် ဆင်းကြိုတာပေါ့။သူ့အဖေ
ကခရီးနောက်တစ်ခုထပ်ထွက်ရမှာ ဆိုတော့ ကိုယ်လဲ အလုပ်ရှုပ်နေလို့ TV ကိုတောင်သိပ်သတိမထားမိ
ဘူး။အဖေလုပ်သူရောက်လာတော့ အိတ်တွေဘာတွေ ကူဆွဲအပေါ်တတ် ဓာတ်လှေခါးကနေထွက်တော့
မေလင်းလင်းလေ သူ့ပါပါးကို ဆွဲခေါ်ပြီး ပါပါး  come come, here have new TV...you can see ,
you can see တဲ့ အံ့သြလိုက်တာ...ဒီ TV ၀ယ်တုန်းက သူ့အဖေ အိမ်မှာမရှိတာ...သူ့အဖေ TV ကိုမတွေ့
ရသေးတာ သူသိနေတယ်...ဒါတင်မဟုတ်သေးဘူး၊အဲ့နေ့မတိုင်ခင်က ZOO သွားတုန်းက ၀ယ်ခဲ့တဲ့အအေး
ပုလင်းထဲကို သူရေထည့်သောက်နေတာကို အဲ့ ပုလင်းပါ သူ့အဖေကိုပြပြီး ပါးပါးhere new water bottle
...you drink...you drink ဆိုပြီး တိုက်သေးတာ....လက်ကိုမြှောက်ကော...လာမယ့် မေလမှ၃နှစ်ပြည့်မှာ. 
Chat box
ဘယ်ကလာလည်နေတယ် ဆိုတာ။