Friday, November 16, 2012

Nursery (2012)



ပြီးခဲ့တဲ့ ၁၄ရက်နေ့က edwin တို့ကျောင်းက PTC ပါ။အမှတ်တရဖြစ်အောင် တင်လိုက်တာ။စ၀င်ဝင်ခြင်းပဲ

သူ့ အင်္ဂလိပ်တီချယ်က Edwin ကို International school မှာကျောင်းထားသလားမေးတယ်။ရုတ်တရက်

ကိုယ်ကြောင်သွားတယ်။မထားပါဘူး ဘာဖြစ်လို့လဲပေါ့ ဆိုတော့။Edwin ဟာ sign Language တတ်နေလို့

တဲ့။အဲတော့မှာ ကိုယ်လဲသဘောပေါက်တယ်။သားလေးဟာ အိမ်မှာ ယူကျုကနေ စကားမပြောတတ်သူ

တွေသုံးလေ့ရှိတဲ့ A-Z ကို လက်ဟန်နဲ့ပြတာ သူကောင်းကောင်းတတ်ထားတယ်။ကျောင်းမှာ ဆရာမကပဲ

သင်နေတုန်းမှာ သူလုပ်ပြသလားမသိဘူး။


ဆရာမကတော့ Edwin ဟာ စာမှာ ဒီပြင့်ကလေးတွေထက် Advance ဖြစ်နေကြောင်း၊သူ့ကို story book

ပေးရင် သူ့ဘာသာ ၀ါကျတွေ ဖတ်နေတာတွေ့လို့ သူ့နားသွားကြည့်တော့ သူဖတ်နေတာတွေမှန်ကြောင်း၊

Number တွေကိုလဲ စာလုံးပေါင်းတတ်ကြောင်း အဲဒါကြောင့် အပြင်မှာ ကျူရှင်ထားသေးလားထပ်မေးသေး

တယ်။ကိုယ်လဲ အခုထိ ဘယ်ကျူရှင်မှ မထားသေးဘူးဆိုတဲ့ အကြောင်း အိမ်မှာ တစ်ချိန်ကုန် စာရေး တာပဲ

လုပ်နေလို့ သူရနေတာလို့ ပြန်ပြောလိုက်တယ်။Edwin က အခု ၄ နှစ်ကျော် Nursery ပါ။ရှေ့နှစ် K1 တတ်

တော့မှာပါ။ဒီဆရာမက ၀င်တာ ၂လလောက်ပဲ ၇ှိသေးပြီး ဒီဆရာမ နဲ့ အရင်ဆရာမ အပြောင်းအလဲမှာ

edwin တစ်ယောက် ကျောင်းမပျော်ဖြစ်သွားသေးတယ်။သူက ပုဂိုလ် စွဲရှိတယ်။အခုတော့ အားလုံးအဆင်

ပြေသွားချိန်မှာ  ကျောင်းကပိတ်ပြီ။အဲချီးမွှမ်းပြီးတာနဲ့ လာပါပြီ နာမည်ကျော် Edwin ရဲ့လက်ပါ။လက်အား

ပျော့ကြောင်း ကတ်ကြေးမကိုင်တတ် မညှပ်တတ်ကြောင်း။အိမ်မှာ ကပ်ကျေးညှပ်လေ့ကျင့်ပေးဖို့ပြောတယ်။

နောက်တစ်ခုက Edwin ဟာ story ပြောရင် ငြိမ်နားထောာင်ပြီး ပြီးရင် မေးခွန်းတွေ အရမ်းမေးကြောင်း။

ထင်သားပဲ အပြင်မှာလဲ အခု တရစပ် မေးခွန်းတွေ မေးလွန်းလို့ ဆူတောင်ယူရတယ်။သူစာဖတ်တာဝါသနာ

ပါရင် Library သွားပြီး စာအုပ်ငှားပေးဖို့ ဆရာမက ပြောလိုက်တယ်။အမှန်တော့ အိမ်မှာ စာအုပ်တွေ ၀ယ်

လွန်းလို့မှာ သူ့စာအုပ်တင် အုပ် ၄၀-၅၀ ရှိတယ်။ဆရာမပြောတာကိုမှတ်ထားပြီး နောက်နေ့ Libary သွား

မယ်ဆိုလို့ လိုက်ပို့ရသေးတယ်။အလကားနေ အပြင်သွားရင် book shopping လုပ်မယ်ပဲ...


English ဆရာမ နဲ့ ပြောပြီးတော့ chinese သင်တဲ့ ဆရာမနဲ့ တွေ့ရတယ်။အဲ့ဆရာမက အီးလို မတတ်ဖူး

အဲ့တော့ ဘေးက ဆရာမ တစ်ယောက်က ဘာသာပြန်ပေးတယ်။Edwin ဟာ တရုတ်စာသင်ရင် စိတ်မ၀င်

စားကြောင်း၊သူ့ကို တရုပ်လိုပြောရင် နားလည်ကြောင်း ဒါပေမယ့် သူ့ကို အမြဲ English လိုပဲ ပြန်ဖြေနေ

ကြောင်း။တရုတ်စာကို နဲနဲ ကျင့်ဖို့ပြောတယ်။


သူ့အတွက်  Chinese ကို ဘယ်လိုလုပ်ပေးရမလဲ မသိလို့ အခုလောလောဆယ် Tien Hsia မှာအပ်ထား

တယ် နောင်နှစ်အတွက်။K1 မှာအခြေနေကြည်ပီး K2 မှာ တစ်မျိုးစီစဉ်မယ်စိတ်ကူးတယ်။အခုတော့ ငယ်

သေးတော့ section ထားရင် ပေါင်းသင်းဆက်ဆံရေး ပိုကောင်းမယ်ထင်လို့ ။အဲမှာလဲ english လိုပြော

နေရင်ဒုက္ခပဲ။ဆရာမက ယူကျု ကနေ chinese နဲ့ ပတ်သတ်တာတွေ့ ဖွင့်ပေးပါလားတဲ့။အဲလို စမ်းကြည့်

 ပြီးပီ ကိုယ်တော်က နိုးဆိုပြီး ပိတ်ပလိုက်တယ်။














ဒါကကျောင်းကနေပေးလိုက်တဲ့ ဖိုင် ကျောင်းကိုပြန်ပေးရမှာ။
မိဘတွေ အပိုင်သိမ်းရမဲ့ သူလုပ်ထားတဲ့ စာအုပ်တွေလဲ ပေး
လိုက်တယ်...



ဒါက အလေးချိန်။















ဒါက ကျောင်းမှာဆော့ရင် သူ့ကို အမြဲ ကယ်ရီလုပ်တဲ့ကလေးမတဲ့။ဆရာမပြောတာ။
Edwin ကို သိပ်ဂရုစိုက်တာတဲ့။




ဒါက Letters Recognition Testပါ။


                              တရုတ်စာတိုးတတ်မှု..ဘာတွေလဲတော့မသိ






သူဆွဲထားတဲ့ မိသားစုပုံ





Numbers  တွေကို တရုတ်လိုနဲ့ အီးလို ရောရေးထားတာ
စတား၂ခုတောင်ရတာပဲ...:)













အနက်ကကျောင်းအုပ်။
အဖြူ chinese တီချယ်။
ပန်းရောင် English တီချယ်။










လေ့ကျင့်ခန်းစာအုပ်တွေကတော့ ကိုယ်ပိုင်ဆိုတော့ မလိုဘူး။ပရိုဖိုင်း ဘုတ်တော့ အားလုံးကော်ပီကူးထားလိုက်မယ်။အဲ့ထဲမှာ တိုးတတ်မှုပြဇယားတွေ အကုန်ပါတယ်။
အခုသူ အပြင်သွားရင်အရမ်းကဲတယ်....





Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။