Sunday, April 26, 2009

Today's Menu

Breakfast


ဒီနေ့ ရှမ်းခေါက်ဆွဲ ချက်စားဖြစ်တယ်။ကျကျနန မချက်တတ်ဖူး။ထင်သလို ဖြစ်သလို ချက်လိုက်တယ်။

၁.၀က်သားကိုနုပ်နုပ်စင်း ပြီး ဆား၊အချိုမှုန့်နဲ့နယ်ထား။ပြီးတော့ဆီပူပူထဲမှာ ကြက်သွန်နီ၊ဖြူကို ငရုပ်သီးမှုန့်နဲ့

ဆီသပ်။ပြီးတော့ခရမ်းချဉ်သီးလှီးထားတာပါ ထည့်ပြီး ခရမ်းချဉ်သီးလိပ်အောင် ဆီသပ်လိုက်တယ်။

ခရမ်းချဉ်သီးလိပ်လာတော့ ၀က်သားကို ပစ်ထည့်လိုက်တယ်။

၂. နှမ်းကိုလှော်ပြီးထောင်းထား။ဆီပါလေရုံနဲ့ နှမ်းလှော်ကို ဆီသပ။် ပြီးတော့ဒီက ပဲငပိ ကို နှစ်ဇွန်းစာလောက်

ထည့်လိုက်တယ်။
၃. မုန့်ညင်းချဉ်ကို သေးသေးလေးတွေဖြစ်အောင် လှီးလိုက်တယ်။

၎. မြေပဲကိုလှော်ပြီးတော့ထောင်းထား။

၅.အချို့ကတော့ ကော်ရည် ကျိုပြီးဆမ်းတယ်။ကိုယ်ကတော့ ပဲမှုန့်ကို မပျစ်မကျဲ ကျိုလိုက်တယ်။

၆.ငရုတ်သီးလေးစိတ်ကွဲ နည်းနည်းကို ကြော်လိုက်တယ်။















ပြီးတော့ ဟိုနည်းနည်း၊ဒီနည်းနည်း နဲ့ ပန်းကန်ထဲ က ခေါက်ဆွဲဖတ်ပေါ်ထည့်ပြီးတော့ တူနဲ့မွှေလိုက်ရင်

ရှမ်းခေါက်ဆွဲဟုခေါ်ဆိုနိုင်သော ရှမ်းခေါက်ဆွဲကို စတင်သုံးဆောင်နိုင်ပါပြီ။















အရည်သောက် အနေနဲ့ ၀က်ရိုး ကိုပြုတ်ပြီး၊ကြက်သွန်မြိတ်လေးခတ်လိုက်ပါတယ်။















lunch

နေ့လည်စာအနေနဲ့ ၀က်နံရိုးကို ဆား၊အချိုမှုန့် နဲ့ နယ်ထား။့ဆီပူပူထဲမှာ ကြက်သွန်နီ၊ဖြူကို ငရုပ်သီးမှုန့်နဲ့

ဆီသပ်။ခရမ်းချဉ်သီးလှီးထားတာပါ ထည့်ပြီး ဆီသပ်လိုက်တယ်။ပြီးတော့ ၀က်နံရိုးကို ထည့်လှိမ့်။ရေထည့်

ပြီး ၂ရေလောက် ချက်လိုက်ပြီး ဆီပြန်လာရင် ချလိုက်။ဒီမှာ ၀က်နံရိုးခရမ်းချဉ်သီးဆီပြန် ချက်လေးပါ။
















ပဲစောင်းငှားသီး ကို ရေနွေးဖျောပြီးပါးပါးလှီး။ကြက်သွန်နီကို ပါးပါးလှီး၊ပုဇွန်ခြောက်မှုန့် ၊ပဲအကျက်မှုန့်၊

ငရုသီးမှုန့်၊ကြက်သွန်နီဆီကျတ၊်အချိုမှုန့်၊ဆား လိုသလိုထည့် ပြီးမွှေပါ။အချဉ်ကြိုက်လျှင် သံပရာသီးလေးညှစ်

လိုက်သောအခါ















င်္Fruit လေးတွေကိုလည်းစားသွားပါ

Saturday, April 25, 2009

အခုတစ်လော ရောက်တတ်ရာရာ

အခုတစ်လေားးးးးးး

-သားလေးက အိမ်အသစ်မှာ အထာမကျသေးလို့ အမေကို အရမ်းကပ်တယ်။အခန်းထဲကနေ အပြင်ကိုခြေတစ်

လှမ်း ထွက်လိုက်တာနဲ့ မားမား ...မားမားဆိုပြီးလိုက်တော့တာပဲ။ခွာလို့ကိုမရဘူး။သူ့ခမျာလည်း မိုးလင်းကနေ

မိုးချုပ် အမေ ကို ပဲတွေ့နေရတာဆိုတော့ အမေ့တစ်မျက်နှာတစ်ကမ္ဘာထင် နေတာ။အိမ်မှာ တစ်ယောက်ထဲ

ကစားဖော်လည်းမရှိတော့ ငါ့သားလေး သူများကလေးတွေနဲ့ဆို ဆော့တတ်ပါ့မလား စိုးရိမ်ပြီး သူ့ထက် ၁လခွဲ

ကျော်ကျော်ငယ် တဲ့ တူဝမ်းကွဲ လေးတို့အိမ်အလည်သွားတယ်။ထင်မထားလောက်အောင်ပဲ။ဆော့တတ်ပါပေပ။

အိမ်ရှေ့က ကလေးကစားကွင်းကိုခေါ်သွားတယ်။တန်းလေးတွေ ကိုင်ပြီးလမ်းလျှောက်လို့ရအောင်လို့။

လမ်းမလျှောက်ပဲ၊သစ်ရွက်တွေ ပဲကုန်းကောက်နေတယ်။အိမ်ကအတူနေ အစ်မက edwin ကိုsembwaste

မှာအလုပ်ခန့်လို့ရပြီတဲ့။Smile

-ဒီရက်အတွင်း သူ့ပါးပါးကစာမေးပွဲ ရှိတယ်။စာမေးပွဲရှိပါတယ်ဆိုမှ သူ့ကုမ္မဏီကလည်းပေးလိုက်တဲ့အလုပ်တွေ။

ပြီးခဲ့တဲ့ 21.04.09 က တစ်ဘာသာဖြေပြီးသွားပြီ။တစ်နှစ်စာကို ၂ ရက်ထဲ စာကြည့်ပြီးသွားဖြေရတယ်။

မဖြေနိုင်ဘူး။F မထိပါစေနဲ့ပဲဆုတောင်းရမယ်။Grade point က မရ ရအောင်ဖြည့်လို့ရသေးတယ်။F ထိရင်တော့

သေပြီဆရာ။29.04.09 မှာတစ်ဘာသာဖြေဖို့ ကျန်သေးတယ်။အလုပ် နဲ့ စာမေးပွဲ ကြားPressure တွေတစ်

အားများနေ တဲ့သူ့ ကိုကြည့်ပြီး ကိုယ်လည်းစိတ်မသက်သာ။

-မနေ့ ကိုယ်တို့ ရဲ့ ၉ နှစ်မြောက် အမှတ်တရ နေ့တစ်ခု။ဘာမှ ထွေထွေထူးထူး မလုပ်ဖြစ်ပါဘူး။sms ပို့ပြီးတစ်

ယောက်နဲ့တစ်ယောက် wish လုပ်တယ်။marriage လုပ်ပြီးကတည်းက သူ နဲ့ ကိုယ်နဲ့ အချစ်အကြောင်းပြော

ချင်ရင် sms ပို့ပြီးပဲပြောတယ်။အိမ်မှာ မျက်နှာချင်းဆိုင်မပြောဖြစ်ဘူး။ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ ၉ နှစ်ကသွားခဲ့တ
ဲ့
ကမ်းခြေ လေးကိုပြန်သွားချင်တယ်။

-ခုတစ်လောနေသိပ်ပူတယ်။သားလေးနဲ့အပြင်မထွက်ဖြစ်ဘူး။KFC က chese အာလူးကြော်စားချင်တာနဲ့

အာလူချောင်း ၀ယ်ထားတာကို ကြော်ပြီး ချိစ် ၂ ပြား အပေါ်ကတင်ပြီး Microwave ထဲထည့်လိုက်တယ်။

ပြီးတော့ သားအမိနှစ်ယောက်တီးတယ်။

Wednesday, April 1, 2009

မနေ့က နဲ့ ဒီနေ့

မနေ့က အိမ်အသစ်ကိုစတက်ဖြစ်တယ်။အရင်အိမ်နဲ့၃ တိုက်ပဲခြားတယ်။ဒီ ၂ ပုံက အရင်အိမ်ကနေ အခုနေတဲ့ တိုက်ကို ဓာတ်ပုံ ရိုက်ထားခဲ့တာပါ။ပန်းခြံက အိမ်နားကပန်းခြံ။















သားလေး အိမ်စိမ်းသွားလို့ လူကပ်တာကလွဲရင် အဆင်ပြေပါတယ်။

ရောက်ရောက်ချင်းပဲ မျှစ်ချဉ်နဲ့ဝက်သား၊ငပိရည်ဖျော် ချက်လိုက်တယ်။:P














ဒီနေ့ APRIL FOOL နေ့။ သူ့ကို APRIL FOOL လုပ်ဖို့ စီစဉ်ထားပြီးသား။သူကပဲ ကံကောင်းနေတာလားတော့

မသိဘူး၊ဒီနေ့ အလုပ်မသွားရဘူးဆိုလို့ APRIL FOOL မလုပ်လိုက်ရဘူး။သူ့ကိုမလုပ်ရတာ နဲ့ သူငယ်ချင်း၂

ယောက် ကို APRIL FOOL လုပ်လိုက်တယ်။ရဲစခန်းသွားတယ် လိပ်စာပြောင်းဖို့။ရဲစခန်းရောက်တော့

အရင်လို ဒီအတိုင်း ဘာစာမှမပါပဲ ပြောင်းလို့ မရဘူးတဲ့။ဒီလိပ်စာမှာနေကြောင်း ကို ကိုယ့်နာမည်နဲ့ စာတစ်

စောင် ပြနိုင်မှတဲ့။မနေ့ကမှပြောင်းတာ စာဘယ်လိုလုပ်ရမလဲဆိုပြီးမေးတော့ 'ဒါဆိုသူတို့ applyလုပ်ပေးမယ်

၊approve letter ရမှ လာပြောင်းတဲ့'။ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်မေး ကြည့်တော့ new rule

တဲ့။


ဒီနေ့ သူ ငါးပေါင်း လုပ်ကျွေးတယ်။ငါးကို မှိုခြောက်၊ပန်းခြောက် နဲ့ ပေါင်းထားတာ။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။