Sunday, June 24, 2012

သူငယ်ချင်းများ(၁)


တို့ ငယ်ငယ်က မူလတန်းကိုအိမ်ရှေ့က မူလတန်းကျောင်းမှာ တတ်တယ်။၅တန်းရောက်တော့ အထက(၂)

မှာတတ်ရတယ်။တို့မြို့မှာ  အထက်တန်းကျောင်း၂ကျောင်းမှာ အ.ထ.က(၁)က မြို့လယ်ရပ်ကွက်တွေပဲ

လက်ခံတယ်။တို့နေတဲ့မြို့စွန် ရပ်ကွက် နဲ့ အနီးအနားရွာတွေက ကျောင်းသားတွေကတော့ ထ(၂) မှာပဲ

တတ်ရတယ်။တောကျောင်းဆိုပါတော့။ပိုက်ဆံမရှိသူတွေတတ်ကျောင်းပေါ့။တို့အဲဒီကျောင်းမှာ ၁၀တန်း

အထိတတ်ခဲ့တယ်။တောကျောင်းဆိုတော့ သူငယ်ချင်းတွေကလဲ အနီးရွာကနေ လာတတ်တဲ့ တောသူ

လေးတွေပဲပေါ့။ကျောင်း သုသာန်နားမှာ။တို့အိမ်ကနေ ကျောင်းကို မီးနစ်၂၀လောက်လမ်းလျောက်ရတယ်။

ကျောင်းနားရောက်ခါနီးရင် စပါးပင်စိမ်းစိမ်းတွေ၊မြေနီလမ်းတလျောက်ဘေးမှာ ကျူဖျာတွေနဲ့ ပုဇွန်တွေ

ကိုပြုတ်ပြီး ပုဇွန်ခြောက်လုပ်ဖို့လှမ်းထားတာတွေ ဟာမရိုးနိုင်တဲ့မြင်ကွင်းတွေပေါ့။တခါတလေ သုသာန်

ထဲက အကြော်ဖိုမှာ ပဲကြော်အကြေတွေသွားဝယ်ပြီး မုန့်စားဆင်ချိန်ဆို ကျောင်းနားက သူငယ်ချင်းတွေ

အိမ်မှာသုတ်စားကြသေးတာ။သူငယ်ချင်းတွေကရွာကဆိုတော့ မြို့မှာ အိမ်လုံးချင်းငှားပြီးစုနေကြတာ။



အဲဒီထဲမှာ ခင်ခင်မင်မင်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလဲ၇ှိတယ်။ဒါပေမယ့် ၁၀တန်းပြီးတော့ သူတို့လဲ ရွာပြန်

အလုပ်လုပ်ရင်း အဝေးသင်တတ်။ကိုယ်လဲ ကျောင်းတတ်ဖို့စောင့်ရင်း အိမ်ကို ကူနဲ့ သိပ်ပြီးမတွေ့ဖြစ်ကြ

တော့ဘူး။ကိုယ် ၉၆ က ၁၀တန်းအောင်တာ ၉၉ နှစ်ကုန်ခါနီးမှ BE ဘွဲ့ ကိုတတ်ဖို့ ၀ါးခယ်မ GTI၊အဲကနေ

ဝါးခယ်မမှာ မနေချင်ဘူးဆိုပြီး ပုသိမ်ပြောင်း။ပုသိမ်မှာ ဒုတိယနှစ်ပြောင်းတော့ ပြည်နည်းပညာ တက္ကသိုလ်

ကြီးကိုရောက်ခဲ့တယ်။



ကျောင်းနေခဲ့တဲ့အချိန်အတွင်း သူငယ်ချင်းတော်တော်များများနဲ့ ဆုံခဲ့တယ်။တက္ကသိုလ်မှာဆုံခဲ့တဲ့ သူငယ်

ချင်းတွေကတော့ အဆက်သိပ်မပြတ်ဘူး၊အနည်းဆုံးတော့ Online မှာအဆက်အသွယ်ရှိကြတယ်။အထက်

တန်းတုံးက သယ်ရင်းတွေကတော့ လုံးဝ ကို အဆက်ပြတ်သွားတာပဲ။အထက်တန်းကသူငယ်ချင်းတွေနဲ့

၇ိုက်ထားတဲ့ပုံ။



သူငယ်ချင်းတွေနဲ့

ဓာတ်ပုံနောက်ကစာ







အဲဒီထဲမှာ တို့ညာဖက်ပုခုံးအနောက်နားက သူငယ်ချင်း တစ်ယောက်ကလွဲရင် ကျန်တာတွေက မော်ကျွန်း

နားက ကျွန်းကြီးရွာ၊လှိုင်းဘုန်း၊၀ဲဒေါင့် ရွာမှာနေတဲ့သူတွေ။တို့ညာဖက်ပုခုံးအနောက်နားက သူငယ်ချင်းက

ကျတော့ တို့အိမ်နဲ့သိပ်မဝေးတဲ့ ယမုံနာ မြစ်ကမ်းဘေးလမ်းမှာနေပြီး သူတို့မိသားစု ကရေလုပ်ငန်း

လုပ်တယ်။ပိုက်ချတယ်။ငါးဖမ်းတယ်ပေါ့။မော်ကျွန်းက ရေပတ်လည်ဝိုင်းနေတာ။အများစုကရေလုပ်ငန်း၊

စိုက်ပျိုးရေးလုပ်ငန်းလုပ်တယ်။ပုဇွန်တို့၊ပုဇွန်ထုပ်တို့ဆို ရန်ကုန်ကနေတဆင့် export ပို့တာပေါ့။သူတို့

အိမ်မှာသူ အငယ်ဆုံး၊စာလည်းလိုက်နိုင်တော့ မိဘတွေက ပညာေ၇းအားပေးတယ်။အကိုတစ်ယောက်၊

အမတစ်ယောက် အိမ်ထောင်သည် တွေ။သူက ၁၀တန်းအောင်တော့ အဝေးသင်တတ်ပြီး ရန်ကုန်က

ကုမ္မဏီ တခုမှာဝန်ထမ်းလုပ်နေတယ်လို့ အရင်ကတို့ကျောင်းပိတ်လို့ အိမ်ပြန်ရင် အမေပြောသံကြား

တယ်။ကိုယ်ပြန်တဲ့အချိန် သူမရှိတော့ မတွေ့ဖြစ်ဘူး။



ပြီးခဲ့တဲ့ နာဂစ်ဖြစ်ပြီးလို့ပြန်တဲ့ နှစ် ကတော့ သူ့(အင်္ကျီစိမ်းပြာ လည်ပေါက် ဗွီရှိတ်)မိသားစုအကြောင်း

ကြားလိုက်ရတယ်။သူတို့အိမ်က မိသားစု ကပိုက်ဆင်းနေရင်း နာဂစ်နဲ့ပါသွားတာ သူမ တစ်ယောက်ပဲ

ကျန်ခဲ့တယ်တဲ့။သူမက ရန်ကုန်မှာအဲဒီအချိန်။ကျန်တဲ့သူတွေလဲ ဘယ်လိုနေလဲတော့မသိဘူး။အဆက်

ပြတ်နေတော့။

ဒါကနောက်သူငယ်ချင်း၂ယောက်။ရွာကပဲ။















တို့ကျောင်းမှာချယ်ရီပင်တွေသိပ်ပေါတာ အနောက်မှာချယ်ရီတွေပွင့်နေတာတွေ့လား။






















သူ့နာမည်က တင်တင်ရီတဲ့ စာတော်တယ်။အရမ်းဆင်းရဲတယ်။လက်ရေးသိပ်လှတယ်။ဖယောင်းတိုင်မ၀ယ်

နိုင်လို့ နေ့ခင်းဖက်ပဲစာကြည့်ရတယ်။ဆယ်တန်းအောင်ပြီးတော့ ဒီပြင့်မြို့ပြောင်းသွားတာ သတင်းမရတော့

ဘူး။ဒါအထက်တန်းတုန်းက အပေါင်းအသင်းအကုန်ပဲ။ကိုယ်တို့တုန်းက တစ်ခန်းပဲ၇ှိတာ။

BONUS


အိမ်ကလူ နဲ့ တို့နဲ့က တစ်မြို့ထဲ။ဒါပေမယ့် တစ်ခါမှမတွေ့ဖူးဘူး။သူက အ.ထ.က (၁)မှာတတ်ပြီး

၈တန်းကနေ ၁၀တန်းကို ပြင်ဦးလွင် စိုးစံ ဘော်ဒါမှာ ဘော်ဒါနေတာဗျ။တက္ကသိုလ် မှဆုံတာ။

စိုးစံမှာဘော်ဒါနေတော့ အဆင့်မြင့်တယ်ပေါ့ဗျာ။အပေါင်းအသင်းတွေကလဲ များသောအားဖြင့်

သူဌေးတွေပေါ့။တိုများတော့ စက်ဘီးလေးနဲ့ပြေးပြီး ကျူရှင်လေးတတ်ရတာ။ဒါတောင် ဘာသာစုံမဟုတ်

ဘူး။

ဟိုတလောက သူနဲ့အိမ်ကအတူနေတဲ့ အကို ထမင်းစားခန်းမှာ ဘီယာသောက်နေတုန်း တို့က အ၀တ်

လှန်းမယ်ဆိုပြီး အ၀တ်လှန်းခန်းကို သူတို့ရှေ့က ဖြတ်အသွား သူကလှမ်းပြီး အာဖျံ အာဖျံ ၁၀တန်းတုန်း

က အင်္ဂလိပ်စာ ဘာတွေသင်တယ် မှတ်မိသေးလားတဲ့တို့လဲ မမှတ်မိဘူးပြောလိုက်တာ့။အံမယ် သူက

ဟိုအကို ကို ကျနော်တို့တုန်းက  unit 1 က ဘာပုံပြင်၊unit 2 ဘာဆိုပြီးပြောနေလိုက်တာ။မြန်မာ စာတွေ

လဲ ဘာတွေသင်ရတယ်ဆိုတာ ကဗျာတွေ ရွတ်ပြနေလို့ တို့တောင် အံ့သြနေတယ်။ဟိုအကိုက တို့ထက်

၉နှစ်လောက်ကြီးတော့ခေတ်မတူဘူးလေ။အဲသင်္ချာအလှည့်လဲရောက်ကော အာဖျံ အာဖျံ နင် သင်္ချာ

အမှတ်ဘယ်လောက်ရလဲတဲ့။တို့လဲ အ၀တ်လှမ်းနေတာကနေ ၈၉ မှတ်ထင်တယ် ပြောတော့။သူက

ဟိုအကိုကို ကျနော် သင်္ချာ ၉၉ မှတ်တောင်ရတယ်အကိုရ၊ဓမ္မဓိဌာန် ၁ခုမှားသွားလို့ဆိုပြီးပြောနေတာ

ဒီက အမြင်ကပ်လာပြီး ဟေ့ ငါတို့လဲ သိပ္ပံတွဲကို ၉၅ မှတ်ရပါတယ်။၅မှတ်က bio ပုံဆွဲ ညံ့လို့ပါနော်လို့

ပြောပြီး သူ့ကို ကလိချင်တာနဲ့ ဟိုအကိုကို  အကိုရေ ကျမ က တောကျောင်းတတ်ပြီး မြို့အစုတ်လေးကနေ

၁၀တန်းအောင်တာလဲ BE ပဲ၊သူ စိုးစံ ကနေအောင်တာလဲ BE ပဲဗျလို့ ပြောပလိုက်တယ်။အဲဒီတော့ သူက

ဘာပြောလဲ သိလား

BE ချင်းတူပေမယ့် ရာဇ၀င်က စကားပြောတယ်။အခုအိမ်ထောင်ကို ဦးစီးနေတာ ဘယ်သူလဲတဲ့။

ဒီကလဲပြန်ပြောလိုက်တယ် ငါလဲ ကလေး၂ကောင်နဲ့ အိမ်နောက်ကို ဦးစီးနေတာ လို့။



Friday, June 1, 2012

01-06-2012



'Edwin က Chinese language မှာ အစ က zero မလား'     တရုတ်ဆရာမ အမေးကို တို့က

 'ဟုတ်ပါတယ် သူ တရုတ်လို မတတ်ဘူး'  ပြန်ဖြေလိုက်တယ်။

"ဒါဆို သူ တရုတ် စာမှာတော်တော်တိုးတတ်လာတယ်။ဒီမှာ သူရေးထားတာတွေ ဆိုပြီး"

ကျောင်းမှာ Edwin နာမည်နဲ့ သိမ်းထားတဲ့ ဖိုင်တွဲထဲက Edwin ရေးထားတဲ့ တရုတ် 

ကိန်းဂဏန်းတွေကိုပြတယ်။

'အခုဆိုရင် သူ့ကို ဘာပြောတယ် ၊ဘာကို ဆိုလိုတယ် ဆိုတာ တရုတ်လိုပြောရင် နားလည်လာပြီ" (ဆရာမ)

'သူ့အဖေက မဒရင်း (တရုတ်) ပြောတတ်တယ်မလား'  ဆရာမက မေးတယ်။

"ပြောတတ်ပါတယ် ဒါပေမယ့် အဖေလုပ်သူ က မကြာခဏ ခရီးသွားရတော့မအေလုပ်သူနဲ့ပဲဆိုတော့ မြန်မာ

လိုရယ်၊အင်္ဂလိပ် ရယ်ပဲပြောဖြစ်တယ်။' လို့ တို့ ကပြန်ဖြေလိုက်တယ်။

"Edwin ဟာ မတ်လ ဟောလီးဒေး မပြန်ခင်က ဆိုရင် ကျောင်းမှာ ဘယ်သူနဲ့ မှလဲ မဆော့ဘူး။ဒီအတိုင်း 

ငူငူကြီးနေတယ်။အရမ်း quiet ဖြစ်တယ်။ဟော  ဟောလီးဒေးကနေလဲ ပြန်လာကော edwin တစ်ယောက်

သွက်လာလိုက်တာ တို့တွေ တော်တော် အံ့သြရတယ်။"ဆရာမ ကပြောတာပါ။

မတ်လ ဟောလီးဒေးဆိုတာ မြန်မာပြည် ကို ၁၆ ရက်ပြန်သွားတာကိုပြောတာ။မော်ကျွန်း ကပြန်လာပြီး

 Edwin တစ်ယောက် ကျောင်းဆိုရင် ပျော်ပျော်ကြီးသွားတော့ တာပဲ။ဆရာမက ဆက်ပြောတယ်။

"ဒါပေမယ့် လုပ်တာ ကိုင်တာမှာ နှေးနေသေးတယ်(a bit slowလို့ပြောတယ်။(တို့ကso slow ထင်နေတာ)

MISC သွားလို့  ခြေစွပ် တို့ ဖိနပ်တို့ စီးရင်လဲ အကုန်လုံးနောက်ပဲ၊ သူ့ ကို သူ့ကိစ္စတွေ သူလုပ်နိုင်သလောက်

သူ့ဘာသာလုပ်ပါစေ' ပြီးတော့ Edwin ဖက်လှည့်ပြီး "Edwin မားမားက baby တစ်ဖက်နဲ့ မားမားကိုမခိုင်း နဲ့ 

ကိုယ့်ဘာသာ လုပ်နော် ဟုတ်လား (သွေ့မား)' ဆိုတော့ အိမ်က သားတော်မောင်က( သွေ့ ၊သွေ့) နဲ့ ပြန်ဖြေ

တယ်။



ပြီးတော့ English ဆရာမနဲ့ တွေ့ရတယ် "Edwin ဟာ စာရေးတာတော့ တော်တော်သွက်တယ်၊ write down

four circles ဆို သူအရင်ဆုံးပြီးအောင် ရေးနိုင်လို့ တောင် အံ့သြနေတာ။မိသားစု ပုံလဲ ဆွဲတတ်တယ်။'

English ဆရာမ ရဲ့ ကွန့်မန့်ပါ။"သူ့ရဲ့ လက်တွေ က weak ဖြစ်တယ် သန်အောင်လေ့ကျင့်ပေးပါ။

Play ground တွေ ခေါ်သွားပါ' တဲ့။အဲဒါ ၂၅ ရက်နေ့ ကလုပ်တဲ့ parent -teacher meeting မှာပြောတာတွေ

ပါ။ဖြစ်ချင်တော့ Edwin တို့ အတန်းမှာ others က Edwin တစ်ယောက်တည်း။အကုန် စလုံးတရုတ်၊ပြည်ကြီး

တရုတ်တွေချည်းပဲ။


ကျောင်းတတ်ခါစ က ဆရာမက Edwin ဟာ English လိုနားမလည်ဘူးလို့ထင်တယ်။သားလေး က 

ဒီမတိုင်ခင် playgroup မှာ ၆ လနေထားပါသေးတယ်။English ကို ၀ါကျ အရှည်ကြီးမဟုတ်ရင်တောင်

daily use တွေတော့ ကောင်းကောင်း နားလည်ပါတယ်။အိမ်မှာ တို့လဲ E လို ပြောပေးတယ်။အပြောများ

တဲ့ ဟာမျိုးလေးတွေပေါ့။လွန်ခဲ့ တဲ့ ၂လ လောက်က အိမ်ကို စလုံး ဧည့်သည် ၁ယောက် လာတော့ သူက

မုန့်စားနေတာ့ 'what are u eating? "ဆိုတော့ 'chocolate"တဲ့။တော်တော်လေးကြာတော့ သူက ဆက်တီ

ပေါ်မှာ ထိုင်နေတော့ ဧည့်သည် က 'what are u doing? ' ဆိုတော့ 'Nothing"တဲ့ ။အဲတော့ တို့က တွေးမိ

တယ် သားလေးဟာ English ကို နားလည်သင့်သလောက် နားလည်နေတာပဲ။ဘာဖြစ်လို့ ကျောင်းမှာ

နားမလည်ရတာလဲ။ဆရာမတွေကိုသူaကြာက်နေလို့လဲဖြစ်မှာ။Vocabulary၊Phoenix တွေ ကိုယ့်ထက်

အများကြီးသိတယ်။ယူကျုတို့၊ABC games တွေကနေ learn လုပ်ထားတာ။



ဟိုနေ့ က အိမ်အောက် မှာ သစ်ရွက်တွေ နဲ့ မောင် နှမ ၂ယောက် ဆော့နေတုန်း အပေါ်ထပ် ကတရုတ်မ

ကတွေ့တော့ သူ့ ကို what are you playing? လို့မေးတော့ "Edwin play with leaves' တဲ့ တရုတ်မက

သူ့ ကို သကြားလုံးပေးပြီး ပြန်မယ်လုပ်တော့ သူက 'thank you,see you next time '။ကြည့်ရတာကျောင်း

မှာ သူ့ထက်အားလုံးသွက်တော့ သူလဲ မ၀ံ့မရဲ ဖြစ်ပုံရတယ်။ဆရာမ ကို  သားလေးဟာ မြန်မာ စကားလဲ

ပြောတာ နောက်ကျကြောင်း၊အခုထိ မြန်မာ စကားကိုလဲ စီကာပတ်ကုံး မပြောနိုင်သေးကြောင်း၊

သားလေးက စကားပြောတာ ၂နှစ်ခွဲ လောက်မှ ဖြစ်ကြောင်း ပြောပြခဲ့တယ်။

01-06-2008





 ငယ်ငယ်ကဆိုရင် သူအိပ်နေလို့ အိပ်ခန်းထဲ ခြေဖျားထောက် ၀င်လို့ ခြေဖျားက ဂျွတ် လို့ အသံကြားတာနဲ့

နိုးတာပဲ။သူအိပ်နေရင် လှုပ်တောင်မလှုပ်ရဲဘူး။ညည ချီပြီးလမ်းလျောက်ရတယ်။လက်ပေါ်က ချတာနဲ့

ငိုတယ်။လမ်းလျှောက်နေရင်း ရပ်သွားရင် ငိုတယ်။မေ က အဲလို မဟုတ်ဘူး အေးတယ်။


01-06-2009


01-06-2010
01-06-2011


30-05-2012 (၀မ်းကွဲညီအကို များနှင့် ၄ နှစ် အကြို BD)



31-05-2012(4 နှစ်ပြည့်ဖို့ နာရီပိုင်းအလို ည ၈နာရီလောက်က ရိုက်ထားတာ)




သွားလေရာသယ်သော ဘုတ်ဖြင့်


အိမ်မှာအခု သူ ကအကြီးဆိုတော့ ညီမ လုပ်သူကို ဆရာလုပ်ချင်တယ်။ဟိုတလောက တို့က မီးပူတိုက်မလို့

နေ့ခင်းဖက် သူတို့မောင်နှမ ၂ယောက်က မအိပ်တော့ တို့က အာလူးကြော် ကို ဇလုံထဲ ထည့်ပြီး တော့

"သားလေး ညီမလေးကို ကြည့်ထားလိုက်နော်၊မားမား မီးပူတိုတ်လိုက်အုံးမယ်။အပြင်မှာနေကြ"ဆိုပြီး

ဧည့်ခန်းထဲမှာ ထားခဲ့ပြီး တို့က အိပ်ခန်းထဲ မှာမီးပူတိုက်နေတယ်။အပြင်မှာ Edwin တစ်ယောက် ညီမ

လုပ်သူကို "မေလင်းလင်း you have to finish it first နော်"(သမီးလေး ကမုန့်စားရင် ပါးစပ်ထဲက မုန့်

မကုန်သေးပဲ လက်နှစ်ဖက်စလုံးမှာ အကုန်အပြည့် ယူ၊ပါးစပ်ထဲကဟာ မကုန်သေးပဲ နောက်ဟာ

အတင်းထဲ့တတ်လို့ သူကြိုက်တာဆိုရင်။အဲဒါဆို တို့ က အဲလိုပြောနေကြဆိုတော့ သူကမှတ်ထား

ပြီး အမေ အာဏာလွှဲခဲ့ တုန်း အမေ ပြောတဲ့ အတိုင်း ညီမ ကိုပြောနေတာ)၊ပြီးတော့ 'မေလင်းလင်း

ဆိုဖာ ကို လက်မသုပ်ဖူးနော်၊မားမားချစ်ဖူးနော်'တဲ့။အမေ လုပ်သူက သူတို့ ဆိုဖာ ကို လက်သုပ်ရင်

ပြောနေကျ ဆိုတော့မှတ်ထား ပြီး ညီမလုပ်သူကို ဆုံးမနေတာလေ။ရီလိုက်ရတာ။အခုတလောလဲ

ညီမ လုပ်သူကို animals စာအုပ်ယူပြီး 'မေလင်းလင်း လာစာဖတ်မယ် ဆိုပြီး စာအုပ်ထဲက အကောင်

တွေကို လက်ထောက်ပြီး what is this?' ဆိုပြီး မေး တော့တာပဲ။သမီးလေး က ကလေးဆိုတော့

catတို့  dog တို့ elephant တို့ fish တို့rabbit တို့ tiger တို့လောက်သိပေမယ်။သူက parrot ကို

မေးရင် သမီးလေး က bird လို့ဖြေတယ်။အဲဒါဆို မေလင်လင်း this is not bird ,this is parrot ဆိုပြီး

အော်ရော။အဲဒါဆို သမီးလေး က မားမား မားမားဆို ပြီး မအေလုပ်သူဆီပြေးလာရော။သူက လိုက်လာ

ပြီး မေလင်းလင်း စာဖတ်မယ်ဆို ဟိုက ပြေးတာတန်းနေတာပဲ။အမှန်တော့ parrot လဲငှက်ပဲလေ။


သားလေးက ချွဲတတ်တယ်။ဝမ်းနည်းလွယ်တယ်။တစ်ခုခုဆို မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့။မအေလုပ်သူ

ကိုလဲချွဲတယ်။မားမား Edwin ကွိုင်းကွိုင်း (လိမ္မာ)နော် Edwin မားမားချစ်ဆိုတာ သူ့လက်သုံး စကား။

ကျောင်းသွား ကြိုလို့ သူထွက်လာရင် တို့ က how are u? Are you happy at school?ဆိုရင် yesဆိုပြီး

ပြောတယ်။ပြီးရင် "မာမား Edwin wear school bag myself ,Edwin put on sock myself , good job."

ဆိုပြီးပြောသေးတာ။တို့ က ဟိုတလောက အဲဒီ ၂ခု သူ့ကို train ထားပြီး အဲလိုမလုပ်ရင် မားမားမချစ်ဘူး

ပြောထားလို့။နောက်ပြီး 'လောင်စူး ဘီစကစ် ကျွေးတယ်၊ဘာကျွေးတယ် ' ပြောတယ်။အခုများ you do

yourself လို့ ဆရာမတွေကော၊အမေကပါပြောထားတော့ ဘောင်းဘီတောင် အမေလုပ်သူကို အ၀တ်မခံ

တော့ဘူး။သူ့ဘာသာဝတ်တယ်။ကျောပိုးအိတ်လဲ သူ့ဘာသာ သယ်တယ်။


 ဒါပေမယ့် လူရည်တော့မလည်ဘူး။တချို့ သူနဲ့ ရွယ်တူတွေ သူ့ထက်အများကြီး လူရည်လည် တယ်။သူလား

ဘာဆို ဘာမှ စိတ်မ၀င်စားဘူး စာကလွဲရင်။ အင်္ကျီ၊အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် ၀တ်ပေးလဲနေတာပဲ။

အဲ စာအုပ်ဆိုရင်တော့ လာခဲ့  စိတ်ဝင်စားတယ်။အခု စာအုပ်တွေထဲမှာ အသီးတွေကို သူဖတ်ထားတော့

NTUC ဈေးသွားဝယ်ရင် တွေ့သမျှ အသီး အကုန်ဝယ်ချင်တယ်။အိမ်ရောက်ရင် အမေလုပ်သူ အကုန်ဝယ်

ခဲ့တယ်မှတ်လို့ ဟိုအသီးစားမယ် ဒီအသီးစားမယ်ပူရော။ငယ်ငယ်ကနေ အခုထိ ဂျီကျတယ်။အီညှောင့်

အိညှောင့် လုပ်တာ။အိညှောင့် အိညှောင့် ဆို သူ့ကို ပြောမှန်းသိတယ်။



Today is your special day because we love you. It’s all about you. We can’t wait to see how many 

cool things a four year-old my dear can do!  

EDWIN ခေါ် အေးမင်းထွန်း ခေါ် ကို အိညှောင့်  "H-A-P-P-Y  B-I-R-T-H-D-A-Y"ပါ

ဒီကယူတယ်။


Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။