Saturday, August 29, 2009

အိမ်ထောင်စုစာရင်းသွင်းရာဝယ်

အခုတလော FW မေးတွေထဲမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒီအောက်က သုံးသပ်ချက် စာ၂ စောင်ကိုဖတ်ရတယ်။

စလုံးမပြောင်းခင် ဒီစာကိုဖတ်ပါ။
http://www.scribd.com/doc/18681880/Myanmar-Singaporean11


ဒီအောက်ကမေးကတော့ အပေါ်က စာကို ပြန်သုံးသပ်ထားတာ။

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအတွက်စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက်

http://www.scribd.com/doc/19019567/BursmeseSG


ဒီစာ၂စောင်ကိုမဖတ်ဖြစ်ခင်ကတည်းက သားလေးကိုမမွေးခင်ထိတော့ ဒီမှာ၅နှစ်(သို့) ၁၀ နှစ် နေပြီး

အချိန်တန်ရင်ပြန်ဖို့် ပါ။ဒီမှာနေရတာ သူမျာအိမ်မှာဧည့်သည်လာလုပ်နေသလိုခံစားရတယ်။သားလေးမွေးပြီး

တော့လည်း သားလေး ကို PR အနေနဲ့ပဲ ထားသွားဖို့ ရည်ရွယ်ထားတယ်။သူ့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ်

ချက်ချနိုင်တဲ့ အချိန်ကျရင် စလုံးနိုင်ငံသားပဲ ခံမလား၊ဒါမှမဟုတ် PR ကိုအပြီးတိုင်စွန့်လွှတ်ပြီး အနောက်

နိုင်ငံကို ဆက်သွားမလား ဒါမှမဟုတ် ကိုယ့်နိုင်ငံ ကိုယ်ပြန်နေမလား။လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးဖို့

ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် ကိုယ်တို့ ၂ယောက်ထဲက ၁ယောက်ယောက်ပဲဖြစ်စေ၊အလုပ်အကိုင်(သို့) ကျန်းမာရေး ချွတ်ချော်ခဲ့

ရင် နောက်ခြေတစ်လှမ်းဆုတ် ဖို့ရာအတွက် မြန်မာမှတ်ပုံတင် လုပ်ပေးဖို့လည်း စဉ်းစားထားတယ်။ဒီတစ်

ပါတ်မြန်မာပြည်ပြန်တာ သားလေးကို အိမ်ထောင်စုစာရင်းထည့်ဖို့ ကအဓိကပါ။သူနဲ့ကိုယ်နဲ့ အိမ်ထောင်စု

စာရင်းသပ်သပ်စီ။မခွဲရသေးဘူး။အိမ်ထောင်စုစာရင်းမခွဲ ရသေးရင် ကလေးကို အမေ ရှိတဲ့အိမ်ထောင်စု

စာရင်းထဲပဲ ထည့်လို့ရတယ်။ဒီတော့ ကိုယ်အိမ်ထောင်စုစာရင်းထဲထည့်ဖို့လုပ်ရတာပေါ့။ဒီကမပြန်ခင်

သံရုံးမှာအခွန်သွားဆောင်ရင်းနဲ့ ဒီမှာမွေးတဲ့ ကလေးကို အိမ်ထောင်စုစာရင်းသွင်းရင် ဘာလိုမလဲလို့

တစ်ခါတည်းမေးသွားတယ်။သံရုံးက birth certificate ရယ်၊သံရုံးကထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း

ထောက်ခံစာ(၀ါ) ကလေးပတ်စပိုစ့် ပေးလိုက်ရင်ရပြီတဲ့။မွေးစားရင်းရှိရင် အိမ်ထောင်စုစာရင်းသွင်းလို့

ရပြီတဲ့။သားလေးနာမည်က မွေးစာရင်းမှာ အင်္ဂလိပ်နာမည်ပါ။passport နဲ့ PR မှာ အင်္ဂလိပ်နာမည်

(ခ)မြန်မာနာမည်ပါ။


မြို့ရောက်တော့ ရပ်ကွက်မှာထောက်ခံစာယူပြီး ကိုယ်နဲ့သိတဲ့ စာရေးမကို သွင်းခိုင်းလိုက်ပါတယ်။ဒါပေမယ့်

ကွယ် ဒန်တန် .....တန်.......လ၀က ဦးစီးမှုးက ကလေးက နိုင်ငံခြားမှာမွေးပြီး၊နာမည်ကလည်းအင်္ဂလိပ်နာမည်

ပါလို့ ဒီမြို့မှာ တစ်ခါမှမကြုံဖူး တဲ့ ကေ့စ်ဖြစ်လို့ လူကိုယ်တိုင်လာတွေ့ပါတဲ့။ဘိုးအေဖြစ်သူ(ကိုယ့်အဖေ)က

လည်း "ဧည့်" နော်တဲ့။ကိုယ့်အဖေက ၁၄/မမက(ဧည့်) ကိုင်တာပါ။မြန်မာ PR ပေါ့လေ။ကိုယ့်အမေက

'နိုင'် ပါ။ကိုယ်တို့မောင် နှစ်မ လေးယောက့် ၁၀နှစ် မှတ်ပုံတင် လုပ်တော့ အမေလုပ်သူက 'နိုင် ဆိုတော့

လေးယောက်စလုံး နိုင်ငံသားကတ် ရပါတယ်။

၁၈နှစ်ပြည့် ကတ်ကိုလဲတဲ့အချိန်ကျတော့ ကိုယ်နဲ့ ကိုယ့်အောက်က ညီမ ရယ်ပဲ နိုင် ဆက်ရပြီး။အငယ်၂

ယောက် ဥပဒေ အသစ်အရ ၈၁ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ မှာ နိုင် နဲ့ ဧည့် နဲ့ ဆို ဧည့် ပဲ ရမယ်ဆို

ပြီး အငယ်၂ယောက် က မြန်မာ စီတီစင် မှသည် မြန်မာပီအာရ် အဆင့် ကို လျှောသွားပါတယ်။:(



ကိုယ်အလုပ်လုပ်တုန်း က ကိုယ့် မန်နေဂျာနဲ့ကိုယ့် မိသားစုအကြောင်း ပြောမိတော့။ကိုယ့်အဖေက

မြန်မာပီအာလို့ ပြောမိတော့ ဒါဆို ဘယ်ပတ်စပိုစ့်ကိုင်လဲ လို့ပြန်မေးတော့ ဘာပြန်ဖြေရမှန်းတောင်မသိဘူး။

ကဲကဲ ဒါနဲ့ပဲ လ၀က ရုံးကိုသွားပြီးဦစီးမှုး နဲ့ တွေ့တဲ့အခါ ကလေးက နိုင်ငံခြားမှာမွေးတာရယ်၊အင်္ဂလိပ်နာမည်

ရယ်ပါတာကြောင့် ခရိုင်လ၀က ကို အသိပေးလိုကြောင်း၊ခရိုင်ကခွင့်ပြု ရင် အိမ်ထောင်စုစာရင်းထဲထည့်ပေး

မယ်ဖြစ်ကြောင်း ၄၊၅ ရက်လောက်ကြာမည်ဖြစ်ကြောင်း ပြောပါတယ်။ဒါနဲ့ ကိုယ်လည်း အိမ်ထောင်စုစာရင်း

ကိုထားခဲ့ပြီး သွားသွားမေးထားဖို့ အိမ်ကိုပြောခဲ့တယ်။ခုထိတော့ ၃ ပတ်ရှိပြီ မရသေးဘူး။


စကားမစပ်မြန်မာလေဆိပ်ကသားသားပုံတွေ






















Wednesday, August 26, 2009

အိမ်အပြန်ခရီး၃

မိုးတွေကလည်းရက်ဆက်ရွာလိုက်တာ။မိုးခြိမ်းတာ၊လျှပ်စီးလက်တာလုံးဝမရှိပဲ ရွာမယ်ဆိုဗြဲဗြဲနဲ့ရွာပလိုက်တာ။

အိမ်က သွပ်မိုးပျဉ်ထောင်တစ်ထပ်အိမ်ဖြစ်လေတော့ မိုးရွာရင်မိုးနဲ့သွပ်နဲ့ထိတဲ့အသံ ဗြန်းဗြန်းကြားတယ်ဆိုရင်

သားလေးက အိပ်နေရာကနေချက်ချင်း ထပြီးအမေပေါ်ပြေးတတ်တော့တာပဲ။သူ့မှာညတိုင်းကောင်းကောင်

မအိပ်နိုင်ဘူး။ဒီမှာတော့ တိုက်ခန်းထဲမှာအိမ်တံခါးသော့ခပ်ပြီးနေတော့ တံခါးဖွင့်ပြီး အပြင်ထွက်ရရင်

သူသိပ်ပျော်တာ။ဟိုလည်းရောက်ေ၇ာ် သူ့ပါးပါးအိမ်က ဆိုင်ဖွင့်ထားတော့ တံခါးကအမြဲဖွင့်ထားတာတွေ့ရင်

အပြင်ထွက်မယ် တကဲကဲပဲ။ရေပြောင်း မြေပြောင်းဖြစ်လို့လားမသိ ထမင်းလုံးဝကျွေးလို့မရဘူး။နို့ချည်းပဲ

စို့နေလို့ ၁၂ရက်စာ ဆိုပြီးပိုပိုလိုလို ထည့်လာတဲ့နို့မှုန့် ၂.၃ kg ဟာ ၁၀ရက်အတွင်းမှာပဲစိုးရိမ်စရာအခြေနေ

မှာရောက်လာလို့ ကိုယ့်မှာရင်တမမနဲ့။ကုန်သွားရင် ကိုယ်တို့မြို့မှာဝယ်လို့မရဘူး။ရန်ကုန်မှာဝယ်မှရတာ။

အရင်တုန်းကသားလေးက 1.5 kg ၁ဘူးကို ၁၁ရက်သောက်တာ။ထင်တဲ့အတိုင်းပဲ ရန်ကုန်ကိုပြန်တတ်တဲ့

နေ့မှာပဲ ကုန်သွားတယ်။မြို့မှာထူးခြားတာက နာဂစ်ပြီးတော့ French ကနေ red cross အသင်း

ကြက်ခြေနီ အသင်းရုးံခွဲလာဖွင်ထားတယ်။ပြင်သစ်လူမျိုး ၃ယောက်လောက်နဲ့ရန်ကုန်ရုံးက မြန်မာတွေ

ရုံးလာထိုင်တော့ အိမ်တွေလိုက်ငှားတာ နယ်မြို့လေးတစ်မြို့ရဲ့ အိမ်ငှားခဟာ ၃ သိန်းအထိထောင်ဖြစ်သွားတယ်။

ဒါတောင် ၁လကို သုံးသိန်းဟာ တစ်အိမ်လုံးစာမဟုတ်ဘူး။နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်၁ထပ်စာဖိုးပဲ။

၁ယောက်ကို တစ်အိမ်စီနေကြတယ်ထင်တယ်။တစ်ပတ်လောက်ပဲနေပြီး ပြန်ကြတယ်။


၈ရက်နေ့ညနေသဘောင်္စီးပြီး ရန်ကုန်ကိုပြန်တတ်လာတယ်။ဒီတစ်ခါ အစိုးရသဘောင်္စီးတယ်။တို့ အရပ်မှာတော့

ဧရာဝတီ လို့ခေါ်တယ်။သံုးထပ္သေဘာၤေတြ တရုပ္ကေန သြင္းလာတဲ့သေဘာၤေတြ။အရင်တုန်းကတော့

ဧရာဝတီစီးရရင်ပျော်တယ်။မော်ကျွန်း-ရန်ကုန်လမ်းမှာ ဘိုကလေး၊ မြင်းကကုန်း နဲ့ ကျိုက်လတ် စတဲ့ မြို့

သုံးမြို့ကပ်ပြီး မှ ရန်ကုန်ဝင်တော့ လမ်းမှာတတ်ရောင်းတဲ့ ဈေးသည်တွေဆီကနေ ဒေသထွက်စာတွေ ၀ယ်

စားလို့ရတယ်။ပမ္မ၀တီ ၁ နဲ့ပြန်ခဲ့ တယ်။




သင်္ဘောအခန်းထဲကိုရိုက်ထားတာ။
အသက်ကယ်အင်္ကျီတွေက ဖုန်တွေတတ်ပြီး
ခုံအောက်မှာ။တော်တော်ညစ်ပတ်တယ်။







လမ်းတစ်လျှောက်က မြင်ကွင်းလေးတွေ။






































ဒလဖက္ကို ကူးတဲ့သေဘာၤ။(ကူးတို့)
အရင်တုန်းက သီတာခေါ်မလားပဲ။












ရန်ကုန်မြို့ကို သဘောင်္ပေါ်ကနေ မနက်စောစော
ရိုက်ထားတာ။

Tuesday, August 25, 2009

အိမ်အပြန်ခရီး ၂

ဒီကမပြန်ခင်ကတည်းက သင်္ဘောပေါ်မှာထောင်ဖို့ ခြင်ထောင်မှာထားရတယ်။သဘောင်္ထဲမှာခြင်တွေ

အရမ်းကိုက်တယ်။လူကြီးတွေအတွက်ကအကြောင်းမဟုတ်ပေမယ့် ခလေးအတွက်ကအရေးကြီးလို့။

သားလေးကခြင်ထောင်နဲ့ မအိပ်ဖူးတော့ သူ့မှာ ခြင်ထောင်ထဲမှာနေရတာ ထူးဆန်းနေပုံရတယ်။

မအိပ်ခင် ၀င်လိုက်၊ထွက်လိုက်လုပ်ပြီးဆော့နေတယ်။သဘောင်္မထွက်ခင် ကလေးပါတော့ ဈေးသည်

တွေဟာ အခန်းနားကမခွာဘူး။တော်ကြာ ဟိုဟာယူပါအုံး၊ဒီဟာဝယ်ပါအုံးနဲ့ မ၀ယ်တော့ဘူးဆိုလည်းမခွာဘူး။

ငုံးဥပြုတ်ရောင်းတဲ့သူဆို အခန်းဝမှာမှီပြီး မ၀ယ်မချင်းပြန်မယ့်ပုံ မပေါ်လို့ ၃ထုပ် ၅၀၀နဲ့ ၀ယ်လိုက်ရတယ်။

တော်သေးတယ် သားလေးက ပူဆာတတ်တဲ့အရွယ်မဟုတ်သေးလို့။





ဒါကမထွက်ခင်ဘောတံတားကိုရိုက်ထားတာ။














တစ်ညလုံးမိုးတွေ သဲသဲထဲမှာ သဘောင်္စီးပြီးနောက်နေ့ မနက်၇နာရီလောက် ဒီမြို့လေးကိုရောက်ခဲ့တယ်။




ဒါမြို့အ၀င်လမ်းမကြီး။












သူ့ပါးပါး လာကြိုတယ်။အိမ်ကို ဆိုက္ကားနဲ့ သွားတယ်။မြို့မှာ ဆိုက္ကားက မရှိမဖြစ် ဆက်သွယ်ရေးယာဉ်ပဲ။

ဟိုနား၊ဒီနား ၃၀၀ ကျပ်။အရင်တုန်းက ဒိန်းဒေါင်း ၂စီး၊၃စီးလောက်ပဲ ၇ှိပေမယ့် အခုအရေအတွက်များ

လာတယ်။သူလဲ အခု သေရင်မရှိမဖြစ် ဖြစ်နေလို့။အရင်တုန်းက ရပ်ကွက်၁ခုရဲ့ အစွန်မှတည်ထားတဲ့

သုသာန်ကို မြို့ရဲ့ ဟိုးအပြင်ဖက်ကိုရွှေ့လိုက်တယ်။ဒါ့ကြောင့်သေရင် သေတဲ့လူကလည်း ကျော်သူရဲ့

နာရေးကူညီမှု့အသင်းက ယာဉ်နဲ့၊လိုက်ပို့တဲ့သူတွေကလည်း ဒိန်းဒေါင်း ငှားပြီးလိုက်ပို့ရတယ်။

အိမ်ကိုရောက်တယ်ဆိုရင်ပဲ သားလေးကဂျီကျပါတော့တယ်။ကိုယ်ပေါ်ကကိုချလို့မရတော့ဘူး။

လူစိမ်းတွေများနေလို့။



ဒီအိမ်မှာတည်းတယ်။












ဘာပစ္စည်းတွေရောင်းတာလဲမှန်အောင်မှန်း။

(နိုင်ငံခြားမှာရောင်းရင် စီးပွားမဖြစ်နိုင်ပေမယ့် မြန်မာပြည်မှာစီးပွားဖြစ်စေတဲ့ပစ္စည်း)

Monday, August 17, 2009

အိမ်အပြန်ခရီး

july ၃၀ ရက်နေ့က မြန်မာပြည်ပြန်ဖြစ်တယ်။၁၁ ရက်နေ့ကပြန်ရောက်ပေမယ့် မအားလို့ ဘလော့ပေါ် တောင်မ

တက်ဖြစ်ဘူး။၃၀ရက်နေ့က မနက်လေယျာဉ်နဲ့ သွားတယ်။





လေဆိပ်မှာ















မသွားခင်ဒီကနေသားလေးအတွက်နို့မှုန့်၊diaper၁၂ရက်စာတစ်ခါတည်းထည့်ပေမယ့်ထည့်စရာနေရာမရှိတော့

လို့ diaper ကို ၁ထုပ်ပဲထည့်ပြီး၊လိုတဲ့ ၁ထုပ်ကိုရန်ကုန်ကျမှဝယ်မယ်လို့ စီစဉ်ထားတယ်။ရန်ကုန်ရောက်တော့

ဂမုန်းပွင့်မှာ ပြေးပြီးဝယ်လိုက်တာ လား လားးးးးးးးးးးးးးးးးးးးးဆိုဒ်တူ၊အရေအတွက်တူ၊တံဆိပ်တူ diaper ၁ထုပ်ကို

၂၃၂၀၀ ကျပ်တဲ့။ခေါ်င်းထဲမှာမိုက်ခနဲ့ ဖြစ်သွားတာပဲ။မသွားခင် ဒီမှာဝယ်သွားတာ ၁ထုပ်ကို ၁၅.၈၀(မြန်မာ

ငွေနဲ့ ဆို ၁၂၀၀၀ နီးနီးလောက်)ပဲ၇ှိတာ။ဟိုနဲ့ ဒီနဲ့ ၁ထုပ်ကို မြန်မာငွေ ၁၀၀၀၀ကျော်လောက်ကွာတယ်။

မတတ်နိုင်ဘူး ၀ယ်ရမှာပဲလေဆိုပြီး ခြင်းတောင်းထဲထည့်လိုက်တယ်။ပြီးတော့ ဟိုဘက်အတန်းက

အိမ်နေရင်းဝတ် စပန့် ဂါဝန်တွေ ကြည့်မယ်ဆိုပြီး အကူးမှာ လူတစ်ယောက်က လာပြီး အမ ဒီကောင်တာ

မှာပိုက်ဆံအရင် ရှင်းပါ စာတွေအများကြီးေ၇းထားပါတယ်တဲ့။ကိုယ်မှ သူ့စာမမြင်ပဲ။ကောင်တာမှာငွေသွား

၇ှင်းတော့ ကော်ဖီမစ် ၁ထုပ်ယူသွားနော် ဆိုလို့ယူလာခဲ့တယ်။၂၀၀၀၀ဖိုးဝယ်လို့ လက်ဆောင်ပေးတာဖြစ်

မှာပဲလို့တွေးရင်းနဲ့ပေါ့။နောက်ကောင်တာ တစ်ခုမှာ ငွေရှင်းတော့လည်း ကော်ဖီမစ် ၁ထုပ်ယူသွားနော် ဆို

ပြီးထပ်ပေးပြန်တယ်။စိတ်ထဲမှာသံသယ ဖြစ်လာတယ်။အိမ်ရောက်တော့ အမျိုးတွေကိုမေးကြည့်တော့

၁၀၀ အကြွေမအမ်းနိုင်လို့ ကော်ဖီမစ် အမ်းတာတဲ့။ကိုယ့်မှာ ၁၀၀တန်အကြွေမရှိတာနဲ့ ကော်ဖီမစ်ပဲလှိမ့်

သောက်ရမယ့်အမျိုး။

၁၂နာရီလောက်မှာ အပြင်ထွက်ပြီး EQမှာ ကြေးအိုးဆီချက်စားပြီး ဒိုမီနို သောက်လိုက်တယ်။ကောင်းလိုက်တာ။

ညနေ၃နာရီမှာ မော်ကျွန်းပြန်ဖို့ သဘောင်္ဆိပ်ဆင်းတယ်။မိုးတွေကသဲသဲမဲမဲပဲ။



ဒီလိုသဘောင်္နဲ့ပြန်ခဲ့တယ်။လှိုင်းတွေက ကြီး၊

မိုးတွေကသည်း၊သဘောင်္က တလူးလူး။













နောက်နေ့မနက် ၇နာရီ မော်ကျွန်းရောက်တယ်။


(ဆက်ပါဦးမည်)

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။