Friday, April 29, 2011

စားမှာပဲ...စားမှာပဲ


ုအခုတလော နေလို့မကောင်းဘူး။သွေးတိုး ရှိလားမသိဘူး အုန်းနို့ နဲနဲစားရင်၊ဒညင်းသီးစားရင် ခေါင်းမူးတယ်။

ဘာမှလည်း မလုပ်ဘူး။ခေါင်းမူးတာအကြောင်းပြပြီး ပျင်းနေတယ်။ဒီညတော့ အခြေနေလေးနည်းနည်းကောင်း

တာနဲ့ ဘလော့ဖက်ပြန်လှည့်ဖြစ်တယ်။အစားအသောက် ပိုစ့်မတင်တာကြာလို့ တင်လိုက်တယ်။တို့က

အစားအသောက် ကိုကြွားစရာစာရင်းထဲထည့်တတ်တယ်။အထူးသဖြင့် မြန်မာအစားအသောက်ချက်ရင်ပေါ့။

စကားစပ်မိလို့ အစားအသောက်ဖက်ရောက်ရင် ဒီနေ့ဘာလေးကို ဘယ်လိုချက်တာပေါ့။အိမ်လာလည်တတ်

တဲ့ သူငယ်ချင်းတွေ ဆိုရင်လည်း တို့က ဘယ်သူကတော့ ဘယ်လိုအစားသောက်မျိုးကြိုက် တယ်ဆိုတာ

မှတ်ထားပြီး ၊သူတို့လာလည်လို့ ကိုယ်လဲ အားနေရင် လက်ရာကို ကြွားတဲ့အနေနဲ့ ချက်ကြွေးတယ်။ကဲ အခု

စကြွားပါတော့မယ်......................



မြန်မာပြည်သယ်လာတဲ့ သရက်သီးစိမ်း။အချို့ ကို ဒီလိုခွဲပြီး




ပါလာတဲ့ အလှူငံပြာရည်ကြော်(အလှူတွေမှာကျွေးတဲ့အရသာ)နဲ့ တို့စားတယ်။ အလှူငံပြာရည်ကြော် က

ဓာတ်ပုံမရိုက်ခင်ကုန်သွားလို့ တင်လို့မရတော့ဘူး။အချို့ ကို ဆားရည်စိမ်ပြီး သရက်သီးဆားစိမ်လုပ်ထားတယ်။

ဒီအောက်က ငါးပိရည်ဖျော်နဲ့ တို့စားလဲ ကောင်းတယ်။










ပုစွန်ဆိတ်နဲ့ ချဉ်ပေါင်ကြော်။





မြန်မာပြည်က ငါးရံ့အူ။





မြန်မာပြည်က ငါးမြင်းဆီပြန်။






၁၇လမ်းထိပ်က ဖက်တီးမဆိုင်က ၀ယ်ခဲ့တဲ့ ၀က်သားကောင်ညှင်းထုပ်။







ငါးခူငါးပိကောင်ကြော်။



ဒီအောက်က သင်္ကြန်တုန်း ကလုပ်စားတဲ့ မုန့်လုံးရေပေါ် နဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း။




ပုံထဲမှာတွေ့ သလောက်ပဲ စတိလုပ်လို့ ဘယ်သူ့ကိုမှ မဖိတ်ဖြစ်ဘူး။

Saturday, April 2, 2011

ဧပြီ အမှတ်တရ

ဒီနေ့သားလေး playgroup စတတ်တယ်။ကျောင်းသွားဖို့အိမ် ကထွက်တော့ စက်ဘီးယူမယ်ဆိုလို့

နောက်ကနေတွန်းရတဲ့ စက်ဘီးလေးနဲ့တွန်းသွားတယ်။ကျောင်းရောက် တော့ first day မလို့ မိဘ

ပါဝင်လို့ရတယ်ဆိုလို့ စက်ဘီးလေးအပြင်မှာထားပြီး ၀င်လိုက်သွားတယ်။ပြန်ထွက်လာတော့

စက်ဘီးမရှိတော့ဘူး။အနီးအနားဘယ်မှာမှမတွေ့ဘူး။ဒီအောက်ကပုံထဲကစက်ဘီးပေါ့။ကျောင်းမသွားခင်

ကရိုက်ထားလိုက်လို့ အမှတ်တရကျန်ခဲ့တာ။စလုံးမှာ ဒီလိုမျိုးတွေ လဲရှိသကိုးးးးးးးးးးးးစိတ်မကောင်းပါဘူး

စက်ဘီးလေးရယ်။



သားလေးကအစပိုင်းမနေပေမယ့် နောက်ပိုင်းနဲနဲ ပျော်လာပုံရတယ်။

လက်ဆေးဖို့တန်းစီနေတာ။



ထိုင်နေတာ။



ဘောလုံးကိုင်ပြီးဘာလုပ်ရမလဲမသိ ဖြစ်နေပုံ။




သားလေးကဒီနေ့ ၂နှစ်နဲ့ ၁၀လတိတိ။စာဖတ်ဝါသနာပါတယ်။သူများကလေးတွေလိုသိပ်မဆော့ဘူး။

မိုးလင်းတာနဲ့ စာအုပ်ဆွဲပြီးဖတ်တော့တာပဲ။အိမ်မှာ သူ့ကိုတပည့်ခံရတယ်။သူစာတိုင်တာလိုက်ဆို၇တယ်။

အသံထွက်မှားရင် စိတ်ဆိုးသေးတယ်။ဥပမာ...၇ ကို တရုတ်လို ...ချိ ..လို့အသံထွက်တာကိုသူကစကားမပီ

လို့ ...ကျိ...လို့ထွက်လို့ ကိုယ်က ...ကျိ..လို့ လိုက်ဆိုရင် မကြိုက်ဘူး၊သူက ...ကျိ..ပေမယ်. ကိုယ်က...ချိ..ရ

တယ်။သူဂျီကျရင် စာဖတ်မယ်သာပြောလိုက် တိတ်သွားတာပဲ။လမ်းသွားရင်လဲ တွေ့တဲ့ စာလုံးအကုန်ဖတ်တယ်။

ဥပမာ..လမ်းမှာ 'X"လို အမှတ်အသားတွေ့ ရင် မားမား မားမား အင်တူ...အင်တူ..တဲ့.။အမြှောက်ပေါ့။MRT

ကဒ်ဖြတ်တဲ့နေရာက ၀င်လို့မရတဲ့ အနီရောင် sign ပြထားတဲ့ ....(-) ကို မားမား မားမား မိုင်းနတ်တဲ့။အနုတ်ပေါ့။

ကိုယ်တို့ ငယ်ငယ်ကလည်း ၃နှစ် မူကြိုသွားရတာပဲ။

အောက်ကပုံက မူကြိုတက်တုန်းကရိုက်ထားတာ။ရှာကြည့်လို့ မှန်ရင်မုန့်ဝယ်ကျွေးမယ်။






တို့ငယ်တုန်းက


ဒီအောက်ကပုံလေးက သမီးလေး (သူသိပ်ကဲတာပဲ..အစ်ကို့လက်ထဲက ပစ္စည်းပဲလိုက်လုတယ်)

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။