Friday, January 30, 2009

#ကိုယ့်ငါးချဉ်ကိုယ်ချဉ်

တို့အမျိုးသား မှာညီတစ်ယောက် နဲ့ ညီမတစ်ယောက် ရှိတယ်။အကုန် အိမ်ထောင်နဲ့ ပဲ။ညီမှာ ၂နှစ်အရွယ်

သားလေးတစ်ယောက် ရှိတယ်။ညီမက ပြီးခဲ့ တဲ့ အပတ် စနေနေ့ က သားလေးပဲမွေးတယ်။တို့ဘက် မှာက

တို့တစ်ယောက် ပဲအိမ်ထောင်ကျသေးတယ်။ညီရဲ့ သားလေးမွေးတုန်း က ဆွေမျိုးတွေက ပြောကြတယ်

လူချောလေး(ရုပ်ချောတယ်ပေါ့)။အခု ယောင်းမ ကသားလေးမွေးတော့ မနေ့ က တို့ကဖုံးဆက်ပြီးသတင်း

မေးတယ။်ယောက္ခမ(အမ)နဲ့ဖုံးပြောဖြစ်ပြီး"မားမား ကလေးက ဘယ်လိုနေလဲ"မေးတော့ ကလေးကအ

ရမ်းချောတာပဲတဲ့။အဲဒါဆို သမီးရဲ့ သားလေး တစ်ယောက်ပဲ ရုပ်ဆိုးတာပေါ့ လို့ တို့က ပြန်ပြီးမေးတော့

နင့်သားက ဒေါင်းမျိုး တဲ့။ဒေါင်းမျိုးဆို တာကြီးမှချောလာတာလို့ဆို ချင်တာ။တို့သားလေး မွေးတုန်းက

ယောက္ခမ(အမ)ကလာကြည့်ပေးတယ်။တို့သားလေးကိုချောတယ်လို့ တစ်ခါမှမပြောဘူး။ဘယ်ပြောမလဲ

တို့သားလေးက မွေးတုန်းက ရုပ်ဆိုးတာကိုး။ဒီမှာ ကြည့်လေ။



တို့ယောက္ခမ တစ်လနေပြီး မြန်မာပြည်ကို ပြန်တော့

တို့ က သာလေးဓာတ်ပုံ ထည့်ပေး လိုက်တယ်။အမျိုး

တွေကြည့်ရအောင်လို့။တို့အမေ အိမ်အတွက်ပါထည့်

ပေးလိုက်တယ်။ဒါပေမယ့် တို့သားလေးကရုပ်ဆိုးလို့

နှစ်ဖက်စလုံးက အသိမိတ်ဆွေ တွေကိုတောင်မပြပဲ

ဖွက်ထားတယ်တဲ့။




တို့အမေကလည်း"ကလေးက မျက်နှာ ပြဲပြဲ နဲ့ ဘယ်လိုရုပ်လေးလဲမသိဘူးတဲ့"လေ။ပြောရက်လိုက်တာ နော်။

နောက်တဖြည်းဖြည်း ၄လ၊၅လ အရွယ် ရောက်တော့မွေးစကလောက် ရုပ်မဆိုးတော့။အဲဒီ့တော့တို့မှာမြန်မာ

ပြန်တဲ့လူကြုံ ရှိတိုင်း သားလေးကိုရိုက်ထား တဲ့ပုံတွေ ထဲကနေ အကောင်းဆုံးပုံ ၇ ပုံ၊၈ ပုံလောက် ရွေး။အဲဒါ

နဲ့ မကျေနပ်သေးပဲ အိမ်မှာအတူနေ တဲ့ အမတစ်ယောက် ကို ကိုယ့်ရဲ့ လက်ရွေးစင် ပုံတွေထဲ ကဘယ်ပုံက

အကောင်းဆုံးလဲ ရွေးခိုင်း။ပြီးတော့ အဲဒီ့ အကောင်းဆုံးပုံ ကိုအပေါ်ဆုံး မှာထားပြီး ပို့တယ်။(ရူးတာလေ)။

သားလေးပုံ ကိုအားတိုင်း ရိုက် ထားတာ ပုံ ၁၂၃၂ ပုံတောင်ရှိတယ်။


ဖုံးဆက် တိုင်းလည်း "မားမားရေ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြော သမီးသားလေးက ချောလာတယ်

လို့ "ကိုယ့်မှာမမောနိုင် မပမ်းနိုင် ပြောရတယ်။အဲဒီ့တော့ တို့ကို "သူ့သား ချောတယ် ချောတယ်နဲ့ ရူးနေတာ

တဲ့"။ဘယ်သူတွေ ကကိုယ့်သား ဘယ်လိုရုပ်ဆိုး တယ်ပြောပြော တို့မျက်လုံးထဲ မှာသားလေးဟာ ချောမှချော။

ချစ်ဖို့ကောင်း မှ ကောင်း။










၁လသား။

















၅လသား။












၆လသား။















၈လပြည့်ခါနီး(ဒီနေ့ ရိုက်ထားတာ)။









စားမယ်၊၀ါးမယ်နော်။


12 comments:

  1. ကိုယ့်သားကိုယ် ချောတာပေါ့ဗျ... ကျနော်ကို ချောတယ်ပြောတာ ၂ ယောက်ပဲ ရှိတယ် အမေရယ် နိနိရယ်
း)

    ReplyDelete
  2. အော် ကျန်ခဲ့သေးတယ် ပြောဖို့ သားလေးက ချောပါတယ်ဗျ ကျနော်လည်း ဇွန်လမွေးပဲ.. လတူတဲ့ ညီအကိုတွေ -း)

    ReplyDelete
  3. ကျော့ရေ.. ကလေးတွေ မွေးခါစက မှန်းလို့မှ မရတာ.. မွေးခါစမှာ ချောတယ် မချောဘူးနဲ့ ရုပ်ဖမ်းယူလို့မရဘူးရယ်... အသားအရေလည်း အဲဒီလိုပဲ.. ဖြူတယ် မဲတယ် ညိုတယ် မွေးခါစပြောရင် မမှန်တတ်ဘူးလို့ အိမ်က လူကြီးတွေက ပြောကြတယ်.. အခု သားလေးက အရမ်းချစ်ဖို့ကောင်းတယ်.. မျက်နှာဝိုင်းဝိုင်းလေးမို့လို့.. သူ့ပုံလေး ကြည့်ရတာ တကယ်အသည်းယားတယ်.. အမလည်းထောက်ခံပါတယ်... သားလေးက ချောတယ်... အမေတူလို့ဖြစ်မယ်.. သူ့ပုံလေးတွေကြည့်ပြီး သဘောကျနေတာ... တကယ်ပြောတာနော်...:)

    ReplyDelete
  4. သြော်..ကိုနိရယ် အခုမှ မွေးကင်းစ ကလေးကို ညီအစ်ကို သွားတော်နေတယ်။ တူဝရီးလောက်လုပ်ပါ။ သူလဲ တီဇက်အေဂိုဏ်းဝင်ပဲ။
    ဒီဘလော့ဂ်ကို ပထမပိုင်း ခဏခဏလာလည်တာ.. သားပုံလေးတွေကို သဘောကျလို့ပါ။နောက်တော့ သားအမေကို ခင်လာလို့ပေါ့။
    mm

    ReplyDelete
  5. မချောဘူးဆို တို့ဖက်သာ ပစ်ပေးလိုက်..ညီမရေ။
    တို့က ဒါမျိုး စောင့်နေတာ။ :)
    သူများတွေ မလှဘူးပြောလဲ မယုံပါနဲ့လေ..တို့အလှည့်တုန်းကလဲ ဒီလိုချည်း ပြောကြတာပဲ။ ဘယ်မှာ မှန်လို့တုန်း..အဟက်ဟက်..

    ReplyDelete
  6. အားလုံးကိုကျေးဇူးပါနော်။

    ReplyDelete
  7. ညက ကောမန့်ရေးမရလို့....၊
    တို့ကလည်း june one ငါးချဉ်ကို ၀င်ချဉ်ပေးပါတယ်အေ.....။
    တကယ်ချစ်စရာလေးပါ...။

    ReplyDelete
  8. ဒေါင်းမျိုးကမှ မိုက်တာ။ ကြီးလာလေ လှလာလေ။ ဟော လူပျိုဖြစ်လာရော အပျိုချောတွေ ဝိုင်းဝိုင်းလည်တော့မယ်နော်။

    ReplyDelete
  9. အိပ်ငိုက်နေတဲ့ ၅ လသားလေး ... ချစ်ဖို့ကောင်းလိုက်တာ ။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။