Sunday, January 25, 2009

#နှစ်သစ်ကူးစားပွဲ

စနေရော၊တနင်္ဂနွေပါ တော်တော်အလုပ်ရှုပ်သွားတယ်။စနေနေ့ ကပစ္စည်းတွေ လိုက်ဝယ်တာ သားအမိ

နှစ်ယောက် NTUC ကို လေး ၊ငါး ခေါက်ပဲ။ဒီနေ့ မနက်အစောကြီး ကန်တော့တယ် ပြီး စားကြတယ်။

ဘလော့မိတ်ဆွေတွေကိုလည်းကျွေး လိုက်တယ်။စားသွားပါနော်။


ဒါလေးက ၀က်သားတုပ်ထိုး နဲ့ အချဉ်၇ည်။
















ဒီပန်ကန်လေးက ၀က်သားလုံးချိုချဉ်ကြော်။


















ဝက်သားရယ်၊ငါးဖယ်ရယ်၊မုန်လာဥနီ၊ဂေါ်ဖီ၊ကော်မှုန့်၊ငရုတ်ကောင်းမှုန့်၊ရောနယ် ရိုက်ပြီး

ပေါင်းထားတဲ့ ၀က်သားပေါင်း၊


















ဒါက ကော်ပြန့်ကြော်ဖို့ လိပ်ထားတာ။စားခါနီးမှ ကြော်ပေးမယ်နော်။ပျော့သွားမှာစိုးလို့။မကြော်ပဲစားရင်

ကော်ပြန့်စိမ်းပေါ့၊






















ဟော့ပေါ့အတွက်ပြင်ထားတဲ့ အသီးအရွက် ဗန်း နဲ့ ငုံးဥ၊ဖက်ထုပ်၊အသားလုံပန်းကန်။

















ပြီးရင် အပေါ် က အရွက်တွေ ကို ကြိုက်ရာ ဒီ ဟော့ပေါ့အိုးထဲ

ထည့်စား။ကြက်ပြုတ်ရည်ရယ်၊ပုဇွန်ရယ်၊ကင်းမွန်ရယ်ပြုတ်ထားတာ။


















ငါးချိုချဉ်ကြော်။


















ထမင်းနဲ့စားမလား။ခေါက်ဆွဲကြော် နဲ့စားမလား။


















တူ နဲ့ ဇွန်း ကဒီမှာ













ပြီးရင် ဂျယ်လီလေးစားပြီးလိမ္မော်ရည် သောက်နော်။
















လိမ္မော်သီးနဲ့ပန်းသီးလဲစားပါဦးနော်။
















မောင်လေးတွေ၊ညီမလေးတွေ အတွက် အန်ပေါင်းကဒီမှာနော်။




















အားလုံး Gong Xi Fa Cai ပါနော်။

16 comments:

  1. အိမ်လိပ်စာလေး တဆိတ်လောက်.

    ReplyDelete
  2. မမ တကယ်လာမှာလား။

    ReplyDelete
  3. happy chinese new year! i eat all ur foods.very delicious. an pong pay mar la ?

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. သြော်.. သူများ သားသမီးတွေ ဘာဆေးတွေစားပြီး
    အချက်အပြုတ် ဒိလောက်တော်နေကြပါလိမ့်...
    အားငယ်လိုက်တာ....
    အန်ပေါင်းက မမတွေကိုပေးလည်းရတယ်မဟုတ်လား... ငှင်

    ReplyDelete
  6. hi an poun pay mar la lo . ma ti tha lo nay nay the . i m angry. :(

    ReplyDelete
  7. ၀က်သားတုတ်ထိုး.. ချိုချဉ်ကြော်.. စားချင်တယ်... စားချင်တယ်.... အသားပေါင်း.. ဟော့ပေါ့.. စားချင်တယ်.. စားချင်တယ်...

    ReplyDelete
  8. ၀က်သားပေါင်း ချန်ထားမယ်လေ။ကျန်တာတွေက .................

    ReplyDelete
  9. Gong Xi Fa Cai အပြင်မှာဂယ်လာစားချင်တယ် :P

    ReplyDelete
  10. အကုန်စားချင်တယ်.. နောက်မှ ဟင်းချက်နည်းတွေပါ ပြောပြပေးနော်.. အမတို့ ရန်ကုန်အိမ်မှာလည်းဒီနေ့ ကန်တော့ကြတယ်.. မအားလွန်းလို့ ဖုန်းတောင် မဆက်နိုင်ဘူး.. :)

    ReplyDelete
  11. စားချင်တယ် စားချင်တယ် ။
    စားစရာတွေ မျိုးစုံပဲနော်။
    ငါးချိုချဉ်ကြော်လေး စားချင်တယ်။
    အန်ပေါင်းအိတ်ကို စိတ်ဝင်စားသား။
    ပျော်ရွှင်ဖွယ်နှစ်ကူးဖြစ်ပါစေနော်။

    ReplyDelete
  12. Gong Xi Fa Cai
    ကိုနိရေးထားတာ ကော်ပီကူးလိုက်တာ။
    နိနိလက်ထဲက ငါးကြော်ကို ဗလအားကိုးနဲ့ အတင်းလုလိုက်တယ်။
    ကိုနိလိုက်ပြန်လုမယ် ကြံတာတောင် မမီတော့အောင် အမြန်လစ်သွားတာ။
    ငှဲငှဲ

    ReplyDelete
  13. ဒီလိုမျိုးတွေလုပ်လို့ရလား မမွန်
    ငှင်း ငှင်း ငှင်း
    ဒိုက်ထိုး ဘယ်လီရိုက် အပြေးကျင်းထားတာ အလကားမှ မဟုတ်တာ
    ဒါမျိုးဘယ်ရမလဲ... နိနိရေ ရအောင် ပြန်လုပေးမယ်
    (ပြောလို့သာ ပြောတာ - ငါးကြော်က ကုန်လောက်ပြီ..)

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။