Sunday, January 18, 2009

# ပျော်ရွှင် ခဲ့သော တရုတ် နှစ်ကူးကန်တော့ပွဲ

တို.အဖေရဲ့ အပါးအမား က တရုတ်ပြည်ကြီးပေါက်တွေ။စစ်ကြီး အတွင်း တရုတ်ပြည်မှာ စီးပွားရေး ကျပ်တည်းလို့

လင်မယားနှစ်ယောက် တရုတ်ပြည်နယ် က မြန်မာပြည်ကိုလမ်းလျှောက်ပြီးဝင်လာခဲ့တာ။တို့မြို.မှာအခြေချခဲ့ပြီး

တို့အဖေကို တို့မြို.မှာပဲမွေးခဲ.တာ။တို့ အမ်းမ(အဘွား)က ဗမာလိုနည်းနည်းပဲ တတ်တယ်။သူကBuddhism ၊

ဘာသာတရားကိုအရမ်း ယုံကြည်တယ်။ဘုရားစာအားလုံးကို နှုတ်တိုက်ပါဠိလို အကုန်ရတယ်။ဒါပေမယ်.ဘာသာ

အစွဲကြီးတယ်။သားသမီးတွေအကုန်လုံးကို တရုတ်လူမျိုးနဲ့ပဲအိမ်ထောင်ပြုစေချင်တယ်။တို့အဖေက တို့အမေ


(မြန်မာမ)ကိုယူတော့လုံးဝမခေါ်ဘူး။အဲဒါကြောင့်
တို့က မြန်မာအမေ အသိုင်းဝိုင်းမှာ ကြီးပြင်းလာပြီးတော့ကာ

တရုတ်စကား၊တရုတ် ထုံးတမ်းစဉ်လာနဲ့မရင်းနှီးဘူး။တို.အဖေက တရုတ်လို ရေးတတ် ပြောတတ်တယ်။တို့အဖေ

ရဲ့အမအကြီးဆုံးက တို.အဖေကိုချစ်တော့ တို့တွေကို လာလာကြည့်တယ်၊တို့အဖေကိုပြန်ခေါ်ဖို့ လဲ အဘွားကိုနား

ချတယ်။နောက်ဆုံးတော့ တို့မောင်နှစ်မတွေ တရုတ် နှစ်ကူးမိသားစုကန်တော့ပွဲ လုပ်ရင် အဒေါ်လာလာခေါ်လို့

အဘွားအိမ်ကိုရောက်ဖြစ်တယ်။နှစ်ကူးကန်တော့ပွဲ မှာ မိသားစုအကုန် စုံပြီး အဘွားအိမ်မှာလုပ်တာ။မနက်ပိုင်း

ကန်တော့ဖို့ဝက်သားကို ၂၅ကျပ်သားခန့်ကိုပြုတ်၊ကြက်ကိုအထဲက ကလီစာ အပြင်ထုတ်သန့်စင်ပြီးဗိုက်ထဲ ပြန်

ထည့် အကောင်လိုက်ပြုတ်တယ်။ဘဲကိုလည်းကြက်အတိုင်းပြုတ်၊ငါးတစ်ကောင်ကြော်တယ်၊ထမင်းဖြူတစ်ပွဲ၊

ခေါက်ဆွဲပြုတ်တစ်ပွဲ၊တီကွေ.၊မုန့်မျိုးစုံ၊အရက်၊ရေနွေးကြမ်း၊ငရုတ်ဆီ၊တူ၊ဓား၊အမွှေးတိုင် နှင့်ဖယောင်းတိုင်ထွန်း

ဖို့ပြင်ဆင်ထားရတယ်။လူမျိုးကွဲ ကိုလိုက်ပြီး ကန့်တော့ပုံကွဲပြားတယ်။


မွန်းလွဲလို့ အားလုံး ကန်တော့ဖို့လူစုံပြီဆိုရင် တို့ကောကော က အိမ်အဝထွက်ပြီး ကွယ်လွန်သွား တဲ့ဘိုး၊ဘေး၊


ဘီ၊ဘင်တွေ ကို ဖိတ်ခေါ်တယ်။ခဏကြာတော့ သူတို.ရောက်မရောက် သိရအောင် အကြွေစေ့ တစ်စေ့ကို

ပေတံပေါ် တင်ပြီး ခေါင်း၊ပန်းလှန်တယ်။(ဥပမာ-ခေါင်း ၃ကြိမ်ကျပါစေလို့ပြောပြီး ကျခဲ့ရင် ရောက်ပြီပေါ့။)

ခေါင်း၊ပန်းလှန် ပြီးလို့ ရောက်ပြီ ဆိုရင် ကလေး၊လူကြီးအကုန် အမွှေး တိုင် နဲ့ ကန်တော့တယ်။ပြီးတော့

ရွှေစက္ကူ၊ငွေစက္ကူ တွေကို မီးရှို.ပြီး ကန်တော့ခြင်းကိုအဆုံးသတ်တယ်။ကန်တော့နေစဉ် ဟင်းပန်းကန်တွေ

ကိုလာနားတဲ့ ယင်ကောင်၊ပိုးကောင်တွေ ကို မမောင်းထုတ်ရဘူး။ဘိုး၊ဘေးတွေက ဖန်ဆင်းပြီးလာစားတယ်

လို့ တို့ အဒေါ်တွေကအယူရှိတယ်။


ကန်တော့ပြီးတာနဲ့ မိသားစု စားဖို.သောက်ဖို့ ဟင်းတွေချက်တယ်။ ၀က်သားနဲ့ကြံမဆိုင်၊ကြက်သားလုံးကြော်၊

ချိုချဉ်ကြော်၊ပုဇွန်ကြော်၊ဟင်းချို နဲ့၊လမ်းထဲဝေ ဖို့ ခေါက်ဆွဲကြော် ကြော်တယ်။တို့အကြိုက်ဆုံး က ဟင်းချိုပဲ။

ဒံအိုးကြီးထဲ ကို ကြက်ပြုတ်ရည် ကို ပွက်ပွက်ဆူအောင်တည်၊ပြီးတော့ မှိုခြောက်တွေ ထည့်၊အရွက်တွေထည့်

တို့ကလေးတွေက ဂျူံ နယ်ထားတာ ကို ကိုယ်ကြိုက် တဲ့ အရုပ်ကလေး တွေလုပ် ပြီး ဟင်းချိုအိုးထဲထည့်တယ်။

ထမင်းစားတော့ ဟင်းချို ထဲ က ကိုယ်အရုပ် ကလေး တွေ ကို ရွေးရွေးပြီး ခပ်စားရတာပျော်စရာအရမ်းကောင်း


တယ်။ပြီးရင် အံပေါင်း အနီရောင် အိတ်ကလေးတွေနဲ့ ရတယ်။အိမ်ကိုအပြန်လမ်းမှာ အံပေါင်း အိတ်ကလေးတွေ


ကို အပြေးအလွှားဖောက် ကြည့်ပြီး မောင်နှမတွေ သူဘယ်လောက်ရတယ်၊ငါဘယ်လောက
်ရတယ် နဲ့ ပြိုင်

ကြတယ်။အိမ်အပြန်ခြေလှမ်းတွေက ခပ်သွက်သွက်။



တို့လေးတန်း ရောက်တော့ တို့ အဘွားလည်းဆုံး ပြီး၊တို့အဒေါ် တွေလည်း ရန်ကုန် ပြောင်းသွားတော့ တို့ပျော်

ခဲ့တဲ့ အရုပ် ဟင်းချို လဲ မစားရတော.ဘူး။နောက်ပိုင်း တို့အိမ်မှာ ဆက်ပြီး တို့မိသားစု အနေနဲ့ ကန်တော့တယ်။

ဒါပေမယ်. လူနဲ တော. ခြောက်ကပ်ကပ်။အရုပ် ဟင်းချို လဲ မပါတော.ဘူး။အံပေါင်း လဲ အများကြီးမရတော.ဘူး။

အခုဆို ရင် တို့၇ယ်၊ညီမလေးရယ် ဒီရောက် နေ တော့ ပိုပြီးတော.တောင် ခြောက်သွေ့နေဦးမယ်။


ယောက်ျားရတော့ သူတို့ဘက် ကကန်တော့ တယ်။စားတဲ့ အချိန် သွားတီးတယ်။သူတို့ အိမ်က ဟင်းကို ၇ မျိုး၊

၈ မျိုးလောက် ချက်တယ်။ဟော့ပေါ့ အိုးလည်းတည်တယ်။ဒီ စင်္ကာပူရောက်လာတော့ ကိုယ့်ဘာ့သာအကျဉ်းချုံး

ကန်တော့တယ်။၂၀၀၇ ဒီမှာလုပ်တယ်။၂၀၀၈ မြန်မာပြည် ပြန်တယ်။၂၀၀၉ ကိုဒီမှာ ကန်တော့ဖြစ်လိမ့်မယ်။

ဒါပေမယ့် ငယ်ငယ်တုန်းကလိုပျော်ဖို့ မကောင်းတော့တာအမှန်ပဲ။အရင်တုန်း က ကိုယ်က အံပေါင်းယူသူ၊

အခု ကိုယ်က အံပေါင်းပေးသူ။သြော်..........ငါဟာ အနှစ် ၃၀ ဆိုတဲ့ အချိန် ယန္တယား တစ်ခုကိုဖြတ်ကျော်လာ

ပြီးပါပကား။

(စာကြွင်းးးးးး မနေ့ကအထိ ကိုယ့်ကိုကိုယ် ကလေး(ငယ်သေးသည်) ဟု ထင်နေသေးသည်။ဒီစာရေးမိတော့

မှးးးးးးးးးးးးးးးးးဟူး ၃၀ နားကပ်နေပြီ ဟု သတိရသည်။)


၂၀၀၇ ဒီမှကန်တော့တုန်းက စားနေလက်စကို

အမှတ်တရရိုက်ထားတာ။

9 comments:

  1. ကျနော်တို့က တရုတ်တွေနဲ့ အနေမနီးတော့ တရုတ်ဓလေ့ကို သိပ်မသိဘူး။ ကြားဖူးနားဝပဲ ရှိတာ....တရုတ်ဓလေ့တွေနဲ့ နီးစပ်သွားအောင် ကျနော်တို့ နှစ်ယောက်က အငယ်တွေဆိုတော့ အန်းပေါင်းပေးပါ့လား
း)

    ReplyDelete
  2. ကိုဇနိ
    ပေးရမှာပေါ့ကွယ်။ကန်စွန်းရွက် နဲ့ ပေါက်ပေါက် ဆုပ်တစ်ချက်ပေးပါ။

    ReplyDelete
  3. အကျဉ်းချုံးဆိုပေမယ့် ဟင်းက လေး ငါး မျိုးပါလား။၂၀၀၇

    ReplyDelete
  4. သားသား.. ကိုလည်း အန်ပေါင်း ပေးဦးလေ... :D

    ReplyDelete
  5. မီးမီးလဲ အန်ပေါင်းရချင်ပါတယ်။ :D
    ဟတ်ဟတ်..သိသိကြီးနဲ့ ကလေးလုပ်သွားတာပါရှင်. မသိချင်ယောင်
    ဆောင်မလို့ကို မရဘူး.. ပို့စ်အောက်ဆုံးမှာ (းးးးးးးးးးးးးးးးးဟူး ၃၀ နားကပ်နေပြီ ဟု သတိရသည်။)လို့ ရေးထားတော့ ညီမလေးပေါ့နော်.
    တွေ့ရတာ ၀မ်းသာကျေးဇူးတင်ပါတယ်ရှင်။ :D

    ReplyDelete
  6. ဘုရား.. နာ့ထက်ငယ်တဲ့လူတစ်ယောက်တွေ့ရပြန် ပြီ.....

    ReplyDelete
  7. ငှငှ်းုငျှုင်းငှင်း

    ReplyDelete
  8. အမတို့လည်း တရုတ်လူမျိုးပါ ညီမရေ.. အဖေကတရုတ်စစ်စစ် အမေက ၅ မူးဖိုးပေါ့.. အမ မိဘတွေလည်း လက်ထပ်ရင် တရုတ်လူမျိုးကိုပဲ လက်ထပ်စေချင်တယ်.. အဖေက တော့ တရုတ်ကျောင်းနေဖူးတယ်.. အမတို့က တရုတ်စာ တစ်လုံးမှ မသိဘူး.. ပြီးတော့ အိမ်ထောင်မကျခင်အထိလည်း အန်ပေါင်းရတုန်းပဲ.. အခုဒီရောက်နေတော့ အငယ်တွေကို အန်ပေါင်းပေးဖို့ နှာစေးနေတယ်.. :P တရုတ်နှစ်ကူးနဲ့လည်း ဝေးနေတာ ၄ နှစ်လောက် ရှိပြီ.. အမျိုးသားဘက်ကတော့ မကန်တော့ဘူးရယ်.. အဲဒါဆိုတော့ ရန်ကုန်နှစ်ကူးကိုပဲ ပြန်ချင်တော့တယ်...ဟိုမှာဆို အပီအပြင် စားရတာ.. :)

    ReplyDelete
  9. အမနုစံ
    ဒါဆို အမက တရုပ်သွေး ၇၅ပြား။သူများက၅ မူးဖိုးပေါ့နော်။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။