Saturday, January 17, 2009

# နံနက်စာ

မင်္ဂလာရှိသော မနက်ခင်းပါ ရှင်။

ဒီနေ့ နံနက်စာ မုန့်ဟင်းခါးချက်စားပါတယ်။ready made မဟုတ်ဘူးနော် home made.....။အရင်ကမြောင်းမြ

ဒေါ်ချို အထုပ်ချက်ပါတယ်။ဒေါ်ချို ဟာ exp date မပါတော့ ၊city hall က၀ယ် လာပြီးအထုတ်ဖောက်လိုက်တာ

အထဲက ငရုတ်သီးမှုန့်က မှိုလိုက်နေပြီး၊ဆန်လှော်မှုန့်က ပိုးကောင်တွေတက်နေပါတယ်။အဲဒီ့ ကတည်းက ကိုယ်

တိုင်ပဲချက်ပါတယ်။:-p

ချက်ပြုတ်ပြီးစီးလို့ blog မိတ်ဆွေများကို ကျွေးဖို့ဓာတ်ပုံရိုက်ခါနီးweshemeထဲကနည်းအတိုင်းမီးဖိုပေါ်ကမီးလုံးကို

ဖွင့်ပြီးရိုက်ထားတာ။စားသွားပါနော်။၁ ပွဲနဲ့ မ၀ရင် ၂ ပွဲစားသွားပါ။











မုန့်ဟင်းခါး ဘူးသီးကြော်ရယ်၊ပဲကြော်ရယ်နဲ.ပါ

ပြီးရင် tea လေးပါသောက်သွားပါ။


Sipping Tea

9 comments:

  1. ကောင်းမဲ့ပုံဘဲ လိပ်စာ လေး တဆိတ်လောက် လှည့်လာခဲ့မယ်။ သားသားကိုလည်းထိန်းပေးမယ်။

    ReplyDelete
  2. မမ kom

    လာခဲ့ပါ။yewtee မှာနေတယ်။သားသားကိုထိန်းပေးရင် bonous ညစာပါကျွေးမယ်။

    ReplyDelete
  3. အို နီးနီးလေး. ဒီက ဘွန်လေးမှာ..

    ReplyDelete
  4. ပဲကြော်နဲ့နှစ်ပွဲပေးပါ။ ဘူးသီးကြော်မကြိုက်ဘူး။ ကိုဇနိတော့ ဘူးသီးနဲ့စားမလား မေးလိုက်အုံးမယ်။ ငှက်ပျောအူလည်းကြိုက်တယ်။

    ReplyDelete
  5. မဇနိ
    ပါဆယ်နဲ့ပို့လိုက်ပြီနော်။

    ReplyDelete
  6. စင်ကာပူမှာနေရတာ ကောင်းတယ်.. စားချင်တာ အလွယ်စားလို့ရတယ်.. ပြီးတော့ မြန်မာအစားအစာတွေလည်း အားလုံးရတော့ ပျော်စရာကြီး.. :) မုန့်ဟင်းခါးကို ပဲကြော်နဲ့ ငှက်ပျောအူနဲ့ စားချင်တာ.. :)

    ReplyDelete
  7. မနုစံ

    ဒါကြောင့် ဒီကျွန်းကမေ မခွာနိုင်တာ။

    ReplyDelete
  8. ဟိ စားသွားပါတယ် မုန့်ဟင်းခါးဆိုလာထား အချိန်မရွေးပဲ :D

    ReplyDelete
  9. မကျော့ က ဘလော့မှာချည်း ကျွေးနေတာပဲ။ အပြင်မှာတော့ တစ်ခါမှလည်း မကျွေးဘူး... :P ဟိဟိ ငတ်ကြီးကျတယ်နော်... ကိုယ်ပေါင်ကိုယ်လှန်ထောင်းတာ နည်းနည်း သက်သာမလားလို့... :P

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။