Saturday, March 7, 2009

My Project Supervisor

ဟိုတစ်လောက NTU ကဆရာတစ်ယောက် ဓားထိုးခံရတဲ့ သတင်းဖတ်မိတော့ ကိုယ်Dissertationလုပ်တုန်းက

ကိုယ့်project supervisor ဆရာအကြောင်းသွားသတိရမိတယ်။NTU မှာကျောင်းတက်နေတဲ့ တို့သူငယ်ချင်း

တော်တော်များများ Dissertationမလုပ်ပဲISM(စာတမ်းအသေး)လုပ်ရင်တောင်ဘယ်ဆရာသဘောကောင်းလဲ

ဆိုတာ အရင်စုံစမ်း၊ပြီးတော့မှသဘောကောင်းပြီးမရစ်တတ်တဲ့ဆရာမျိုးကိုပဲရွေးလေ့ရှိပါတယ်။တို့
Dissertation

လုပ်မယ်ဆိုတော့ ဘယ်ဆရာက သဘောကောင်းလဲ အရင်စုံစမ်းပါတယ်။
အဲဒိ့မှာ ကိုယ့်အရှေ့က ၀ါကြီးသူတွေ

ရဲ့ ညွှန်ကြားချက်အရ ဆရာနဲ့
Dissertation လုပ်ဖြစ်တယ်။


ဆရာက စလုံး(Singaporean) တရုတ်လူမျိုး၊စကားပြောတာအရမ်းမြန်တယ်။မှတ်မိသေးတယ် ဆရာနဲ့စတွေ့

တဲ့နေ့ကို။မြန်မာပြည်မှာတောင် ဆရာ၊ဆရာမတွေနဲ့တွေ့ရမယ်ဆိုရင် တီကို ဆားနဲ့တို့သလို နေတဲ့သူ။ဒီရောက်

တော့ရောက်ခါစမလို့ လူကအူလည်လည်၊ Englishကသိပ်မကျွမ်းပဲဆရာနဲ့ ပရောဂျက်ခေါင်းစဉ်အတွက်

တွေ့ရမယ်ဆိုတော့ ကြောက်လိုက်တာ။ဆရာ့ အခန်းထဲရောက်တော့ ဆရာက သူ့ဆီမှာ ဒီနှစ်အတွက်

ခေါင်းစဉ်လေးခုရှိကြောင်း တစ်ခုရွေးဖို့ပြောလို့ တစ်ခုရွေးလိုက်ပါတယ်။simulation လုပ်ရတဲ့ projectကို

ရွေးမိပါတယ်။Matlab programme ကို သုံးရမယ်ဆိုတော့ Matlab ကို မြန်မာပြည်မှာ မသင်ဖူးကြောင်း၊

EC မှာC ပဲသင်ဖူးကြောင်း ဆရာ့ကိုပြောပြတော့ ၊ဆရာက ဘယ်လို သုံးရတယ်ဆိုတာ နမူနာပြောပြပါတယ်။

အဲဒိ့အထိ ok ပါပဲ။ပြန်ခါနီးကျတော့ ဆရာက program ဖိုင်တစ်ချို့ ပေးလိုက်မလို့ တို့ကို Thumb Driveရှိလား

မေးပါတယ်။တို့ လုံးဝနားမလည်ဘူး။တို့ အူကြောင်ကြောင်ဖြစ်နေတော့ဆရာက စာရွက်ပေါ်မှာ
Thumb Drive

လို့ရေးပြီး တို့ကိုပြတယ်။တို့ကမရှိဘူးလို့သာပြောလိုက်ရတာ
Thumb Driveဆိုတာ ဘာလဲဆိုတာ အဆောင်

ပြန်ရောက်မှ သူငယ်ချင်းတွေ ကိုမေးရတယ်။သူတို့က
Thumb Driveဆိုတာ memory stick ကိုပြောတာ

ဆိုမှ၊
memory stickကိုတော့ တို့လဲသိတာပေါ့။နောက်နေ့ကျတော့256 memory stickလေးတစ်ခုပြေး

ဝယ်လိုက်တာ ၂၄ ဒေါ်လာပေးရပါတယ်။အခုဆိုရင် 4G မှ ၂0 ကျပ်လောက်ပဲရှိတယ်။








Dissertationလုပ်တာ ပရက်ရှာကွေကာထဲ ၀င်ထိုင်နေရသလိုပဲ အရမ်းဖိအားများပါတယ်။ဆရာက lab ခန်းမှာ

ကွန်ပြူတာတစ်လုံး တို့အတွက်ပေးပြီး၊lab ခန်းက၀န်ထမ်းတွေ နဲ့ မိတ်ဆက်ပေးပါတယ်။တို့ သူငယ်ချင်းတစ်

ယောက်လည်း တို့ဆရာနဲ့ပဲ
Dissertationလုပ်တော့၊သူက lab ခန်းဝင်ဝင်ချင်း ကွန်ပြူတာမှာ၊တို့က သူနဲ့

၅တန်းအကွါလောက်မှာ။ဒါပေမယ့် ရှေ့မှာ အကာတွေရှိနေတော့ သူ့နေရာကကြည့်ရင် တို့ကိုမမြင်ရဘူး။

ဆရာက စာသင်ချိန်ကလွဲရင် ကျန်တဲ့အချိန် labခန်းမှာပဲ ရှိစေချင်တယ်။သူအားရင် တို့ရဲ့ ပရောဂျက်အခြေ

အနေလာလာကြည့်တယ်။သူ ၄ခါလောက်လာမှ ၊တို့ကို တစ်ခါလောက်ပဲတွေ့ရတယ်။တို့သူငယ်ချင်းကပြော

တယ် ဆရာက အမြဲတမ်းသူ့ ကိုကြည့်ပြီးရင် တို့ ခုံနေရာကိုသွားကြည့်ကြောင်း ပြီးမှ ပြန်ကြောင်း။တစ်ခါတစ်လေ

တို့ဆီ သက်သက်ပဲလာကြည့် တယ်။မတွေ့ရင် အီးမေးပို့တယ်။တို့လေ lab ခန်းသွားရမှာပျင်းလို့ ၊ကိုယ့်ကွန်ပြူ

တာလေးနဲ့ အဆောင်မှာ ပရောဂျက်လုပ်နေတာ။


နောက်ဆုံးတော့ lab ခန်းကိုမသွားချင်၊သွားချင်နဲ့ သွားရပါတယ်။dead line ကနီးနေပြီကိုး။ကိုယ်lab ခန်း

ရောက်လို့ ဆရာ့ ကို သူ့အခန်းရှိရာ b2 ကိုသွားပြီးပရောဂျက်အကြောင်းဆွေးနွေးပြီးလို့ ဆရာက b4 က

lab ခန်းကို သူပါလိုက်ရင် ဘယ်တော့မှ lift နဲ့ သွားလေ.မရှိပါဘူး။lift စောင့်ရတာ အချိန်ကုန်တယ်ဆိုပြီး

လှေကားကနေပဲသွားတယ်။နောက်ဆုံးတော့ ကိုယ်က ပေါက်ကရတွေ ရေးလိုက်၊ဆရာက ပြန်ပြင်ပေးလိုက်

နဲ့ program ကအိုကေသွားပါတယ်။


program ပြီးလို့ စာစရေးတာမှာဒုက္ခ လှလှတွေ့တော့တာပဲ။ဆရာက စာကို မြန်မာမြည်မှာ စာစီစာကုံးရေး

သလို စကားလုံးလှလှလေးတွေသုံးစေချင်တယ်။တို့ကလည်း e ကခပ်ကောင်းကောင်းဆိုတော့ စာမျက်နှာ

တစ်ခုမှာ စာလုံးတစ်လုံးကို ၄၊၅ ခါလောက်သုံးတယ်။ခဏခဏ အဆူခံရတယ်။ဆူလိုက်၊ပြင်လိုက် နဲ့ပဲပြီး

သွားပြီး programmed director ဆီ examiner ၂ယောက်အတွက် hard copy ၂ အုပ်တင်အပြီး၊၂လအကြာ

မှာ major လဲမထိ၊minor လဲမထိပဲ ကံကောင်းစွာနဲ့ pass ဖြစ်သွားတယ်။နောက် speechတို့ audio တို့စိတ်

ဝင်စားပြီး၊ပရောဂျက်လုပ်မယ့်သူများရှိရင် တို့ ဆရာကသဘောကောင်းတယ်လို့ လက်တို့လိုက်ပါရစေ။



3 comments:

  1. Interesting post. :)

    ReplyDelete
  2. ကံကောင်းတာပေါ့.. supervisor ဆိုးရင် မခံသာဘူး... အိပ်မက်ဆိုးတွေ မက်ရသလိုပဲ တွေးမိရင်...

    ReplyDelete
  3. ချွေးနဲ့သွေးနဲ့မျက်ရည်နဲ့ပေါ့

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။