Saturday, February 28, 2009

ကြိုက်တာနဲ့စားပါ။


တို့တစ်ယောက်ထဲဆို ဘာမှထွေထွေထူးထူးလုပ်မစားဖြစ်ပေမယ့်သူအလုပ်အားရက်ဆိုရင်တော့မနက်စာ၊

နေ့လယ်စာ၊ နေ့ခင်းစာ၊ညစာ ဆိုပြီး စနေ၊တနင်္ဂနွေ ၂ရက် ကိုအလုပ်ရှုပ်အောင် ချက်ရပြုတ်ရတယ်။ဒီနေ့တော့

ကုလားစာ မစားရတာကြာလို့ ဒံပေါက်လုပ်စားဖြစ်တယ်။စားသွားပါနော်။

ကြက်သားဒံပေါက်















ကြက်အသည်းမြစ် နဲ့















ဆိတ်သားကြိုက်သူတွေအတွက်














ဘာအချဉ်လုပ်ရမှန်းမသိလို့ မရမ်းသီးသုပ်လိုက်တယ်။















တစ်ချို့က ငါးခြောက်ကြော်နဲ့ တွဲစားရတာသဘောကျတယ်
















ချဉ်ပေါင်ရွက်ကုန်နေလို့ ကန်စွန်းရွက် ကို မန်ကျည်းသီး၊ငရုတ်သီးစိမ်းထည့်ပြီး ချဉ်စပ်အရည်သောက်လေး

















အီသွားရင် စပျစ်သီစားပါနော်














ကြိုက်ရင် ဒါလေးလဲ အားပေးပါဦး။တို့ တစ်ခါစားရင် တစ်လုံးအသာလေးပဲ

15 comments:

  1. ဒီတစ်ခါ အားလုံးကြိုက်တာတွေချည်းပဲ
    ဒန်ပေါက်ကို ကြက်၊ ဆိတ် ၂ မျိုးလုပ်သေးတာ.. တော်ထှာအေ.....
    (ကိုဘ ဆီက "ထှာ" ကို ယူသုံးသည်)

    ReplyDelete
  2. ဟယ် ဒို့လဲဒံပေါက်သိပ်ကြိုက်ထှာ။ နည်းပေးပါလားကွယ်။ ဗမာလက်ရာလေးလုပ်စားကြည့်ရအောင်။

    ReplyDelete
  3. ဒံပေါက်စားပြီး ဒူးရင်းသီးဆက်စားတယ်နော် ကောင်မလေးကြည့်ကျက်လုပ်ဦး။ လူက ပိန်ပိန်လေးလဲဟုတ်တာမဟုတ်ဘူး။

    ReplyDelete
  4. ကြက်လျာစွန်းများရောက်သွားသလားလို့။ တစ်ပွဲ ကို ကြက်သား လိုက်ပွဲကို ဆိတ်သား.
    အသုပ်မြင်ရတာ သွားကျိန်းလိုက်တာ။
    ချဉ်ပေါင် စပျစ်သီးငါးခြောက်။ အားလဲူံစားသွားဝါးသွား၏။
    ဒုးရင်းသီသိတ်ေကြိုက်။

    ReplyDelete
  5. အောက်ဆုံးပုံက ဒူးရင်းသီးကြီးလားဟင်??
    လကုန်ခါနီး ၀ယ်မစားနိုင်တဲ့လူတွေကို စိတ်ဆင်းရဲအောင်
    ပုံအမျိုးမျိုးနဲ့ တစ်ယောက်ပြီးတစ်ယောက် နှိပ်စက်နေကြပါလားဟင်။
    :'(
    ( ဒီရက်ပိုင်း စားစရာပုံတွေချည်းပဲ လိုက်ကြည့်မိနေရ၍ဖြစ်သည်။ )

    ReplyDelete
  6. ဒန်ပေါက် စားချင်တယ် ဆိုမှ အန်တီဂွိက နတ်လမ်းညွှန် လာလုပ်နေတယ်...။ မလာမိရင် ကောင်းသား..။ ခုတော့....

    ReplyDelete
  7. စားချင်တယ.်.. စားချင်တယ်... အကုန်လုံး စားချင်တယ်..ကျော့ရဲ့ ဒန်ပေါက်က ရန်ကုန်က ဒန်ပေါက်လိုပဲ.. sin dan lar ရဲ့ comment က အရမ်းရီရတာပဲ.. :)

    ReplyDelete
  8. ဒန်ပေါက်မြင်တော့ သတိရတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က Toa Payoh ဘုန်းကြီးကျောင်းမှာ စားကောင်းကောင်းနဲ့ ဒန်ပေါက် ၃ ပွဲ ဆက်အုပ်လိုက်တာ နောက်တစ်နေ့ ဆေးခန်းသွားပြပြီး MC ယူလိုက်ရပါတယ်။

    ReplyDelete
  9. wow!
    nice and look like very delicious

    ReplyDelete
  10. အားလုံးကြိုက်တယ်။ အဲ့ဒါတွေ စားဖို့ အားခဲထားတယ် ညီမရေ.. ဒူးရင်းသီး မစားရတာ ကြာလှပြီ။

    ReplyDelete
  11. မစားရ ညှော်ခံရတာ တော်တော် များနေပီနော်.. စိတ်ဆိုးလာပီ.. :( ဒီတစ်ခါ အိမ်ပြောင်းပြီးရင်၊ အိမ်တက်ဖိတ်ကျွေးနော်... မဟုတ်ရင် ဒီဘလော့ကို နောက်တစ်ခါဘယ်တော့မှ မလာတော့ဘူး...

    ReplyDelete
  12. ဟိုနေ့ကတည်းက လာစားသွားတာ။ မရမ်းသီးသုပ်လည်း ကြိုက်။ ကန်စွန်းရွက်ချဉ်ဟင်းလေးလည်း စားချင်တာပဲ။

    ReplyDelete
  13. စားချင်လိုက်တာ ညီမရေ...
    ကြက်သားနဲ့ တစ်ပွဲ ချန်ထားလေ.. နော်...

    ReplyDelete
  14. ညီမရေ...
    စွမ်းစွမ်းလို အကောင်လေး မွေးချင်ရင် Face Book မှာ Sign In လုပ်ပြီး Pet Society ကိုသွားလိုက်ပါ။ အဲဒီကို ရောက်ရင် ကောင်ကောင်လေး တစ်ကောင် မွေးလို့ရပါပြီ။ ပျော်စရာကောင်းပါတယ်... မွေးကြည့်နော်။

    ReplyDelete
  15. This is a topic that is near to my heart... Cheers!
    Where are your contact details though?
    Feel free to surf my web page : perfumes

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။