Tuesday, March 17, 2009

မောင်လူဆိုးလေး


ကဲဒီပုံကိုသာကြည့်ပါ။မနက်က အခန်းအပြင်လေး ခဏ

ထွက်ပြီး နို့ဘူးဆေးတုန်း ဖုန်းကို ယူပြီး ပါးစပ်ထဲထည့်

ရေခဲချောင်း စုပ်သလိုစုပ်တယ်။နေ့ခင်းဘက် တစ်ခါ

ထပ်ယူပြီး ဆော့တော့ ဖုန်းက key pad တွေနှိပ်လို့မရ

တော့ဘူး။ဘာ ဂဏန်းမှ မပေါ်တော့ဘူး။ဖုန်းခေါ်လို့




ရင်လည်း အသံတိုးတိုးလေးပဲကြားရတော့တယ်။အဲဒါနဲ့ ဘက်ထရီ ထုပ်ပြီးအခြောက် ခံထားတာ။အခု ရက်

အတွင်း sms ပို့သူ၊ဖုန်းခေါ်သူ သူငယ်ချင်းများ reply မပြန်ရင် စိတ်မဆိုးကြပါနဲ့။ဒီဖုန်းလေးက ဒီနှစ်မေဒေး

ဆိုရင် ၀ယ်ထားတာ၃ နှစ်ပြည့်ပြီ ။၁လ ကို ၁ခါ၊၂ခါလောက် ဟမ်းနေတာ ကနေ အခု ပျက်တော့မလားမသိ

ဘူး။သူမမြင်တဲ့နေရာ မှာထားပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မေ့ပြီး သူမြင်တဲ့နေရာရောက်သွားတယ်။


အခုဆိုကွန်ပြူတာကို ဖွက်ထားရတာ တစ်ပါတ်လောက်ရှိ

ပြီ။ကွန်ပြူ တာကိုတွေ့ရင် မရမကဖက်တက်ပြီး ဘန်းဘန်း

ဘန်းဘန်း နဲ့ ခလုပ်တွေ ကိုပုတ်တယ်။နေ့ခင်းဆို ၂နာရီ

လောက်ပဲအိပ်တော့ တစ်နေကုန် ကွန်ပြူတာကို ဖွက်

ထားရတယ်။ပျက်ရင်ဝယ်ဖို့ ပိုက်ပိုက် ကလည်းမရှိသေး

ဘူးလေ။ပျက်လို့မဖြစ် ဘူး။ပျက်ရင် သူ့ပါးပါးက နှာစေး

နေမှာ။အခု ၉လခွဲပဲ ရှိသေးတာ တော်တော်ကို ကဲတယ်။ဒီတစ်ယောက်နဲ့တင် ဒိုးဆလံ၊ဒင်းဆလံပါပဲ။

8 comments:

  1. ဟ ဟ - သားလေးက တွေ့တာနဲ့ ကစားချင်နေတာနေမယ်.. ကောင်းတယ်.. ကလေးဆိုတာ ဒီလိုမှ မြင်ရာတွေ့ရာနဲ့ ကစားချင်နေမှ.. ကလေးပီသတာ
း)
    နည်းနည်းကြီးလာရင် ဒီထက်ပိုဦးမယ် - ပိုက်ပိုက်သာ စုပေတော့

    ReplyDelete
  2. သားလေးကြည့်ရတာ စိန်ဗေဒါ ပေါက်စလေးနဲ့ တူတယ်.. ကီးဘုတ်ကို ရိုက်နေတဲ့ ပုံပဲ.. :D ကျော့ရေ.. အဲဒီအရွယ်က စပြီး တအားဆော့ပြီနဲ့တူတယ်.. တို့တူလေးတုန်းကလည်း အဲဒီလိုပဲ... သူ့ကိုပဲ တချိန်လုံး ကြည့်နေရတယ်.. မြင်သမျှ အကုန် အောက်ဆွဲချမယ် ခုံပေါ်တက်မယ်ဆိုတာချည်းပဲ.. သူ့ပါးပါးကို လည်း ဘာမီတွန် ကြိုတိုက်ထားလိုက်နော်.. သားလေးဆော့လို့ ပျက်ရင် အသစ်ဝယ်ပေးဖို့ နှာမစေးနေအောင်လို့.. :D

    ReplyDelete
  3. တကယ်ကို ဒိုးစလံလို့လား ခင်ဗျ။ မထင်ပါဘူး။ စောင့်ကြည့်နေပါမယ်လေ။ အဟား...;)

    ReplyDelete
  4. ကျွန်တော်သားလည်း ဖုန်းမြင်ရင် သည်းကြီးမည်းကြီးပဲ။ ခလုပ်တွေနှိပ်လိုက်ရင် မီးရောင်စုံတွေ လင်းလာတာကို သဘောကျပုံ ရတယ်။

    ReplyDelete
  5. ကွန်ပြူတာနဲ့ အားရပါးရ ဆော့နေတာ ချစ်စရာလေး... ဖုန်းပါးစပ်ထဲ မထည့်အောင် တခုခု ပေးထားပါလား သွားယားလို့လား မသိ...

    ReplyDelete
  6. သားသားကလည်း ဘလောက်ချင်တယ် ထင်ပါရဲ့။ အမေတူလေး ဖြစ်မှာပေါ့

    ReplyDelete
  7. ဟားဟား... ကီးဘုတ်ကို အသကုန်ဆော်နေပါလား...။

    ReplyDelete
  8. သားသားက ချစ်ဖို့တော်တော် ကောင်းနေပြီပဲ။ ကျွန်တော်ကတော့ ဆော့တဲ့ကလေးဆို ချစ်တယ်။ မကျော့ မနိုင်ရင် ကျွန်နော်ဆီ ပို့လိုက်... :D

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။