Saturday, March 28, 2009

ဆုတောင်း


ဆုတောင်းတိုင်းတာပြည့်မည်ဆိုလျှင် အခုတစ်လော ဒီဆုသုံးခု ကို တောင်းချင်ပါသည်။


၁) အိုးပိုင်၊အိမ်ပိုင်လေး အမြန်ရလိုပါသည်။

(အိမ်ပြောင်းရတာ စိတ်မော၊လူမော ဖြစ်သောကြောင့်)

၂) ကိုယ်ပိုင်စီးပွားရေးလေး လုပ်ရလိုပါ၏။

(တစ်ခါတစ်လေ အလုပ် pressure များနေ သော သူ့အားမကြည့်ရက်သောကြောင့်။)

၃) သားလေးအား နတ်ရေကန် ထဲ သို့ပစ်ချပြီး ကြီးလိုက်စေချင်ပြီ။

(အရမ်းကို ဆော့လွန်း၊ကဲလွန်းပြီး အမေကို အပျောက်မခံ သောကြောင့် နှင့်

လုပ်ငန်းခွင်သို့ပြန်လည်ဝင်လိုသောကြောင့်)

7 comments:

  1. အမြန်ပြည့်ပါစေ။

    ky

    ReplyDelete
  2. စိတ်လျှော့ပါဟယ်... သားလေးကို မကြီးခိုင်းပါနဲ့.. ကလေးတွေ အရွယ်ရောက်တာ မြန်လွန်းလို့... ကလေးထိန်းပေးမာ့် အမတွေ အနားမှာ ရှိရင် အချိန်ပိုင်း အလုပ်လုပ်လို့ရတာပေါ့

    ReplyDelete
  3. မပူနဲ့ အားလုံးပြည့်စေရမယ်။

    ReplyDelete
  4. ကျော့ရေ.. ဆုတွေ အားလုံးပြည့်စေ.. သားလေးကိုတော့ မကြီးခိုင်းပါနဲ့.. အိမ်နားနီးရင် ၀ိုင်းထိန်းပေးပါတယ်.... :)

    ReplyDelete
  5. ဆုတွေအားလုံးပြည့်ပါစေ။ သားလေးကြီးရင်တော့ လာရှိတ်မှာနော်။

    ReplyDelete
  6. နတ်ရေကန်ထဲတော့ သွားမချလိုက်ပါနဲ့ကွယ် ..နတ်မိမယ်တွေနဲ့တွေ့သွားရင် ဒွတ်ခ .. ဟိဟိ။
    မရောက်တာကြာလို့ လာဖတ်သွားတယ်။

    ReplyDelete
  7. ဟိုတစ်နေ့က ဘုန်းကြီးဆွမ်းကပ်တော့တောင် အိုးပိုင်အိမ်ပိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်။
    ကိုယ့်အတွက်တောင်းနေရလို့ တစ်ခုပဲဆုတောင်းလိုက်နိုင်တယ် အဟီး

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။