Sunday, April 26, 2009

Today's Menu

Breakfast


ဒီနေ့ ရှမ်းခေါက်ဆွဲ ချက်စားဖြစ်တယ်။ကျကျနန မချက်တတ်ဖူး။ထင်သလို ဖြစ်သလို ချက်လိုက်တယ်။

၁.၀က်သားကိုနုပ်နုပ်စင်း ပြီး ဆား၊အချိုမှုန့်နဲ့နယ်ထား။ပြီးတော့ဆီပူပူထဲမှာ ကြက်သွန်နီ၊ဖြူကို ငရုပ်သီးမှုန့်နဲ့

ဆီသပ်။ပြီးတော့ခရမ်းချဉ်သီးလှီးထားတာပါ ထည့်ပြီး ခရမ်းချဉ်သီးလိပ်အောင် ဆီသပ်လိုက်တယ်။

ခရမ်းချဉ်သီးလိပ်လာတော့ ၀က်သားကို ပစ်ထည့်လိုက်တယ်။

၂. နှမ်းကိုလှော်ပြီးထောင်းထား။ဆီပါလေရုံနဲ့ နှမ်းလှော်ကို ဆီသပ။် ပြီးတော့ဒီက ပဲငပိ ကို နှစ်ဇွန်းစာလောက်

ထည့်လိုက်တယ်။
၃. မုန့်ညင်းချဉ်ကို သေးသေးလေးတွေဖြစ်အောင် လှီးလိုက်တယ်။

၎. မြေပဲကိုလှော်ပြီးတော့ထောင်းထား။

၅.အချို့ကတော့ ကော်ရည် ကျိုပြီးဆမ်းတယ်။ကိုယ်ကတော့ ပဲမှုန့်ကို မပျစ်မကျဲ ကျိုလိုက်တယ်။

၆.ငရုတ်သီးလေးစိတ်ကွဲ နည်းနည်းကို ကြော်လိုက်တယ်။















ပြီးတော့ ဟိုနည်းနည်း၊ဒီနည်းနည်း နဲ့ ပန်းကန်ထဲ က ခေါက်ဆွဲဖတ်ပေါ်ထည့်ပြီးတော့ တူနဲ့မွှေလိုက်ရင်

ရှမ်းခေါက်ဆွဲဟုခေါ်ဆိုနိုင်သော ရှမ်းခေါက်ဆွဲကို စတင်သုံးဆောင်နိုင်ပါပြီ။















အရည်သောက် အနေနဲ့ ၀က်ရိုး ကိုပြုတ်ပြီး၊ကြက်သွန်မြိတ်လေးခတ်လိုက်ပါတယ်။















lunch

နေ့လည်စာအနေနဲ့ ၀က်နံရိုးကို ဆား၊အချိုမှုန့် နဲ့ နယ်ထား။့ဆီပူပူထဲမှာ ကြက်သွန်နီ၊ဖြူကို ငရုပ်သီးမှုန့်နဲ့

ဆီသပ်။ခရမ်းချဉ်သီးလှီးထားတာပါ ထည့်ပြီး ဆီသပ်လိုက်တယ်။ပြီးတော့ ၀က်နံရိုးကို ထည့်လှိမ့်။ရေထည့်

ပြီး ၂ရေလောက် ချက်လိုက်ပြီး ဆီပြန်လာရင် ချလိုက်။ဒီမှာ ၀က်နံရိုးခရမ်းချဉ်သီးဆီပြန် ချက်လေးပါ။
















ပဲစောင်းငှားသီး ကို ရေနွေးဖျောပြီးပါးပါးလှီး။ကြက်သွန်နီကို ပါးပါးလှီး၊ပုဇွန်ခြောက်မှုန့် ၊ပဲအကျက်မှုန့်၊

ငရုသီးမှုန့်၊ကြက်သွန်နီဆီကျတ၊်အချိုမှုန့်၊ဆား လိုသလိုထည့် ပြီးမွှေပါ။အချဉ်ကြိုက်လျှင် သံပရာသီးလေးညှစ်

လိုက်သောအခါ















င်္Fruit လေးတွေကိုလည်းစားသွားပါ

11 comments:

  1. ရှမ်းခေါက်ဆွဲတီးသွားတယ်။

    ReplyDelete
  2. ကလေးတောင် အတော်ကြီးနေပြီဘဲ အမရဲ့။ ချက်ထားတာတွေ အကုန်ကြိုက်ပါတယ်။ အဆင်ပြေပါစေဗျား။

    ReplyDelete
  3. ဖတ်ပြီး ဗိုက်ဆာလိုက်တာ။

    ReplyDelete
  4. ရှမ်းခေါက်ဆွဲ လာစားသွားပါတယ် အချိုပွဲအဖြစ် အသီးလေးပါ စားသွားတယ် အမရေ
    ရှမ်းခေါက်ဆွဲကို လုပ်စားဖြစ်သေးဖူး အရမ်းကြိုက်တယ်။
    သက်ထား

    ReplyDelete
  5. ပထမဆုံးအကြိမ်လာလည်ပါတယ်။
    နောက်လဲအမြဲလာလည်မယ်နော်။
    စားစရာတွေ့ သွားလို့ လေ။

    ReplyDelete
  6. ရန်ကုန်က လူတောင် သွားရေ တတောက်တောက်ကျတယ်။ နက်ဖြန် မေဒေးမနက် စောစောထ၊ ရှမ်းခေါက်ဆွဲ ရှာစားရတော့မယ်။

    ReplyDelete
  7. ကျော့ရေ ပဲဇောင်းယားသီးသုပ် သွားရေကျသွားတယ်။ ၀က်နံရိုးဟင်းတော့ ပါဆယ်ယူချင်တယ်။ နေကောင်းလား။ သားလေးရော

    ReplyDelete
  8. မရေ....မြူးလဲလင့်ခ်မယ်နော်။။

    ReplyDelete
  9. သူ့ဖြစ်သလိုကလည်း ရှယ်ဘဲ။

    ReplyDelete
  10. ရှမ်းခေါက်ဆွဲချက်ရင် ဝက်သားဟင်းထဲကို နာနတ်ပွင့် (Star) နှစ်ပွင့်လောက် ထောင်းထည့်လိုက်ရင် ရှမ်းအနံ့ စစ်စစ်ရတယ်...
    ပဲဇောင်းယားသီးသုပ်လေးက စားချင်စရာလေး... သုတ်စားအုံးမှ...

    ReplyDelete
  11. စောင်းငှားသီးသုတ်ကြိုက်လောက်တယ်။ တခါမှ မစားဖူးဘူးတော့။ ရှမ်းခေါက်ဆွဲလည်း စားချင်တယ်။ အသီးပန်ကန်လည်း မပစ်ထားရက်ဘူး။ အကုန်သာတီးချင်တယ်။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။