-သားလေးက အိမ်အသစ်မှာ အထာမကျသေးလို့ အမေကို အရမ်းကပ်တယ်။အခန်းထဲကနေ အပြင်ကိုခြေတစ်
လှမ်း ထွက်လိုက်တာနဲ့ မားမား ...မားမားဆိုပြီးလိုက်တော့တာပဲ။ခွာလို့ကိုမရဘူး။သူ့ခမျာလည်း မိုးလင်းကနေ
မိုးချုပ် အမေ ကို ပဲတွေ့နေရတာဆိုတော့ အမေ့တစ်မျက်နှာတစ်ကမ္ဘာထင် နေတာ။အိမ်မှာ တစ်ယောက်ထဲ
ကစားဖော်လည်းမရှိတော့ ငါ့သားလေး သူများကလေးတွေနဲ့ဆို ဆော့တတ်ပါ့မလား စိုးရိမ်ပြီး သူ့ထက် ၁လခွဲ
ကျော်ကျော်ငယ် တဲ့ တူဝမ်းကွဲ လေးတို့အိမ်အလည်သွားတယ်။ထင်မထားလောက်အောင်ပဲ။ဆော့တတ်ပါပေပ။
အိမ်ရှေ့က ကလေးကစားကွင်းကိုခေါ်သွားတယ်။တန်းလေးတွေ ကိုင်ပြီးလမ်းလျှောက်လို့ရအောင်လို့။
လမ်းမလျှောက်ပဲ၊သစ်ရွက်တွေ ပဲကုန်းကောက်နေတယ်။အိမ်ကအတူနေ အစ်မက edwin ကိုsembwaste
မှာအလုပ်ခန့်လို့ရပြီတဲ့။
-ဒီရက်အတွင်း သူ့ပါးပါးကစာမေးပွဲ ရှိတယ်။စာမေးပွဲရှိပါတယ်ဆိုမှ သူ့ကုမ္မဏီကလည်းပေးလိုက်တဲ့အလုပ်တွေ။
ပြီးခဲ့တဲ့ 21.04.09 က တစ်ဘာသာဖြေပြီးသွားပြီ။တစ်နှစ်စာကို ၂ ရက်ထဲ စာကြည့်ပြီးသွားဖြေရတယ်။
မဖြေနိုင်ဘူး။F မထိပါစေနဲ့ပဲဆုတောင်းရမယ်။Grade point က မရ ရအောင်ဖြည့်လို့ရသေးတယ်။F ထိရင်တော့
သေပြီဆရာ။29.04.09 မှာတစ်ဘာသာဖြေဖို့ ကျန်သေးတယ်။အလုပ် နဲ့ စာမေးပွဲ ကြားPressure တွေတစ်
အားများနေ တဲ့သူ့ ကိုကြည့်ပြီး ကိုယ်လည်းစိတ်မသက်သာ။
-မနေ့ ကိုယ်တို့ ရဲ့ ၉ နှစ်မြောက် အမှတ်တရ နေ့တစ်ခု။ဘာမှ ထွေထွေထူးထူး မလုပ်ဖြစ်ပါဘူး။sms ပို့ပြီးတစ်
ယောက်နဲ့တစ်ယောက် wish လုပ်တယ်။marriage လုပ်ပြီးကတည်းက သူ နဲ့ ကိုယ်နဲ့ အချစ်အကြောင်းပြော
ချင်ရင် sms ပို့ပြီးပဲပြောတယ်။အိမ်မှာ မျက်နှာချင်းဆိုင်မပြောဖြစ်ဘူး။ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ ၉ နှစ်ကသွားခဲ့တ
ဲ့
ကမ်းခြေ လေးကိုပြန်သွားချင်တယ်။
-ခုတစ်လောနေသိပ်ပူတယ်။သားလေးနဲ့အပြင်မထွက်ဖြစ်ဘူး။KFC က chese အာလူးကြော်စားချင်တာနဲ့
အာလူချောင်း ၀ယ်ထားတာကို ကြော်ပြီး ချိစ် ၂ ပြား အပေါ်ကတင်ပြီး Microwave ထဲထည့်လိုက်တယ်။
ပြီးတော့ သားအမိနှစ်ယောက်တီးတယ်။
နောက်တစ်ဘာသာဖြေနိုင်ပါစေ။
ReplyDeleteky
:)ပါးပါးစာမေးပွဲဖြေနိုင်ပါစေ။
ReplyDeleteမဆော့တတ်တဲ့ကလေး သိပ်မတွေ့ဖူးဘူး။ စိတ်မပူနဲ့ ဆော့မှာပါ။ :P
ပျော်ရွှင်ချမ်းမြေ့ပါစေဗျို့
ReplyDeleteLooks yummy!
ReplyDeleteမင်္ဂလာနစ်ပါတ်လည် ပျော်ရွင်ချမ်းမြေ့ပါစေ။
ReplyDeleteအား... အာလူးနဲ့ ချီစ့်... ဝမှာ မကြောက်ဘူးပေါ့လေ...
ReplyDeleteဟီဟိ...