Wednesday, April 1, 2009

မနေ့က နဲ့ ဒီနေ့

မနေ့က အိမ်အသစ်ကိုစတက်ဖြစ်တယ်။အရင်အိမ်နဲ့၃ တိုက်ပဲခြားတယ်။ဒီ ၂ ပုံက အရင်အိမ်ကနေ အခုနေတဲ့ တိုက်ကို ဓာတ်ပုံ ရိုက်ထားခဲ့တာပါ။ပန်းခြံက အိမ်နားကပန်းခြံ။















သားလေး အိမ်စိမ်းသွားလို့ လူကပ်တာကလွဲရင် အဆင်ပြေပါတယ်။

ရောက်ရောက်ချင်းပဲ မျှစ်ချဉ်နဲ့ဝက်သား၊ငပိရည်ဖျော် ချက်လိုက်တယ်။:P














ဒီနေ့ APRIL FOOL နေ့။ သူ့ကို APRIL FOOL လုပ်ဖို့ စီစဉ်ထားပြီးသား။သူကပဲ ကံကောင်းနေတာလားတော့

မသိဘူး၊ဒီနေ့ အလုပ်မသွားရဘူးဆိုလို့ APRIL FOOL မလုပ်လိုက်ရဘူး။သူ့ကိုမလုပ်ရတာ နဲ့ သူငယ်ချင်း၂

ယောက် ကို APRIL FOOL လုပ်လိုက်တယ်။ရဲစခန်းသွားတယ် လိပ်စာပြောင်းဖို့။ရဲစခန်းရောက်တော့

အရင်လို ဒီအတိုင်း ဘာစာမှမပါပဲ ပြောင်းလို့ မရဘူးတဲ့။ဒီလိပ်စာမှာနေကြောင်း ကို ကိုယ့်နာမည်နဲ့ စာတစ်

စောင် ပြနိုင်မှတဲ့။မနေ့ကမှပြောင်းတာ စာဘယ်လိုလုပ်ရမလဲဆိုပြီးမေးတော့ 'ဒါဆိုသူတို့ applyလုပ်ပေးမယ်

၊approve letter ရမှ လာပြောင်းတဲ့'။ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်မေး ကြည့်တော့ new rule

တဲ့။


ဒီနေ့ သူ ငါးပေါင်း လုပ်ကျွေးတယ်။ငါးကို မှိုခြောက်၊ပန်းခြောက် နဲ့ ပေါင်းထားတာ။

8 comments:

  1. ဟယ်ပြောင်းပြန်ပြီလား။ ဝယ်လိုက်ပြီလား။
    ဟုတ်တယ် ကျွန်တော်ပြောင်းတော့လဲ ICA Web site မှာ အိမ်ပြောင်းကြောင်း ထောက်ခံစာ တောင်းရတယ်။သူတို့က စာလှမ်းပို့မှ အဲဒီစာ ယူပြီး ရဲစခန်းသွားပြောင်းရုံဘဲ။ မြန်တယ်။ စာကတော့ တစ်ပါတ်ကြာတယ် ရောက်ဖို့။

    ReplyDelete
  2. ရောက်ကြောင်းပတ်ဝန်းကျင်ကိုသတင်းပို့လိုက်တာထင်တယ်။ မျစ်ချဉ်နံကလေးရည် ငပိရည်ဖျော်နံကလေးရယ်။ ဧည့်သညတွေ ရောကမလာဘူးလား

    ReplyDelete
  3. ဓါတ်ပုံထဲမှာအိမ်လေးကပျော်စရာ။ အိမ်သစ်လေးမှာ ပျော်ရွင်ပါစေ။

    ReplyDelete
  4. အိမ်သစ်မှာပျော်ရွှင် ချမ်းမြေ့ပါစေ...

    ReplyDelete
  5. အိမ်သစ် ထမင်းဟင်း စားသွားပြီ။ အိမ်သစ်လေးမှာ ပျော်ရွှင် ကြည်နူးပါစေ ညီမလေးရေ။

    ReplyDelete
  6. အိမ်သစ်အမှတ်တရပေါ့လေ နောက်ကျတော့ - လင်းလင်းချင်းချင်းနဲ့ လုပ်ပါဦး ထူးဆန်းတာက အစားတွေပါ မှောင်နေတယ်..

    ReplyDelete
  7. ဒီသားအမိ ငြိမ်လှချည်လား.. (ကိုယ်အရင် ဦးအောင် ပြောထားတာ..:P)

    သင်္ကြန်အတက်နေ့မို့ ကလေးရော မေမေရော ရေလောင်းသွားတယ်.. :D

    ReplyDelete
  8. လည်ဖတ်သွားသည်. ရေးပါဦး မအားတဲ့ကြားက ဖတ်ချင်လို့။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။