Tuesday, March 10, 2009

တပေါင်းလပြည့်နှင့် တောင်ရေးမြောက်ရေး


ဒီနေ့မနက် အိပ်ယာကထတော့ အတူနေအိမ်ကအစ်မက

ဒီနေ့တပေါင်းလပြည့်နေ့ဆိုမှ ပြက္ခဒိန်ကိုကြည့်မိတယ်။

ဟုတ်သားပဲ။သူက ဘုရားကို သစ်သီး၅မျိုးကပ်မည်ဆို

ရာ သူ့ကောင်းမှု့ဖြင့် ကိုယ်လည်းသစ်သီး၂မျိုးပါဝင်ကပ်

လှူပြီး သားလေးနဲ့ ဘုရားရှိခိုးလိုက်တယ်။








ဒီနေ့မတိုင်မီ တစ်ပတ်အလိုလောက် ထဲက မမပုသိမ်သူ သီချင်းကိုဖွင့်ကာ ပုသိမ်မော်တင်စွန်းဘုရားပွဲ နဲ့

ကျုံမငေးမြတ်စွယ်တော် ဘုရားပွဲကို ဘယ်သဘောင်္က၊ဘယ်နှစ်ရက်ခရီးကို ဘယ်လောက်ဖြင့်သွားမည်ဟု

အပြိုင်အဆိုင် ကြေငြာသော မိုက်သံများဖြင့် တစ်မြို့လုံး ဆူညံနေသော ဇာတိမြို့လေးကို သတိရသွားတယ်။

နွေရာသီကျောင်းပိတ်ရက်မို့ လူငယ်၊လူကြီးတော်တော်များများသွားဖို့ အဖော်စပ် ၊လက်မှတ်ဝယ်နှင့် ပျော်ရွှင်

နေကြတယ်။


ကျုံမငေးမြတ်စွယ်တော် ဘုရားပွဲကို တော့တစ်ခါရောက်ဖူးတယ်။လူတွေကြိတ်ကြိတ်တိုးပြီး စည်းကားလှပေမယ့်

ဘုရားကိုအေးအေးဆေးဆေး ဖူးလို့မရ၊ဘုရားနားေ၇ာက်အောင် မတိုးနိုင်သဖြင်းတပ်ခေါက်ပြီးပြန်ခဲ့ရဘူးတယ်။

မော်တင်စွန်းဘုရား ပွဲကတော့ တစ်ခါမှမရောက်ဖူးပေ။မော်တင်စွန်းသို့ရောက်အောင် ပင်လယ်ကိုဖြတ်ရတယ်၊

လှိုင်းလုံးတွေက အိမ်တစ်လုံးစာလောက်မြင့်တယ်ဟူသော စကားများအရ အိမ်ကစိတ်မချ။သူများတွေ သွားတာ

ကိုသာ အိမ်ကနေ ငေးမောအားကျမိခဲ့တယ်။အရင်တုန်းက မိဘအုပ်ထိမ်းမှု့အောက်မှာနေတော့ မိဘက ဟိတ်

မသွားရဘူးဆိုရင် ဘာမှပြန်မပြောရဲဘူး။အခု ကိုယ့်အိမ်ထောင်နဲ့ကိုယ် လဲဖြစ်၊အုပ်ထိမ်းသူကလဲပြောင်းသွား

တော့ ဘယ်သွားချင်ချင် သူ့ကိုပဲ ပူဆာရတယ်။မြန်မာပြည်ပြန် ဖို့ ပလန် ရှိပြီဆိုရင် မပြန်ခင် လေး၊ငါးလအလို

တို့က ဒီတစ်ခေါက် ဘယ်သွားလည်ချင်တယ်ဆိုရင် အေး လိုက်ပို့မယ်ပြောတယ်။ဒါပေမယ့် ပြန်ဖို့ အချိန်နီးလာ

ရင် လိုက်ပို့မယ်ဆိုတဲ့ အသံ မကြားရတော့ဘူး။မြန်မာပြည်ရောက်သွားလို့ မသွားရလို့ ပွစိပွစိ လုပ်ရင် သူက

ပြောသေးတယ် ပြန်တယ်ဆိုတာ ကိုယ့်အိမ်မှာကိုယ် မိဘတွေနဲ့ အေးအေးဆေးဆေးနေချင်လို့ ပြန်လာတာတဲ့

ဘယ်မှမသွာဘူးတဲ့။မထူးတဲ့ဘ၀ပါ။

8 comments:

  1. မြန်မာနေ့တွေကို မေ့နေတာ။အခုမှ ဒီနေ့တပေါင်းလပြည့်ဆိုတာသိတာ။
    ky

    ReplyDelete
  2. နောက်တစ်ခါဆို ချိန်းပြီး ပြန်ကြတာပေါ့။ သူတို့မလိုက်လဲနေ..
    သားလေးနဲ့ တို့နှစ်ယောက်အတူ လျှောက်လည်မယ်လေ။
    နော့။ :)

    ReplyDelete
  3. အတူတူပဲ ကျော့ရေ.. မပြန်ခင်တုန်းကတော့ ဘယ်ပဲသွားချင်ချင် လိုက်ပို့ပေးမယ် ဆိုတာချည်းပဲ..တကယ်တမ်းလည်းကျရော.. ဘာအသံမှ ကြားရတော့ဘူး.. :D

    ReplyDelete
  4. လိုက်မပို့လည်း ကိုယ့်ဘာသာ သွားလို့ရတယ်လို့ ပြောကြည့်ပါလား...
    တို့တော့ အိမ်တောင်ခွဲအိပ်လိုက်သေးတယ်... လူတွေက ရန်ဖြစ်လာတယ်ထင်လို့..

    ReplyDelete
  5. mm; အဖော်ရပြီကွ။

    မနုစံ>ဟိ...အတူတူပဲ။

    မမီယာ> ပြောကြည့်မယ်နောက်တစ်ခါပြန်ရင်။

    ReplyDelete
  6. ယောကျာ်းကနှိပ်စက်တယ်နော်။
    ဂျွန်ဝမ်း ချဉ်ပေါင် နဲ့ မယှဥင်္နိုင်ပါဘူးကွယ်။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။