Friday, February 13, 2009

အမှတ်တရဘောပွဲ

Football 3

TVမှလွှင့်သော ဘောပွဲများကို ကိုယ်တစ်ခါမှ အစအဆုံးမကြည့်ဖူးသော်လည်း သူကန်သော ဘောပွဲကိုတော့

ကျောင်းတက်စဉ် က လူကိုယ်တိုင် ဘောလုံးကွင်းတိုင်ယာရောက် လိုက်လံအားပေဖူးလေသည်။ဖိုင်နယ်တက်

နေစဉ် ကျောင်းမှာ မေဂျာအလိုက် ဘောလုံးပြိုင်ပွဲလုပ်မယ် ဆိုတော့ သူ့ သူငယ်ချင်းများရဲ့ အဆွယ်ကောင်းမှု့

ကြောင့် EC အသင်းမှာ သူဝင်ကစားတယ်။အသင်းက များများစားစားမဟုတ်ပါဘူး လေးသင်းပဲကန်တာပါ။

EC+EP၊ Civil+Archi၊ Mechanicalရယ်နဲ့ ညွှန့်ပေါင်း အသင်း။ညွှန့်ပေါင်း အသင်း ဆိုတာဘောလုံးကန်ချင်

လျှက်နဲ့ဘယ်အသင်းကမှ အ၀င်မခံလို့ ကန်ချင်တဲ့ သူတွေစုပေါင်းပြီး ဖွဲ့ထားတာ။ဟိုမေဂျာက တစ်ယောက်၊

ဒီမေဂျာက တစ်ယောက်ပေါ့။

EC က ညွန့်ပေါင်းအသင်းနဲ့ ပွဲဦးထွက်စ ကစားရတော့ သူက တို့ကို လိုက်အားပေးစေချင်တာနဲ့ပဲ လိုက်သွား

တယ်။ဘောကွင်းမှာ မိန်းခလေးဆိုလို့ တိုရယ်၊EC ကွင်းရယ် ၂ယောက် ပဲရှိတယ်။တို့မေဂျာက တို့သူငယ်ချင်း

ကောင်လေးတစ်ယောက် ရယ်၊တို့ရယ် ဘောလုံးကန်တဲ့သူတွေ သောက်ဖို့ ရေသန့်ဘူးကြီး နဲ့ သံပရာရည်

ဖျော်တယ်။ဘောပွဲလဲစရော တို့ကိုကို လေအားကြိုးမန်တက် ပဲ ကစားတာ ၁၅မီးနစ်တောင်မပြည့်သေးဘူး

ဟောဟဲ ဖြစ်နေပြီ။တိုကလည်း ပါလာတော့ အစွမ်းကလည်းပြချင် ဆိုတော့ ကြိုးစား ပမ်းစား ကစားလိုက်ရ

တာ။တို့ကလည်းအစွမ်းကုန်အားပေး နေတုန်းးးးးးးးးးးးးးးဂိုးးးးးးးးးးးးးးးးးးးးးးသူပေါ့ ဘောလုံးကိုသယ်လာ

ပြီး ဂိုးတိုင်ထဲ ကန်ထဲ့လိုက်တာ၊ဘာပြောကောင်းမလဲ ညွှန့်ပေါင်းဂိုးသမား ဘယ်လိုမှမဖမ်းနိုင်ပဲ လက်လွတ်

လိုက်ရတာပေါ့။ပျော်လိုက်ရတာ တစ်မိနစ်လောက်။


ဘာဖြစ်လို့လဲဆိုတော့ ဒိုင်က လူကျွံဘောလို့ သတ်မှတ်လိုက်လို့။:P ဘာပဲဖြစ်ဖြစ် အဲဒိနေ့က ညွှန့်ပေါင်းကို

၃ဂိုးနဲ့ နိုင်ခဲ့ပါတယ်။နောက်ပွဲ Mechanical နဲ့ ကန်တော့ သူအမောမခံနိုင်လို့ ၀င်မကန်တော့ဘူး။

(မှတ်ချက်။ ခေါင်းစဉ်ပြောင်းလိုက်သည်။)




4 comments:

  1. ဟီးဟီး။ ခေါင်းစဉ်ကြီးက တစ်မျိုးကြီးပဲ။ :D

    ReplyDelete
  2. မေခလာကို အားကျလို့များလားဟင်.... :P

    ReplyDelete
  3. ဘာပဲဖြစ်ဖြစ် ဂိုးတိုင်ထဲရောက်အောင်ကန်သွင်းပြီး အစွမ်းပြခဲ့တယ်ပေါ့....။
    ( EC ကွင်းဆိုတာ EPK လားဟင်....)

    sin dan lar

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။