Wednesday, February 11, 2009

RIT မှ PTU သို့

၉၆ မှာ ၁၀တန်းအောင်တယ်။၁၀တန်းအမှတ်စာရင်းထွက်လာတော့ ဆေးအမှတ်မ၀င်ပင်မယ့် RIT အမှတ်တော့

မှီတယ်။ကိုယ်လည်းenginerrပဲလုပ်ချင်တာ။ဆရာဝင်လုပ်ဖို့ဆိုတာ ဝေးစွ။အခုထိ ဆေးထိုးခံရမှာအရမ်းကြောက်

နေသေးတယ်။အရင်တုန်း က RIT ဆိုတာ ကိုယ်အထက်တန်းကျောင်းသူဘ၀က စိတ်ကူးထဲ တက္ကသိုလ်ကြီးပေါ့။

နောက်တော့ YIT ပြောင်းလိုက် တယ်။၉၆ မှာ၁၀ တန်းအောင်ပြီးတော့ ကျောင်းတွေ ဟိုပိတ်ဒီပိတ် လုပ်တာနဲ့

၃နှစ်လောက် အိမ်မှာထိုင်စောင့်ပြီး ၉၉ နိုဝင်ဘာမှာမှ ၀င်ခွင့်ကျတယ်။စာအိပ်ဖောက်ကြည့်လိုက်တော့

နည်းပညာတက္ကသိုလ်ဝင်ခွင့်ရတယ်။ဒါပေမယ့် ပထမ၂နှစ်ကို GTC မှာ တက်ရမယ်တဲ့။စိတ်ကုန်လိုက်တာနော်။

ကိုယ်စိတ်ကူးထားတာ YIT ကျောင်းတော်ကြီး။တကယ်လက်တွေ့မှာ ၀ါးခယ်မက GTC လေးမှာတက်ရမယ်တဲ့။

ကိုယ်တို့ ၉၆ အောင်တွေကအနာဆုံးပဲ။ကျောင်းဝင်ခွင့်၉၆၊၉၇ အောင်တွေအတူတူချပေးတာ။နည်းပညာ

တက္ကသိုလ်ဝင်ခွင့်ကို တို့မြို.မှာ တို့အပါအ၀င် ၉၆ က၂ယောက်၊၉၇က ၂ယောက် ရတယ်။၉၆က၂ယောက်မှာက

တို့ရယ်၊တို့ရဲ့ အမျိုးသားရယ်။သူ့ကို တို့မြို.မှာတုန်း က တစ်ခါမှမတွေ့ဖူးဘူး။သူက ၁၀တန်းကို ပြင်ဦးလွင် စိုးစံက

အောင်တာ။ကျောင်းတက်တော့မှ ကိုယ့်မြို.ကဆိုပြီး တွေ့ဖူးတာ။ဝါးခယ်မ မှာတက်တုန်းက YIT ကျောင်းသား

ချည်းစုစုပေါင်း၁၀ ယောက်ရှိတယ်။တို့၁၀ ယောက်ကို သပ်သပ်တစ်ခန်းထားပြီးသင်တယ်။course ကတော့

YIT ပထမနှစ်၊ဒုတိယနှစ် course ပဲ။ဒုတိယနှစ်သမားတွေ တော်တော်သနားဖို့ကောင်းတယ်။သူတို့က YIT

မှာ ၁နှစ်တက်ပြီးမှ ကျောင်းတွေပိတ်လိုက်တော့ အခုပြန်ဖွင့်တော့ GTC မှာတက်ရတော့ဖီးငုပ်တာပေါ့လေ။

ပျင်းစရာကောင်းလိုက်တာ။တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာဘာလဲဟုတောင် မပြောနိုင်။အဲဒီ့မှာ သူနဲ့ ကိုယ်

စရင်းနှီးတာ။သူလား ကိုယ့်ကိုစတွေ့တုန်းက မျက်လုံးကပြူးပြူးနဲ့စကားကလည်းများလိုက်တာ ငါနဲ့မဖြစ်ပါဘူးလို့

တွေးမိသတဲ့။ကိုယ်ကလည်း ဟင်း ပိန်ပိန်ကိုင်းကိုင်းနဲ့အဖိုးကြီးရုပ်လို့တွေးမိတယ်။အဲဒီ့မှာတက်ရတာပျင်းလာ

တော့ ပုသိမ်မှတော့ အယောက်၄၀လောက်ရှိတယ်ကြားတယ်။ပုသိမ်ဆို ပိုကောင်းမှာပဲဆိုပြီး ပုသိမ်ကိုပြောင်း

ဖို့လုပ်တယ်။ပုသိမ်ကိုပြောင်းခွင့် ရတော. တို့နှစ်ယောက် အပါအ၀င်၅ယောက်ပြောင်းကြတယ်။ပုသိမ်က GTC

ကျောင်းအုပ်ဆရာမကြီးက RIT ကျောင်းဆင်းဆိုတော့ တိုကျောင်းသားတွေကို နားလည်ပေးတယ်။GTC က

ကျောင်းသားတွေကို ဘယ်လောက် စည်းကမ်းတင်းတင်း၊YIT ကျောင်းသားတွေဆို တော်ရုံ မဆူဘူးပဲ။



ပုသိမ်မှာ၂နှစ်ပြီးတော့ YTU(လိုင်သာယာ)၊PTU(ပြည်နည်းပညာတက္ကသိုလ်)၊MTU(မန္တလေး)ဆိုပြီးခွဲလိုက်

တယ်။ပြည်က ပြည်နည်းပညာတက္ကသိုလ် က အသစ်ဆောက်ထားတာ။မန္တလေးနဲ့ရန်ကုန်ကလွဲ၇င်ကျန်တဲ့

နယ်ကလူတွေအကုန် ပြည်မှာပဲတက်ရတာ။YTU ကဆရာတွေက တနင်္ဂနွေ ဆိုရင် ရန်ကုန်က နေ ကျောင်းကား

နဲ့လာပြီး ပြည်ကနေ သောကြာနေ့ညနေ ပြန်တယ်။တစ်ပတ်ကို ၂ဘာသာအတွက် ဆရာ ၂ယောက်ဆီလာတယ်။

ပြည် လို့ဆိုပေ မယ့် ပြည်နဲ့ ပေါင်းတလည်ကြားက လက်ခုပ်ပင် ရွာမှာဆောက်ထားတာ။တို့က PTUရဲ့ နို့ညှာ

အတန်း။ရှေ့ကအတန်းကြီးတွေကျောင်းပြီးသွားတော့ တို့ရယ်၊တို့နောက် ကအတန်းရယ်၊ ၂တန်းထဲကျန်ခဲ့တာ

ခြောက်ကပ်ကပ်ကြီး။အခုတော့ အဲဒိ ကျောင်းကြီးကို ဘာဆက်လုပ်ထားလည်းမသိ။ကျောင်းပြီးလို့ ဘွဲ့ယူဖို့၊

အမှတ်စာရင်းထုတ်ဖို့ လုပ်တော့မှ ကြို.ကုန်း က ကိုယ့်ရဲ့အမိကျောင်းတော်ကြီးကိုရောက်ဖူးတယ်။ဘွဲ့ယူတော့

ရန်ကုန်မှာ လှိုင်သာယာကလူတွေနဲ့ အတူတူယူရတယ်။လှိုင်သာယာက roll no.1 ကနေ roll နောက်ဆုံးထိ

စီပြီးမှ ပြည်က roll no.1စီတယ်။

အမှတ်စာရင်းတွေထုတ်တော့ ပထမနှစ်၊ဒုတိယနှစ် အမှတ်စာရင်းထုတ်မပေးဘူး။တတိယနှစ်ကနေ ပဲစထုတ်

ပေးတယ်။၆နှစ်တက်တယ်...၄နှစ်စာအမှတ်စာရင်းပဲရတယ်။မှတ်မှတ် ရရ ဒီမှာကျောင်းပြီးတော့ A starမှာ

အင်တာဗျူးရတယ်။A star က BE တုန်းက အမှတ်စာရင်းတွေ ၊ဂရိတ်တွေတောင်းလို့ ပေးတော့ သူတိုကမေး

တယ် ဘာဖြစ်လို့ ပထမနှစ်၊ဒုတိယနှစ် က အမှတ်စာရင်းနဲ့ ဂရိတ် မရှိတာလဲတဲ့။???????????????????????

10 comments:

  1. အော် ..သက်တူ ရွယ်တူတွေကိုး။ ကျွန်တော်လည်း ၉၆ အောင်တာပဲ။ ဒါပေမယ့် ၉၉ ကတည်းက နိုင်ငံခြား ရောက်နေတာ ဆိုတော့ ကျောင်းတောင် မတက်ခဲ့ရဘူး။

    ReplyDelete
  2. မျက်လုံးပြူးပြူးဆိုပြီးးးးးးးးးးး

    ky

    ReplyDelete
  3. အမက ၉၂ အောင်တာ.. ၉၄ မှ ကျောင်းစတက်ရတယ်.. ဟုတ်တာပေါ့နော်.. YIT ကျောင်းမှာပဲ တက်ချင်တာပေါ့.. အမတို့လည်း လှိုင်ကောလိပ်ကို မှီတယ်ဆိုရုံပဲ.. နောက် ၁ နှစ်လားပဲ ကြာတယ်.. အမတို့ မိန်းထဲရောက်တော့ လှိုင်ကောလိပ်ကို TTC လုပ်ပစ်လိုက်ကြတယ်...

    ReplyDelete
  4. ဟယ် ၉၆ မှ ၁၀တန်းအောင်တာဆိုတော့ ငယ်ငယ်လေးဘဲရှိသေးတာဘဲ။ တို့များ ၉၆ မှာ GTI ပြီးလို့ ရန်ကုန်မှာ ကွန်ပျူတာတက်နေပြီ။ ပြည် GTI ကဘဲပြီးပါတယ်။

    ReplyDelete
  5. တို့သူငယ်ချင်းတွေရဲ့ မောင်လေးတွေနဲ့ တူတူပါပဲ...ညီမငှေးရယ်....။
    သူတို့က EC ကပါ..။
    မနုစံနဲ့ နှစ်တူပြီး ကိုဒီဘီနဲ့ ကျောင်းတူကြောင်းသိလိုက်ရပြီ..။
    BE ဘွဲ့ကို GTC မှာ သင်ခဲ့ရတဲ့ အညတြလေးပါကွယ်.. အဲငှယ်....။

    ReplyDelete
  6. သက်ပြင်းချသွားသည်။

    ReplyDelete
  7. ဟယ် ငယ်ငယ်လေးရှိသေးပါလား...

    ReplyDelete
  8. ဘုရားရေ...
    အသက်တွေက တော်တော်လေးကွာခြားနေပါလား...
    အင်း... အင်း...
    (စိတ်ညစ်ညစ်နဲ့ ပြောသွားသည်...)

    ReplyDelete
  9. ကျနော့ထက် တစ်နှစ်ကြီးတာပေါ့

    ReplyDelete
  10. အစ်မရေ....PTU အကြောင်းလေးတွေ လိုက်ဖတ်ရင်းနဲ့ အစ်မရဲ့ပိုစ့်လေးကိုတွေ့လို့ လာဖတ်တာပါ။ ညီမက ပြည်ကပါ။ PTU ကပဲကျောင်းပြီးခဲ့တာပါ။ ဆယ်တန်းကို 99မှာအောင်တာ။ နောက်လည်း လာလည်လို့ရအောင် အစ်မရဲ့ လင့်ခ်လေးပါ တစ်ခါတည်း ယူသွားတယ်နော်။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။