ချက်နှင့်တို့စားရတာ ထမင်းမြိန်လှသည်။ငယ်ငယ်တုန်းကဆိုလျှင် နေ့လည်နေ့ခင်း ငံပြာရည်ကို ငရုတ်သီးမှုန့်နှင့်
ဖျော်ကာ စိမ်းချိုသရက်သီးနှင့်တို့စားရသည်မှာ တွေးရင်းပင် သရေကျမိသည်။ထမင်းမစားခင် အမေက လူ၆
ယောက်စာ သရက်သီးမှည့် အလုံးကြီး၃လုံးကို ထိပ်အညှာနေရာလေးကိုလှီးပြီး ရေစိမ်ထားတယ်။ထမင်းစားပြီး
ရင်အမေက တစ်ယောက် တစ်ခြမ်းနှုံး လှီးပြီးကျွေးတယ်။ချိုနေတာပဲ။တို့နယ်မှာဆို မစိုးမင်း၊ရင်ကွဲ၊နို့ဆီ၊သကြား
သရက် တွေကနာမည်ကြီးတယ်။ပြည်မှာကျောင်းတက်တော့ စိန်တစ်လုံး စားဖူးတယ်။မိုက်တယ်။အခုဆိုရင်
သရက်သီး မစားရတာ ၃နှစ်လောက်ရှိပြီ။အလွမ်းပြေ ဒီက သရက်သီးဝယ်စားဖူးတယ်။မြန်မာသရက် အရသာ
လောက်မကြိုက်။မြန်မာပြည်ကသရက်ကိုသာ လွမ်းမိ၏။april ဆိုလျှင် သရက်မှည့်တွေ လှိုင်လှိုင်ပေါ်နေပြီ။
အသီးမှာသရက်၊အသားမှာ ၀က်၊အရွက်မှာ လဖက် တဲ့။အားလုံး ကြိုက်တယ်။

photo source

photo source

photo source

photo source

photo source
စကားမစပ် ဒါကမြန်မာပြည်ကပါလာတဲ့ မရမ်းသီး။
ဒီညနေ မရမ်းသီးနဲ့ ၀က်သားနှပ်မယ်။စားကြဦးမလား။
မရမ်းသီးဝက်သားနှပ် ကြိုက်တယ်။
ReplyDeleteKy
ကြားတာနဲ့တင် .... သွားချင်စိတ်ပေါက်နေပြီ.. :Pမရမ်းသီးသုတ် လေးတော့ စားချင်တယ်..
ReplyDeleteရူး ရှဲ ရှလွတ် အောင်မငီး စားချင်လိုက်တာ
ReplyDeleteသွားတွေကျိန်းလိုက်တာ။ အကြံတူနေပြီ။
ReplyDeleteရန်ကုန်ပြန်တိုင်း သရက်သီးပေါ်ချိန်နဲ့ မတိုးလို့... မြန်မာသရက်က အချိုဆုံး အမွှေးဆုံးပဲ... မရမ်းသီး ၀ယ်လို့ရတာ ကံကောင်းလိုက်တာ
ReplyDeleteစားချင်တာပေါ့ ကွယ်..ဘယ်နှယ့်ပြောပါလိမ့်နော်..စာဖတ်ရင်း သွားရည် မျိုချနေရတာ.. သရက်သီးရော မရမ်းသီးရောပဲ..စားချင်တယ်.. သရက်သီးက ဒီမှာ အမှည့်ပဲရှိတယ်.. အစိမ်းလုံးဝ ရှာမတွေ့ဘူး.. မရမ်းသီးကတော့ လုံးလုံး မရတာပါ။ ကျော့တို့ဆီကမှ သရက်သီး စားချင် ၀ယ်လို့ရသေးတယ်.. ငံပြာရည်နဲ့ နယ်စားမယ်ဆို မချစ်စုကို အကြိုက်ဆုံး............ :D
ReplyDeleteဘာတွေ လွမ်းနေပါလိမ့်လို့ လာကြည့်တာ ပိုလွမ်းသွားတယ်။ မချစ်စု သရက်သီးစိမ်းကို ဆား၊ ငရုတ်သီး၊ နွယ်ချိုနဲ့ တို့စား။ ပြောရင်းတောင် သွားရေကျတယ်။
ReplyDeleteဦးပု၊ မချစ်စု၊ စိန်တစ်လုံး၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ မန္တလေးရင်ကွဲ၊
ReplyDeleteအားးးးး လွမ်းလိုက်တာ......