Wednesday, February 4, 2009

#NTU Medical Centre မှအမှတ်တရ

Child Finding The Afikomen



၂၀၀၅ ဂျူလိုင်လ က NTU မှာကျောင်းဝင်ခွင့် ရတာနဲ့ ဒီကျွန်းကလေးကိုရောက်လာတယ်။ဒီနေ့ရောက်ပြီး

နောက်နေ့ဆို ကျောင်းသွားအပ်၊student pass လုပ်ဖို့ NTU Medical Center မှာ ဆေးစစ်ရတယ်။သွေး

နဲ့general ကို အဲဒိ မှာစစ်ပြီး X rays ကို jurong point မှာ လာပြီးရိုက်ရတယ်။Medical Report လာပြီး

collect လုပ်ဖို့ ၃ရက်ခွာချိန်းတယ်။လက်ခံဖြတ်ပိုင်း လေးမှာဘယ်နေ့ လာထုတ်ရမယ် ဆိုတာ ပါတယ်။

collect လုပ်ရမယ့်နေ့ ရောက်လို့ သွားတော့ တို့ရဲ့ Medical Report ကို Medical Center ကလူတွေရှာ

လို့မတွေ့ ဘူး။သူတို့ ရှာလိုက်ကြတာ ပြာနေတာပဲ။နောက်ဆုံး ရှာမတွေ့တော့ တို့ကိုလာပြီး ဆောဒီးတဲ့။

သူတို့ ပြန်စစ်ပေးမယ် ပိုက်ဆံထပ်ပေးစရာမလိုဘူး လို့ပြောတယ်။တို့ လည်း နောက်ထပ်၃ရက်ထပ်ပြီး

မစောင့်နိုင်ဘူး ငါ မနက်ဖြန် student pass ကိုလိုချင်လို့ ပြောလိုက်တယ်။သူတို့ က အဲဒါဆို မနက်ဖြန်

ဆရာဝန်ရောက်ရင် ချက်ချင်းဖုန်း ခေါ်လိုက်မယ်၊ဒီနေ့ X rays ထပ်ပြီး ရိုက်ပေးပါဆိုလို့ jurong point

တစ်ခေါက်ထပ်သွားရတယ်။နောက်နေ့မနက်ဖုန်းခေါ်တယ။်အခုလာနိုင်တယ်ဆိုတဲ့ အကြောင်း၊တန်းစီ

စရာမလိုကြောင်း၊ကောင်တာ မှာနာမည်ပြောယုံပဲဖြစ် ကြောင်းရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်။ဒါနဲ့ပဲ

အဲဒီ.ကိုရောက်တော့ ချက်ချင်းပဲ ဆရာဝန် ကစစ်ပေးပြီး၊ချက်ချင်း ရီပို့ကို ထုတ်ပေးလိုက်တယ်။ဒီလိုနဲ့

student pass ရပြီး ကျောင်းတက်လာလိုက်တာ ကျောင်းပြီးခါနီး ၂၀၀၆ လေးလပိုင်း စာမေးပွဲဖြေ

ခါနီးမှာဖုန်းတစ်call ၀င်လာတယ်။NTU Medical Centre ကပါတဲ့ အရေးကြီးလို့ အမြန်လာခဲ့ပါဆိုလို့

သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး သွားတယ်။ဟိုရောက်တော့ တို့ကိုမေးတယ် နင် student pass ရ

ပြီးပြီလားတဲ့။ တို့လဲ အူကြောင်ဖြစ်သွားပြီး ရပြီးပြီ ပြန်ပြောတော့၊ငါတို့ နင့်ရဲ့ ရီပို့ အခုတွေ.လို့ နင်

student pass မရသေးဘူးလားလို့ စိုးရိမ်ပြီးခေါ်တာတဲ့။နင်တို့ပဲ ငါ့ကို နောက်တစ်ခေါက်ပြန်စစ်ပေး

တယ်လေ လို့ ပြန်ပြောလိုက်တော့။အဲဒါဆို ok ok ဆိုပြီး အဲဒီ့ ရီပို့ကြီးတို့ ကိုပေးလိုက် တာအခုထိ

အိမ်မှာသိမ်းထားတာ ရှိသေးဗျား။

7 comments:

  1. ဒီမှာမို့ ပြန်ခေါ်ပေးတာ.. မြန်မာပြည်မှာ ဆို ကုလားဆီ ရောက်သွားလောက် ပီ :P

    ReplyDelete
  2. ဒီအချိန်ကျ မှpass ကရပြီးပြီပေါ့ကွယ်။သူတို့ကလည်း။

    ReplyDelete
  3. သြော်.. ဒီလိုလည်း ဖြစ်တတ်တယ်လား...

    ReplyDelete
  4. အောင်မငေးနော် ကြာလှခါမှ။ သူတို့ကလည်း ရယ်ရတယ်။

    ReplyDelete
  5. haha ဖြစ်မှ ဖြစ်ရလေ... သူတို့ဆီလည်း ပေါ့လျော့တာပါ့ပဲ ဟီးဟီး

    ReplyDelete
  6. ညီမရေ… အတော်ဝီရိယရှိကြတယ်နော်… တော်သေးရဲ့… အမသူငယ်ချင်းတယောက်ဆို တခြားသူရဲ့ဆေးမှတ်တမ်းနဲ့ မှားပေးတာ… ဒီမှာက ဖြစ်လိုက်ရင်အဲလိုပဲလေ…

    ReplyDelete
  7. အင်း.ယုံ့ရခက်ခက်

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။