Friday, February 27, 2009

အရှုပ်တွေလုပ်နေတယ်

ဒီတစ်ပတ်အတွင်းတော်တော်အလုပ်ရှုပ်နေလို. ကိုယ့်ဘလော့ ကိုတောင်တစ်နေ့ တစ်ခေါက်မဖွင့်ဖြစ်ဘူး။အခု

လက်ရှိနေနေတဲ့ အိမ်က မတ် လကုန်မှာ စာချုပ်ပြည့် မယ်။အိမ်ရှင်က ဆက်ငှားမယ် ဆိုပြီး ဈေးညှိတော့

လက်ရှိဈေးနှုန်း ၁၉၀၀ ကနေ၁၈၀၀ကိုလျှော့ပေးတယ်။ဒီအိမ် ကUnfunitureလေ။စငှားတုန်းကတည်းကကိုယ့်

ဘာသာ အကုန်ဝယ်ရတာ။၃+၁ပါ။အပြင်မှာ စုံစမ်းကြည့်တော့ jtc မှာ ၃+၁ ဆို ၁၆၀၀-၁၆၅၀ ရှိတယ်။ဒါပေမယ့်

ကိုလို ချင်တဲ့ နေရာ မရဘူး။သတင်းစာ ထဲကနေရှာတော့ ကိုယ့်အိမ်နားမှာ ၂အိမ်တွေ့တယ်။ ရထားဂိတ်နားက

အိမ် က အိပ်ခန်း၃ခန်းပါတာကို ၁၈၀၀။၃လွှာ မှာ။ပြတင်းပေါက်တွေ က နိမ့်တယ်။လှောင်ပြီး မွန်းလို့ မယူဖြစ်။

ဒါနဲ့အိမ်ရှင်ကို ၁၆၀၀ စစ်တော့ အိမ်ရှင်က လျှော့မပေးဘူး။ဒါနဲ့ ကိုယ့် ၂တိုက်ကျော်က အိမ်ကိုသွားကြည့်တော့

ပရိဘောက အကုန်ပါတယ်၊၃+၁ ကို ၁၇၀၀ ဆိုပြီး ၁၆၀၀ နဲ့ ရတယ်။ပြောင်းရ၊ရွှေ့ရတာ လွယ်တာပေါ့။မတ်လ

အကုန်ပြောင်း ရမှာကို အိမ်ရှင်က မတ်လ ၂၁ ရက်နေ့ သော့ပေးမယ်တဲ့ တဖြည်းဖြည်းချင်းရွှေ့ ရအောင်လို့တဲ့။

ဒီနေ့ပဲ စာချုပ် ချုပ်လိုက်တယ်။သူ အလုပ်သွားနေလို့ ကိုယ့်ဘာသာ ပဲ သွားပြီးစာချုပ် ချုပ်လိုက်တယ်။deposit

၁လစာ ၁၆၀၀ ပေးလိုက်ရတယ်။လိမ်သွားတာဆိုရင်တော့ ခံပေတော့ပဲ။


ဒီကြားထဲသူရဲ့ ကျောင်းကassignment၁ခုက ရှေ့အပတ်ထဲ မှာတင်ရမှာ။သူအလုပ် မအားလို့ ကိုယ်နဲ့ မေဂျာတူ

တော့ ကူလုပ်ပေးရတယ်။သားလေးအိပ်လို့ computer ရှေ့ရောက် ရင်ဘလော့တွေ လျှောက်လည်မိတာ

သားလေးသာ နိုးလာရော ဘလော့လည်လို့မပြီး။အိမ်အလုပ် လဲမလုပ်ဖြစ်၊သူ့ assignment လဲမပြီးလို့

ဘလော့ကို အဆက်ဖြတ်ထားတာ၁ပတ်လောက်ရှိပြီ။ကိုယ့် ဘလော့ထဲဝင်မိရင် လဲ ဘလော့list ထဲက

သူများ post တွေကို မကြည့်မိအောင် အောက်က စီဘောက်ကို ၀ူးခနဲ့နေအောင် သွားပြီး လာလည်သူတွေ

ကို နှုတ်ဆက်ပြီးအမြန်ပြန်ထွက်ရတယ်။ဒီနေ့ တော့ အိမ်လည်းငှားပြီးပြီ၊assignment ကလည်း ပြီးခါနီးပြီ မို့

အိမ်မပြောင်းခင်ထိ ဘလော့ပြန်လည်မည်ဖြစ်ပါကြောင်း။

7 comments:

  1. ဝမ်းသာဝမ်းနည်။
    ဝမ်းသာ. ပြန်တွေဲ့ရ
    ဝမ်းနည်း အချိန်ကုန်လူပမ်းဘလောလောကထဲ နစ်မည်စိုးသောကြောင့်

    ReplyDelete
  2. ဘီးဇီးနေတာကိုး။
    ky

    ReplyDelete
  3. အိမ်ပြောင်းအိမ်ရွှေ့မှာ သိမ်းဆည်းရ ပြန်နေရာချထားရနဲ့ အတော်အလုပ်ရှုတ်တာနော်... အိမ်ခန်းအဆင်ပြေသွားတော့ တော်ပါသေးတယ်.. :)

    ReplyDelete
  4. ဝူးကနဲ..ဝူးကနဲ အသံကြားပါတယ် မှတ်နေတာ.. လက်စသတ်တော့ ဂျွန်ဝမ်း
    ဘလော့လည်နေတာကိုး....ခွိခွိ

    ReplyDelete
  5. ဟယ် ၃+၁ ကို ၁၆၀၀. ဘယ်နားမှာလဲဟင် အရမ်းစိတ်ဝင်စားသွားပြီ။ ခုပြောင်းမည့်အခန်းက မာစတာခန်းကို ၈၀၀ တောင်ပေးရတာ။ အိမ်ဈေးတွေတန်ရင် တအိမ်လုံးငှားနေတော့မယ်။

    ReplyDelete
  6. အင်း.. ဘယ်နားမှာလဲဟင်...တန်လိုက်တာ..
    မနေ့က လာဖတ်တာ နောက်ချင်ဇောနဲ့ ဈေးသေချာ မကြည့်ခဲ့ဘူး...
    ဘယ် MRT နားမှာပါလဲ...
    linn.sandar@gmail.com ကို ပြောပြပါလားငှင်

    ReplyDelete
  7. သိသွားပါပြီ.. ကိုဒီဘီ စီဘောက်စ်မှ

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။