Monday, February 9, 2009

#တစ်နေ့တာ

မနက်က၆နာရီထတယ်။သူ့အတွက် ပဲပြုတ်နဲ့အီကြာကွေးလုပ်ပေးပြီးကော်ဖီဖျော်ပေးတယ်။

၆.၃၀ သူအလုပ်သွား၊သားသားအတွက်ထမင်းတည်။

သားသားနိုး တော့walkerထဲထည့်ပြီးလျှောက်ခိုင်းထားတယ်။ဘာချက်ရရင်ကောင်းမလဲစဉ်းစား။ကြက်သားနည်း

နည်းရှိတယ်၊ဗူးသီးလည်းရှိတယ်။ကြက်သားဗူးသီးချက်မယ်ဆိုပြီး ကြက်သားကို ရေခဲသေတ္တာထဲ ကထုတ်ပြီး

အပူခံထားတယ်။အပြင်သွားစရာရှိတယ်၊ပြန်လာမှချက်မယ်။ပြီးတော့ဘလော့လည်တယ်။မမွန်ဘလော့ရောက်

တော့ ဖတ်ပြီး အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ရင် အပြည့်စုံဆုံးလဲ စဉ်းစားမိတယ်။အချစ်ဆိုတာ ရယူပိုင်ဆိုင်

ခြင်းမှမဟုတ်ပဲ ဘဲဆိုဆို၊ရယူခြင်းမဟုတ်ရင်အချစ်ကဘာလဲပဲပြောပြော******အဲဒါတွေက ရည်းစားဘ၀က

သီချင်းတွေပါ။အိမ်ထောင်သည်ဘ၀မှာတော့ အချစ်ဆို တာ မေတ္တာတရားကို အများဆုံး အခြေခံတယ်ထင်

တာပဲ။သူကတော့ပြောတယ်....အသက်ကြီးလာလေ အချစ်ဟာဖြူစင်လာလေတဲ့။အဲဒါမှအချစ်စစ်တဲ့။ တွေးလို့

ကောင်းနေတုန်း နာရီကြည့်လိုက် ၈.၃၀ပြီ ။သာလေးကိုရေချိုးပေးပြီးထမင်းကျွေးတယ်။ပြီးတော့ သိပ်တယ်။

နာရီဝက်လောက်ပဲအိပ်တယ်။သားလေးနိုးတော့ သားအမိ၂ယောက် NTU ကို သူ့ပါးပါးရဲ့ ကျောင်းလခသွင်း

ဖို့သွားတယ်။ကိစ္စတွေ အကုန်ပြီးတော့ သားလေးနို့ဆာလို့ ခုံတန်း တစ်ခုမှာ နို.ဘူးထုတ်ပြီး တိုက် တယ်။ကျောင်း

ရဲ့ ခုံတန်းအားလုံးလိုလို မှာ ကိုယ်စီ ကိုယ်စီစာကြည့်နေတယ်။တို့သားကို နို့တိုက်နေတာ အားလုံးကကွက်ကြည့်၊

ကွက်ကြည့်။သားလေး နို့စို့ရင်းအိပ်ပျော်သွားလို့ ပိုက်ရင်း တက္ကစီ နဲ့ပြန်လာတယ် ၈ ကျပ်တိတိပဲကျတယ်။Taxi

ပေါ်တက်တော့ ဒရိုင်ဘာက Singaporean လားတဲ့။မဟုတ်ဖူးပြောတော့ မြန်မာလားတဲ့။ဘယ်လိုသိလဲမေးတော့

အင်္ဂလိပ်အသံ ကိုနားထောင်တာနဲ့သိတာတဲ့။အံသြလိုက်တာ.။တို့ပြောလိုက်တာ No တစ်လုံးထဲပဲကို သူအသံ

ဖမ်းနိုင်တာ ကိုယ့်e ကညံ့လွန်းလို့လား။သူကတော်လွန်းလို့လာ။???????????????????????????????????

ပြန်လာတော့ ဟင်းချက်တယ်၊ဖုန်းပြောတယ်။သားလေးအိပ်တော့ ဘလော့လည်တယ်။၆ နာရီ သူ့ပါးပါးပြန်လာ

တော့သွားကြိုတယ်။ထမင်းစားတယ်။၉နာရီမှာသားလေးအိပ်တယ်။အခုထငိုလို့ သူ့ပါးပါးချော့တာပြန်အိပ်သွား

ပြီ။သူ့ပါးပါးလဲ အိပ်ပြီ၊၁၁နာရီ ခွဲတော့မယ်။ကိုယ်လဲ အိပ်တော့မယ်။GOOD NIGHT!

Valentine kiss

4 comments:

  1. ကောင်းသောညပါ။

    ReplyDelete
  2. အီကြာကွေးနဲ့ ပဲပြုတ်၊ အချစ်အကြောင်း စုံသွားတာပဲ :)
    စလုံး ရောက်တုန်းက အာရပ်လမ်းက ဆိုင်တဆိုင်ထဲ ၀င်သွားတာ မင်္ဂလာပါတဲ့.. ဒါနဲ့ မင်္ဂလာပါ လို့ ပြန်နှုတ်ဆက်လိုက်တယ်။ တော်ကြတယ်နော်.. ခန့်မှန်းတတ်လို့လေ။

    ReplyDelete
  3. u asked him where you need to go lay

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။