Monday, August 17, 2009

အိမ်အပြန်ခရီး

july ၃၀ ရက်နေ့က မြန်မာပြည်ပြန်ဖြစ်တယ်။၁၁ ရက်နေ့ကပြန်ရောက်ပေမယ့် မအားလို့ ဘလော့ပေါ် တောင်မ

တက်ဖြစ်ဘူး။၃၀ရက်နေ့က မနက်လေယျာဉ်နဲ့ သွားတယ်။





လေဆိပ်မှာ















မသွားခင်ဒီကနေသားလေးအတွက်နို့မှုန့်၊diaper၁၂ရက်စာတစ်ခါတည်းထည့်ပေမယ့်ထည့်စရာနေရာမရှိတော့

လို့ diaper ကို ၁ထုပ်ပဲထည့်ပြီး၊လိုတဲ့ ၁ထုပ်ကိုရန်ကုန်ကျမှဝယ်မယ်လို့ စီစဉ်ထားတယ်။ရန်ကုန်ရောက်တော့

ဂမုန်းပွင့်မှာ ပြေးပြီးဝယ်လိုက်တာ လား လားးးးးးးးးးးးးးးးးးးးးဆိုဒ်တူ၊အရေအတွက်တူ၊တံဆိပ်တူ diaper ၁ထုပ်ကို

၂၃၂၀၀ ကျပ်တဲ့။ခေါ်င်းထဲမှာမိုက်ခနဲ့ ဖြစ်သွားတာပဲ။မသွားခင် ဒီမှာဝယ်သွားတာ ၁ထုပ်ကို ၁၅.၈၀(မြန်မာ

ငွေနဲ့ ဆို ၁၂၀၀၀ နီးနီးလောက်)ပဲ၇ှိတာ။ဟိုနဲ့ ဒီနဲ့ ၁ထုပ်ကို မြန်မာငွေ ၁၀၀၀၀ကျော်လောက်ကွာတယ်။

မတတ်နိုင်ဘူး ၀ယ်ရမှာပဲလေဆိုပြီး ခြင်းတောင်းထဲထည့်လိုက်တယ်။ပြီးတော့ ဟိုဘက်အတန်းက

အိမ်နေရင်းဝတ် စပန့် ဂါဝန်တွေ ကြည့်မယ်ဆိုပြီး အကူးမှာ လူတစ်ယောက်က လာပြီး အမ ဒီကောင်တာ

မှာပိုက်ဆံအရင် ရှင်းပါ စာတွေအများကြီးေ၇းထားပါတယ်တဲ့။ကိုယ်မှ သူ့စာမမြင်ပဲ။ကောင်တာမှာငွေသွား

၇ှင်းတော့ ကော်ဖီမစ် ၁ထုပ်ယူသွားနော် ဆိုလို့ယူလာခဲ့တယ်။၂၀၀၀၀ဖိုးဝယ်လို့ လက်ဆောင်ပေးတာဖြစ်

မှာပဲလို့တွေးရင်းနဲ့ပေါ့။နောက်ကောင်တာ တစ်ခုမှာ ငွေရှင်းတော့လည်း ကော်ဖီမစ် ၁ထုပ်ယူသွားနော် ဆို

ပြီးထပ်ပေးပြန်တယ်။စိတ်ထဲမှာသံသယ ဖြစ်လာတယ်။အိမ်ရောက်တော့ အမျိုးတွေကိုမေးကြည့်တော့

၁၀၀ အကြွေမအမ်းနိုင်လို့ ကော်ဖီမစ် အမ်းတာတဲ့။ကိုယ့်မှာ ၁၀၀တန်အကြွေမရှိတာနဲ့ ကော်ဖီမစ်ပဲလှိမ့်

သောက်ရမယ့်အမျိုး။

၁၂နာရီလောက်မှာ အပြင်ထွက်ပြီး EQမှာ ကြေးအိုးဆီချက်စားပြီး ဒိုမီနို သောက်လိုက်တယ်။ကောင်းလိုက်တာ။

ညနေ၃နာရီမှာ မော်ကျွန်းပြန်ဖို့ သဘောင်္ဆိပ်ဆင်းတယ်။မိုးတွေကသဲသဲမဲမဲပဲ။



ဒီလိုသဘောင်္နဲ့ပြန်ခဲ့တယ်။လှိုင်းတွေက ကြီး၊

မိုးတွေကသည်း၊သဘောင်္က တလူးလူး။













နောက်နေ့မနက် ၇နာရီ မော်ကျွန်းရောက်တယ်။


(ဆက်ပါဦးမည်)

18 comments:

  1. မျှော်နေမယ်နော် .... အပိုင်း ၃၀ထက်တော့ မနည်းစေနဲ့

    ReplyDelete
  2. yeah , the diapers r very expensive in myanmar. i don't know why? u will take a lot next time.

    ReplyDelete
  3. သားလေးထွားလာတယ်။ သေဘာၤစီးရတာ မေၾကာက္ဘူးလား။
    ငါးသလောက်ကင်စားခဲ့လား။ ငါးဟင်းတွေ အတော်စားရမှာပဲနော်။
    mm

    ReplyDelete
  4. သားလေးအရမ်းကိုထွားလာတာဘဲ။ ချစ်ဖို့ကောင်းလိုက်တာ။ ဆက်ရန်တွေကိုမျှော်နေမယ်နော်..

    ReplyDelete
  5. သားသားလေးက ချစ်ဖို့ကောင်းတယ်.. သူ့ပုံလေးတွေတောင် မမြင်ရတာ ကြာပြီ..

    ရန်ကုန်ခရီးစဉ်တွေ စောင့်ဖတ်နေမယ်နော်.. ကိုဒီဘီပြောတာ ပိုရီရတယ်.. :D

    အမ ကတော့ ရေးဖို့ပျင်းရင်းက ဘယ်က စရေး ရမှန်းကို မသိတော့ဘူး.. :P

    ReplyDelete
  6. သားလေးက ကြီးလာရင် လူချောလေးဖြစ်မှာအေ့... ခုကထဲက သိသာနေတယ်...။


    sdl

    ReplyDelete
  7. သားသားပုကျုကျု ချစ်စ်စ်
    မြန်မာပြည်က ဘာတွေ စားခဲ့လဲ

    ReplyDelete
  8. သားသားလေး ချောချောလာတယ်

    coffee mix ပြန်ရောင်းစားပေါ့ကွယ်

    ReplyDelete
  9. သားသားလေးက ချစ်စရာကောင်းလိုက်တာနော်.
    မြန်မာပြည်ပြန်သွားတာလား.. ၀ါလည်း သင်္ဘောစီးရမှာအရမ်းကြောက်
    တယ်သိလား..အမျိုးသားက ဧရာဝတီတိုင်းမှာပို့စ်တင်ကျတော့ အသွား
    အပြန်ခရီးတွေကို တစ်ညတာလုံး သင်္ဘောစီးရတာလေ.. အိပ်မပျော်ဘူး
    သင်္ဘောပေါ်မှာ. ကြောက်လို့.း)))
    ဓါတ်ပုံတွေတင်နော်. စောင့်ဖတ်ပါမယ်။

    ReplyDelete
  10. ချစ်စရာ ကလေးလေးရဲ့

    ReplyDelete
  11. ကျော့ရေ ပျော်ခဲ့လား

    ReplyDelete
  12. တော်သေးတာပေါ့၊ ကော်ဖီမစ်ထုတ် ပြန်အမ်းတာ သောက်လို့ ရသေးတယ်။ ချက်လက်မှတ် (စာရွက် အဖြူပေါ်တွင် ဆိုင်ရှင်လက်မှတ်ထိုးပြီး ၁၀၀ ဟု ရေးထား သောစာရွက်) ပြန်မအမ်းလိုက် တာ ကံကောင်းတယ်အမ။ :P

    ReplyDelete
  13. ဒိုက်ပါတွေဒီမှာတော့ ပေါမှပေါဗျာ..၊ နောက်တစ်ခုစဉ်းစားမိတာက ကလေး အီအီး၊ရူရူးပေါက်ရင်သုတ်တဲ့ အ၀တ်စိုလေးတွေပေါလွန်းလို့ နောက်ဆိုတစ်ဖာလောက်ဝယ် ရေမွှေးစွတ်ပြီး စနိုးတာဝါလိုမျိုး အီအီးတာဝါဆိုပြီး မြန်မာပြည်မှာ တံဆိပ်တပ်ပြန်ရောင်းရင်အရမ်း မြတ်မှာသေခြာတယ်၊ နေအုံးတွက် ကြည့်ဦးမယ် baby wipes 702 ခု ၁၂.၅ ဒေါ်လာ၊ တစ်ခု မြန်မာငွေ ၂၀ကျပ်ခန့်၊ အင်း.ကုလားရေမွှေးတစ်ဘူးလောက်ရောပြီး..လုပ်စား..၊ ဒါနဲ့ဘာတွေသယ်ခဲ့သေးလည်း..၊ စောင့်ဖတ်နေမယ်၊

    ReplyDelete
  14. သားသားလေးက မျက်စိရှေ့တင်ကြီးလားပြီးးး


    လူချောလေးးးး


    အမေလုပ်သူအတွက်တော့ ရင်လေးပါတယ်...
    အဟိ


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်

    (ကျနော်ပြောတာဟုတ်ဖူးနော်... မန့် ပေးတားးး တစ်ယောက်သော သူအတွက်) ကျနော်က တော့ ပုံကြည့်ပြီးကော့မန့် ရေးပေးပြီး ပြုံးနေတာပေါ့...)

    ReplyDelete
  15. သြော် ဒါကြောင့် ပျောက်နေတာကိုး။ ဆက်ရေးပါဦး။

    ReplyDelete
  16. thar thar ka chaw lite tar...

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။