Saturday, July 18, 2009

မီးခိုးတိတ်တဲ့နေ့

ဒီလိုနေ့မျိုးကိုစောင့်နေတာကြာပြီ။ဟင်းမချက်ချင်လို့လေ။တူဝမ်းကွဲလေး မွေးနေ့ မှာ ကော်ရည်ကျွေးမယ်၊

လာခဲ့လို့ ဖိတ်တော့ ကိုယ့်မှာမီးဖိုချောင်မ၀င်ရတော့ဘူးလေ။ဒါပေမယ့် ဒီနေ့မှာ အိမ်ကလူ ကအလုပ်ရှိ

တော့ မလိုက်နိုင်ဘူး။အဲဒီတော့ မနေ့ညနေကတည်းက အမျိုးအိမ်ကို ဖုန်းဆက်ပြီး ပြန်ရင် ပါဆယ် ဆွဲမယ်၊

ရမလား မေးရတယ်။ဟိုက ရတယ်ဆိုတော့ ကိုယ့်မှာထည့်ဖို့ ဗူးအသည်းအသန်ရှာရတယ်။ နမို့ဆိုရင် အိမ်မှာ

ဟင်းထပ်ချက်နေရအုံးမယ်။ကော်ရည် တစ်ခါမှမချက်ဖူးဘူး။စားပဲစားတယ်။မချက်တတ်လို့။ဒါနဲ့ သားအမိ

၂ယောက် ချီတတ်သွားပြီး၊ အပြန်မှာ အထုပ်အပိုးတွေ နဲ့ ပြန်ခဲ့တယ်။







အရည်ကို ဒီပလစတစ်ဘူးကြီးနဲ့ ထည့်လာတယ်။















ခေါက်ဆွဲ၊ကန်ဇွန်းရွက်၊ပဲပင်ပေါက်၊ငပိထောင်း၊သံပရာသီး၊ကျောက်ကျော တွေကို ကြွပ်ကြွပ်အိပ်နဲ့ ထည့်လာတယ်။
























ဒါက အိမ်ရောက်တော့ ဗိုက်ဆာလို့ ထပ်တီးတာ။


















သူလေးက မွေးနေ့ရှင်




HAPPY BIRTHDAY "HUDSON LIM"











မွေးနေ့ရှင်နဲ့တူတူ ဓတ်ပုံရိုက်ဖို့ ငြင်းဆန်တဲ့ အိမ်က ပုကျု။















အလှု့ လဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။လာလည်သူများ ကြိုက်ရင် သုံးဆောင်သွားပါနော်။

15 comments:

Anonymous said...

Chit cha lay.Pu Kyu lay ka."What r u looking at baby?"

ZT said...

ကော်ရည်မစားရတာ ကြာပြီ။ Lor Mee ပဲ စားနေရတယ်။

Rita said...

အမယ် သူက တူတူ ဒါ့ပုံ မရိုက်နိုင်ဘူးပေါ့လေ။ တူညားအိမ်ကို သွားစားပြီးတော့။

khin oo may said...

ချစ်စရာလေးတွေ

ဖိုးစိန် said...

စားချင်တယ်

စားချင်တယ်


သားလေးကိုကြည့်ရတာ မျက်စိရှေ့မှာတင်ကြီးလာတယ်နော်...
ဓာတ်ပုံတွေ အဆက်မပြတ်အောင်တင်ပါ...

သူငယ်ချင်းကောင်မလေးက ချစ်လို့တဲ့လေ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

nu-san said...

ကော်ရည်ခေါက်ဆွဲစားချင်လာပြီ... :)

သားလေးဓာတ်ပုံတွေ ထိုင်ကြည့်ရင် ဘယ်တော့မှ ကြည့်မ၀ဘူး.. ၁ နှစ်ကျော်နေပြီဆိုတော့ တော်တော်တတ်နေပြီနော.်.. :)

subuueain said...

ကော်ရည်ခေါက်ဆွဲမစားဖူးဘူး။ ငါးပိထောင်းနဲ့ ဘယ်လိုစားရမှန်းမသိလို့ ။ သားလေးက ဝနေတာဘဲ ချစ်ဖို့ ကောင်းလေး။ မွေးနေ့ ရှင်လေးရော happy birthday ပါ

sin dan lar said...

ပုကျုကိုကြည့်ရင် အကျီင်္လက်ပြတ်နဲ့ ခပ်တည်တည်နဲ့ ....။
သူက မာနတော့ အကြီးသားပါလား... သူများကော်ရည်ခေါက်ဆွသြွားစားပြီး ဓာတ်ပုံတော့ တူတူမရိုက်နိုင်ဘူးတဲ့လား..ဟားဟား...။

မိုးကောင်းသူ said...

ကော်ရည်ခေါက်ဆွဲ လာစားပါတယ်။ ပုကျုလေးက ချစ်စရာ။ အမေကလဲ ချစ်စရာကောင်းတာကိုးးးးးးးးးးးးးး

ပုံရိပ် said...

ပါဆယ်ဆွဲလို့ ရမယ့် အိမ်ရှိတာ အပီပဲ ကောင်းလိုက်တာ။

kaungkinpyar said...

အမေနဲ့ ပုကျူလေးနဲ့ တူတယ်နော်၊ သားသားလူလည်လေးဖြစ်နေပိပေါ့၊ စကားတွေ တတ်နေပီလားဟင်

Mae said...

ကော်ရည်မကြိုက်.. ကျောက်ကျောတော့ ညက တောင် အိပ်မက်မက်သလိုပဲ၊
:P

သားလေးက ဘုကြည့်ကြည့်လို့.. ချစ်လိုက်တာ

yanmyo said...

အိမ်မှာ ထမင်းချက်၊အ၀တ်လျှော်၊ ကလေးထိမ်းလုပ်နေရတော့၊ ထမင်းချက်တာမလွယ်မှန်းသိတော့တယ်၊ မြန်မာပြည်ကအမျိုးတွေကိုလွမ်းမိရဲ့၊ အခုတော့ အားလုံးကိုယ့်ဟာကိုယ်လုပ်နေရပြီ၊

မေလေး said...

မမရေ သားလေးကချစ်စရာလေးနော်။

khin oo may said...

မွေးနှေ့ရှင်က ပိန်တယ။် ဟိ

Post a Comment

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။