Monday, June 29, 2009

ဒီရက်အတွင်း

"အချစ်ရေ နေလို့မှ ကောင်းရဲ့လားအချစ်အိပ်လို့ပျော်ပါစေ"ဆိုတဲ့သီချင်းဟာကိုယ့်အတွက်ဖြစ်နေပြီ။ခေါင်းမူးနေ

တာတစ်ပတ်၊၁၀၇က်ရှိနေပြီ။ညဆိုအိပ်လို့သိပ်မပျော်ဘူး။နေ့ခင်းဖက်ဆိုရင်ခေါင်းတွေမူးပြီးခေါင်းမထူနိုင်ဖြစ်နေ

တာ။အိပ်လို့ကလဲမဖြစ် သားလေးကိုကြည့်ရသေးတယ်။သားလေးအိပ်ရင်ပြေးပြီးထမင်းဟင်းချက်၊အ၀တ်လျှော်

သားလေးနို့ဘူးတွေဆေး။ပန်းကန်တွေဆေး။


လူကြီးတွေဖို့မချက်နိုင်သေးရင်တောင် သားလေးဖို့အမြန်ချက်ရတယ်။သားကနေ့ခင်းကို ၁နာရီ ၂ခါ

အများဆုံးပဲအိပ်တယ်။တစ်ခါတစ်လေ ၁နာရီပဲအိပ်တယ်။အအိပ်နည်းတယ်။ညဖက်ကိုယ်အိပ်ပျော်ပြီဆို

သူနိုးပြီ။နို့ထစို့ပြီ။ကိုယ်ကတော်တော်နဲ့ပြန်အိပ်မပျော်။ကိုယ့်အိပ်ချိန်ဟာ ၂၄နာရီမှာ မူးစု၊မတ်စု စုလိုက်ရင်

အများဆုံး ၃-၄ နာရီပဲ၇ှိတယ်။အဲဒါကြောင့်ပဲခေါင်းမူးတာလား မသိ။ခေါင်းမူးနေတော့ ဘာမှမလုပ်ချင်ဘူး။

မလုပ်လို့လဲမ၇ လုပ်ရတယ်။ဘာမှလဲထွေထွေထူးထူးမချက်စားဖြစ်ဘူး။သားလေးအတွက် breakfast ကို

လည်းဝယ်ပဲကျွေးတယ်။အရင်တုန်းက အိမ်မှာတစ်ခုခုလုပ်ကျွေးတာ။ဟိုအရင်ပတ်က KFC မှာ am meal

သွားစားတုန်းက promotion card လေး၂ကတ်ရထားတယ်။၎.၅၀ အထက်စားရင် stamp ၁ခု၇တယ်။

stamp ၃ရရင် ဘာဂါ တစ်ခုရမယ်။stamp 6ခုရရင် am meal 1 set ရမယ်ဆိုလို့ သားအမိ၂ယောက်

KFC မှာ မနက်စာ ကို အားပေးနေရပါကောလား။ချော်လဲ ရောထိုင်ပေါ့။:)



အခုဒီကတ်မှာ၎ခုရနေပြီ။
နောက် stamp ၂ခုရပြီးရင် am meal 1 set ရမယ်။
ဘာဂါမကြိုက်လို့ am meal 1 setပဲစောင့်စားမယ်။
















ဒီမှာနောက်တစ်ကတ်ကျန်သေးတယ်။ကူပြီးအားပေးကြပါအုံးလားဟင်။



5 stamps တောင်လိုသေးတယ်။31,aug နောက်ဆုံး။း(

















ဒါက KFC မှာ breakfast စားပြီးပြန်လာတဲ့ သားသား စတိုင်။



မြင်ရလားဟင်။
စွပ်ကျယ်မှာအကွက်၂ကွက်စွန်းလာတယ်။
သူ ဘာအအေးသောက်ခဲ့တယ်ထင်လဲ ဟင်?????











ဒါက စနေနေ့ကခေါင်းမူးမူးနဲ့ ချက်စားတဲ့ဟင်း။

ဒီငါးသေးသေးလေးတွေကို














ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ငရုတ်သီးနဲ့ ဒီလို အိုးကပ်ကြော်တယ်။
















ပြီးတော့ မုန်လာဥ ချဉ်ရေ။

















ဒညင်းဝက်က စီးတီင်္းဟောကနေ ၁လုံးငါးမူး နဲ့ ၀ယ်ကြော်ထားတာ။














ပြီးတော့ ငါးပိချက်။

18 comments:

  1. ချစ်စရာ သားသားလေး.... အသားလေး ညက်နေတာပဲတဲ့.. အကြီးချဲ့ကြည့်ပြီး မောင်ကြိးက ပြောတယ်..။

    ReplyDelete
  2. အမလေး၊ နေမကောင်းတာ အားပေးမလို့ကို .. အစားတွေ ချက်ပြလိုက်တာ အားပေးချင်စိတ်ပျောက်သွားပြီ၊ တို့ကို ပြန်အားပေးပါ၊

    သားလေးက အကုန်စားတယ်ထင်တယ်နော်၊ အဲ့ဒါကြောင့် ထွားတာ

    ReplyDelete
  3. မူးလို့သာပဲ အစ်မရယ်
    ဟင်းလေးမျိုး ချက်နိုင်တယ်
း)
    ကောင်းကောင်း အိပ်ရပါစေ လို့လည်း ဆုတောင်းပေးပါတယ်

    ReplyDelete
  4. ပက်စီပေါ့။

    ReplyDelete
  5. ဟုတ်ပါ့မူးနေတာတောင် ဒီလိုချက်နို်င်သေးတယ။်

    ReplyDelete
  6. kom: နဲနဲဘဲလွဲသွားတယ် ၈ျွန်ဝမ်း။

    ReplyDelete
  7. မရေ.............
    မရောက်တာလဲကြာပ့
    အကြွေးတွေရှင်းသွားတယ်သိလား
    နေမကောင်းတာနားနားနေနေနေလေ မရဲ့
    တညှင်းဝက်ကနံလားဟင်.....မမ
    ငါးလေးတွေကြိုက်တယ်စားမယ်နော်

    ReplyDelete
  8. ခေါင်းမူးမူးနဲ့ချက်တဲ့ဟင်းကလဲ စုံနေတာပါဘဲလား။ ကလေးက ချစ်စရာကောင်းပါ့။

    ReplyDelete
  9. ဟုတ်တယ် အဲဒါ အိပ်ရေး မ၀လို့ဘဲ ဖြစ်ရမယ်။

    ReplyDelete
  10. အိပ်ရေးမဝလို့ မူးတာနေမှာ ဂရုစိုက်နော်.....

    ReplyDelete
  11. ဟင်းတစ်ခွက်လောက်ပါဗျို့..၊

    ReplyDelete
  12. စွပ်ကျယ်က အကွက် ၂ ကွက်က ဘီယာတော့ ဟုတ်မယ် မထင်။
    ခေါင်းမူးရင် ဟင်း ၄ ခွက် ချက်စားရမယ်လို့ မှတ်သား သွားပါတယ်။ :D

    ReplyDelete
  13. သားသားရဲ့ စွပ်ကျယ်မှာအကွက် ၂ ကွက်စွန်းလာတယ်ပြောလို့ အကျယ်ချဲ့ပြီးကြည့် ချုံ့ပြီးကြည့် ဘာသောက်ခဲ့မှန်းသိဘူးတော့။ :D
    ဒညင်းဝက်တော့ စားချင်သားနော်။

    ReplyDelete
  14. ကျော့ရေ နေလို့မှ ကောင်းရဲ့လား အိပ်လို့ပျော်ပါစေ

    ReplyDelete
  15. သားသားလေးက ပို ပို ချောလာတယ်


    ချစ်စရာလေး

    အမေလုပ်သူတော့ စိတ်ပူရတော့မယ်

း)

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  16. ဟုတ်ပ ပိုပိုချောလေး

    ReplyDelete
  17. ထောပတ်သီးတို့မမူးတာတောင်အဲလိုမချက်နိုင်ဘူး ပြန်အားပေးပါ မမ :)

    ReplyDelete
  18. ငါးကိုသေချာကြည့်နေတာ။ မုန့်တီလိုလို ၊ ပဲပင်ပေါက်လိုလိုနဲ့။ စားကြည့်ချင်လိုက်တာ။(မစားဖူးလို့)
    သားလေးက တစ်အားကိုချောတာပဲ။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။