Monday, June 1, 2009

သားလေး အမှတ်တရ


ဒေါက်တာကရေနည်းနေတယ် မနက်၂နာရီဆေးရုံတတ်တော့၊ဆေးထည့်ပြီး ညှို့မွေးရမယ်"လို့ပြောတော့


ရုတ်တရက် ကိုယ်လန့်သွားတာအမှန်ပဲ။ရိုးရိုးမွေးဖို့ပဲပြင်ထားတာဆိုတော့ အတွေအကြုံရှိတဲ့သူတွေက
ဘယ်လို

ဝေဒနာခံစားရတယ် ပြောထားတာတွေ ကိုသွားသတိရပြီး ကိုယ်ကြုံရတော့မယ်ဆိုတော့ ကြောက်


နေတာ။အဲဒီနေ့က မေလ၃၁ ရက်နေ့၊စနေနေ့ နေ့ခင်း ၃နာရီခန့်။ဆေးခန်းကထွက်လာချင်းချင်း ပဲသူ့ကို


ဖုန်းဆက်လိုက်တယ် အကျိုးအကြောင်းကို။ဘာမှစိတ်မပူနဲ့သူစောစောပြန်လာမယ်။အထုပ်တွေဘာတွေ


ပြင်ထား တဲ့။ဒါနဲ့ ဆေးခန်းကိုအဖော်လိုက်ပေးတဲ့ သူငယ်ချင်းနဲ့ အိမ်ကိုအမြန်ပြန်လာတယ်။အမြန်ပြန်လာ


တယ်ဆိုပေမယ့် မွေးပြီးရင်အစားအသောက်ရှောင်ရမှာဆိုတော့ မမွေးခင်စားချင်တာလေးတွေ စားမှဆို
ပြီး

Mr.Bean မှာရေခဲမုန့်ဝင်တီးလိုက်သေးတယ်။တကယ့် due date က june လ ၁၈ ရက်နေ့မှ။




june ၁ ရက်နေ့ မနက် ၁၂ နာရီခွဲလောက် အိမ်ကနေ KK ကိုသွားတယ်။ကောင်တာမှာဆရာဝန်ရဲ့ စာရွက်

စာတမ်းတွေပြပြီးတော့ မွေးခန်းကိုခေါ်သွားတယ်။မွေးခန်းရောက်တော့ ဆေးရုံအ၀တ်လဲပေးပြီးတော့

သားအိမ်ပွင့်အောင် ညှို့တဲ့ဆေး ထည့်တယ်။အဲဒီဆေးထည့်ထားရင် ၂နာရီလောက်လုံးဝ မလှုပ်ရဘူး။

ဗိုက်မှာလည်း ခလေးနှလုံးခုန်တာကိုတိုင်းတဲ့စက်ကတစ်ခု၊ခလေးလှုပ်တာကိုတိုင်းတဲ့စက်ကတစ်ခု

ခါးပတ်လိုဟာမျိုးနဲ့ပတ်ထားတာ။ညောင်းလိုက်တာ သေတော့မယ်။မနက်၂နာရီကနေ ဆေးထည့်ပြီး

မနက်၅နာရီအထိ ဗိုက်လုံးဝမနာဘူး။သားအိမ်လုံးဝမပွင့်ဘူး။၅နာရီခွဲလောက်ကျတော့ ward ထဲပြန်

ပို့တယ်။ward နံပါတ်က 81.ward ထဲမှာနေနေတုန်း ၈နာရီလောက်ကျတော့ တစ်ခါလာခေါ်ပြီး နောက်

ဆေးတစ်လုံးထပ်ထည့်ပြီး မလှုပ်ပဲနေလိုက်ရတာ ၁ နာရီလည်းဗိုက်မနာ၊၂နာရီလည်းဗိုက်မနာ။ကိုယ့်

ဆရာဝန်က အဲဒီနေ့က မွေးလူနာ၃ယောက်ရှိတာ ၂ယောက်က မွေးပြီးသွားပြီ။ကိုယ်တစ်ယော်ထဲကျန်

နေတာ။နေ့ခင်း၁၂ နာရီလောက်ထိဗိုက်မနာ၊သားအိမ်မပွင့်။ခုတင်ပေါ်မှာ ငြိမ်နေရတာ ၄နာရီလောက်

ရှိတော့ တအားညောင်းနေပြီ။ဒေါက်တာလာတော့ ဒေါက်တာက ဆေးနောက်တစ်လုံးထပ်ထည့်ပြီး

ဒီတစ်ညစောင့်ကြည့်ပြီး မွေးမလား။အခုခွဲမွေးမလားမေးပါတယ်။ဆေးထပ်ထည့်ပြီး နောက်နေ့ဗိုက်မနာ

လည်းခွဲရမှာပဲ။ယူထားတဲ့ package ထဲမှာမွေးခန်းက ၈နာရီစာပဲပါတာ။၈နာရီကျော်ရင် မီးနစ်နဲ့တတ်

တာဆိုတော့ ခွဲတာနဲ့ ဘာမှမထူးဘူး။အဲဒီတော့ ခွဲဖို့ပဲဆုံးဖြတ်လိုက်တယ်။ဆရာဝန်ကြေးနဲ့ ခွဲခန်းကြေး

၁၀၀၀ကျော်လောက် နဂိုမှန်းတာထက် ထပ်ကုန်ပါတယ်။senior consultant နဲ့ private ယူပြီးပြတာ

ကုန်လိုက်တာသောက်သောက်လဲပါ။အစထဲကဆရာဝန်နဲ့ package မယူမိလို့။အခုကိုယ့်ထက် အကုန်

အကျသက်သာတဲ့သူတွေဆီမေးပြီးပြီ။သူတို့ဘယ်လိုပြလဲလို့။နောက်တခါအတွက် လိုရ မယ်ရ။


ဒေါက်တာက ည ၆နာရီမှာခွဲမယ်ဆိုပြီး ။၆နာရီမှာခွဲခန်းကိုခေါ်သွားတယ်။ည ၆နာရီ၄၀ မီးနစ်မှာသား လေးရဲ့

ငိုသံကိုကြားလိုက်ရပြီး ဆရာမက သားလေးကိုသန့်ရှင်းပေးဖို့ ခေါ်သွားတယ်။ခဏနေတော့ ကိုယ့်


ဆီကိုပြန်ခေါ်လာပြီး မာမီ့ကို ကစ်ပေးလိုက်ဆိုပြီး ပါးနားကိုကပ်ပေးတယ်။
မွေးကာစက ၃၀၇၀ ဂရမ်၊အရပ် က

၄၈ စင်တီမီတာရှိတဲ့ သားလေး။အခုဆို ၁၀.၄ kg၊အရပ်၇၅cm ရှိပြီး၊သွားက အံသွားအပါအ၀င် ၁၁ ချောင်း


ပေါက်နေပြီဖြစ်တဲ့ ပါးပါး၊မားမားတို့ရဲ့ ပုကျူကျု




HAPPY BIRTHDAY TO



"EDWIN WANG ခေါ် AYE MIN HTUN"



သားလေး၁နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတိုင်အောင် ပါးပါး၊မားမား တို့နှင့်အေးချမ်းသာယာသော

ဘ၀ကိုပိုင်ဆိုင်ပါစေ။


ပါးပါးနှင့်မားမား



မွေးကာစ(ဓာတ်ပုံအတည့်ဖြစ်သော်လည်း တင်သောအခါ
ဇောက်ထိုးဖြစ်သွားတယ်)
















၂၄.၇.၀၈(၁လပြည့်ခါနီး)




















၃.၈.၀၈(၂လ)



















၂၈.၉.၀၈(၃လပြည့်ခါနီး)















၎.၁၀.၀၈(၄လကျော်ကျော်)

















၁.၁၁.၀၈(၅လ)
၎လနဲ့၃ပတ်မှာ သွား၂ချောင်းပေါက်နေပြီ။

















၁၈.၁၁.၀၈(၅လခွဲ)သွားငုတ်တုတ်၊လူငုတ်တုတ်ပေါ့။





















၂၅.၁၁.၀၈(၆လပြည့်ခါနီး ပတ်စပို့ ပုံရိုက်ထားတာ)
















၂၇.၁၂.၀၈(၇လပြည့်ခါနီး)




















၂.၀၁.၀၉(၈လ)



















၀၁.၀၂.၀၉(၉လ)



















၁၉.၀၂.၀၉(၉လ ၁၉ရက်)


















၁၄.၀၄.၀၉(၁၀လ ၁၄ရက်)

သွား ၉ချောင်းပေါက်နေပြီ





















၁နှစ်ပြည့်ပြီကွယ်။သွား၁၁ချောင်းပေါက်နေပြီ။

တီတီလေးတို့ မွေးနေ့လက်ဆောင်ပေးထားတဲ့ စက်ဘီးလေးပေါ်မှာ။




















(စာကြွင်း။schedule နဲ့တင်ထ
ားတာ)

25 comments:

  1. happy birthday tar tar

    ky

    ReplyDelete
  2. သားလေးမွေးနေ့လေးကို ဆုလာတောင်းပေးပါတယ်
့HAPPY BIRTHDAY သားလေးအေးမင်းထွန်းရေ...
    နာမည်နဲ့လိုက်အောင်
    “အေ”းချမ်းပါစေ
    အကြီးအကဲ “မင်း” ကောင်း မင်းမြတ် တစ်ပါးကဲ့သို့တင့်တယ်ကျော်ဇော်ပါစေ
    “ထွန်း”လင်းတောက်ပသော အနာဂတ်သားကောင်းဖြစ်ပါစေ...
    ဘဝတစ်လျှောက်လုံးမှာ
    မပူမပင် မကြောက်မကြေ မတောင်းတပဲ
    လိုတရတဲ့ ကလေးဖြစ်ပါစေ
    မိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့ ကျမ်းမာသော ဥာဏ်ပညာကြီးသော စိတ်သဘောထားကြီးသော စေတနာသဒ္ဒါတရားထက်သန်သော ဘဝကိုပျော်ပျော်နဲ့ အေးအေးဆေးဆေးဖြတ်သန်းသော သားကောင်းရတနာ ဖြစ်ပါစေဗျာ
    ဘဝတစ်လျှောက်လုံးမှာလဲ ချစ်သောသူများဝန်းရံလျှက် လိုချင်သော ပန်းတိုင်းကို ခရီးတိုတိုနဲ့လျှောက်လှမ်းနိုင်သေားသားတစ်ယောက်ဖြစ်ပါစေဗျာ
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ဆုတောင်းပြီးပီး
    မုန့်စားဖို့စောင့်နေပါတယ်း)

    ReplyDelete
  3. ဘာလိုလိုနဲ့ သားတောင် တစ်နှစ်ပြည့်သွားပြီ။ တဖြည်းဖြည်း ကြီးလာတဲ့ ဓာတ်ပုံလေးတွေကို ကြည့်သွားပါတယ်။ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်ပါစေ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  4. June-1 က သွား ၁၁ ချောင်းတောင် ပေါက်နေပြီကိုး... သားကတော့ ၅ ချောင်း ၆ ချောင်းပဲ ပေါက်သေးတယ်။ Happy Birthday ပါဗျာ ။စင်္ကာပူက ဆရာဝန်တွေကို သံသယတောင် ဖြစ်တယ်။ ရေနည်းတယ် ရေနည်းတယ်ဆိုပြီး သူတို့ မွေးချင်တဲ့ အချိန်မှာ မွေးခိုင်းတာကို။ တိုက်ဆိုင်တာလည်း ဖြစ်မှာပါ။ ဒါမျိုးကြားရတာတော့ များပြီ။

    ReplyDelete
  5. Happy Birthday ပါ သားသားရေ..

    မနက်က နိုးတော့ ဒီနေ့ သားလေး မွေးနေ့ပဲ ဆိုတာ သတိရတယ်.. မွေးခါစအရွယ်ကတည်းကနေ အခုထိ ဓာတ်ပုံလေးတွေ ကြည့်ရတာ ကြည်နူးစရာ.. သားလေးက ဒေါင်းမျိုးလေး.. ကြီးလေ ချောလေ.. ကျော့ရေ.. မွေးနေ့မုန့်ကျွေးဦးနော်.. :D

    ReplyDelete
  6. Happy Birthday သားသားလေး Edwin
    ထူးချွန်ထက်မြက်ပြီး မိဘတွေအားကိုးရတဲ့ သားကောင်းရတနာ လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  7. Happy Birthday Thar Thar

    ReplyDelete
  8. Happy birthday Edwin! May you have a happy long life with your wonderful parents!

    ReplyDelete
  9. ပျော်ရွှင်ဖွယ်မွေးနေ့လေး ပေါ့ သားသားဂျွန်ဝမ်းရေ...
    တနှစ်မှာ သွား ၁၁ ချောင်းဆိုတော့ သွားပေါက်မြန်တယ် ပြောရမယ်။

    ReplyDelete
  10. ပျော်ရွှင်သောမွေးနေ့ပါ ဇွန်ဝမ်းလေး...။

    ReplyDelete
  11. Happy birthday...........သတိတရ
    လာဆုတောင်းပေးပါတယ်...
    mm

    ReplyDelete
  12. ပုကျူကျု
    happy birthday

    ReplyDelete
  13. သားလေး .. happy birthday!! Many happy returns! တီတီက အချိန်မတူတော့ နောက်တောင်နောက်ကျသွားပြီ

    ၁ဝ လက ဦးထုပ်လေးနဲ့ ပုံကို ချစ်လိုက်တာ၊ အရင်တင်တဲ့ ကွန်ပျူတာကို လက်ဝါးနဲ့ ရိုက်တဲ့ပုံလဲ သိပ်သဘောကျတာပဲ

    ReplyDelete
  14. သားသားလေးရေ Happy Birthday!

    ReplyDelete
  15. JuneOne ကြီးလာရင် AirForceOne စီးရပါစေဗျား

    ReplyDelete
  16. ပင်ပန်းမှာတော့စိုးသားအဲဒီလေယဉ်ကြီးကြည့်ရတာ။

    ReplyDelete
  17. ၁ ရက်နေ့က သတိရတယ်။ မရောက်ဖြစ်လိုက်ဘူး။ အားနာထှာ။ သားသားလေး ကျမ်းမာချမ်းသာ ကြီးပွားတိုးတက်ပါစေ။ သားသားလေးကို မှီပြီး မိဘများလဲ ကြီးပွားချမ်းသာပါစေဗျား။

    ReplyDelete
  18. သားလေးမွေးနေ့ လာတာ နောက်ကျတာ ခွင့်လွှတ်ပါ၊ Happy birthday ပါ သားသားရေ၊

    ReplyDelete
  19. မွေးနေ့ဆုတောင်းပေးတဲ့သူတွေအားလုံးကျေးဇူးပါ။
    အလုပ်မအားလို့ဘာမှနကြွေးလိုက်ရဘူး။နောင်မှပေါင်းကျွေးမယ်နော်။

    ReplyDelete
  20. ကျွန်တော့်အမျိုးသမီးတုန်းကလည်း ဆေးထိုးပြီး အဆင်မပြေတာနဲ့ နောက်ဆုံးခွဲမွေးလိုက်ရတယ်။ နှစ်ခါနာ ဖြစ်သွားတယ်ပေါ့။ အခုနောက်ပိုင်း သူငယ်ချင်း အပေါင်းအသင်းတွေကြားထဲ ဒီလိုဖြစ်ရပ်မျိုးတွေ မကြာခဏကြားရတယ်။

    ReplyDelete
  21. သားသားက လူချောပဲ။ နောင်နှစ်ပေါင်း အနည်းငယ်ကြာရင် သားသားမေမေတော့ မျက်နှာပွင့်ဦးတော့မယ်။

    ReplyDelete
  22. နွေးနေခြည်June 9, 2009 at 4:21 PM

    HAPPY BIRTHDAY သားသားရေ
    စွပ်ကျယ်ကြီးခေါင်းစွပ်လို့ ချစ်စရာကောင်းလိုက်တာ အိမ်တောင် ခေါ်ထားချင်တယ်း)

    ReplyDelete
  23. မေမေ့ Blog မှာ အသစ်မရှိပေမယ့် သားသားချောချောကို ခဏခဏ လာလာချောင်းရတယ်။ ချစ်စရာကောင်းလွန်းလို့။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။