Friday, May 15, 2009

အမှတ်တရ ဟိုတုန်းက ၂












photo source



အခုတစ်လော ဘလော့ကလည်း ဟိုဟာဖြစ်လိုက်၊ဒီဟာဖြစ်လိုက်။recent comments ကလည်းerror တက်နေ

တာပြန်ပြင်လို့မရသေးဘူး။ဘလော့က လေးလိုက်တာလည်းလွန်ပါရော။ဟိုတစ်လောက စီဘောက်ပျောက်သွား

သေးတယ်။ချူချာလိုက်ပါဘိသနဲ့။သားလေးပါးပါး ခရီးသွားနေတုန်း ရေးပါမယ်ဆိုမှသားလေးကဖျားသေးတယ်။

အခုတစ်လော ချက်စားတာတွေ မတင်ဖြစ်ဘူး။ကင်မရာမရှိလို့။သူငယ်ချင်းတစ်ချို့က နင်ဘလော့လုပ်တာ ငါတို့

အချိန်တွေ တော်တော်ကုန်တယ်တဲ့။ဘလော့ လင့်လေးတွေကနေ ဟိုဘလော့သွားဖတ်။ဟိုဘလော့ကနေ

နောက်ဟိုဘလော့ နဲ့ အဆက်မဖြတ် နိုင်လို့လေ။


ကိုယ် ဘလော့ကိုလုပ်မိပြီဆို မှတော့နောက်ဆုတ်လို့မဖြစ်ချေဘူး။ဒါပေမယ့် ကိုယ့်ရဲ့ဘလော့က အများအကျိုးပြု

ဘလော့မဟုတ်တော့ လာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ်။ကိုယ့်ဘ၀ရဲ့ မှတ်တမ်း၊ကိုယ့်မိသားစုရဲ့မှတ်

တမ်းလေးတွေကို အမှတ်တရ သိမ်းထားချင်လို့ပါ။ကိုင်းဆက်ေ၇းလိုက်အုံးမယ် မှတ်တမ်းလေး။


တစ်ချို.ကောင်လေးတွေ ရည်းစားစကားပြောတာ၊ရည်းစားစာပေးတာကြုံဖူးပေမယ့် အိမ်ကလူ က ကိုယ့်ကို

ရည်းစား စာစပေးတုန်းက ဘယ်လိုပေးလည်းဆိုတာသိကြပါလား။

နင့်ကို စာတစ်စောင်လောက် ပေးချင်လို့ ဖတ်မလားတဲ့။

ကိုယ်အဲဒိ စကားကြားတော့ အူကြောင်ကျားဖြစ်သွားတယ်။ဘယ်လိုလူလဲ ပေးချင်ရင်ဖြင့်လည်း ဒီစာလေးတော့

ယူုသွားပါလား၊ဘာညာပေါ့။အခုတော့ ဒီက ဖတ်မယ်ပြောရမလား၊မဖတ်ဘူးပြောရမလား။ပြန်မေးလိုက်တယ်

ဘာစာလဲဆိုတော့ မဖြေဘူး။မဖတ်နိုင်ဘူးပြောလိုက် တယ်။

နောက်တစ်ခါ ကျတော့ ကိုယ့်ကိုမေးတယ်။

နင် အိမ်ထောင်ပြုမှာလားတဲ့။

အချိန်တန်ရင်ပြုမှာပေါ့ လို့ဖြေလိုက်
တယ်။

နင်အိမ်ထောင်ပြုရင် ငါ့ကိုယ်ပါထည့် စဉ်းစားပေးပါတဲ့။

အဲဒီတော့ ကိုယ်က ကျော်ဟိန်း စတိုင်နဲ့ ၅နှစ်၊
၅နှစ်စောင့် စဉ်းစားပေးမယ်လို့ ပြောလိုက်တယ်။

ကဲ မိတ်ဆွေတို့ ကိုယ်ဘယ်လောက်အကြာမှာ ကိုယ် သူ့ရဲ့ ကောင်မလေးဖြစ်သွားလဲ???????




10 comments:

  1. ၅ မိနစ်။ ဟဲဟဲ။ :D

    ReplyDelete
  2. ၅ နှစ်ကြာမှ လက်ထပ်တာပါ။ ဒါပေမဲ့ ၅လလောက်မှာ ရည်းစားဖြစ်သွားတယ်။ ဟုတ်တယ်လို့ ဖြေလိုက်ပါ။

    ReplyDelete
  3. 5ရက်..ဒါတောင် စနေတနင်္ဂနွေ ကျောင်းပိတ်ရက်ကြားမှာခံသွားလို့..ဖြစ်မယ်။
း)
    mm

    ReplyDelete
  4. ၅ တော့၅ဘဲ။ ၅ စက္ကန့်။ ဟိဟိ။ ပြောချင်တာက ၅ စက္ကန့်လောက် တွေဝေသွားပြီးတော့ သူမပြောခင်ထဲက ကြိုက်သွားပြီလေ။ ဟုတ်တယ်မဟုတ်လား။ ငွှားငွှား။

    ReplyDelete
  5. ၅ တော့ ၅ ပဲ ဟုတ်တယ်။ ၅ ရက်လား ၅ လ လား ၅ နှစ်တော့ မဖြစ်နိုင်ဘူး။ အဖြေပေးပါတော့။ ဒီကလူတွေကိုလည်း အဖြေပေးပါတော့။

    ReplyDelete
  6. နောက် အမှတ်၃မှာ ပိုစ့်နဲ့ အဖြေပေးပါမယ်။
    ZT,MrDBA,,mm;ချောင်းသာတောင် မရောက်သေးဘူးလေ။

    မမkom,မမMCT,မဇနိ;၈၀%လောက်နီးစပ်ပါတယ်။

    ReplyDelete
  7. သြော် ချောင်းသာ ချောင်းသာ။ ဖူးစာရေးနတ်ကြီး ချောင်းသာ။
    ချောင်းသာမှာ အလောင်းအလျာကို ရွေးခဲ့တယ်ပေါ့လေ .. ဟမ်။

    ReplyDelete
  8. ၈၀ %လောက် နီးစပ်တယ်ဆိုလို့ ပျော်လိုက်တာ။ မှန်းလိုက်တိုင်း တလွဲချည်းပဲမို့ အခုလို တိုက်ဆိုင်တယ်ဆိုတော့လေ။ ငှင်း ငှင်း ငှင်း

    ReplyDelete
  9. ရယ်သွားတယ်.. ခဏခဏဖတ်ဖြစ်ပါတယ်၊ သားသားကလဲ ဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းလို့

    -Mae

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။