Friday, May 29, 2009

P for Presentation & Pressure

ခုတလော အလုပ်ပြန်လုပ်ဖို့ ရည်ရွယ်လို့ အလုပ်တွေလိုက်လျှောက်မိတယ်။လျှောက်တယ်ဆိုပေမယ့် ၁ပတ်ကို

၁ခု၊၂ခုလောက်ပဲလျှောက်ဖြစ်တယ်။ကံကောင်းတာလား၊ကံဆိုးတာလားမသိ။ဒီတစ်ပါတ် အင်တာဗျူး

၂ခုရတယ်။ကြာသပတေး နဲ့ သောကြာ။မနေ့ ကအင်တာဗျူးက ကုမ္မဏီကြီးတယ်။အင်တာဗျူးရကတည်းက

ကြောက်နေတာ။ကိုယ့် နဂိုအလုပ်က အပျော့ထည်။job requirement ကအမာထည်။သိပ်မကွာဘူး။


သွားပါတယ်မနေ့က interviewer ၃ ယောက်ဗျူးတယ်။အရင်အလုပ်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မေးပြီး

သကာလ masterတက်တုန်းက dissertation အကြောင်းကို ၀ှိုက်ဘုတ်မှာ ဆော့ပင်နဲ့ the whole thesis ကို

presentation လုပ်ခိုင်းပါလေရော။ကဲ လာလေရော့ပေါ့။တတ်နိုင်ဘူး။တစ်သက်နဲ့ တစ်ကိုယ် presentation

မလုပ်ဖူးဘူး။ကိုယ့်စိတ်ထဲမှာ သူတို့ကို ကိုယ်စာသင်တဲ့ ၁၀တန်းကျောင်းသားတွေ လိုသဘောထားလိုက်တယ်။

ပြန်ပြီး မေးလိုက်တာလဲစုံလို့။ကိုယ် dissertation လုပ်တုန်းက ကိုယ့် supervisor ဆရာတောင် သူတို့လောက်

မမေးဘူး။ကံကောင်းချင်တော့ ဒီနေ့ သွားရမယ့် အင်တာဗျူးက ကိုယ့် dissertation နဲ့ ဆိုင်လို့ ကြိုကြည့်ထား

လို့ အရှက်မကွဲတာ တော်ရော့မယ်။


ကဲ ဒီနေ့ နောက်တစ်ခုရှိသေးတယ်။ကိုယ့် dissertation နဲ့ ဆိုင်လို့ thesis ကို ကြည့်။master မှာသင်ရတဲ့

ဘာသာတွေ ကိုအကြမ်းဖျင်းပြန်ကြည့်နဲ့ ခုထိမအိပ်ရသေးဘူး။ pressure တွေ။ဘယ်လိုလာအုံးမယ်မသိ။

ညနေ ၄နာရီ။ပိုက်ဆံရှာရတာ မလွယ်ပါလားကွယ်ရို့။

(အင်တာဗျူးနဲ့ ဘီးဇီးဖြစ်နေလို့ နောက်မှ ဘလော့တွေ လာလည်မယ်နော်)

8 comments:

  1. တစ်ခါက အင်တာဗျူးမှာ ပုံဆွဲပြီး ရှင်းပြမယ် လုပ်တာကို မေးတဲ့သူက မင်းမဆွဲနဲ့ ပါးစပ်ကပြော။ ငါဆွဲမယ် ဆိုလို့ အတော် တိုင်ပတ်သွားတယ်။ နောက်ဆုံးတော့ သူဆွဲတဲ့ပုံကို ကိုယ်က ပြန်ပြင်ဆွဲပြရ တာပါပဲ။ :D

    ReplyDelete
  2. good luck for today

    ky

    ReplyDelete
  3. ကျော့ရေ... အလုပ်အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးတယ်.. :)

    စင်ကာပူက အလုပ်အင်တာဗျူးတွေအကြောင်း ဖတ်ရတာ မသက်သာလှဘူးနော်.. သူငယ်ချင်းတစ်ယောက်ရဲ့ အလုပ်အင်တာဗျူးအကြောင်းရေးထားတာ အမ ဖတ်ပြီး စိတ်မောသွားတာပဲ.. coding တွေကအစ အကုန်ရေးခိုင်းတယ် ပြောတယ်.. အမသာဆို အဲဒီလို အင်တာဗျူးမျိုးနဲ့တွေ့လို့ကတော့ တခါတည်း ပုံလဲမလားမသိဘူး.. အဟီး.. လူကြောက်တော့လေ.. အလုပ် ရမှာကို မဟုတ်ဘူး.. :D

    ReplyDelete
  4. အလုပ် အဆင်ပြေပါစေ။
    သားသားလေးကော သူထိန်းမတုံး။ လာကူထိန်းပေးမယ်လေ။

    ReplyDelete
  5. ကိုယ်ချင်းစာပါတယ်
    လေပြေလည်း အလုပ်ရှာနေတယ်လေ
း)

    ReplyDelete
  6. လိုချင်နေတာလေးဖြစ်ပါစေ. တို့အသိအစ်ကိုကြီးကတော့ မင်းငါ့ကိုခန့်တော့မှ ငါဘာတေါ လုပ်တယ်ဆိုတာ ပြန်ပြောပြမယ်လို့ပြောခဲ့တယ။် တစ်ခါတစ်လေ ကိုယ့ဆီကနေ သူတို့က လေ့လာသွားတာ ရျှိသေးတယ်။

    အခြေအနေကိုသုံးသပ်ပေါ့။

    ReplyDelete
  7. ကျော့ရေ လိုချင်တဲ့ အလုပ်ပဲ ရပါစေ။ သားလေးကို ကြည့်ပေးမယ့်သူရှိလား။

    ReplyDelete
  8. how about ur interview? ok lar

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။