Wednesday, May 20, 2009

ဘလော်ဂါ & ဘလော်ဂါ့လူ

ပြီးခဲ့တဲ့ pulau Ubin ပိုစ့်မှာ ဘလော်ဂါ ကိုမှန်းကြရာမှာ အားလုံးမှန်ပါတယ်။ဒါပေမယ့် ဒီပုံက လွန်ခဲ့တဲ့

၂နှစ်ကျော်ကရိုက်ထားတာမလို့ အခုချိန်ဘလော်ဂါရဲ့ ရုပ်အစစ်အမှန်ကိုကြည့်မယ်ဆိုရင် အရင်ထက်၂ဆ

လောက်ပိုပြီး ရင့်ရော် လာတဲ့ပုံကို မြင်ယောင်ကြည့်ပါ။ဟိုတစ်လောက ပတ်စပို့စ် ဓာတ်ပုံရိုက်ပြီး ပုံထွက်လာ

တော့"ဟယ်ငါတော်တော် အရုပ်ဆိုးလာပါလား၊ရင့်သွားလိုက်တာ" လို့ အလန့်တကြားအော်မိတော့

ဘေးမှာရှိနေတဲ့အိမ်ကကိုယ်တော်က"သိရင်ပြီးတာပ"ဲ တဲ့လေ။
Question Mark



မမ ခင်ဦးမေ က "ပုတဲ့သူများနုတယ်ဆိုတာ တစ်ကယ်ဘ"ဲ တဲ့ ။ပုတဲ့ အကြောင်းပြောရမည်ဆိုရင် ကျောင်းတက်

တုန်းက အဆောင်နေစုစု ပေါင်းသူငယ်ချင်း ဆယ့်တစ်ယောက်တွင် အပုဆုံးလူရွေးရာ တတိယ ချိတ်လေသည်။

အမှန် ကိုယ် နံပါတ်လေး ချိတ်ရမှာ။ကိုယ်က လမ်းလျှောက်ရင် လက်ပြင် ကုန်းတယ်။အဲဒါ ကို ကိုယ်နဲ့ တတိယ

နေရာလုမယ့် တစ်ခန်းထဲနေ သူငယ်ချင်းက အရပ်တိုင်းရင် လမ်းလျှောက်တဲ့အတိုင်းပဲ တိုင်းရမယ်။ခါးဆန့်ပြီး

မတိုင်းရဘူး ဆိုတာနဲ့ ကိုယ့်မှာ တတိယ နေရာနဲ့ ကျေနပ်ခဲ့ရတယ်။ဒီမှာကျောင်းတက် တော့ ဘယ်ရမလဲ

ကိုယ့်ထက် ပုသူနဲ့ပဲ ရွေးတွဲလိုက်တယ်။အိမ်ကလူနဲ့ ကိုယ် နဲ့ ဆို သူငယ်ချင်းတွေ က To တဲ့။သူက T က ကိုယ်

က o ပေါ့။ကိုယ်က ၀လည်း နဲနဲ ၀ တယ်။သားလေး ဗိုက်ထဲမှာရှိတုန်းက သူ့အဖေက မွေးလာရင် တို့လို ပုမှာ

စိုးလို့ စိုးရိမ်နေတာ။မွေပြီးလို့ ခြေတံ၊လက်တံ ရှည်။အရပ်ရှည် တဲ့ သားသားကိုတွေ့မှ ဟင်း ခနဲ့ သက်ပြင်းချနိုင်

တယ်။ဟိုတစ်နှစ်က Chinese new year တုန်းက china town မှာ ခြင်္သေ့ ကတာသွားကြည့်တာ ကိုယ်က ပု

တော့ ခြင်္သေ့ ကတာ ခြင်္သေ့ခေါင်းတောင်မမြင်ရပဲ ကိုယ့်အရှေ့က လူခေါင်းမည်းမည်းတွေပဲမြင်ခဲ့ရတယ်။

အဲဒီ ကတည်းက လူတိုးပြီးကြည့်ရတဲ့ ပွဲမျိုး ဘယ်တော့မှ မကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။


မဇနိက "အချောစားလေးမို့ စောစောစွံတာ သိသာပါတယ်လေ" တဲ့။မဟုတ်ရပါ။ဂျီးများပြီး အိုက်တင်ခံနေရင်

မစွံတော့မှာစိုးလို့ ကိုယ့်ကိုကြိုက်တဲ့သူလေးရှိတုန်း စောစောစွံ လိုက်ရတာ။အိုက်တင်ခံပြီး ဂျီးများလို့ အခုထိ

အပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းတွေ(ချောမှချော) နမူနာရှိတယ်နော်။:)


မစင်းဒန်လာက အချောစားလေးတဲ့။ဟိ...အပြင်မှာမတွေ့ဖူးလို့။တွေ့ရင် ဒါဂျွန်ဝမ်း မှဟုတ်ပါ့မလားးးးးးးးးးးးးး

မ၀ါက 'အာလုံးထဲမှာ အချောဆုံးတစ်ယောက်ပဲ.. အကျီင်္လိမ္မော်ရောင်လေးနဲ့.'တဲ့။ပုံထဲမှာပါတဲ့ မိန်းကလေး

၂ယောက်က ယောင်းမ နဲ့ လင်ညီအမ တော်တယ်။လင်ညီအမ ကဒီမှာနေတယ်။သူ ကိုယ့်ရဲ့ ပိုစ့်ကို ဖတ်မိရင်

'ဟင်း ငါ့လောက်လဲမချောပဲ နဲ့ သူ့က ဘလော်ဂါဆိုတော့ သူ့ကိုချောတယ်ပြော တာပေါ့လို့ 'စိတ်ကောက်

မှာဆိုးလို့ မနေ့ကသူ့ ကိုအပြင်မှာ တွေ့တုန်းဖားထားရသေးတယ်။


အမသက်ဝေက 'အလယ်ကလူ... စကားဝဲ၏...' အမှန်က အလယ်ကလူ... စကားများ၏...ဖြစ်ရမှာပါ။အရမ်း

စကား များတယ်။စကားပြော မြန်တယ်။ပစိပစိ နဲ့ဟု အိမ်ကလူကသတ်မှတ် ၏။


ကိုဇနိPMMrDBA မှန်းသော ဘလော်ဂါ့ လူ မှန်၏။ ဘလော့ဂါရဲ့ လူအဖြစ်သရုပ်ဆောင် သူကတော့

မျက်မှန်ကလေးတတ်ထားသော ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်ဖြစ်တယ်တဲ့။ထိုသူကြောင့်ပဲ ဗိုလ်ကေ နောက်

ဆံတို ပါ ဒီကိုရောက်လာပြီး juneone ဆိုသော ဘလော့ပိုင်ရှင်ဖြစ်လာတာပေါ့။


အမှတ်တရ ဟိုတုန်းက၂ ပို့စ်တွင် ၅စက္ကန့်၊၅ မီးနစ်၊၅ရက်ဆိုသူများ မှား၏။စကားပုံတောင်ရှိသေး မိန်းမတို့

အိနြေ္ဒယေ ရွှေပေးလို့မရတဲ့။တကယ်က စိန်မပေးသော ကြောင့်ဖြစ်မည်။ဒီက မိန်းကလေးဆိုတော့ မူဦးမှပေါ့။

ဟိုတစ်ယောက်ပြန်လာရင်တော့ ကိုယ့်အကြောင်းတွေ သူများကိုဖွရပါ့မလားဆိုပြီး ဒိုးဒိုးဒေါက်ဒေါက်နဲ့ခေါင်းကို

ခေါက်မလားမသိ။သူမရှိခင် သူ့ပုံလည်းဘလော့ပေါ်တင်လိုက်သေး။


၅ နှစ်စောင့်ဖို့ သဘောတူညီပြီးနောက် သူနှင့်ကိုယ် ခဏ ခဏ ကျောင်းမှာ တစ်မျိုး၊အပြင်မှာသူငယ်ချင်းတွေနှင့်

တစ်ဖုံ ဆုံဖြစ်တယ်။ဆုံတိုင်း လူလစ်ပြီဆိုတာနဲ့ ဈေးဆစ်ပြီ။၅ နှစ်က နဲနဲများတယ် လျော့ပါအုံးပေါ့။ကိုယ်လည်း

သူ ခဏ ခဏ ဈေးဆစ်တော့ နားပူသက်သာ၊ပြီးရော ဆိုပြီး ၃နှစ်ကိုလျော့ပေးလိုက်တယ်။ယောင်္ကျားတွေများ

အဲဒီတုန်းကဆို ကိုယ့်မှာ သူတတွတ်တွတ် ပြောတာကို နားပူခံပြီး နားထောင်လိုက်ရတာ။အခုတော့ ကိုယ်တစ်ခါ

တစ်လေ စကားများများ ပြောမိရင် အဘွားကြီးကျနေတာပဲ ပွစိစိ နဲ့တဲ့။အေးလေ အခုတော့ သူက အပြင်မှာဆို

အိမ်ကအဘွားကြီးလို့ပဲပြောမှာပေါ့နော်။


တစ်ရက်တော့သူငယ်ချင်းတွေ ကချောင်းသာသွား ကြမယ် ဆိုတော့ ကိုယ်လည်းတစ်ခါမှ မရောက်ဖူးတာနဲ့ပဲ

လိုက်ခဲ့တယ်။သူလဲပါတာပေါ့။အဲဒီနေ့ က ဧပြီ ၂၄ ရက်။၅နှစ်စောင့်ဖို့ပြောပြီး၃လနဲ့၁၀ရက်တိတိ မှာပေါ့။ပုသိမ်

ကနေ ချောင်းသာကို လိုင်းကားနဲ့သွားတယ်။ချောင်းသာရောက်လို့ ကားလဲရပ်ကော ဘွားခနဲ ပင်လယ်ပြင်

ကြီးကိုတွေ့လိုက်ရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ကမ်းခြေနားက တည်းခိုခန်းမှာပဲ အခန်းငှားလိုက်

ကြတယ်။ပြီးတော့ အ၀တ်တွေဘာတွေ လဲပြီး ပင်လယ်ထဲစဆင်းတော့ သူက ကိုယ့်နား ကထပ်ကြပ်မကွာ

ကိုယ်ရေမကူးတတ်တော့ ရေကြောက်တယ်။ေ၇ထဲ ကိုတုန်တုန် နဲ့ ဆင်းသွားတာ တစ်နေရာလည်းရောက်

ရော အောက်က သဲပြင်က နိမ့်သွားတော့ ကိုယ့်မှာ ချောက်ထဲ(ကိုယ်တို့မြို့က ချောင်းတွေမှာချောက်ရှိတယ်)

ကျသွားပြီး ဆိုပြီးအော်လိုက်တာ သူကဘေးနားမှာရှိနေတော့ လှမ်းဆွဲပြီး တဲ့ သကာလ။ဆင်ဆာဖြတ်ပါ

တယ်။ရုပ်ရှင်ထဲ ကအတိုင်းဆက်တွေးကြပါ။ဘာပဲဖြစ် အဲဒီနေ့ဟာ ကိုယ်တို့ ၂ယောက်ရဲ့ ဗယ်လင်တိုင်း

နေ့လေးပေါ့။
Love Forever
အဖြေက ၃လနဲ့၁၀ ရက်ပါ။

လာရောက်လည်ပတ်သူအားလုံးကိုကျေးဇူးပါနော်။

16 comments:

  1. ကဲထင်သားပဲ ၃ လနဲ့ ၁၀ ရက်ဖြစ်လောက်ပါတယ်လို့။ မပြောခဲ့တာ မှားတယ်ကွာ။ တောက်။
    ကောင်းခန်းရောက်မှ ဆင်ဆာဖြတ်ခံရတယ်ကွာ။
    နောက်တခါ တောက်။
    ဘယ်လိုများဖြစ်မလဲ ကိုယ့်ဟာကိုယ် လိုရာဆွဲ တွေးပါတော့မယ်လေ။

    ReplyDelete
  2. အဲဆင်ဆာဖြတ်တဲ့ အခန်းလေးစိတ်ဝင်စားတယ်
    ဟီးးးးးးးးးးးးးးးးး မူလို့ မဖြစ်ဖူးနော်......မ....
    ဟုတ်လားးးးးးးးးးးးးးရတာယူဖို့ လဲမရှိသေးတော့
    မူသလိုလို လုတ်ပြီးနေရအုံးမှာပေါ့

    ReplyDelete
  3. ရုပ်ရှင်က မြန်မာကားလိုတွေးရမှာလား၊ ဗြိတိသျှကားလို တွေးရမှာလား.....ငှင်...။

    ReplyDelete
  4. မစင်ဒန်လာ;မြန်မာလိုတွေးပါနော်။

    ReplyDelete
  5. ရုပ်ရှင်က ချောင်းသာမှာ သွားရိုက်ဖြစ်တာကိုး.. :D
    အဖြေ က ၃ လ ၁၀ ရက် နော်.. မှတ်ထားလိုက်ဦးမယ်.. ရှေ့က ပို့စ်တွေတော့ မဖတ်ရသေးတော့ သိပ်မသိဘူးဖြစ်နေတယ်.. နောက်မှ အေးအေးဆေးဆေး လာဖတ်တော့မယ်.. :)

    ReplyDelete
  6. ဖတ်လို့ကောင်းတုန်း
    ဖျန်းကနဲဆို ရေစင်သွားတယ်
    စင်မှာပေါ့ စိတ်ကချောင်းသာထိပါသွားတာကိုး
    ၃လ နဲ့ ဆယ်ရက်တောင်
    တော်တော်လေးစောင့်လိုက်ရမှာနော့
    အဟီးးး
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  7. ထင်ချင်တာထင့်ပစ်လိုက်တော့မယ။်

    ReplyDelete
  8. ဒန်တန့်ဒန်။ ကောင်းခန်းအတွက် နောက်ခံတီးလုံး တီးပေးတာ။ :P

    ReplyDelete
  9. ဈေးဆစ်တော်လိုက်တာနော်.. ၉၅% ကို စစ်ချလိုက်တာ.. ဟားဟ.. ချောင်းသာသွားတာလဲ သူ့အကြံဖြစ်မှာ

    June တော့ ဈေးမရောင်းနဲ့.. ရှုံးလိမ့်မယ်

    ReplyDelete
  10. တွေးချင်တာတွေးပြီး ပြုံးသွားတယ်း)

    ReplyDelete
  11.း)
    ချစ်စရာ ဇာတ်ပေါင်းခန်းလေးပေါ့

    ReplyDelete
  12. ကြည်နူးစရာလေးပေါ့ အချစ်အတွက် ကြိုတင် ဟန်းနီးမွန်း လေးး)

    ReplyDelete
  13. သားသားပုံတွေရော စာတွေရောလာဖတ်ပါတယ်။

    ReplyDelete
  14. သြော် အဲဂလိုလား။ ဆင်ဆင်က မလွယ်ဘူးဗျာ ... အံ့ရော.။

    ReplyDelete
  15. အော် .. ဘီလူးမ ဆိုလို့ ဘာကြောင့်လဲ စဉ်းစားးနေတာ...။ ဒါ့ကြောင့် ကိုး...။

    ReplyDelete
  16. ဟဟ..ပျော်စရာလေးဖတ်သွားတယ်...ဆင်ဆာဖြတ်တယ်ဆိုကတည်းက ရိုးတော့ဘူး။ ဟီးးး

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။