Sunday, May 25, 2014

အက်ဝင် နှင့် မေ



သားလေးတစ်ယောက် သမီးလေးတစ်ယောက်ဆိုတော့ ဆန့်ကျင်ဖက်ကလေး မွေးထားတာပေါ့။မောင်နှစ်မ

ပေမယ့် အတော်များများ ဆန့်ကျင်ဖက် အက်ဝင်က အပူဆို နဲနဲနွေးရင်တောင် အော်နေတာ မေကတော့

အနွေးကြိုက် အအေးလုံးဝ မကြိုက်။မေက ကြာဇံကြိုက်တယ် ပေါင်မုန့်မကြိုက်။အက်ဝင်က ပေါင်မုန့်ကြိုက်

ပြီး ကြာဇံဆို နှာခေါင်းရှုံ့သူ။အက်ဝင်က အချိုကြိုက် မေက အချဉ်ကြိုက်သူ။





မေက ကျောင်းသွားရတာကို ပျော်သူ အက်ဝင်က ကျောင်းမသွားပဲ အိမ်မှာနေရတာကိုပျော်သူ အပြင်မထွက်

ချင်သူ။ကစားကွင်းနဲ့စာကြည့်တိုက် တစ်ခုပဲသွားရမယ်ဆို အက်ဝင်က စာကြည့်တိုက်ရွေးပြီး မေကတော့

ကစားကွင်းက တစ်ပြားမှမလျော့။မေက ဖရဲသီး၊သဘောင်္သီး၊ငှက်ပျောသီး ကြိုက်ပြီး အက်ဝင်က အဲ့ဒါတွေ

ကျွေးရင် မျက်ခုံးရှုံ့သူ။မေက ကိုယ့်အားကိုယ်ကိုးချင်သူဖြစ်ပီး အက်ဝင်ကတော့ သူများအားလေးကို မှီလို့

ရရင်မှီချင်သူ။စာမှာကျတော့ အက်ဝင်က မေ့ထက်ပို စိတ်ဝင်စားသူ။ကစားတဲ့ နေရာမှာတော့ မေက

ကျွမ်းကျင်အရာရှိ။လူမှုရေးမှာတော့ မေဟာ အက်ဝင့်ထက် ကျွမ်းကျင်သူ။အော် ဘာလိုလိုနဲ့ မေတောင်

၎ နှစ်ပြည့်ပြီး အက်ဝင်တောင် ဇွန် ၁ ဆို ၆ နှစ်ပြည့်တော့မယ်။

နောက်မှ ထပ်ရေးမယ်နော်..

3 comments:

  1. Post အသစ်တင်တဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  2. အက်ဒဝင်တောင် မူလတန်းကျောင်းသာူးကြီးဖြစ်တော့မယ်။

    မေလဲ ဘာထူးလဲ ..သူ့မွေးပြီး စ လုံးကို ပြန်ခေါ်လာတော့ ၃ လ လား..အဲဒီဘလော့ပို့စ်မှာ လှည်းထဲကနေ ပြုံးပြုံးလေးနဲက ကလေးမလေး.. ၄ နှစ်ပြည့်သွားပြီ ။


    မှုံမောင်

    ReplyDelete
  3. အမကလေးလေးတွေချစ်စရာကောင်းလို့ကြည့်မိရင်းက..ပို့စ်လေးကိုဆက်တိုက်ဖတ်မိသွားတယ်။
    အရမ်းချစ်စရာကောင်းတဲ့ကလေးလေးတွေ

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။